Match Report Premier League

ဝတ်ဖို့ဒ်ကွင်းက နောက်ကျအနိုင်နဲ့ မာဆေးဆိုက်ဒါဘီကို ရာဇဝင်ထဲ ထားခဲ့တော့မယ့် ဘန်လေ

ဝတ်ဖို့ဒ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်း ဗီကာရေ့ချ်လမ်းမှာ ကစားခဲ့ရပြီး ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဖာမင်နီယာ၊ ကာဘာဆီလီ၊ ဆာမီယာ၊ ကာမာရာတို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဆစ်ဆိုကို၊ လူဇာနဲ့ ကွတ်ကာတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ အစ္စမိုင်လာ ဆားရ်၊ ဂျာအို ပက်ဒရိုနဲ့ အီမန်ညူယယ် ဒင်းနစ်တို့ တွဲဖက်လာခဲ့ကြပါတယ်။

တန်းဆင်းဇုန်ကနေ အရှိန်အဟုန်ကောင်းနဲ့ ရုန်းနေတဲ့ ဘန်လေကတော့ ဂိုးသမား နစ်ခ် ပုပ်၊ တာကော့ဗ်စကီး၊ နာသန် ကောလင်းစ်၊ တေလာ၊ ရောဘတ်စ်တို့နဲ့ ခံစစ်ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လန်နွန်၊ မက်နီးလ်၊ ဘရောင်းဟေးလ်နဲ့ ဂျက်ခ် ကော့ခ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဗက်ဂ်ဟော့စ်နဲ့ ဗစ်ဒရာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက အိမ်ရှင် ဝတ်ဖို့ဒ်တို့ အဖွင့်ဂိုး ရခဲ့ပြီး ညာခြမ်းကနေ အစ္စမိုင်လာ ဆားရ်ရဲ့ ဖြတ်တင်ဘောကို အဝေးတိုင်ဘက်ကနေ ရသွားတဲ့ ကွတ်ကာ ကန်သွင်းရာမှာ ဘားထိထွက်ခဲ့ပေမယ့် ဘောလုံးက ဘန်လေနောက်ခံလူ တာကော့ဗ်စကီးကို မှန်ပြီး ဂိုးထဲ ပြန်ဝင်သွားခဲ့လို့ တန်းဆင်းဇုန် ရုန်းဘက်ချင်း ပြိုင်ဆိုင်မှုကို မီးထိုးသလိုဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဝတ်ဖို့ဒ်တို့ ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့တာကြောင့် ဂိုးထပ်မရခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ ဘန်လေတို့ ပင်နယ်တီ ရခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ အပြင်ရောက်နေခဲ့တာကြောင့် ဖရီးကစ်နဲ့ ကျေနပ်ခဲ့ရပြီး ပရီးမီးယားလိဂ်ရာသီအစမှာ ခြေစွမ်းပြခဲ့တဲ့ ဒင်းနစ်ကတော့ ဖြုန်းတီးတာပဲ များနေခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ ပွဲတစ်ဝက် ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် ထိုးဖောက်ခဲ့ကြပေမယ့် အိမ်ရှင် ဝတ်ဖို့ဒ်တို့ကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့ပြီး ရမ်းသန်းကန်တာ ပိုများနေခဲ့ချိန်မှာ ဧည့်သည် ဘန်လေတို့ကတော့ ပွဲချိန် မိနစ် ၆၀ မှာ ဝါရင့်တိုက်စစ်မှူး အက်ရှ်လီ ဘန်းစ်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲကို တဖြည်းဖြည်းနဲ့ ဘန်လေတို့ကပဲ စီးမိလာခဲ့ပြီး ဝတ်ဖို့ဒ်တို့ကတော့ ရထားတဲ့ တစ်ဂိုးကိုပဲ ခုခံကာကွယ်နေတဲ့ အနေအထားကို ရောက်ခဲ့ချိန်မှာ တစ်ပွဲလုံး လူတစ်ယောက်မှ မလဲဘဲ ကွင်းထဲက ၁၁ ယောက်ရဲ့ ကစားအားနဲ့ သက်လုံကို စက်ရုပ်တွေ မှတ်နေတဲ့ ရွိုင်းဟော့ဆန်ကတော့ သူ့ရဲ့ အမှားအတွက် ပေးဆပ်ချိန် ရောက်လာခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘန်လေတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်နောက်ခံလူ တေလာရဲ့ တောင်ပံတောက်လျှောက် ဆွဲပြေးပြီး ဖြတ်တင်ခဲ့တဲ့ ဝက်စ်ဝုဒ် ဒဏ်ရာရခဲ့ပြီးနောက်ပိုင်းမှာ နေရာပြန်ရလာခဲ့တဲ့ ဂျက်ခ် ကော့ခ်က ဝတ်ဖို့ဒ်ကစားသမား ဒင်းနစ်ရဲ့ နောက်ကနေ ပြေးဝင်ပြီး ဒိုက်ဗင်ထိုး ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမား ဖော်စတာ ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ကြွေတစ်လက် ကြက်တစ်ခုန်ဆိုသလို နှစ်ခါခုန်တဲ့ ဘန်လေတို့ သုံးမိနစ်အကြာမှာပဲ နောက်ထပ် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြန်ပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ မက်နီးလ်ရဲ့ ဖရီးကစ်ကနေ ထွက်လာတဲ့ ဘောလုံးကို တိုက်စစ်မှူး ဗစ်ဒရာကို ပြန်ချပေးရာမှာ ကွင်းလယ်လူ ဘရောင်းဟေးလ်က ဧရိယာ အစပ်ကနေ ညာဘက်တိုင်ခြေကို လှမ်းကန်ပြီး ဧည့်သည်တွေကို ပြန်လည်ဦးဆောင်စေနိုင်ခဲ့တာပါ။

သုံးမိနစ်အတွင်း နှစ်ဂိုးပြန်ပေးရပြီး အရှုံးဖြစ်သွားခဲ့ပေမယ့် လူစားလဲဖို့တော့ သတိမရတဲ့ နည်းပြအိုကြီး ရွိုင်းဟော့ဆန်ကြောင့် ဝတ်ဖို့ဒ်တို့ အိမ်ကွင်းမှာ ဘာမှ တုံ့ပြန်မှု မလုပ်နိုင်ခဲ့ကြတော့ဘဲ နာကျင်အချိန်ပို ၄ မိနစ်အပြီးမှာတော့ ဘန်လေတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အဖိုးတန် Come Back နိုင်ပွဲကို ရယူနိုင်ခဲ့ကြပါတယ်။

ဒီရလဒ်ကြောင့် ဘန်လေတို့အနေနဲ့ နောက်ကျပွဲကစားမယ့် လိဒ်စ်ယူနိုက်တက်ကိုပါ ကျော်တက်ပြီး ၃၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၁၆ နေရာကို တက်လှမ်းလာနိုင်ခဲ့ချိန်မှာ အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့တဲ့ ဝတ်ဖို့ဒ်တို့အတွက်ကတော့ ပရီးမီးယားလိဂ်ဆိုတာ တစ်နှစ်တာ အလည်အပတ် လာရောက်ရာဖြစ်ခဲ့သလို တနင်္ဂနွေနေ့ပွဲကစားမယ့် အဲဗာတန်တို့ကတော့ ဘန်လေရဲ့ နိုင်ပွဲမှာ ဖိအားဝင်သွားခဲ့ပြီး မာဆေးဆိုက်ဒါဘီကို အနားပေးရတော့မလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝတ္ဖို႔ဒ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္း ဗီကာေရ႕ခ်္လမ္းမွာ ကစားခဲ့ရၿပီး ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ဖာမင္နီယာ၊ ကာဘာဆီလီ၊ ဆာမီယာ၊ ကာမာရာတို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဆစ္ဆိုကို၊ လူဇာနဲ႔ ကြတ္ကာတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ အစၥမိုင္လာ ဆားရ္၊ ဂ်ာအို ပက္ဒ႐ိုနဲ႔ အီမန္ညဴယယ္ ဒင္းနစ္တို႔ တြဲဖက္လာခဲ့ၾကပါတယ္။

တန္းဆင္းဇုန္ကေန အရွိန္အဟုန္ေကာင္းနဲ႔ ႐ုန္းေနတဲ့ ဘန္ေလကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ တာေကာ့ဗ္စကီး၊ နာသန္ ေကာလင္းစ္၊ ေတလာ၊ ေရာဘတ္စ္တို႔နဲ႔ ခံစစ္ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လန္ႏြန္၊ မက္နီးလ္၊ ဘေရာင္းေဟးလ္နဲ႔ ဂ်က္ခ္ ေကာ့ခ္တို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဗက္ဂ္ေဟာ့စ္နဲ႔ ဗစ္ဒရာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက အိမ္ရွင္ ဝတ္ဖို႔ဒ္တို႔ အဖြင့္ဂိုး ရခဲ့ၿပီး ညာျခမ္းကေန အစၥမိုင္လာ ဆားရ္ရဲ႕ ျဖတ္တင္ေဘာကို အေဝးတိုင္ဘက္ကေန ရသြားတဲ့ ကြတ္ကာ ကန္သြင္းရာမွာ ဘားထိထြက္ခဲ့ေပမယ့္ ေဘာလုံးက ဘန္ေလေနာက္ခံလူ တာေကာ့ဗ္စကီးကို မွန္ၿပီး ဂိုးထဲ ျပန္ဝင္သြားခဲ့လို႔ တန္းဆင္းဇုန္ ႐ုန္းဘက္ခ်င္း ၿပိဳင္ဆိုင္မႈကို မီးထိုးသလိုျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဝတ္ဖို႔ဒ္တို႔ ဖိကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္း ညံ့ဖ်င္းခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့သလို ပြဲခ်ိန္ ၂၇ မိနစ္မွာ ဘန္ေလတို႔ ပင္နယ္တီ ရခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ အျပင္ေရာက္ေနခဲ့တာေၾကာင့္ ဖရီးကစ္နဲ႔ ေက်နပ္ခဲ့ရၿပီး ပရီးမီးယားလိဂ္ရာသီအစမွာ ေျခစြမ္းျပခဲ့တဲ့ ဒင္းနစ္ကေတာ့ ျဖဳန္းတီးတာပဲ မ်ားေနခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲတစ္ဝက္ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အျပန္အလွန္ ထိုးေဖာက္ခဲ့ၾကေပမယ့္ အိမ္ရွင္ ဝတ္ဖို႔ဒ္တို႔ကေတာ့ တစ္ပြဲလုံးမွာ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့ၿပီး ရမ္းသန္းကန္တာ ပိုမ်ားေနခဲ့ခ်ိန္မွာ ဧည့္သည္ ဘန္ေလတို႔ကေတာ့ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဝါရင့္တိုက္စစ္မႉး အက္ရွ္လီ ဘန္းစ္ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲကို တျဖည္းျဖည္းနဲ႔ ဘန္ေလတို႔ကပဲ စီးမိလာခဲ့ၿပီး ဝတ္ဖို႔ဒ္တို႔ကေတာ့ ရထားတဲ့ တစ္ဂိုးကိုပဲ ခုခံကာကြယ္ေနတဲ့ အေနအထားကို ေရာက္ခဲ့ခ်ိန္မွာ တစ္ပြဲလုံး လူတစ္ေယာက္မွ မလဲဘဲ ကြင္းထဲက ၁၁ ေယာက္ရဲ႕ ကစားအားနဲ႔ သက္လုံကို စက္႐ုပ္ေတြ မွတ္ေနတဲ့ ႐ြိဳင္းေဟာ့ဆန္ကေတာ့ သူ႔ရဲ႕ အမွားအတြက္ ေပးဆပ္ခ်ိန္ ေရာက္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘန္ေလတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေနာက္ခံလူ ေတလာရဲ႕ ေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ျဖတ္တင္ခဲ့တဲ့ ဝက္စ္ဝုဒ္ ဒဏ္ရာရခဲ့ၿပီးေနာက္ပိုင္းမွာ ေနရာျပန္ရလာခဲ့တဲ့ ဂ်က္ခ္ ေကာ့ခ္က ဝတ္ဖို႔ဒ္ကစားသမား ဒင္းနစ္ရဲ႕ ေနာက္ကေန ေျပးဝင္ၿပီး ဒိုက္ဗင္ထိုး ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးသမား ေဖာ္စတာ ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ေႂကြတစ္လက္ ၾကက္တစ္ခုန္ဆိုသလို ႏွစ္ခါခုန္တဲ့ ဘန္ေလတို႔ သုံးမိနစ္အၾကာမွာပဲ ေနာက္ထပ္ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကျပန္ၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ မက္နီးလ္ရဲ႕ ဖရီးကစ္ကေန ထြက္လာတဲ့ ေဘာလုံးကို တိုက္စစ္မႉး ဗစ္ဒရာကို ျပန္ခ်ေပးရာမွာ ကြင္းလယ္လူ ဘေရာင္းေဟးလ္က ဧရိယာ အစပ္ကေန ညာဘက္တိုင္ေျခကို လွမ္းကန္ၿပီး ဧည့္သည္ေတြကို ျပန္လည္ဦးေဆာင္ေစႏိုင္ခဲ့တာပါ။

သုံးမိနစ္အတြင္း ႏွစ္ဂိုးျပန္ေပးရၿပီး အရႈံးျဖစ္သြားခဲ့ေပမယ့္ လူစားလဲဖို႔ေတာ့ သတိမရတဲ့ နည္းျပအိုႀကီး ႐ြိဳင္းေဟာ့ဆန္ေၾကာင့္ ဝတ္ဖို႔ဒ္တို႔ အိမ္ကြင္းမွာ ဘာမွ တုံ႔ျပန္မႈ မလုပ္ႏိုင္ခဲ့ၾကေတာ့ဘဲ နာက်င္အခ်ိန္ပို ၄ မိနစ္အၿပီးမွာေတာ့ ဘန္ေလတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အဖိုးတန္ Come Back ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၾကပါတယ္။

ဒီရလဒ္ေၾကာင့္ ဘန္ေလတို႔အေနနဲ႔ ေနာက္က်ပြဲကစားမယ့္ လိဒ္စ္ယူႏိုက္တက္ကိုပါ ေက်ာ္တက္ၿပီး ၃၄ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၄ မွတ္နဲ႔ အဆင့္ ၁၆ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ခ်ိန္မွာ အိမ္ကြင္းမွာ ရႈံးနိမ့္သြားခဲ့တဲ့ ဝတ္ဖို႔ဒ္တို႔အတြက္ကေတာ့ ပရီးမီးယားလိဂ္ဆိုတာ တစ္ႏွစ္တာ အလည္အပတ္ လာေရာက္ရာျဖစ္ခဲ့သလို တနဂၤေႏြေန႔ပြဲကစားမယ့္ အဲဗာတန္တို႔ကေတာ့ ဘန္ေလရဲ႕ ႏိုင္ပြဲမွာ ဖိအားဝင္သြားခဲ့ၿပီး မာေဆးဆိုက္ဒါဘီကို အနားေပးရေတာ့မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.