Premier League

ပီအက်စ်ဂျီနဲ့သတင်းတွေကို အဖြေပေးပြီး လာမယ့်ရာသီအတွက် ပြိုင်ဘက်တွေကို သတိပေးသွားတဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါးနည်းပြ ကွန်တီဟာ ထိပ်ဆုံး ၄ နေရာအတွင်း တစ်နေရာရရှိဖို့ကို အဓိကအာရုံစိုက်နေရတာက ဒီရာသီက နောက်ဆုံးပဲဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်၊ ချဲလ်ဆီး၊ အင်တာမီလန်တို့နဲ့အတူ ဖလားတွေ ဆက်တိုက် သိမ်းပိုက်ခဲ့တဲ့ ကွန်တီဟာ ယခုရာသီအလယ်မှာ နူနို ဆန်တိုလက်အောက်မှာ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ကွန်တီရဲ့လက်အောက်မှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုးတက်မှုတွေ ရှိလာတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး အီတလီလူမျိုးနည်းပြက အသင်းရဲ့လက်ရှိအဆင့်အတန်းနဲ့ အသင်းကို ရှိစေချင်တဲ့နေရာကြား ကွာဟချက်တွေ ရှိနေတယ်ဆိုတာကို ဝန်ခံခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ ကွန်တီက ဖလား အဆင်သင့် ရယူနိုင်မယ့် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကိုလည်း အတုအယောင်သတင်းတွေလို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး စပါးစ်ကိုလည်း ၎င်းရဲ့ ရည်မှန်းချက်အတိုင်း မဖြစ်နိုင်တဲ့အသင်းမှာလည်း နည်းပြဘဝကို အချိန်အများကြီး အကုန်ခံမှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

“အခုအချိန်မှာ ခင်ဗျားကို ကျွန်တော် ရိုးရိုးသားသားပဲ ပြောမယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထဲ၊ ကျွန်တော်၊ အသင်းနဲ့ ကစားသမားတွေဟာ နောက်ဆုံး ၅ ပွဲအပေါ် အာရုံစိုက်နေရမှာပါ။ သေချာပါတယ်။ ခင်ဗျားကို ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပါတယ်။ ရာသီကုန်မှာ ကျွန်တော်တို့ အသင်းနဲ့ စကားပြောသွားမှာဖြစ်ပေမယ့် စိတ်ကျေနပ်မှုတွေနဲ့ တကယ်ကို ကောင်းမွန်တဲ့ပုံစံနဲ့ ပြောသွားမှာပါ။ အားလုံးအတွက် အကောင်းဆုံးအဖြေကို ရှာဖွေဖို့ ကြိုးပမ်းတဲ့အနေနဲ့ စကားပြောသွားမှာပါ။ အဲဒါက ရှင်းအောင် ပြောတာပါ”

“ကျွန်တော် ထပ်ပြောမယ်။ ကျွန်တော် ရည်မှန်းချက်ထားရတာကို နှစ်သက်တယ်ဆိုတာကို မမေ့ပါနဲ့။ ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ်မှာ တစ်နေရာရဖို့အတွက်ပဲ တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ ကျွန်တော်ထင်တာက ရှင်းရှင်းပြောရရင် ကျွန်တော် ဒီထက်အများကြီး ပိုတဲ့အရာအတွက် တိုက်ပွဲဝင်ချင်တယ်။ ခင်ဗျား နားလည်တယ်မဟုတ်လား။ ဒီထက်အများကြီး ပိုတဲ့အရာအတွက်လေ။ ကျွန်တော် အဲဒါကို လုပ်ဖို့အတွက်လည်း ထိုက်တန်တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နည်းပြ ကွန်တီကို ယခုရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာလည်း အီတလီလူမျိုးနည်းပြ လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့အတွက် အစီအစဉ်တွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီထဲက ပစ်မှတ်တစ်ခုတော့ ခရစ်ရှန် အဲရစ်ဆင်ဖြစ်ပြီး ဘရန့်တ်ဖို့ဒ် ကွင်းလယ်ဖန်တီးရှင် စပါးစ်သူရဲကောင်းဟောင်းဟာ အင်တာမီလန်နည်းပြဟောင်းနဲ့ ပြန်လည်ဆုံစည်းချင်နေတယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ အန်တိုနီယို ကွန်တီလက်အောက်မှာ ကစားပေးချင်တဲ့ ဆန္ဒရှိနေတာကြောင့် ယခုနွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မယ်လို့ စပါးစ်တာဝန်ရှိသူတွေက အကောင်းမြင်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ကြန္တီဟာ ထိပ္ဆုံး ၄ ေနရာအတြင္း တစ္ေနရာရရွိဖို႔ကို အဓိကအာ႐ုံစိုက္ေနရတာက ဒီရာသီက ေနာက္ဆုံးပဲျဖစ္ခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္၊ ခ်ဲလ္ဆီး၊ အင္တာမီလန္တို႔နဲ႔အတူ ဖလားေတြ ဆက္တိုက္ သိမ္းပိုက္ခဲ့တဲ့ ကြန္တီဟာ ယခုရာသီအလယ္မွာ ႏူနို ဆန္တိုလက္ေအာက္မွာ ရလဒ္ေတြ ဆိုးရြားေနခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ေျပာင္းေရႊ႕တာဝန္ယူခဲ့တာျဖစ္ပါတယ္။ ကြန္တီရဲ့လက္ေအာက္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ တိုးတက္မႈေတြ ရွိလာတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ေနရၿပီး အီတလီလူမ်ိဳးနည္းျပက အသင္းရဲ့လက္ရွိအဆင့္အတန္းနဲ႔ အသင္းကို ရွိေစခ်င္တဲ့ေနရာၾကား ကြာဟခ်က္ေတြ ရွိေနတယ္ဆိုတာကို ဝန္ခံခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ကြန္တီက ဖလား အဆင္သင့္ ရယူနိုင္မယ့္ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြကိုလည္း အတုအေယာင္သတင္းေတြလို႔ ေဒါသတႀကီး တုံ႔ျပန္ခဲ့ၿပီး စပါးစ္ကိုလည္း ၎ရဲ့ ရည္မွန္းခ်က္အတိုင္း မျဖစ္နိုင္တဲ့အသင္းမွာလည္း နည္းျပဘဝကို အခ်ိန္အမ်ားႀကီး အကုန္ခံမွာမဟုတ္ဘူးလို႔လည္း သတိေပးခဲ့ပါတယ္။

“အခုအခ်ိန္မွာ ခင္ဗ်ားကို ကၽြန္ေတာ္ ရိုးရိုးသားသားပဲ ေျပာမယ္။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ရဲ့ စိတ္ထဲ၊ ကၽြန္ေတာ္၊ အသင္းနဲ႔ ကစားသမားေတြဟာ ေနာက္ဆုံး ၅ ပြဲအေပၚ အာ႐ုံစိုက္ေနရမွာပါ။ ေသခ်ာပါတယ္။ ခင္ဗ်ားကို ကၽြန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ပါတယ္။ ရာသီကုန္မွာ ကၽြန္ေတာ္တို႔ အသင္းနဲ႔ စကားေျပာသြားမွာျဖစ္ေပမယ့္ စိတ္ေက်နပ္မႈေတြနဲ႔ တကယ္ကို ေကာင္းမြန္တဲ့ပုံစံနဲ႔ ေျပာသြားမွာပါ။ အားလုံးအတြက္ အေကာင္းဆုံးအေျဖကို ရွာေဖြဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ စကားေျပာသြားမွာပါ။ အဲဒါက ရွင္းေအာင္ ေျပာတာပါ”

“ကၽြန္ေတာ္ ထပ္ေျပာမယ္။ ကၽြန္ေတာ္ ရည္မွန္းခ်က္ထားရတာကို ႏွစ္သက္တယ္ဆိုတာကို မေမ့ပါနဲ႔။ ခ်န္ပီယံလိဂ္ သို႔မဟုတ္ ယူရိုပါလိဂ္မွာ တစ္ေနရာရဖို႔အတြက္ပဲ တိုက္ပြဲဝင္ေနတာမဟုတ္ပါဘူး။ ကၽြန္ေတာ္ထင္တာက ရွင္းရွင္းေျပာရရင္ ကၽြန္ေတာ္ ဒီထက္အမ်ားႀကီး ပိုတဲ့အရာအတြက္ တိုက္ပြဲဝင္ခ်င္တယ္။ ခင္ဗ်ား နားလည္တယ္မဟုတ္လား။ ဒီထက္အမ်ားႀကီး ပိုတဲ့အရာအတြက္ေလ။ ကၽြန္ေတာ္ အဲဒါကို လုပ္ဖို႔အတြက္လည္း ထိုက္တန္တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ နည္းၿပ ကြန္တီကို ယခုရာသီထက္ ေက်ာ္လြန္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာလည္း အီတလီလူမ်ိဳးနည္းၿပ လိုခ်င္တဲ့ ကစားသမားေတြကို ေခၚယူေပးဖို႔အတြက္ အစီအစဥ္ေတြ ျပဳလုပ္ထားၿပီး ျဖစ္တယ္လို႔ ေမၽွာ္လင့္ရပါတယ္။

အဲဒီထဲက ပစ္မွတ္တစ္ခုေတာ့ ခရစ္ရွန္ အဲရစ္ဆင္ျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ ကြင္းလယ္ဖန္တီးရွင္ စပါးစ္သူရဲေကာင္းေဟာင္းဟာ အင္တာမီလန္နည္းျပေဟာင္းနဲ႔ ျပန္လည္ဆုံစည္းခ်င္ေနတယ္လို႔ သတင္းရင္းျမစ္ေတြက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းမွာ အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးတဲ့ အန္တိုနီယို ကြန္တီလက္ေအာက္မွာ ကစားေပးခ်င္တဲ့ ဆႏၵရွိေနတာေၾကာင့္ ယခုေႏြရာသီမွာ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္နိုင္မယ္လို႔ စပါးစ္တာဝန္ရွိသူေတြက အေကာင္းျမင္ေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.