International

မတူညီတဲ့လိဂ် ၅ ခုမှာ ဆုဖလားအများဆုံးပိုင်ဆိုင်ထားတဲ့ နည်းပြ ၅ ဦး

နည်းပြတိုင်းအတွက် ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုထဲက လိဂ်တစ်ခုမှာ ချန်ပီယံဖြစ်တာက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု တစ်ခုဖြစ်ပါလိမ့်မယ်။

ရာသီတစ်ခုရဲ့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် အောင်ပွဲရတဲ့အချိန်မှာ ကစားသမားတွေနဲ့နည်းပြတွေအတွက် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိလဲဆိုတာကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။ နည်းပြတွေရဲ့ အိပ်မက်ဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲက တစ်ခုမှာ အနည်းဆုံးလိဂ်ဖလား တစ်ကြိမ်လောက် ရရှိဖို့ဖြစ်ပေမယ့် အမြင့်မားဆုံးအဆင့်မှာ ဆုဖလားတွေကို ရယူနိုင်တဲ့ နည်းပြအချို့လည်း ရှိနေပါတယ်။

ဒီနေ့မှာတော့ အဲဒီနည်းပြအချို့က ဘယ်သူလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပြီး တစ်နိုင်ငံကနေ တစ်နိုင်ငံကို ပြောင်းရွှေ့နည်းပြရင်း မတူညီတဲ့ထိပ်တန်းလိဂ် ၅ ခုမှာ ဆုဖလား အများဆုံးရရှိထားတဲ့ နည်းပြ ၅ ဦးအထိ ရှိနေပါတယ်။

၅။ ဖေဘီယို ကာပယ်လို(၂ နိုင်ငံ၊ ဖလား ၇ လုံး)

၁၉၈၀ ပြည့်နှစ်မှာ ထူးခြားတဲ့ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် အီတလီကွင်းလယ်ကစားသမား ဖေဘီယို ကာပယ်လိုဟာ နည်းပြလောကကို ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကာပယ်လိုဟာ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ အေစီမီလန် လူငယ်အသင်းနည်းပြဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အေစီမီလန် နည်းပြအဖြစ် တာဝန်ယူပြီးနောက် အလုပ်သစ်မှာ ချက်ချင်းပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကာပယ်လိုဟာ အေစီမီလန်မှာ ရှိခဲ့တဲ့ ၅ ရာသီအတွင်း စီးရီးအေဖလား ၄ ကြိမ် ရရှိခဲ့ပြီး ၎င်းရဲ့ လက်တွေ့ကျတဲ့ ချဉ်းကပ်ပုံနဲ့ နည်းဗျူဟာပိုင်း ပြုလွယ်ပြင်လွယ်ရှိမှုကြောင့် ချီးကျူးမှုတွေ လျင်လျင်မြန်မြန်နဲ့ ရရှိခဲ့ပါတယ်။ ကာပယ်လိုဟာ လူငယ်ပါရမီတွေကိုလည်း ရှာဖွေခဲ့ပြီး အေစီမီလန်နဲ့ ရှိနေခဲ့တဲ့ကာလအတွင်း စီနီယာအသင်းထဲကို လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့တဲ့အတွက် ချီးကျူးခံခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်မှာ အေစီမီလန်ကို စွန့်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းကို အားကောင်းတဲ့ခံစစ်ကို အခြေခံပြီး တည်ဆောက်ခဲ့ပါတယ်။ ကာပယ်လိုရဲ့ လူစာရင်းမှာ ရာအူးလ်၊ ကားလို့စ်၊ ဆီးဒေါ့ဖ်၊ မီယာတိုဗစ်၊ ဒါဗော် ဆူကယ်တို့လို အံ့အားသင့်ဖွယ်ကစားသမားတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ကာပယ်လိုဟာ အေစီမီလန်ကို ပြန်မသွားခင် ၁၉၉၆-၁၉၉၇ ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဖလားရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဘာနေဗျူးကို တကျော့ပြန်လာချိန်မှာလည်း နောက်ထပ်တစ်ကြိမ် လာလီဂါဖလားကို ရယူပေးခဲ့ပြန်တာဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်ခင် ၂၀၀၀-၂၀၀၁ ရာသီမှာ ရိုးမားအသင်းကိုလည်း စီးရီးအေဖလားရရှိအောင် နည်းပြပေးခဲ့သေးတာဖြစ်ပါတယ်။

၄။ ဂျီအိုဗန်နီ ထရာပက်တိုနီ(၂ နိုင်ငံ၊ ဖလား ၈ လုံး)

ဂျီအိုဗန်နီ ထရာပက်တိုနီဟာ တသက်တာအအောင်မြင်ဆုံး အီတလီနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ၁၉၅၉ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ကစားသမားဘဝတစ်ခုလုံးနီးပါးကို အေစီမီလန်မှာ ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။ ထရာပက်တိုနီဟာ အေစီမီလန်နဲ့အတူ ဥရောပဖလား ၂ ကြိမ်၊ စီးရီးအေဖလား ၂ ကြိမ် ရရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ဗာရေဆေအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ထပ်တစ်နှစ်အကြာမှာ နည်းပြဘဝကို ပြောင်းလဲနိုင်ဖို့အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့ပြီး အီတလီ၊ ဂျာမနီ၊ ပေါ်တူဂီ၊ သြစတြီးယားတို့မှာ လိဂ်ဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တဲ့ တသက်တာအအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

ထရာပက်တိုနီဟာ တစ်ရာသီအတွင်း ကမ္ဘာ့အဆင့် ဆုဖလားနဲ့ တရားဝင်ကလပ်အသင်းပြိုင်ပွဲတွေအားလုံးမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ တစ်ဦးတည်းသော နည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး ဂျူဗင်တပ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဒီစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ထရာပက်တိုနီဟာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေဖလား ၆ ကြိမ်၊ အင်တာမီလန်နဲ့ ၁ ကြိမ် ရရှိခဲ့ပြီး ၎င်းရဲ့ နောက်ဆုံးလိဂ်ဖလားဟာ ၁၉၉၇-၁၉၉၈ ရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

၃။ ဟိုဆေး မော်ရင်ညို(၃ နိုင်ငံ၊ ဖလား ၆ လုံး)

စပယ်ရှယ်ဝမ်းလို့ ကိုယ့်ကိုကိုယ် ခေါ်ဝေါ်ခဲ့တဲ့ မော်ရင်ညိုဟာ လက်ရှိမှာတော့ နည်းပြဘဝ အကောင်းဆုံးအချိန်မှာ ရှိမနေတော့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၂၁ ရာစုအစောပိုင်း ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတွေထဲကတစ်ဦး လွယ်လွယ်ကူကူဖြစ်လာခဲ့သူဖြစ်ပါတယ်။ မော်ရင်ညိုဟာ အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ပေါ်တိုကို ၂၀၀၃-၂၀၀၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းကြီးတွေကို ဖြုတ်ချပြီး ဗိုလ်စွဲအောင် နည်းပြပေးနိုင်ခဲ့ပြီး လူသိများ ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ရာသီမှာပဲ မော်ရင်ညိုကို ပရီးမီးယားလိဂ်ကို အရောက်ခေါ်ယူခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကြီးစိုးနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ၂ ရာသီဆက်တိုက် အရယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကို စွန့်ခွာပြီးနောက် အင်တာမီလန်နဲ့အတူ အံ့အားသင့်ဖွယ် ၂ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး စီးရီးအေဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ပြီးတဲ့နောက်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂွါဒီယိုလာရ့ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ၂၀၁၁-၂၀၁၂ ရာသီ လာလီဂါဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၄-၂၀၁၅ ရာသီမှာ နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ မော်ရင်ညိုဟာ အဲဒီနောက်ပိုင်း မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးတို့မှာ ဆိုးရွားတဲ့ကာလတွေကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ ရိုးမားအသင်းကို နည်းပြနေတာဖြစ်ပါတယ်။

၂။ ပက် ဂွါဒီယို(၃ နိုင်ငံ၊ ဖလား ၉ လုံး)

ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးတို့ကို နည်းပြပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းပြဖြစ်ပြီး ဘာစီလိုနာမှာတုန်းက တသက်တာအကောင်းဆုံး ဘောလုံးအသင်းတွေထဲကတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ဥရောပဖလား ၃ လုံးတပြိုင်နက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာမှာရှိခဲ့တဲ့ ၄ ရာသီအတွင်း လာလီဂါဖလား ၃ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းလဲတာဝန်ယူချိန်မှာလည်း ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ ၃ ရာသီဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ဂွါဒီယိုလာဟာ နောက်ဆုံး ၄ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်အထိ အနိုင်ရရှိထားခဲ့ပြီးဖြစ်ပြီး ယခုရာသီမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ လာမယ့် ၄ ပွဲအတွင်း ခြေမချော်ခဲ့ဘူးဆိုရင်တော့ ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

၁။ ကာလို အန်ဆယ်လော့တီ(၅ နိုင်ငံ၊ ဖလား ၅ လုံး)

ကာလို အန်ဆယ်လော့တီဟာ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်အထိ ကိုင်မြှောက်ဖူးတဲ့ ၃ ဦးတည်းသော နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ အေစီမီလန်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ တစ်ကြိမ် ရရှိခဲ့ဖူးတာဖြစ်ပြီး နည်းပြဘဝသက်တမ်းတလျှောက် မတူညီတဲ့ကလပ်အသင်း ၁၁ သင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၂၁-၂၀၂၂ ရာသီ လာလီဂါဖလား ရရှိအောင် နည်းပြပေးနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုစလုံးမှာ လိဂ်ဖလားအားလုံးရရှိဖူးတဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ လိဂ်ဖလား တစ်ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းကောင်းကို လိုက်မီဖို့ တော်တော်လေး မလွယ်ကူဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:နည္းျပတိုင္းအတြက္ ဥေရာပရဲ့ ထိပ္တန္းလိဂ္ ၅ ခုထဲက လိဂ္တစ္ခုမွာ ခ်န္ပီယံျဖစ္တာက ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈ တစ္ခုျဖစ္ပါလိမ့္မယ္။

ရာသီတစ္ခုရဲ့ စမ္းသပ္မႈေတြနဲ႔ ဒုကၡေတြကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္နိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲရတဲ့အခ်ိန္မွာ ကစားသမားေတြနဲ႔နည္းျပေတြအတြက္ ဘယ္ေလာက္ေတာင္ အဓိပၸာယ္ရွိလဲဆိုတာကို အလြယ္တကူ ျမင္ေတြ႕နိုင္ပါတယ္။ နည္းျပေတြရဲ့ အိပ္မက္ဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲက တစ္ခုမွာ အနည္းဆုံးလိဂ္ဖလား တစ္ႀကိမ္ေလာက္ ရရွိဖို႔ျဖစ္ေပမယ့္ အျမင့္မားဆုံးအဆင့္မွာ ဆုဖလားေတြကို ရယူနိုင္တဲ့ နည္းျပအခ်ိဳ႕လည္း ရွိေနပါတယ္။

ဒီေန႔မွာေတာ့ အဲဒီနည္းျပအခ်ိဳ႕က ဘယ္သူလဲဆိုတာကို ေဖာ္ျပေပးသြားမွာျဖစ္ၿပီး တစ္နိုင္ငံကေန တစ္နိုင္ငံကို ေျပာင္းေရႊ႕နည္းျပရင္း မတူညီတဲ့ထိပ္တန္းလိဂ္ ၅ ခုမွာ ဆုဖလား အမ်ားဆုံးရရွိထားတဲ့ နည္းၿပ ၅ ဦးအထိ ရွိေနပါတယ္။

၅။ ေဖဘီယို ကာပယ္လို(၂ နိုင္ငံ၊ ဖလား ၇ လုံး)

၁၉၈၀ ျပည့္ႏွစ္မွာ ထူးျခားတဲ့ ကစားသမားဘဝကို အဆုံးသတ္ခဲ့ၿပီးေနာက္ အီတလီကြင္းလယ္ကစားသမား ေဖဘီယို ကာပယ္လိုဟာ နည္းျပေလာကကို ေျခစုံပစ္ဝင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ကာပယ္လိုဟာ ၁၉၈၂ ခုႏွစ္ကေန ၁၉၈၇ ခုႏွစ္အထိ ေအစီမီလန္ လူငယ္အသင္းနည္းျပျဖစ္ခဲ့ၿပီး ၁၉၉၁ ခုႏွစ္မွာ ေအစီမီလန္ နည္းျပအျဖစ္ တာဝန္ယူၿပီးေနာက္ အလုပ္သစ္မွာ ခ်က္ခ်င္းပဲ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ကာပယ္လိုဟာ ေအစီမီလန္မွာ ရွိခဲ့တဲ့ ၅ ရာသီအတြင္း စီးရီးေအဖလား ၄ ႀကိမ္ ရရွိခဲ့ၿပီး ၎ရဲ့ လက္ေတြ႕က်တဲ့ ခ်ဥ္းကပ္ပုံနဲ႔ နည္းဗ်ဴဟာပိုင္း ျပဳလြယ္ျပင္လြယ္ရွိမႈေၾကာင့္ ခ်ီးက်ဴးမႈေတြ လ်င္လ်င္ျမန္ျမန္နဲ႔ ရရွိခဲ့ပါတယ္။ ကာပယ္လိုဟာ လူငယ္ပါရမီေတြကိုလည္း ရွာေဖြခဲ့ၿပီး ေအစီမီလန္နဲ႔ ရွိေနခဲ့တဲ့ကာလအတြင္း စီနီယာအသင္းထဲကို လူငယ္ကစားသမားေတြကို ေခၚယူခဲ့တဲ့အတြက္ ခ်ီးက်ဴးခံခဲ့ရပါတယ္။

၁၉၉၆ ခုႏွစ္မွာ ေအစီမီလန္ကို စြန႔္ခြာၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ၿပီး အသင္းကို အားေကာင္းတဲ့ခံစစ္ကို အေျခခံၿပီး တည္ေဆာက္ခဲ့ပါတယ္။ ကာပယ္လိုရဲ့ လူစာရင္းမွာ ရာအူးလ္၊ ကားလို႔စ္၊ ဆီးေဒါ့ဖ္၊ မီယာတိုဗစ္၊ ဒါေဗာ္ ဆူကယ္တို႔လို အံ့အားသင့္ဖြယ္ကစားသမားေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။ ကာပယ္လိုဟာ ေအစီမီလန္ကို ျပန္မသြားခင္ ၁၉၉၆-၁၉၉၇ ရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ လာလီဂါဖလားရရွိခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာ ဘာေနဗ်ဴးကို တေက်ာ့ျပန္လာခ်ိန္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ လာလီဂါဖလားကို ရယူေပးခဲ့ျပန္တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မတိုင္ခင္ ၂၀၀၀-၂၀၀၁ ရာသီမွာ ရိုးမားအသင္းကိုလည္း စီးရီးေအဖလားရရွိေအာင္ နည္းျပေပးခဲ့ေသးတာျဖစ္ပါတယ္။

၄။ ဂ်ီအိုဗန္နီ ထရာပက္တိုနီ(၂ နိုင္ငံ၊ ဖလား ၈ လုံး)

ဂ်ီအိုဗန္နီ ထရာပက္တိုနီဟာ တသက္တာအေအာင္ျမင္ဆုံး အီတလီနည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး ၁၉၅၉ ခုႏွစ္ကေန ၁၉၇၁ ခုႏွစ္အထိ ကစားသမားဘဝတစ္ခုလုံးနီးပါးကို ေအစီမီလန္မွာ ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။ ထရာပက္တိုနီဟာ ေအစီမီလန္နဲ႔အတူ ဥေရာပဖလား ၂ ႀကိမ္၊ စီးရီးေအဖလား ၂ ႀကိမ္ ရရွိခဲ့ၿပီး ၁၉၇၁ ခုႏွစ္မွာ ဗာေရေဆအသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ ေနာက္ထပ္တစ္ႏွစ္အၾကာမွာ နည္းျပဘဝကို ေျပာင္းလဲနိုင္ဖို႔အတြက္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူခဲ့ၿပီး အီတလီ၊ ဂ်ာမနီ၊ ေပၚတူဂီ၊ ၾသစႀတီးယားတို႔မွာ လိဂ္ဖလားေတြကို ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ တသက္တာအေအာင္ျမင္ဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္လာခဲ့ပါတယ္။

ထရာပက္တိုနီဟာ တစ္ရာသီအတြင္း ကမၻာ့အဆင့္ ဆုဖလားနဲ႔ တရားဝင္ကလပ္အသင္းၿပိဳင္ပြဲေတြအားလုံးမွာ ဗိုလ္စြဲခဲ့ဖူးတဲ့ တစ္ဦးတည္းေသာ နည္းျပဆိုတဲ့ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ထားၿပီး ဂ်ဴဗင္တပ္အသင္းကို ပထမဆုံးအႀကိမ္ ကိုင္တြယ္ခဲ့တဲ့ကာလအတြင္း ဒီစံခ်ိန္ကို ရရွိခဲ့တာျဖစ္ပါတယ္။ ထရာပက္တိုနီဟာ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအဖလား ၆ ႀကိမ္၊ အင္တာမီလန္နဲ႔ ၁ ႀကိမ္ ရရွိခဲ့ၿပီး ၎ရဲ့ ေနာက္ဆုံးလိဂ္ဖလားဟာ ၁၉၉၇-၁၉၉၈ ရာသီမွာ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဘြန္ဒက္စ္လီဂါဖလားကို ရရွိခဲ့တာျဖစ္ပါတယ္။

၃။ ဟိုေဆး ေမာ္ရင္ညိဳ(၃ နိုင္ငံ၊ ဖလား ၆ လုံး)

စပယ္ရွယ္ဝမ္းလို႔ ကိုယ့္ကိုကိုယ္ ေခၚေဝၚခဲ့တဲ့ ေမာ္ရင္ညိဳဟာ လက္ရွိမွာေတာ့ နည္းျပဘဝ အေကာင္းဆုံးအခ်ိန္မွာ ရွိမေနေတာ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ၂၁ ရာစုအေစာပိုင္း ကမၻာေပၚမွာ အေကာင္းဆုံးနည္းျပေတြထဲကတစ္ဦး လြယ္လြယ္ကူကူျဖစ္လာခဲ့သူျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ အသင္းငယ္ေလးတစ္သင္းျဖစ္တဲ့ ေပၚတိုကို ၂၀၀၃-၂၀၀၄ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသင္းႀကီးေတြကို ျဖဳတ္ခ်ၿပီး ဗိုလ္စြဲေအာင္ နည္းျပေပးနိုင္ခဲ့ၿပီး လူသိမ်ား ေက်ာ္ၾကားလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ရာသီမွာပဲ ေမာ္ရင္ညိဳကို ပရီးမီးယားလိဂ္ကို အေရာက္ေခၚယူခဲ့ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ အာဆင္နယ္တို႔ ႀကီးစိုးေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ၂ ရာသီဆက္တိုက္ အရယူေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကို စြန႔္ခြာၿပီးေနာက္ အင္တာမီလန္နဲ႔အတူ အံ့အားသင့္ဖြယ္ ၂ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး စီးရီးေအဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ၿပီးတဲ့ေနာက္မွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့ၿပီး ဂြါဒီယိုလာရ့ ဘာစီလိုနာအသင္းကို အနိုင္ယူၿပီး ၂၀၁၁-၂၀၁၂ ရာသီ လာလီဂါဖလားကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ၂၀၁၃ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို ၂၀၁၄-၂၀၁၅ ရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ကိုင္ေျမႇာက္နိုင္ခဲ့ပါတယ္။ ေမာ္ရင္ညိဳဟာ အဲဒီေနာက္ပိုင္း မန္ခ်က္စတာယူနိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔မွာ ဆိုးရြားတဲ့ကာလေတြကို ရင္ဆိုင္ခဲ့ရၿပီး လက္ရွိမွာေတာ့ ရိုးမားအသင္းကို နည္းျပေနတာျဖစ္ပါတယ္။

၂။ ပက္ ဂြါဒီယို(၃ နိုင္ငံ၊ ဖလား ၉ လုံး)

ဂြါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို နည္းျပၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ နည္းျပျဖစ္ၿပီး ဘာစီလိုနာမွာတုန္းက တသက္တာအေကာင္းဆုံး ေဘာလုံးအသင္းေတြထဲကတစ္သင္းကို တည္ေဆာက္နိုင္ခဲ့ၿပီး ပထမဆုံးရာသီမွာပဲ ဥေရာပဖလား ၃ လုံးတၿပိဳင္နက္ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလိုနာမွာရွိခဲ့တဲ့ ၄ ရာသီအတြင္း လာလီဂါဖလား ၃ ႀကိမ္အထိ ကိုင္ေျမႇာက္နိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းလဲတာဝန္ယူခ်ိန္မွာလည္း ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ ၃ ရာသီဆက္တိုက္ ဘြန္ဒက္စ္လီဂါဖလားကို ဆြတ္ခူးေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕လာၿပီးကတည္းက ဂြါဒီယိုလာဟာ ေနာက္ဆုံး ၄ ရာသီအတြင္း ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္အထိ အနိုင္ရရွိထားခဲ့ၿပီးျဖစ္ၿပီး ယခုရာသီမွာလည္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတာျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ လာမယ့္ ၄ ပြဲအတြင္း ေျခမေခ်ာ္ခဲ့ဘူးဆိုရင္ေတာ့ ၅ ရာသီအတြင္း ၄ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

၁။ ကာလို အန္ဆယ္ေလာ့တီ(၅ နိုင္ငံ၊ ဖလား ၅ လုံး)

ကာလို အန္ဆယ္ေလာ့တီဟာ တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ၃ ႀကိမ္အထိ ကိုင္ေျမႇာက္ဖူးတဲ့ ၃ ဦးတည္းေသာ နည္းျပေတြထဲက တစ္ဦးျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ေအစီမီလန္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ တစ္ႀကိမ္ ရရွိခဲ့ဖူးတာျဖစ္ၿပီး နည္းျပဘဝသက္တမ္းတေလၽွာက္ မတူညီတဲ့ကလပ္အသင္း ၁၁ သင္းကို ကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ရီးရဲလ္မက္ဒရစ္ကို ၂၀၂၁-၂၀၂၂ ရာသီ လာလီဂါဖလား ရရွိေအာင္ နည္းျပေပးနိုင္ခဲ့ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုစလုံးမွာ လိဂ္ဖလားအားလုံးရရွိဖူးတဲ့ ပထမဆုံးနည္းျပျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ေအစီမီလန္၊ ခ်ဲလ္ဆီး၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔အတူ လိဂ္ဖလား တစ္ႀကိမ္စီ ဆြတ္ခူးထားနိုင္ခဲ့တာျဖစ္ၿပီး ဒီမွတ္တမ္းေကာင္းကို လိုက္မီဖို႔ ေတာ္ေတာ္ေလး မလြယ္ကူဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.