La Liga Transfer News

အေျပာင္းအေရႊ႕ေဈးကြက္မွာ ကစားသမား ၁၂ ေယာက္အထိ ထုတ္ေရာင္းသြားမယ့္ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ လာမယ့္ရာသီအတြက္ အသင္းကို တတ္ႏုိင္သေလာက္ အေျပာင္းအလဲျပဳလုပ္ဖို႔ ျပင္ဆင္ေနၿပီး အရြယ္လြန္ ကစားသမားေတြနဲ႔ အသင္းနဲ႔ အံမဝင္သူေတြကို ေရာင္းခ်ဖို႔ စီစဥ္ေနရာမွာ ဘဏၰာေရးအသုံးစရိတ္ပါ ရရွိေစဖို႔ ကစားသမား ၁၂ ဦးအထိ ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

ဒီထဲမွာ အသင္းရဲ႕ ဝါရင့္ကစားသမားေတြျဖစ္ၾကတဲ့ အာတူ႐ို ဗီဒယ္လ္၊ အီဗန္ ရာကီတစ္ခ်္တို႔လို ကစားသမားေတြ ပါဝင္ေနသလို အသင္းနဲ႔ အံမဝင္ေပမယ့္ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမား ရရွိႏုိင္တဲ့ ဖလိပီ ေကာ္တင္ညဳိနဲ႔ အူစမာနီ ဒမ္ဘီလီတုိ႔လို တုိက္စစ္ကစားသမားေတြလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

ဥေရာပအသင္းေတြဆီ အေရာင္းသြက္ႏုိင္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ အေတြ႕အႀကဳံရင့္ ျပင္သစ္ေနာက္ခံလူ ဆင္ျမဴယယ္လ္ အမ္တီတီကိုေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ေရာင္းခ်ဖို႔ ေဈးကြက္တင္ထားၿပီး အသင္းရဲ႕ အေျပာင္းအေရႊ႕အသုံးစရိတ္သာ မကဘဲ လစာေငြကို ေလွ်ာ့ခ်ႏုိင္ဖို႔လည္း ရည္ရြယ္ေနခဲ့ပါတယ္။

ဒီအထဲမွာ အသင္းရဲ႕ ငယ္ေမြးၿခံေပါက္၊ လာမာစီယာ အကယ္ဒမီထြက္ေတြျဖစ္တဲ့ ရာဖင္ညာ အယ္လ္ကန္တာရာ (သီယာဂို၏ ညီ)နဲ႔ ကြင္းလယ္ခ်ာတိတ္ ကာလက္စ္ အယ္လီညာတုိ႔လည္း ပါဝင္ေနသလို ၿပီးခဲ့တဲ့ ရာသီက ေခၚယူထားတဲ့ ဂိုးသမား နီတိုကိုလည္း ျပန္လည္ေရာင္းခ်ဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ ေဆာင္းရာသီအလြန္မွာ အေရးေပၚေခၚယူထားတဲ့ ဒိန္းမတ္သား မာတင္ ဘရိတ္သ္ဝိတ္ကိုလည္း ျပန္လည္ေရာင္းခ်သြားမွာျဖစ္သလို က်န္တဲ့ ကစားသမားေတြကေတာ့ ဂ်ဴနီယာ ဖာပုိ၊ နယ္လ္ဆင္ ဆီမီဒိုနဲ႔ ေရွာ္လ္ကာကို အငွားခ်ထားတဲ့ ယြန္း-ကလဲ တိုဘီဒိုတုိ႔ ျဖစ္ၾကၿပီး ေျပာင္းေရႊ႕ေၾကးအျဖစ္ ဒီ ၁၂ ဦးဆီက ေပါင္သန္း ၄၀၀ ေလာက္ ျပန္လည္ရရွိႏုိင္ဖို႔လည္း နည္းစနစ္အဖြဲ႕က ေမွ်ာ္လင့္ေနတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်ရာသီအတွက် အသင်းကို တတ်နိုင်သလောက် အပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်နေပြီး အရွယ်လွန် ကစားသမားတွေနဲ့ အသင်းနဲ့ အံမဝင်သူတွေကို ရောင်းချဖို့ စီစဉ်နေရာမှာ ဘဏ္ဏာရေးအသုံးစရိတ်ပါ ရရှိစေဖို့ ကစားသမား ၁၂ ဦးအထိ ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒီထဲမှာ အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ အာတူရို ဗီဒယ်လ်၊ အီဗန် ရာကီတစ်ချ်တို့လို ကစားသမားတွေ ပါဝင်နေသလို အသင်းနဲ့ အံမဝင်ပေမယ့် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ရရှိနိုင်တဲ့ ဖလိပီ ကော်တင်ညိုနဲ့ အူစမာနီ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဥရောပအသင်းတွေဆီ အရောင်းသွက်နိုင်တဲ့ အသက် ၂၆ နှစ်အရွယ် အတွေ့အကြုံရင့် ပြင်သစ်နောက်ခံလူ ဆင်မြူယယ်လ် အမ်တီတီကိုတော့ ဘာစီလိုနာအသင်းအနေနဲ့ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောင်းချဖို့ ဈေးကွက်တင်ထားပြီး အသင်းရဲ့ အပြောင်းအရွှေ့အသုံးစရိတ်သာ မကဘဲ လစာငွေကို လျှော့ချနိုင်ဖို့လည်း ရည်ရွယ်နေခဲ့ပါတယ်။

ဒီအထဲမှာ အသင်းရဲ့ ငယ်မွေးခြံပေါက်၊ လာမာစီယာ အကယ်ဒမီထွက်တွေဖြစ်တဲ့ ရာဖင်ညာ အယ်လ်ကန်တာရာ (သီယာဂို၏ ညီ)နဲ့ ကွင်းလယ်ချာတိတ် ကာလက်စ် အယ်လီညာတို့လည်း ပါဝင်နေသလို ပြီးခဲ့တဲ့ ရာသီက ခေါ်ယူထားတဲ့ ဂိုးသမား နီတိုကိုလည်း ပြန်လည်ရောင်းချဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဆောင်းရာသီအလွန်မှာ အရေးပေါ်ခေါ်ယူထားတဲ့ ဒိန်းမတ်သား မာတင် ဘရိတ်သ်ဝိတ်ကိုလည်း ပြန်လည်ရောင်းချသွားမှာဖြစ်သလို ကျန်တဲ့ ကစားသမားတွေကတော့ ဂျူနီယာ ဖာပို၊ နယ်လ်ဆင် ဆီမီဒိုနဲ့ ရှော်လ်ကာကို အငှားချထားတဲ့ ယွန်း-ကလဲ တိုဘီဒိုတို့ ဖြစ်ကြပြီး ပြောင်းရွှေ့ကြေးအဖြစ် ဒီ ၁၂ ဦးဆီက ပေါင်သန်း ၄၀၀ လောက် ပြန်လည်ရရှိနိုင်ဖို့လည်း နည်းစနစ်အဖွဲ့က မျှော်လင့်နေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.