Bundesliga Premier League

ဟာလန်း လက်မှတ်ထိုးခါနီးမှ ဗီလိန်တစ်ယောက်ကြောင့် ပွဲပျက်ခဲ့ရတဲ့ မန်ယူနိုက်တက်

ဒေါ့မွန်အသင်းဥက္ကဌ ဟန်စ်-ယိုအာဟင် ဗက်စ်ကယ်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက ဟာလန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဆဲလ်ဘာ့ဂ်အသင်းမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်တဲ့ ဆိုးလ်ရှားက မိုလ်ဒီအသင်းမှာကတည်းက ကောင်းကောင်းသိခဲ့တဲ့ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ရဲ့ ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ဟာ မီနို ရွိုင်းအိုလာရဲ့ အေးဂျင့်ခကြောင့် ဟာလန်းကို ခေါ်ယူဖို့ကိစ္စကို နောက်ဆုတ်ခဲ့ပြီး နော်ဝေတိုက်စစ်မှူးရဲ့ စာချုပ်မှာ စာချုပ်လျော်ကြေးကို ထည့်သွင်းဖို့ တွန့်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒါက ဗက်စ်ကယ်နဲ့ ဒေါ့မွန်ကို ၂၀၂၀ ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ လမ်းပွင့်သွားစေခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ မျက်စိရှေ့မှာပဲ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို အရခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထက် ပိုပြီးဆိုးတာက လက်ရှိအချိန်မှာတော့ ဟာလန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ဖွယ် ရှိနေတာဖြစ်ပါတယ်။

ဗက်စ်ကယ်က လက်ရှိမှာတော့ အဲဒီအချိန်တုန်းက ကောလာလဟတွေကို အတည်ပြုပြောကြားခဲ့ပြီး 19:09 Talk ကို “ကျွန်တော်တို့ ဟာလန်းကို စာချုပ်လျော်ကြေးကို ထည့်သွင်းချုပ်ဆိုခွင့်ပေးခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် သူ မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ပြောင်းရွှေ့သွားခဲ့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၆၃ သန်းဝန်းကျင် ရှိမယ်လို့ ယုံကြည်ရပြီး ဒေါ့မွန်အသင်းနဲ့ ၂ ရာသီခွဲအတွင်း ၈၆ ပွဲမှာ ၈၂ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် လက်ရှိမှာတော့ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒေ့ါမွန်အသင်းဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက ဟာလန်းအတွက် ပေါင် ၁၈ သန်းသာ ပေးချေခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ တော်တော်လေး အမြတ်ထွက်တော့မယ့်ပုံပေါ်ပြီး ပေါင် ၆၃ သန်းဆိုတဲ့ပမာဏဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးကို အောက်စျေးလောက်နဲ့ ရမယ့်အနေအထား ဖြစ်ပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းဆင်ဟွာအသင်းကနေ အီဂါလိုကိုသာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ပိတ်ခါနီးမှာ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

အဲဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့်လည်း အဲဒီရာသီပြီးကတည်းက ရပ်တည်မှု ကျဆင်းလာခဲ့ပြီး ဒီနှစ်မှာတော့ ဥရောပဝင်ခွင့်တောင် ရချင်မှ ရနိုင်တော့မယ့် အခြေအနေ ဆိုက်နေပြီဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းက Sportsmail က ထုတ်ဖော်ခဲ့တဲ့သတင်းအရ မန်ချက်စတာစီးတီးအသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၅၅၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်ကို သဘောတူညီခဲ့ရပြီး နော်ဝေတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

ဟာလန်းဟာ အစ်တီဟတ်မှာ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ကြယ်ပွင့်တိုက်စစ်မှူးကို လက်လွှတ်ဆုံးရှုံးရဖို့ အလွန်နီးကပ်နေပြီဖြစ်ကြောင်းကို ဗက်စ်ကယ်က “သူ ဆုံးဖြတ်ချက် ချဖို့ ရှိနေပြီး အဲဒါက နောက်ဆုံးမှာတော့ သူ ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာလန်းအသစ်ကို ရှာတွေ့လိမ့်မယ်ဆိုတာတော့ သေချာပါတယ်။ ကျွန်တော်တို့ ဟာလန်းအသစ်ကို လိုအပ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မြန္အသင္းဥကၠဌ ဟန္စ္-ယိုအာဟင္ ဗက္စ္ကယ္က ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလတုန္းက ဟာလန္းအေနနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဘယ္ေလာက္အထိ နီးစပ္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ဆဲလ္ဘာ့ဂ္အသင္းမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက မန္ခ်က္စတာယူနိုက္တက္နည္းျပျဖစ္တဲ့ ဆိုးလ္ရွားက မိုလ္ဒီအသင္းမွာကတည္းက ေကာင္းေကာင္းသိခဲ့တဲ့ ကစားသမားကို ေခၚယူနိုင္မယ္လို႔ ယုံၾကည္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲဒီအခ်ိန္တုန္းက သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူနိုက္တက္ရဲ့ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ဟာ မီနို ရြိဳင္းအိုလာရဲ့ ေအးဂ်င့္ခေၾကာင့္ ဟာလန္းကို ေခၚယူဖို႔ကိစၥကို ေနာက္ဆုတ္ခဲ့ၿပီး ေနာ္ေဝတိုက္စစ္မႉးရဲ့ စာခ်ဳပ္မွာ စာခ်ဳပ္ေလ်ာ္ေၾကးကို ထည့္သြင္းဖို႔ တြန႔္ဆုတ္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒါက ဗက္စ္ကယ္နဲ႔ ေဒါ့မြန္ကို ၂၀၂၀ ခုႏွစ္ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ ဟာလန္းကို ေခၚယူနိုင္ဖို႔ လမ္းပြင့္သြားေစခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ရဲ့ မ်က္စိေရွ႕မွာပဲ ေနာ္ေဝလက္ေရြးစင္တိုက္စစ္မႉးကို အရေခၚယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီထက္ ပိုၿပီးဆိုးတာက လက္ရွိအခ်ိန္မွာေတာ့ ဟာလန္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးအသင္းကို ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေျပာင္းေရႊ႕ဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဗက္စ္ကယ္က လက္ရွိမွာေတာ့ အဲဒီအခ်ိန္တုန္းက ေကာလာလဟေတြကို အတည္ျပဳေျပာၾကားခဲ့ၿပီး 19:09 Talk ကို “ကၽြန္ေတာ္တို႔ ဟာလန္းကို စာခ်ဳပ္ေလ်ာ္ေၾကးကို ထည့္သြင္းခ်ဳပ္ဆိုခြင့္ေပးခဲ့တယ္။ အဲဒီလိုမွမဟုတ္ရင္ သူ မန္ခ်က္စတာယူနိုက္တက္အသင္းကိုပဲ ေျပာင္းေရႊ႕သြားခဲ့ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၆၃ သန္းဝန္းက်င္ ရွိမယ္လို႔ ယုံၾကည္ရၿပီး ေဒါ့မြန္အသင္းနဲ႔ ၂ ရာသီခြဲအတြင္း ၈၆ ပြဲမွာ ၈၂ ဂိုးအထိ သြင္းယူခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ေဒ့ါမြန္အသင္းဟာ ၂၀၂၀ ဇန္နဝါရီလတုန္းက ဟာလန္းအတြက္ ေပါင္ ၁၈ သန္းသာ ေပးေခ်ခဲ့ရေပမယ့္လည္း လက္ရွိမွာေတာ့ ေတာ္ေတာ္ေလး အျမတ္ထြက္ေတာ့မယ့္ပုံေပၚၿပီး ေပါင္ ၆၃ သန္းဆိုတဲ့ပမာဏဟာ ကမၻာ့အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးကို ေအာက္ေစ်းေလာက္နဲ႔ ရမယ့္အေနအထား ျဖစ္ပါတယ္။ ဟာလန္းကို ေခၚယူဖို႔ ႀကိဳးစားမႈ မေအာင္ျမင္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ရွန္ဟိုင္းဆင္ဟြာအသင္းကေန အီဂါလိုကိုသာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္ခါနီးမွာ ေခၚယူခဲ့ရတာျဖစ္ပါတယ္။

အဲဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရာသီၿပီးဆုံးနိုင္ခဲ့ေပမယ့္လည္း အဲဒီရာသီၿပီးကတည္းက ရပ္တည္မႈ က်ဆင္းလာခဲ့ၿပီး ဒီႏွစ္မွာေတာ့ ဥေရာပဝင္ခြင့္ေတာင္ ရခ်င္မွ ရနိုင္ေတာ့မယ့္ အေျခအေန ဆိုက္ေနၿပီျဖစ္ပါတယ္။

ယခုလအေစာပိုင္းတုန္းက Sportsmail က ထုတ္ေဖာ္ခဲ့တဲ့သတင္းအရ မန္ခ်က္စတာစီးတီးအသင္းဟာ ဟာလန္းကို ေခၚယူနိုင္ဖို႔အတြက္ တစ္ပတ္လုပ္ခလစာ ေပါင္ ၅၅၀၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို သေဘာတူညီခဲ့ရၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္မွာ လစာအမ်ားဆုံးရရွိတဲ့ ကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဟာလန္းဟာ အစ္တီဟတ္မွာ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ၾကယ္ပြင့္တိုက္စစ္မႉးကို လက္လႊတ္ဆုံးရႈံးရဖို႔ အလြန္နီးကပ္ေနၿပီျဖစ္ေၾကာင္းကို ဗက္စ္ကယ္က “သူ ဆုံးျဖတ္ခ်က္ ခ်ဖို႔ ရွိေနၿပီး အဲဒါက ေနာက္ဆုံးမွာေတာ့ သူ ဆုံးျဖတ္ခ်က္ခ်ပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဟာလန္းအသစ္ကို ရွာေတြ႕လိမ့္မယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ ဟာလန္းအသစ္ကို လိုအပ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.