Premier League

၂၆.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလဆန္း ၇ ရက္၊ တနဂၤေႏြေန႔။

၂၆.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၇ ရက္၊ တနဂၤေႏြေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၀:၃၁ အထိ တိထီ ၆ လုံး။ ေက်ာ္လွ်င္ ၇ လုံး။ ၆ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၇ လုံးတြင္ ခ်ဳိးဖဲ့ဖ်က္ယုဂ္၊ အျပဳသေဘာေဆာင္ေသာ အလုပ္မ်ား ေဆာင္ရြက္ရန္ထက္ အဖ်က္သေဘာေဆာင္ေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ေန႔လယ္ ၁၃:၃၆ အထိ ဟႆတနကၡတ္။ ေက်ာ္လွ်င္ စိၾတနကၡတ္။ တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၄၁ အထိ သိဒၶယုဂ္၊ ျပည့္စုံျခင္း၊ ကၽြမ္းက်င္စြာျဖင့္ ေအာင္ျမင္ျခင္း၊ ဆႏၵရွိသည့္ အရာမ်ားအား စူးစိုက္လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ သာဓ်ယုဂ္၊ အၾကံဉာဏ္ေကာင္းရျခင္း၊ ေအာင္ျမင္ျခင္း၊ အဆက္အသြယ္ေကာင္း ရရွိျခင္းတုိ႔ေၾကာင့္ အက်ဳိးအျမတ္ အခြင့္အလမ္းမ်ား ပြင့္လန္းမည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၃၁ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆိုျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၁:၁၉ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၁၀:၃၁ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၆.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၇ ရက်၊ တနင်္ဂနွေနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၀:၃၁ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၇ လုံးတွင် ချိုးဖဲ့ဖျက်ယုဂ်၊ အပြုသဘောဆောင်သော အလုပ်များ ဆောင်ရွက်ရန်ထက် အဖျက်သဘောဆောင်သော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နေ့လယ် ၁၃:၃၆ အထိ ဟဿတနက္ခတ်။ ကျော်လျှင် စိတြနက္ခတ်။ တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၄၁ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၃၁ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၁:၁၉ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၁၀:၃၁ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)