Premier League

နယူးကာဆယ်လ်ကို တစ်ဂိုးတည်းနဲ့ အနိုင်ယူပြီး မန်စီးတီးကို ဖိအားပေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ရောဘတ်ဆန်တို့ကို ပွဲထုတ်ခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကိုတော့ အနားပေးခဲ့ပြီး အရန်ခုံမှာပဲ ထားခဲ့သလို ကွင်းလယ်မှာတော့ ကီတာ၊ မီလ်နာနဲ့ ဟန်ဒါဆန်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာလား ပါဝင်မလာဘဲ မာနေး၊ ဂျိုတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို တွဲဖက်ပေးခဲ့ပါတယ်။

နယူးကာဆယ်လ်ကတော့ ဂိုးသမား ဒူဗရက်ဘ်ကာ၊ ဖာဘီယန် ရှား၊ ဒန်ဘန်း၊ ခရတ်ဖ်၊ တားဂက်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ ရှယ်လ်ဗီ၊ ဝီလော့ခ်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုလင်တန်၊ စန်မက်ဇီမန်နဲ့ အယ်လ်မီရွန်တို့ တွဲကစားလာခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ တစ်ဖက်သတ် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပြီး ဂျိုတာပေးတာကနေ ကီတာ ကန်တာက တိုင်ဘေးက ကပ်ထွက်ခဲ့သလို ထောင့်ကန်ဘောကနေ မီလ်နာ ဖြတ်တင်ပေးတာကို ဗန်ဒိုက် ကန်ခွင့်ရခဲ့တာက ဘားကျော်သွားခဲ့ပြီး ပွဲစစချင်း ၁၀ မိနစ်အတွင်းမှာတော့ နယူးကာဆယ်လ် အသင်းအနေနဲ့ ခံစစ်ကစားရုံပဲ တတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပေးတဲ့ ဘောလုံးကို ကီတာက ဂျိုတာနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဂိုးသမား ဒူဘရက်ဗ်ကာကိုပါ ထပ်မံလိမ်ခေါက်ပြီး ခံစစ်ကစားသမားနှစ်ဦး ပိတ်ထားခဲ့တဲ့ ဂိုးပေါက်ထဲကို ကန်သွင်းရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးမှာ မီလ်နာရဲ့ ဘောလုံးရယူမှုမှာ နောက်ခံလူ ရှားဆီ လျှောထိုးဝင်ခဲ့တာကို ပြစ်ဒဏ်ဘောအဖြစ် နယူးကာဆယ်လ်တို့ စောဒက တက်ခဲ့ကြပေမယ့် ဝါရင့် အင်္ဂလန်ကွင်းလယ်လူက ဘောလုံးကို အရင်ထိခဲ့တာကြောင့် ဆုံးဖြတ်ချက်မှာ အသာရခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာတော့ မာနေး အလွတ်ကန်ခွင့် တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကိုပဲ ကန်သွားခဲ့လို့ နောက်ထပ်ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရတာပါ။

ပွဲချိန် ၃၉ မိနစ်မှာ အယ်လ်မီရွန်က ဂိုးသမား အယ်လစ်ဆန်ကို လိမ်ခေါက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် သိသိသာသာကြီး လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၄၁ မိနစ်မှာတော့ ညာခြမ်းက ဟန်ဒါဆန်ရဲ့ Deep Cross ကို ဂျိုတာ ခေါင်းတိုက်ချက်က ကောင်းခဲ့ပေမယ့် ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ နီးနေတာကြောင့် ပုတ်ထုတ်ခံခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်တို့ ကစားပုံက အရင်ပွဲတွေလောက် မကောင်းခဲ့သလို ညာခြမ်းတစ်ခုလုံးကို အရန်ခုံမှာ အနားပေးထားခဲ့ပြီး ဆာလားရော အာနိုးလ်ဒ်ပါ ပါဝင်မလာတဲ့ တိုက်စစ်ပိုင်းက ဘယ်ခြမ်းနဲ့ ဂျိုတာကို မှီခိုနေခဲ့ရသလို မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ပါ ခြေပျောက်သလို ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာ ဂိုးသမားနဲ့ ဂျိုတာ ယှဉ်လုပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရောဘတ်ဆန် ကန်သွင်းချက်က ကလေးဆန်လွန်းလို့ လီဗာပူးလ်တို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး နည်းပြ ကလော့ပ်ကတော့ ဒီအတွက် ကွင်းဘေးစည်းမှာ ပေါက်ကွဲသွားခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ ခြေစွမ်း ချာနေတဲ့ မာနေးအစား ဆာလားနဲ့ ကပ္ပတိန် ဟန်ဒါဆန်အစား ဖာဘင်ညိုတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂျိုတာရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် လီဗာပူးလ်တို့ နှစ်ကြိမ်လောက် ဂိုးရနိုင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရသလို တားဂက်ကို ကျော်ပြေးတဲ့ ဆာလားရဲ့ နောက်ဆုံးထိချက်က မှားသွားခဲ့လို့ ဂိုးသမား ဒူဘရက်ဗ်ကာ ကာကွယ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ် အပြီးမှာတော့ အဖိုးတန်သုံးမှတ်ကို ဧည့်သည်အဖွဲ့တွေ စုဆောင်းသွားနိုင်ခဲ့ကြတာပါ။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့အနေနဲ့ ပွဲစဉ် ၃၅ အပြီးမှာ ရမှတ် ၈၂ မှတ်နဲ့ အဆင့် ၁ နေရာကို မန်ချက်စတာစီးတီးတို့ အဝေးကွင်းမှာ လိဒ်စ်ယူနိုက်တက်တို့နဲ့ မကစားခင်မှာ ခေတ္တရယူနိုင်ခဲ့သလို နောက်ကနေ အပြင်းအထန် ဖိအားပေးနိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ကတော့ အဆင့် ၉ မှာပဲ ဆက်လက်ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ ေရာဘတ္ဆန္တို႔ကို ပြဲထုတ္ခဲ့ေပမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကိုေတာ့ အနားေပးခဲ့ၿပီး အရန္ခုံမွာပဲ ထားခဲ့သလို ကြင္းလယ္မွာေတာ့ ကီတာ၊ မီလ္နာနဲ႔ ဟန္ဒါဆန္တို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာလား ပါဝင္မလာဘဲ မာေနး၊ ဂ်ိဳတာနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို တြဲဖက္ေပးခဲ့ပါတယ္။

နယူးကာဆယ္လ္ကေတာ့ ဂိုးသမား ဒူဗရက္ဘ္ကာ၊ ဖာဘီယန္ ရွား၊ ဒန္ဘန္း၊ ခရတ္ဖ္၊ တားဂက္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွယ္လ္ဗီ၊ ဝီေလာ့ခ္နဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳလင္တန္၊ စန္မက္ဇီမန္နဲ႔ အယ္လ္မီ႐ြန္တို႔ တြဲကစားလာခဲ့ၾကတာ ျဖစ္ပါတယ္။

လီဗာပူးလ္တို႔ တစ္ဖက္သတ္ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့ၿပီး ဂ်ိဳတာေပးတာကေန ကီတာ ကန္တာက တိုင္ေဘးက ကပ္ထြက္ခဲ့သလို ေထာင့္ကန္ေဘာကေန မီလ္နာ ျဖတ္တင္ေပးတာကို ဗန္ဒိုက္ ကန္ခြင့္ရခဲ့တာက ဘားေက်ာ္သြားခဲ့ၿပီး ပြဲစစခ်င္း ၁၀ မိနစ္အတြင္းမွာေတာ့ နယူးကာဆယ္လ္ အသင္းအေနနဲ႔ ခံစစ္ကစား႐ုံပဲ တတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ေပးတဲ့ ေဘာလုံးကို ကီတာက ဂ်ိဳတာနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဂိုးသမား ဒူဘရက္ဗ္ကာကိုပါ ထပ္မံလိမ္ေခါက္ၿပီး ခံစစ္ကစားသမားႏွစ္ဦး ပိတ္ထားခဲ့တဲ့ ဂိုးေပါက္ထဲကို ကန္သြင္းရယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒီဂိုးမွာ မီလ္နာရဲ႕ ေဘာလုံးရယူမႈမွာ ေနာက္ခံလူ ရွားဆီ ေလွ်ာထိုးဝင္ခဲ့တာကို ျပစ္ဒဏ္ေဘာအျဖစ္ နယူးကာဆယ္လ္တို႔ ေစာဒက တက္ခဲ့ၾကေပမယ့္ ဝါရင့္ အဂၤလန္ကြင္းလယ္လူက ေဘာလုံးကို အရင္ထိခဲ့တာေၾကာင့္ ဆုံးျဖတ္ခ်က္မွာ အသာရခဲ့သလို ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ မာေနး အလြတ္ကန္ခြင့္ တစ္ႀကိမ္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကိုပဲ ကန္သြားခဲ့လို႔ ေနာက္ထပ္ဦးေဆာင္ဂိုးနဲ႔ ေဝးခဲ့ရတာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာ အယ္လ္မီ႐ြန္က ဂိုးသမား အယ္လစ္ဆန္ကို လိမ္ေခါက္ၿပီး ေခ်ပဂိုး ျပန္သြင္းခဲ့ေပမယ့္ သိသိသာသာႀကီး လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ညာျခမ္းက ဟန္ဒါဆန္ရဲ႕ Deep Cross ကို ဂ်ိဳတာ ေခါင္းတိုက္ခ်က္က ေကာင္းခဲ့ေပမယ့္ ဂိုးသမား ဒူဘရက္ဗ္ကာနဲ႔ နီးေနတာေၾကာင့္ ပုတ္ထုတ္ခံခဲ့ရၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း လီဗာပူးလ္တို႔ ကစားပုံက အရင္ပြဲေတြေလာက္ မေကာင္းခဲ့သလို ညာျခမ္းတစ္ခုလုံးကို အရန္ခုံမွာ အနားေပးထားခဲ့ၿပီး ဆာလားေရာ အာႏိုးလ္ဒ္ပါ ပါဝင္မလာတဲ့ တိုက္စစ္ပိုင္းက ဘယ္ျခမ္းနဲ႔ ဂ်ိဳတာကို မွီခိုေနခဲ့ရသလို မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ပါ ေျခေပ်ာက္သလို ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ဂိုးသမားနဲ႔ ဂ်ိဳတာ ယွဥ္လုၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေရာဘတ္ဆန္ ကန္သြင္းခ်က္က ကေလးဆန္လြန္းလို႔ လီဗာပူးလ္တို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရၿပီး နည္းျပ ကေလာ့ပ္ကေတာ့ ဒီအတြက္ ကြင္းေဘးစည္းမွာ ေပါက္ကြဲသြားခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေျခစြမ္း ခ်ာေနတဲ့ မာေနးအစား ဆာလားနဲ႔ ကပၸတိန္ ဟန္ဒါဆန္အစား ဖာဘင္ညိဳတို႔ကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဂ်ိဳတာရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ လီဗာပူးလ္တို႔ ႏွစ္ႀကိမ္ေလာက္ ဂိုးရႏိုင္ခြင့္ေတြနဲ႔ လြဲေခ်ာ္ခဲ့ရသလို တားဂက္ကို ေက်ာ္ေျပးတဲ့ ဆာလားရဲ႕ ေနာက္ဆုံးထိခ်က္က မွားသြားခဲ့လို႔ ဂိုးသမား ဒူဘရက္ဗ္ကာ ကာကြယ္သြားႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္ အၿပီးမွာေတာ့ အဖိုးတန္သုံးမွတ္ကို ဧည့္သည္အဖြဲ႕ေတြ စုေဆာင္းသြားႏိုင္ခဲ့ၾကတာပါ။

ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ပြဲစဥ္ ၃၅ အၿပီးမွာ ရမွတ္ ၈၂ မွတ္နဲ႔ အဆင့္ ၁ ေနရာကို မန္ခ်က္စတာစီးတီးတို႔ အေဝးကြင္းမွာ လိဒ္စ္ယူႏိုက္တက္တို႔နဲ႔ မကစားခင္မွာ ေခတၱရယူႏိုင္ခဲ့သလို ေနာက္ကေန အျပင္းအထန္ ဖိအားေပးႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္တို႔ကေတာ့ အဆင့္ ၉ မွာပဲ ဆက္လက္ရွိေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.