Premier League

နယူးကာဆယ်လ်နဲ့ပွဲမှာ လီဗာပူးလ်မချောင်ဘူးလို့ ဟောကိန်းထုတ်လိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က ယနေ့ညနေအစောပိုင်းပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်လ် ယူနိုက်တက် အိမ်ကွင်း စိန့်ဂျိမ်းစ် ပါ့ခ်ကို လီဗာပူးလ် သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကြိုးကြာနီတွေအနေနဲ့ ၂-၁ နဲ့ ကပ်နိုင်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီ ပြန်လည်တက်ရောက်သွားနိုင်မှာဖြစ်ပြီး မန်ချက်စတာစီးတီးက စနေနေ့ညနေပိုင်းမှာ လိဒ်စ်ယူနိုက်တက် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အိမ်ကွင်း အန်းဖီးမှာ အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းက ယခုရာသီမှာ ဖလား ၄ လုံးတပြိုင်နက် ရယူဖို့ မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

မာဆေးဆိုဒ်အသင်းဟာ ၂၀၂၂ ခုနှစ်အစပိုင်းကတည်းက အလွန်ကောင်းမွန်တဲ့ပုံစံကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပြီး နယူးကာဆယ်လ်အသင်းနဲ့ပွဲစဉ်မှာလည်း နိုင်ပွဲရယူပြီး ၎င်းတို့ရဲ့ ရလဒ်ကောင်းတွေကို ဆက်လက် တိုးမြှင့်သွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဟောင်း အိုဝင်က ဒီပွဲစဉ်ဟာ လီဗာပူးလ်အတွက် ရှုပ်ထွေးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ ခံစားနေရပေမယ့်လည်း နောက်ဆုံးမှာတော့ ၂-၁ နဲ့ အနိုင်ရပြီး အနိုင် ၃မှတ် ရယူသွားနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီပွဲက လီဗာပူးလ်အတွက် ရိုးရှင်းတဲ့ပွဲစဉ်မဟုတ်ဘူးဆိုရင် မမှားပါဘူး။ နယူးကာဆယ်လ်က ပြိုင်ပွဲစုံမှာ ၄ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး ၁ ဂိုးပဲ ပေးခဲ့ရတယ်။ သူတို့တွေက ပြီးခဲ့တဲ့အပတ်က နောဝစ်ချ်အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့အတွက် ယုံကြည်မှုအပြည့်ရှိနေပါတယ်”

“လီဗာပူးလ်က ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုးတွေ ပိုရနိုင်ခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ် အနိုင်ရခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ ခံစစ်ပိတ်ဆော့ပြီး စိတ်ပျက်အောင် လုပ်ဖို့ ကြိုးစားခဲ့တဲ့အသင်းတွေနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ အဲဒါတောင်မှ အနိုင်ရလဒ် ရှာတွေ့ခဲ့တယ်ဆိုတော့ ကောင်းတဲ့လက္ခဏာပါပဲ”

“လီဗာပူးလ်က အခုအချိန်မှာ အရှိန်အများကြီး ရနေပါတယ်။ ဒီပွဲကတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ နယူးကာဆယ်လ်က အရမ်းကောင်းတဲ့ ခြေစွမ်း ရနေပါတယ်။ ကျွန်တော်ကတော့ လီဗာပူးလ် ၂-၁ နဲ့ နိုင်သွားမယ့်ဘက်က ရှိနေပါတယ်”လို့ BetVictor အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ရေးသားထားပါတယ်။ လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ည စပိန်မြေမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုက္ကယ္ အိုဝင္က ယေန႔ညေနအေစာပိုင္းပြဲစဥ္ျဖစ္တဲ့ နယူးကာဆယ္လ္ ယူနိုက္တက္ အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ ပါ့ခ္ကို လီဗာပူးလ္ သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ႀကိဳးၾကာနီေတြအေနနဲ႔ ၂-၁ နဲ႔ ကပ္နိုင္သြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီပြဲစဥ္မွာ အနိုင္ရရွိခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီ ျပန္လည္တက္ေရာက္သြားနိုင္မွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးက စေနေန႔ညေနပိုင္းမွာ လိဒ္စ္ယူနိုက္တက္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဗုဒၶဟူးေန႔ညက ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ အိမ္ကြင္း အန္းဖီးမွာ အနိုင္ယူၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္လွမ္းနိုင္ဖို႔ ေျခတစ္လွမ္း လွမ္းနိုင္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္ရဲ့အသင္းက ယခုရာသီမွာ ဖလား ၄ လုံးတၿပိဳင္နက္ ရယူဖို႔ ေမၽွာ္လင့္ခ်က္ကို ဆက္လက္ အသက္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

မာေဆးဆိုဒ္အသင္းဟာ ၂၀၂၂ ခုႏွစ္အစပိုင္းကတည္းက အလြန္ေကာင္းမြန္တဲ့ပုံစံကို ပိုင္ဆိုင္ေနခဲ့တာျဖစ္ၿပီး နယူးကာဆယ္လ္အသင္းနဲ႔ပြဲစဥ္မွာလည္း နိုင္ပြဲရယူၿပီး ၎တို႔ရဲ့ ရလဒ္ေကာင္းေတြကို ဆက္လက္ တိုးျမႇင့္သြားဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း အိုဝင္က ဒီပြဲစဥ္ဟာ လီဗာပူးလ္အတြက္ ရႈပ္ေထြးတဲ့ ပြဲစဥ္တစ္ပြဲျဖစ္လာမယ္လို႔ ခံစားေနရေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ၂-၁ နဲ႔ အနိုင္ရၿပီး အနိုင္ ၃မွတ္ ရယူသြားနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီပြဲက လီဗာပူးလ္အတြက္ ရိုးရွင္းတဲ့ပြဲစဥ္မဟုတ္ဘူးဆိုရင္ မမွားပါဘူး။ နယူးကာဆယ္လ္က ၿပိဳင္ပြဲစုံမွာ ၄ ပြဲဆက္တိုက္ အနိုင္ရထားခဲ့ၿပီး ၁ ဂိုးပဲ ေပးခဲ့ရတယ္။ သူတို႔ေတြက ၿပီးခဲ့တဲ့အပတ္က ေနာဝစ္ခ်္အိမ္ကြင္းမွာ ဂိုးျပတ္အနိုင္ယူနိုင္ခဲ့တဲ့အတြက္ ယုံၾကည္မႈအျပည့္ရွိေနပါတယ္”

“လီဗာပူးလ္က ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဂိုးေတြ ပိုရနိုင္ခဲ့တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း ၂-၀ နဲ႔ သက္ေတာင့္သက္သာ အနိုင္ရခဲ့ပါတယ္။ လီဗာပူးလ္ အနိုင္ရခဲ့တဲ့ ေနာက္ဆုံး ၂ ပြဲမွာ ခံစစ္ပိတ္ေဆာ့ၿပီး စိတ္ပ်က္ေအာင္ လုပ္ဖို႔ ႀကိဳးစားခဲ့တဲ့အသင္းေတြနဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။ အဲဒါေတာင္မွ အနိုင္ရလဒ္ ရွာေတြ႕ခဲ့တယ္ဆိုေတာ့ ေကာင္းတဲ့လကၡဏာပါပဲ”

“လီဗာပူးလ္က အခုအခ်ိန္မွာ အရွိန္အမ်ားႀကီး ရေနပါတယ္။ ဒီပြဲကေတာ့ လြယ္ကူမွာ မဟုတ္ပါဘူး။ နယူးကာဆယ္လ္က အရမ္းေကာင္းတဲ့ ေျခစြမ္း ရေနပါတယ္။ ကၽြန္ေတာ္ကေတာ့ လီဗာပူးလ္ ၂-၁ နဲ႔ နိုင္သြားမယ့္ဘက္က ရွိေနပါတယ္”လို႔ BetVictor အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ေရးသားထားပါတယ္။ လီဗာပူးလ္အသင္းဟာ အဂၤါေန႔ည စပိန္ေျမမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဗီလာရီးရဲလ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ပဲရစ္မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္နိုင္ဖို႔ အစြမ္းကုန္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.