La Liga UCL&UEL

အဆုံးအဖြတ်ဂိုးမသွင်းယူမီ မထင်မှတ်ထားတဲ့စကားကို ပြောခဲ့တဲ့ ဘန်ဇီးမား

ကာရင် ဘန်ဇီးမားဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ၎င်းကို အလိုအပ်ဆုံးဖြစ်နေတဲ့အချိန်မှာ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဟာ ဗုဒ္ဓဟူးနေ့ညက ဘာနေဗျူးမှာ နောက်ဆုံးမိနစ်အထိ ၂ ကျော့ပေါင်း ၅-၃ နဲ့ အနိုင်ရရှိနေတဲ့အချိန်မှာ ဘယ်သူကမှ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြန်လာနိုင်မယ်လို့ ထင်မြင်ခဲ့ကြမှာ မဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ နာကျင်အချိန်ပိုနဲ့ အချိန်ပိုမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်စေမယ့် သွင်းဂိုး ၃ ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ ချန်ပီယံလိဂ်သမိုင်းမှာ အကြီးမားဆုံးအလှည့်အပြောင်းတွေထဲက တစ်ခုကို လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ရိုဒရီဂို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂ သင်းစလုံးဟာ ဂိုးအရေအတွက်ချင်း ညီမျှနေခဲ့တဲ့အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ရိုဒရီဂိုးဟာ ပထမဆုံးသွင်းဂိုးကို ဘန်ဇီးမားရဲ့ ဖြတ်တင်ပေးပို့မှုကို အနီးကပ်ပိတ်သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ ကာဗာဟယ်လ်ရဲ့ ဖြတ်တင်ပေးမှုကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်မယ့် အခွင့်အရေးတောင် ရခဲ့ပေမယ့်လည်း ၎င်းရဲ့ အီဒါဆန်နဲ့ တစ်ဦးချင်း ကန်သွင်းမှုဟာ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးဟာ ရူဘင် ဒီယက်စ်က ဘန်ဇီးမားကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ပင်နယ်တီရခဲ့တဲ့အချိန်မှာ ပွဲထဲက ဘောလုံးကို အိမ်ယူသွားနိုင်တဲ့အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အားလုံးသိထားပြီးတဲ့အတိုင်း ဘန်ဇီးမားက ပင်နယ်တီကို ကန်သွင်းယူသွားခဲ့ပြီး ဂိုးအောက်ထောင့်ကို မြေလှိမ့်ဘောကန်သွင်းခဲ့တာဖြစ်ပေမယ့် အသစ်ရရှိခဲ့တဲ့ သတင်းအရ အရာအားလုံးဟာ လုံးဝကို ကွဲပြားခြားနားသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘန်ဇီးမားဟာ ပထမအကျော့တုန်းက အစ်တီဟတ်ကွင်းမှာ Panenka ပင်နယ်တီ သွင်းယူနိုင်ခဲ့တာကြောင့် ၎င်းရဲ့ ပင်နယ်တီကန်သွင်းမှုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အောင်မြင်ခဲ့တယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်တာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ယခုရာသီ ဂိုးရှေ့မှာ ဂိုးသွင်းသေချာခဲ့သလောက် ဧပြီလထဲက ပင်နယ်တီ ၃ ကြိမ်ထက်မနည်းလွဲချော်ခဲ့ပြီး အိုဆာဆူနာနဲ့ပွဲစဉ်မှာ ဆာဂျီယို ဟာရဲရားက ပင်နယ်တီ ၂ ကြိမ်အထိ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ပြင်သစ်တိုက်စစ်မှူးရဲ့ ခေါင်းထဲမှာ ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ၂ ဂိုး သွင်းယူထားပြီးဖြစ်တဲ့ ရိုဒရီဂိုကို ဟက်ထရစ် ရရှိသွားစေချင်တာကြောင့်လည်း ဖြစ်နိုင်ပြီး ဘန်ဇီးမားဟာ ပင်နယ်တီ မကန်သွင်းမီ ရိုဒရီနဲ့ စကားစမြည်ပြောဆိုခဲ့တာကို စပိန်ရုပ်သံရှိုး El Golazo De Gol က ဘာတွေပြောခဲ့ကြတာလဲဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။

ဘန်ဇီးမားက “မင်း ကန်ချင်လား”လို့ ရိုဒရီဂိုကို ၂ ကြိမ်အထိ မေးမြန်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဆုံးအဖြတ် သွင်းဂိုးဖြစ်တာကြောင့် ကန်သွင်းယူချင်စိတ်မရှိဘဲ ပြင်သစ်တိုက်စစ်မှူးကိုသာ ကန်သွင်းဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ပွဲကို ကြည့်ရှုနေတဲ့ ကွင်းထဲက သောင်းပေါင်းများစွာသော ပရိသတ်တွေနဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုနေတဲ့ ပရိသတ်သန်းပေါင်းများစွာဟာ ဒီလိုမျိုး အရေးအကြီးဆုံးအခိုက်အတန့်မှာ သူရဲကောင်းဖြစ်ခွင့်ရမယ့် အခွင့်အရေးကို စွန့်လွှတ်ရဲတဲ့ ဘန်ဇီးမားရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မားမှုကို အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။

“မနေ့က ကျွန်မတို့ တိုက်ရိုက်မြင်တွေ့ခဲ့တာကို GOL ရဲ့ ကင်မရာကနေ ဒီနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဘန်ဇီးမားက ရိုဒရီဂိုကို ဟက်ထရစ်ရအောင် ပင်နယ်တီ ကန်ချင်လားလို့ မေးမြန်းခဲ့ပါတယ်။ ရိုဒရီဂိုက ဘန်ဇီးမားကို ကိုယ့်ဘာသာ ကန်သွင်းယူဖို့ ပြောဆိုခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းပီသလိုက်တဲ့ အသင်းခေါင်းဆောင် ဘန်ဇီးမား”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “သကြားလုံးလိုမျိုး ချိုမြိန်တဲ့သတင်းအချက်အလက်- မနေ့က ကာရင် ဘန်ဇီးမားဟာ ရိုဒရီဂိုကို ဟက်ထရစ်ရစေချင်လို့ ပင်နယ်တီ ကန်သွင်းချင်လားလို့ ကမ်းလှမ်းခဲ့ပါတယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကာရင္ ဘန္ဇီးမားဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက ၎ကို အလိုအပ္ဆုံးျဖစ္ေနတဲ့အခ်ိန္မွာ စိတ္ကို တည္တည္ၿငိမ္ၿငိမ္ ထားနိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးဟာ ဗုဒၶဟူးေန႔ညက ဘာေနဗ်ဴးမွာ ေနာက္ဆုံးမိနစ္အထိ ၂ ေက်ာ့ေပါင္း ၅-၃ နဲ႔ အနိုင္ရရွိေနတဲ့အခ်ိန္မွာ ဘယ္သူကမွ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ျပန္လာနိုင္မယ္လို႔ ထင္ျမင္ခဲ့ၾကမွာ မဟုတ္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ နာက်င္အခ်ိန္ပိုနဲ႔ အခ်ိန္ပိုမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္နိုင္ေစမယ့္ သြင္းဂိုး ၃ ဂိုးကို သြင္းယူသြားတဲ့အခ်ိန္မွာ ခ်န္ပီယံလိဂ္သမိုင္းမွာ အႀကီးမားဆုံးအလွည့္အေျပာင္းေတြထဲက တစ္ခုကို လုပ္ျပနိုင္ခဲ့တာျဖစ္ပါတယ္။

ပုံမွန္ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ရိုဒရီဂို သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ၂ သင္းစလုံးဟာ ဂိုးအေရအတြက္ခ်င္း ညီမၽွေနခဲ့တဲ့အတြက္ အခ်ိန္ပို မိနစ္ ၃၀ ဆက္လက္ ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။ ရိုဒရီဂိုးဟာ ပထမဆုံးသြင္းဂိုးကို ဘန္ဇီးမားရဲ့ ျဖတ္တင္ေပးပို႔မႈကို အနီးကပ္ပိတ္သြင္းခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ကာဗာဟယ္လ္ရဲ့ ျဖတ္တင္ေပးမႈကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ရိုဒရီဂိုဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဟက္ထရစ္သြင္းယူနိုင္မယ့္ အခြင့္အေရးေတာင္ ရခဲ့ေပမယ့္လည္း ၎ရဲ့ အီဒါဆန္နဲ႔ တစ္ဦးခ်င္း ကန္သြင္းမႈဟာ ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘရာဇီးလ္တိုက္စစ္မႉးဟာ ႐ူဘင္ ဒီယက္စ္က ဘန္ဇီးမားကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ ပင္နယ္တီရခဲ့တဲ့အခ်ိန္မွာ ပြဲထဲက ေဘာလုံးကို အိမ္ယူသြားနိုင္တဲ့အခြင့္အေရး ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အားလုံးသိထားၿပီးတဲ့အတိုင္း ဘန္ဇီးမားက ပင္နယ္တီကို ကန္သြင္းယူသြားခဲ့ၿပီး ဂိုးေအာက္ေထာင့္ကို ေျမလွိမ့္ေဘာကန္သြင္းခဲ့တာျဖစ္ေပမယ့္ အသစ္ရရွိခဲ့တဲ့ သတင္းအရ အရာအားလုံးဟာ လုံးဝကို ကြဲျပားျခားနားသြားနိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဘန္ဇီးမားဟာ ပထမအေက်ာ့တုန္းက အစ္တီဟတ္ကြင္းမွာ Panenka ပင္နယ္တီ သြင္းယူနိုင္ခဲ့တာေၾကာင့္ ၎ရဲ့ ပင္နယ္တီကန္သြင္းမႈဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ေအာင္ျမင္ခဲ့တယ္ဆိုတာ လၽွို႔ဝွက္ခ်က္မဟုတ္တာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ယခုရာသီ ဂိုးေရွ႕မွာ ဂိုးသြင္းေသခ်ာခဲ့သေလာက္ ဧၿပီလထဲက ပင္နယ္တီ ၃ ႀကိမ္ထက္မနည္းလြဲေခ်ာ္ခဲ့ၿပီး အိုဆာဆူနာနဲ႔ပြဲစဥ္မွာ ဆာဂ်ီယို ဟာရဲရားက ပင္နယ္တီ ၂ ႀကိမ္အထိ ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီကိစၥဟာ ျပင္သစ္တိုက္စစ္မႉးရဲ့ ေခါင္းထဲမွာ ရွိေနတာလည္း ျဖစ္ေကာင္းျဖစ္နိုင္သလို ၂ ဂိုး သြင္းယူထားၿပီးျဖစ္တဲ့ ရိုဒရီဂိုကို ဟက္ထရစ္ ရရွိသြားေစခ်င္တာေၾကာင့္လည္း ျဖစ္နိုင္ၿပီး ဘန္ဇီးမားဟာ ပင္နယ္တီ မကန္သြင္းမီ ရိုဒရီနဲ႔ စကားစျမည္ေျပာဆိုခဲ့တာကို စပိန္႐ုပ္သံရွိုး El Golazo De Gol က ဘာေတြေျပာခဲ့ၾကတာလဲဆိုတာကို ေဖာ္ထုတ္ခဲ့ပါတယ္။

ဘန္ဇီးမားက “မင္း ကန္ခ်င္လား”လို႔ ရိုဒရီဂိုကို ၂ ႀကိမ္အထိ ေမးျမန္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ရိုဒရီဂိုက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အဆုံးအျဖတ္ သြင္းဂိုးျဖစ္တာေၾကာင့္ ကန္သြင္းယူခ်င္စိတ္မရွိဘဲ ျပင္သစ္တိုက္စစ္မႉးကိုသာ ကန္သြင္းဖို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ မန္စီးတီးတို႔ပြဲကို ၾကည့္ရႈေနတဲ့ ကြင္းထဲက ေသာင္းေပါင္းမ်ားစြာေသာ ပရိသတ္ေတြနဲ႔ ႐ုပ္သံတိုက္ရိုက္ထုတ္လႊင့္မႈကေန ၾကည့္ရႈေနတဲ့ ပရိသတ္သန္းေပါင္းမ်ားစြာဟာ ဒီလိုမ်ိဳး အေရးအႀကီးဆုံးအခိုက္အတန႔္မွာ သူရဲေကာင္းျဖစ္ခြင့္ရမယ့္ အခြင့္အေရးကို စြန႔္လႊတ္ရဲတဲ့ ဘန္ဇီးမားရဲ့ စိတ္ဓာတ္အဆင့္အတန္းျမင့္မားမႈကို အံ့အားသင့္ခဲ့ၾကတာျဖစ္ပါတယ္။

“မေန႔က ကၽြန္မတို႔ တိုက္ရိုက္ျမင္ေတြ႕ခဲ့တာကို GOL ရဲ့ ကင္မရာကေန ဒီေန႔မွာ အတည္ျပဳခဲ့ပါတယ္။ ဘန္ဇီးမားက ရိုဒရီဂိုကို ဟက္ထရစ္ရေအာင္ ပင္နယ္တီ ကန္ခ်င္လားလို႔ ေမးျမန္းခဲ့ပါတယ္။ ရိုဒရီဂိုက ဘန္ဇီးမားကို ကိုယ့္ဘာသာ ကန္သြင္းယူဖို႔ ေျပာဆိုခဲ့ပါတယ္။ ေခါင္းေဆာင္ေကာင္းပီသလိုက္တဲ့ အသင္းေခါင္းေဆာင္ ဘန္ဇီးမား”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “သၾကားလုံးလိုမ်ိဳး ခ်ိဳၿမိန္တဲ့သတင္းအခ်က္အလက္- မေန႔က ကာရင္ ဘန္ဇီးမားဟာ ရိုဒရီဂိုကို ဟက္ထရစ္ရေစခ်င္လို႔ ပင္နယ္တီ ကန္သြင္းခ်င္လားလို႔ ကမ္းလွမ္းခဲ့ပါတယ္”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.