La Liga Premier League Transfer News

အာဆင်နယ်တို့ ဂျေဆူးစ်ကို ရပြီလို့ဆိုနေပြီး တိုက်စစ်အဝင်အထွက်သတင်းများ

အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ခေါ်ယူနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ရာသီမကုန်ခင်မှာပဲ နှစ်သင်းကြားက အချိတ်အဆက်ကြားမှာ ဘရာဇီးလ်သားကို လက်လွှဲရောင်းချဖို့ သဘောတူညီနိုင်ခဲ့ပြီလို့ စပိန်အခြေစိုက် Todo Fichjes က ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်အတွက် အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၅၀ ပေးချေရမှာဖြစ်တယ်လို့ သိရပြီး မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့အတွက် မြန်မြန်ဆန်ဆန်ပဲ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆောင်းရာသီမှာ ပျယ်-အမ်မရိခ် အူဘာမီယန်းကို ဘာစီလိုနာဆီ လက်လွှတ်ခဲ့ရပြီး နွေရာသီမှာလည်း တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နဲ့ လူငယ်ကစားသမား အက်ဒီ နကီးတီးယားတို့ကို ထပ်မံဆုံးရှုံးရဦးမယ့် အသင်းတိုက်စစ်အတွက် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ စောစောစီးစီး စိတ်အေးထားချင်လို့ တွန်းအားပေးနေပုံလည်း ရတာပါ။

မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် လက်တွဲခဲ့ဖူးတဲ့ အာတီတာနဲ့ ဂျေဆူးစ်တို့ဟာ အာဆင်နယ်မှာ ပြန်ဆုံဖို့ကိုတော့ အားလုံးနီးပါး ယုံကြည်နေကြပြီး နှစ်သင်းကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ဘယ်တော့ တရားဝင်ထုတ်ပြန်သွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်သလို ဒီရာသီ ပွဲစဉ်တွေ ကုန်ဆုံးချိန်လောက်မှာတော့ ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ခေါ်ယူမှု အမှားတစ်ခုဖြစ်တဲ့ နီကိုလာ ပေပေကိုလည်း ပြန်လည်ရောင်းထုတ်သွားနိုင်ဖို့ ကြိုးစားနေပြီး စပိန်ကလပ် ဆီဗီလာအသင်းက စိတ်ဝင်စားနေသလို ယူရို ၂၅ သန်းလောက်နဲ့ အရောင်းအဝယ်ဖြစ်နိုင်ပြီး လီလ်တောင်ပံသမားဟောင်းအနေနဲ့ လာလီဂါမှာ ပြန်လည်ရှင်သန်နိုင်မယ်လို့ ယူဆနေကြတာပါ။

ပေပေသာ ဆီဗီလာအသင်းဆီ ရောက်သွားခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ အသင်းဖော် လာကာဇက်နဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်လာနိုင်တယ်လို့လည်း သိရပြီး ဟက်တာ ဘယ်လာရင်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ်ဘက်တစ်အသင်းကတော့ အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူးကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေတာဖြစ်ပါတယ်။

တောင်ပံတိုက်စစ်ကို ပြန်လည်အားဖြည့်ဖို့အတွက် အာဆင်နယ်တို့အနေနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ ချိတ်ဆက်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာဖြစ်သလို ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံသမား မာကို အဆန်စီယိုကိုတော့ ယူရိုသန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ေခၚယူႏိုင္ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ရာသီမကုန္ခင္မွာပဲ ႏွစ္သင္းၾကားက အခ်ိတ္အဆက္ၾကားမွာ ဘရာဇီးလ္သားကို လက္လႊဲေရာင္းခ်ဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီလို႔ စပိန္အေျခစိုက္ Todo Fichjes က ထုတ္ျပန္လိုက္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္လက္ေ႐ြးစင္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၅၀ ေပးေခ်ရမွာျဖစ္တယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔အတြက္ ျမန္ျမန္ဆန္ဆန္ပဲ သေဘာတူညီခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒီေဆာင္းရာသီမွာ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ဘာစီလိုနာဆီ လက္လႊတ္ခဲ့ရၿပီး ေႏြရာသီမွာလည္း တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္နဲ႔ လူငယ္ကစားသမား အက္ဒီ နကီးတီးယားတို႔ကို ထပ္မံဆုံးရႈံးရဦးမယ့္ အသင္းတိုက္စစ္အတြက္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေစာေစာစီးစီး စိတ္ေအးထားခ်င္လို႔ တြန္းအားေပးေနပုံလည္း ရတာပါ။

မန္စီးတီးအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ လက္တြဲခဲ့ဖူးတဲ့ အာတီတာနဲ႔ ေဂ်ဆူးစ္တို႔ဟာ အာဆင္နယ္မွာ ျပန္ဆုံဖို႔ကိုေတာ့ အားလုံးနီးပါး ယုံၾကည္ေနၾကၿပီး ႏွစ္သင္းၾကားမွာ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ကို ဘယ္ေတာ့ တရားဝင္ထုတ္ျပန္သြားမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္သလို ဒီရာသီ ပြဲစဥ္ေတြ ကုန္ဆုံးခ်ိန္ေလာက္မွာေတာ့ ျဖစ္လာႏိုင္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေခၚယူမႈ အမွားတစ္ခုျဖစ္တဲ့ နီကိုလာ ေပေပကိုလည္း ျပန္လည္ေရာင္းထုတ္သြားႏိုင္ဖို႔ ႀကိဳးစားေနၿပီး စပိန္ကလပ္ ဆီဗီလာအသင္းက စိတ္ဝင္စားေနသလို ယူ႐ို ၂၅ သန္းေလာက္နဲ႔ အေရာင္းအဝယ္ျဖစ္ႏိုင္ၿပီး လီလ္ေတာင္ပံသမားေဟာင္းအေနနဲ႔ လာလီဂါမွာ ျပန္လည္ရွင္သန္ႏိုင္မယ္လို႔ ယူဆေနၾကတာပါ။

ေပေပသာ ဆီဗီလာအသင္းဆီ ေရာက္သြားခဲ့မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ အသင္းေဖာ္ လာကာဇက္နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ေတြ ျဖစ္လာႏိုင္တယ္လို႔လည္း သိရၿပီး ဟက္တာ ဘယ္လာရင္ကို အၿပီးသတ္ ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ရီးရဲလ္ဘက္တစ္အသင္းကေတာ့ အသက္ ၃၀ အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးကိုပါ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္ေနတာျဖစ္ပါတယ္။

ေတာင္ပံတိုက္စစ္ကို ျပန္လည္အားျဖည့္ဖို႔အတြက္ အာဆင္နယ္တို႔အေနနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေပၚလို ဒီဘားလားနဲ႔ ခ်ိတ္ဆက္ေနၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္မွာျဖစ္သလို ရီးရဲလ္မက္ဒရစ္ရဲ႕ ေတာင္ပံသမား မာကို အဆန္စီယိုကိုေတာ့ ယူ႐ိုသန္း ၃၀ နဲ႔ ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.