Premier League

၂၇.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၈ ရက္၊ တနလၤာေန႔။

၂၇.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၈ ရက္၊ တနလၤာေန႔။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၈:၀၉ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၇ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၀၂ အထိ စိၾတနကၡတ္။ ေက်ာ္လွ်င္ သြာတိနကၡတ္။ ည ၂၁:၄၇ အထိ သာဓ်ယုဂ္၊ အၾကံဉာဏ္ေကာင္းရျခင္း၊ ေအာင္ျမင္ျခင္း၊ အဆက္အသြယ္ေကာင္း ရရွိျခင္းတုိ႔ေၾကာင့္ အက်ဳိးအျမတ္ အခြင့္အလမ္းမ်ား ပြင့္လန္းမည္။ ေက်ာ္လွ်င္ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၀၉ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ည ၁၉:၀၁ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ နံနက္ ၅:၅၇ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၈:၀၉ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၇.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၈ ရက်၊ တနင်္လာနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၈:၀၉ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
မွန်းလွဲ ၁၂:၀၂ အထိ စိတြနက္ခတ်။ ကျော်လျှင် သွာတိနက္ခတ်။ ည ၂၁:၄၇ အထိ သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။ ကျော်လျှင် သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၀၉ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ည ၁၉:၀၁ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ နံနက် ၅:၅၇ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၈:၀၉ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)