Premier League Transfer News

ကြင္းလယ္လူ ဆူးခ်က္ကို အငွားကေန အၿပီးသတ္ ေခၚယူလုိက္တဲ့ ဝက္စ္ဟမ္း

ပရီးမီးယားလိဂ္မွာ ဆက္ရွိေနဖို႔ ေသခ်ာခဲ့အၿပီးမွာ အသင္းရဲ႕ ကြင္းလယ္မွာ အငွားနဲ႔ ကစားၿပီး ေျခစြမ္းျပေနႏုိင္ခဲ့တဲ့ ခ်က္လက္ေရြးစင္ ကြင္းလယ္လူ ေတာမတ္ ဆူးခ်က္ကို အၿပီးသတ္ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ ဆလားဗီးယား ပရာဟာအသင္းကေန ေခၚယူလုိက္ၿပီျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ခ်က္ကြင္းလယ္လူဟာ ဝက္စ္ဟမ္းရဲ႕ ကြင္းလယ္မွာ အလ်င္အျမန္အထိုင္က်ခဲ့ၿပီး ျမင့္မားတဲ့ အရပ္အေမာင္း၊ ပိန္ပိန္သြယ္သြယ္နဲ႔ ေရြ႕လ်ားမွဳ ေကာင္းမြန္တဲ့ ပုံစံေတြနဲ႔အတူ အျမင့္ေဘာေတြနဲ႔ အဆုံးသတ္ပုိင္းမွာလည္း ေကာင္းမြန္သူျဖစ္လို႔ အငွားေခၚယူခဲ့စဥ္က အၿပီးသတ္ခ်ဳပ္ဆုိခြင့္ကို ကလပ္အသင္းဘက္က အသုံးခ်ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ ဝက္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ၁၂ ပြဲ ကစားၿပီး ၃ ဂိုး သြင္းယူထားႏုိင္တဲ့ ဆူးခ်က္ကို ေလးႏွစ္စာခ်ဳပ္နဲ႔ ခ်ဳပ္ဆိုၿပီး အသင္းမွာ ဆက္ရွိေနေစဖို႔ ခ်ည္ေႏွာင္ႏုိင္ခဲ့ၿပီျဖစ္သလို သူ႕ကို ေခၚယူႏုိင္ခဲ့လို႔ နည္းျပ ေဒးဗစ္ မြဳိက္စ္ကလည္း ဝမ္းသာေၾကာင္းဆုိပါတယ္။

“ကၽြန္ေတာ္က သူ႕ကို အငွားနဲ႔ ေခၚထားတယ္လို႔ အဲ့ဒီတုန္းက သိခဲ့ရေပမယ့္ အၿပီးသတ္ေခၚယူဖို႔ ျဖစ္လာလိမ့္မယ္လို႔ သူ႕ရဲ႕ အရည္အေသြးကို ျမင္ကတည္း သိခဲ့ၿပီးသားပါ။ ပရီးမီးယားလိဂ္မွာ အံဝင္ပါ့မလားလို႔ တခ်ဳိ႕က စိုးရိမ္ခဲ့ၾကေပမယ့္ ေတာမတ္စ္အေနနဲ႔ ဒီမွာ အသားက်ဖို႔ကို အေကာင္းဆုံး လုပ္ႏုိင္လိမ့္မယ္ဆုိတာ အစကတည္းက ယုံၾကည္ထားခဲ့ပါတယ္။ သူ႕အေနနဲ႔ ပြဲေတြ ကစားခြင့္ပုိရလာႏုိင္သလို ပုိေကာင္းလာဦးမွာပါ”လို႔ မြဳိက္စ္က ဆူးခ်က္ရဲ႕ အေျပာင္းအေရႊ႕ကို ေၾကျငာခဲ့အၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။

အရပ္ ၆ ေပ ၄ လက္မရွိတဲ့ ကြင္းလယ္လူဟာ တုိက္စစ္ေရာ ခံစစ္မွာပါ အားကိုးရတဲ့ ကစားသမားျဖစ္ၿပီး ခ်က္ျပည္တြင္းမွာ ေျခစြမ္းျပခဲ့သလို အဂၤလန္ေျမမွာလည္း ပုံစံေကာင္းရခဲ့ၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ရယူႏုိင္ခဲ့သလို ခ်ဲလ္ဆီးနဲ႔ ဝတ္ဖို႔ဒ္အသင္းေတြ ကိုလည္း ဂိုးသြင္းယူထားႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: WEST HAM UNITED TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာခဲ့အပြီးမှာ အသင်းရဲ့ ကွင်းလယ်မှာ အငှားနဲ့ ကစားပြီး ခြေစွမ်းပြနေနိုင်ခဲ့တဲ့ ချက်လက်ရွေးစင် ကွင်းလယ်လူ တောမတ် ဆူးချက်ကို အပြီးသတ်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ဆလားဗီးယား ပရာဟာအသင်းကနေ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ချက်ကွင်းလယ်လူဟာ ဝက်စ်ဟမ်းရဲ့ ကွင်းလယ်မှာ အလျင်အမြန်အထိုင်ကျခဲ့ပြီး မြင့်မားတဲ့ အရပ်အမောင်း၊ ပိန်ပိန်သွယ်သွယ်နဲ့ ရွေ့လျားမှု ကောင်းမွန်တဲ့ ပုံစံတွေနဲ့အတူ အမြင့်ဘောတွေနဲ့ အဆုံးသတ်ပိုင်းမှာလည်း ကောင်းမွန်သူဖြစ်လို့ အငှားခေါ်ယူခဲ့စဉ်က အပြီးသတ်ချုပ်ဆိုခွင့်ကို ကလပ်အသင်းဘက်က အသုံးချခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူထားနိုင်တဲ့ ဆူးချက်ကို လေးနှစ်စာချုပ်နဲ့ ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိနေစေဖို့ ချည်နှောင်နိုင်ခဲ့ပြီဖြစ်သလို သူ့ကို ခေါ်ယူနိုင်ခဲ့လို့ နည်းပြ ဒေးဗစ် မွိုက်စ်ကလည်း ဝမ်းသာကြောင်းဆိုပါတယ်။

“ကျွန်တော်က သူ့ကို အငှားနဲ့ ခေါ်ထားတယ်လို့ အဲ့ဒီတုန်းက သိခဲ့ရပေမယ့် အပြီးသတ်ခေါ်ယူဖို့ ဖြစ်လာလိမ့်မယ်လို့ သူ့ရဲ့ အရည်အသွေးကို မြင်ကတည်း သိခဲ့ပြီးသားပါ။ ပရီးမီးယားလိဂ်မှာ အံဝင်ပါ့မလားလို့ တချို့က စိုးရိမ်ခဲ့ကြပေမယ့် တောမတ်စ်အနေနဲ့ ဒီမှာ အသားကျဖို့ကို အကောင်းဆုံး လုပ်နိုင်လိမ့်မယ်ဆိုတာ အစကတည်းက ယုံကြည်ထားခဲ့ပါတယ်။ သူ့အနေနဲ့ ပွဲတွေ ကစားခွင့်ပိုရလာနိုင်သလို ပိုကောင်းလာဦးမှာပါ”လို့ မွိုက်စ်က ဆူးချက်ရဲ့ အပြောင်းအရွှေ့ကို ကြေငြာခဲ့အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အရပ် ၆ ပေ ၄ လက်မရှိတဲ့ ကွင်းလယ်လူဟာ တိုက်စစ်ရော ခံစစ်မှာပါ အားကိုးရတဲ့ ကစားသမားဖြစ်ပြီး ချက်ပြည်တွင်းမှာ ခြေစွမ်းပြခဲ့သလို အင်္ဂလန်မြေမှာလည်း ပုံစံကောင်းရခဲ့ပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရယူနိုင်ခဲ့သလို ချဲလ်ဆီးနဲ့ ဝတ်ဖို့ဒ်အသင်းတွေ ကိုလည်း ဂိုးသွင်းယူထားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

REF: WEST HAM UNITED TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.