Premier League

ဆူပါအေးဂျင့် ရိုင်ယိုလာရဲ့ နောက်ဆုံးအချိန်အတွက် မိသားစုက ရေးတဲ့စာ

ဒီနေ့ခေတ်မှာ သူ့လောက် နာမည်ကြီးပြီး အကြီးမားဆုံး အပြောင်းအရွှေ့ကြီးတွေကို လက်ကြီးသမားအဖြစ် ဥရောပအသင်းကြီးတွေကြားမှာ လုပ်ဆောင်လေ့ရှိတဲ့ ဘောလုံးအေးဂျင့် မီနို ရိုင်ယိုလာဟာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းက ကွယ်လွန်ပြီလို့ သတင်းထွက်ခဲ့အပြီးမှာ ဒီနေ့မှာတော့ တကယ်ပဲ ရောဂါဝေဒနာကို မကျော်လွှားနိုင်ဘဲ ဆုံးပါးသွားခဲ့ရပြီဖြစ်ပါတယ်။

သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကို ကိုင်တွယ်နေတဲ့ ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ နှစ်ရက်ကရော ဒီနေ့မှာပါ တရားဝင် သတင်းထုတ်ပြန် ကြေငြာသွားခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ပီဇာဆိုင်ရှင်ဟောင်း ဆူပါအေးဂျင့်ရဲ့ မိသားစုတွေက နောက်ဆုံးအချိန်မှာ ပြောကြားခဲ့သမျှကို တင်ဆက်လိုက်ပါတယ်။

“ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်တတ်ပြီး ထူးဆန်းအံ့ဩဖွယ် ဘောလုံးကိုယ်စားလှယ်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ကြေငြာလိုက်ရတာက အတိုင်းအဆမရှိ ဝမ်းနည်းရစေပါတယ်။

သူ့ရဲ့ ကစားသမားတွေရဲ့ အခွင့်အရေးအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့သလိုမျိုးပဲ သတ္တိရှိစွာနဲ့ မီနိုဟာ သူ့ရဲ့ ရောဂါဝေဒနာကို ရဲရဲရင့်ရင့်နဲ့ နောက်ဆုံးအချိန်အထိ ရင်ဆိုင်သွားခဲ့တာဖြစ်သလို အားလုံးအတွက် ဂုဏ်ယူနိုင်တဲ့ စိတ်ထားမျိုးကို ပြသခဲ့တာပါ။

မီနိုဟာ သူ့ရဲ့ လုပ်ငန်းထဲမှာ မိတ်ဆွေတွေ၊ လူတွေ များစွာနဲ့ ထိတွေ့ဆက်ဆံခဲ့သလို မော်ဒန်ဘောလုံးရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးသားနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ တည်ရှိခဲ့မှုဟာ ဘယ်တော့မှ မေ့မရဘဲ လွမ်းနေရတော့မယ့် အရာပါပဲ။

ဘောလုံးလောကကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုအဖြစ် ကစားသမားတွေအတွက် လုပ်ဆောင်ပေးခဲ့တဲ့ မီနိုရဲ့ ဆန္ဒကို ကျွန်တော်တို့တွေအားလုံး ဆက်လက်သယ်ဆောင်ပြီး တူညီတဲ့ စိတ်အားထက်သန်မှုတွေနဲ့ ဆောင်ရွက်ပေးသွားကြဦးမှာပါ။

ခက်ခဲနေတဲ့ အချိန်တွေမှာ ရရှိခဲ့တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ တစ်ဦးချင်းရဲ့ မေတ္တာတရားတွေအတွက် ကျွန်တော်တို့ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဝမ်းနည်းပူဆွေးနေတဲ့ အချိန်တွေမှာ ကျွန်တော်တို့အတွက် သီးသန့်နေထိုင်ရပ်တည်ခွင့်ကို တောင်းဆိုပါရစေ။ (ရိုင်ယိုလာ မိသားစု)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ေခတ္မွာ သူ႔ေလာက္ နာမည္ႀကီးၿပီး အႀကီးမားဆုံး အေျပာင္းအေ႐ႊ႕ႀကီးေတြကို လက္ႀကီးသမားအျဖစ္ ဥေရာပအသင္းႀကီးေတြၾကားမွာ လုပ္ေဆာင္ေလ့ရွိတဲ့ ေဘာလုံးေအးဂ်င့္ မီႏို ႐ိုင္ယိုလာဟာ ၿပီးခဲ့တဲ့ ၄၈ နာရီအတြင္းက ကြယ္လြန္ၿပီလို႔ သတင္းထြက္ခဲ့အၿပီးမွာ ဒီေန႔မွာေတာ့ တကယ္ပဲ ေရာဂါေဝဒနာကို မေက်ာ္လႊားႏိုင္ဘဲ ဆုံးပါးသြားခဲ့ရၿပီျဖစ္ပါတယ္။

သူ႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကို ကိုင္တြယ္ေနတဲ့ ကိုယ္စားလွယ္ေတြက ၿပီးခဲ့တဲ့ ႏွစ္ရက္ကေရာ ဒီေန႔မွာပါ တရားဝင္ သတင္းထုတ္ျပန္ ေၾကျငာသြားခဲ့တာျဖစ္ၿပီး ေဘာလုံးေလာကရဲ႕ အႀကီးက်ယ္ဆုံး ပီဇာဆိုင္ရွင္ေဟာင္း ဆူပါေအးဂ်င့္ရဲ႕ မိသားစုေတြက ေနာက္ဆုံးအခ်ိန္မွာ ေျပာၾကားခဲ့သမွ်ကို တင္ဆက္လိုက္ပါတယ္။

“ပတ္ဝန္းက်င္က လူေတြကို ဂ႐ုစိုက္တတ္ၿပီး ထူးဆန္းအံ့ဩဖြယ္ ေဘာလုံးကိုယ္စားလွယ္တစ္ေယာက္ရဲ႕ ေနာက္ဆုံးအခ်ိန္ကို ေၾကျငာလိုက္ရတာက အတိုင္းအဆမရွိ ဝမ္းနည္းရေစပါတယ္။

သူ႔ရဲ႕ ကစားသမားေတြရဲ႕ အခြင့္အေရးအတြက္ အၿမဲတမ္း တိုက္ပြဲဝင္ခဲ့သလိုမ်ိဳးပဲ သတၱိရွိစြာနဲ႔ မီႏိုဟာ သူ႔ရဲ႕ ေရာဂါေဝဒနာကို ရဲရဲရင့္ရင့္နဲ႔ ေနာက္ဆုံးအခ်ိန္အထိ ရင္ဆိုင္သြားခဲ့တာျဖစ္သလို အားလုံးအတြက္ ဂုဏ္ယူႏိုင္တဲ့ စိတ္ထားမ်ိဳးကို ျပသခဲ့တာပါ။

မီႏိုဟာ သူ႔ရဲ႕ လုပ္ငန္းထဲမွာ မိတ္ေဆြေတြ၊ လူေတြ မ်ားစြာနဲ႔ ထိေတြ႕ဆက္ဆံခဲ့သလို ေမာ္ဒန္ေဘာလုံးရဲ႕ သမိုင္းစာမ်က္ႏွာသစ္တစ္ခုကို ေရးသားႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ တည္ရွိခဲ့မႈဟာ ဘယ္ေတာ့မွ ေမ့မရဘဲ လြမ္းေနရေတာ့မယ့္ အရာပါပဲ။

ေဘာလုံးေလာကကို ပိုမိုေကာင္းမြန္တဲ့ ေနရာတစ္ခုအျဖစ္ ကစားသမားေတြအတြက္ လုပ္ေဆာင္ေပးခဲ့တဲ့ မီႏိုရဲ႕ ဆႏၵကို ကြၽန္ေတာ္တို႔ေတြအားလုံး ဆက္လက္သယ္ေဆာင္ၿပီး တူညီတဲ့ စိတ္အားထက္သန္မႈေတြနဲ႔ ေဆာင္႐ြက္ေပးသြားၾကဦးမွာပါ။

ခက္ခဲေနတဲ့ အခ်ိန္ေတြမွာ ရရွိခဲ့တဲ့ ကူညီေထာက္ပံ့မႈေတြနဲ႔ တစ္ဦးခ်င္းရဲ႕ ေမတၱာတရားေတြအတြက္ ကြၽန္ေတာ္တို႔ အားလုံးကို လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ပါတယ္။ ဝမ္းနည္းပူေဆြးေနတဲ့ အခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔အတြက္ သီးသန႔္ေနထိုင္ရပ္တည္ခြင့္ကို ေတာင္းဆိုပါရေစ။ (႐ိုင္ယိုလာ မိသားစု)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.