La Liga Premier League Transfer News

ဒေဟးယား၊ ဟန္ဒါဆန္တုိ႔ ရွိေနေပမယ့္ ေအာ့ဘလက္ကို စိတ္ဝင္စားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔အသင္းရဲ႕ ဂိုးသမားဌာနမွာ စပိန္ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ အဂၤလန္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္တုိ႔ကို ပုိင္ဆုိင္ထားေပမယ့္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ယန္ ေအာ့ဘလက္ကို ေခၚယူႏုိင္ဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

လာလီဂါရဲ႕ ထိပ္တန္းအသင္းတစ္သင္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ကို ပုံမွန္ကစားခြင့္ရေနေပမယ့္ အက္သလက္တီကိုရဲ႕ ရည္မွန္းခ်က္ မႀကီးမားတဲ့ ပုံစံေၾကာင့္ အသက္ ၂၇ ႏွစ္အရြယ္ ဆလိုေဗးနီယားဂိုးသမားအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵရွိေနသလို သူ႕ကို မန္ယူနဲ႔အၿပဳိင္ ဂိုးသမားအမွား ေတြေၾကာင့္ ဒုကၡေတြ႕ေနရတဲ့ ခ်ဲလ္ဆီးအသင္းကလည္း ေစာင့္ၾကည့္ေနပါတယ္။

ယူႏိုက္တက္ရဲ႕ လက္ရွိရာသီမွာ ဂိုးေပါက္ကို ကာကြယ္ေစာင့္ေရွာက္ခဲ့တဲ့အထဲက ဆာဂ်ီယို ႐ိုမဲ႐ိုးကေတာ့ အသင္းရဲ႕ အရန္ကစားသမား အျဖစ္သာ ရွိေနမွာျဖစ္ၿပီး နံပါတ္တစ္ေနရာကို တက္လွမ္းဖို႔ မျဖစ္ႏုိင္ခ်ိန္မွာ ဒေဟးယားရဲ႕ ေပါ့ေလ်ာ့တဲ့ ပုံစံေတြက လက္ရွိရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းေျခာက္ေသာင္းနဲ႔ မထုိက္တန္ဘူးလို႔ ေဝဖန္သူေတြက ရွဳျမင္ေနၾကပါတယ္။

ဒီအခ်ိန္မွာ ပရိသတ္ေတြကေတာ့ ရွက္ဖီးလ္ဒ္ယူႏုိက္တက္မွာ အငွားထြက္ကစားၿပီး လက္စြမ္းျပေနတဲ့ ဒင္းန္ ဟန္ဒါဆန္ကို နံပါတ္တစ္ေနရာ ေပးအပ္ဖို႔ အလိုရွိေနေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ အဂၤလန္သားမွာ လုံေလာက္တဲ့ အေတြ႕အႀကဳံ မရွိေသးဘူးလို႔ ယူဆေနသလို တစ္ႏွစ္ ထပ္မံအငွားခ်ထားဖို႔ စီစဥ္ေနၿပီး ဒါကိုေတာ့ ပရီးမီးယားလိဂ္ဂႏၴဝင္တုိက္စစ္မွဴး အလန္ ရွီးရားကလည္း ေထာက္ခံထားပါတယ္။

လာလီဂါရဲ႕ အေကာင္းဆုံးဂိုးသမား ဇာမိုရာဆုကို ေနာက္ဆုံး ၄ ရာသီဆက္ ရယူထားတဲ့ ေအာ့ဘလက္ကိုေတာ့ အက္သလက္တီကိုဘက္က စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္သန္း ၁၂၀ နဲ႔သာ ေရာင္းခ်သြားမယ္လုိ႔ သတင္းထုတ္ျပန္ထားၿပီး ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြကေတာ့ သူတုိ႔ရဲ႕ အမွားမ်ားေနတဲ့ စပိန္ဂိုးသမားေတြျဖစ္တဲ့ ဒေဟးယား၊ ကီပါတုိ႔နဲ႔ အလိုက္ေပးၿပီး လွဲလွယ္သြားဖို႔ ဆႏၵရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့အသင်းရဲ့ ဂိုးသမားဌာနမှာ စပိန်ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ အင်္ဂလန်ဂိုးသမား ဒင်းန် ဟန်ဒါဆန်တို့ကို ပိုင်ဆိုင်ထားပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ ယန် အော့ဘလက်ကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လာလီဂါရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်ကို ပုံမှန်ကစားခွင့်ရနေပေမယ့် အက်သလက်တီကိုရဲ့ ရည်မှန်းချက် မကြီးမားတဲ့ ပုံစံကြောင့် အသက် ၂၇ နှစ်အရွယ် ဆလိုဗေးနီယားဂိုးသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေသလို သူ့ကို မန်ယူနဲ့အပြိုင် ဂိုးသမားအမှား တွေကြောင့် ဒုက္ခတွေ့နေရတဲ့ ချဲလ်ဆီးအသင်းကလည်း စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိရာသီမှာ ဂိုးပေါက်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့အထဲက ဆာဂျီယို ရိုမဲရိုးကတော့ အသင်းရဲ့ အရန်ကစားသမား အဖြစ်သာ ရှိနေမှာဖြစ်ပြီး နံပါတ်တစ်နေရာကို တက်လှမ်းဖို့ မဖြစ်နိုင်ချိန်မှာ ဒဟေးယားရဲ့ ပေါ့လျော့တဲ့ ပုံစံတွေက လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခြောက်သောင်းနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်သူတွေက ရှုမြင်နေကြပါတယ်။

ဒီအချိန်မှာ ပရိသတ်တွေကတော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်မှာ အငှားထွက်ကစားပြီး လက်စွမ်းပြနေတဲ့ ဒင်းန် ဟန်ဒါဆန်ကို နံပါတ်တစ်နေရာ ပေးအပ်ဖို့ အလိုရှိနေပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ အင်္ဂလန်သားမှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူးလို့ ယူဆနေသလို တစ်နှစ် ထပ်မံအငှားချထားဖို့ စီစဉ်နေပြီး ဒါကိုတော့ ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန် ရှီးရားကလည်း ထောက်ခံထားပါတယ်။

လာလီဂါရဲ့ အကောင်းဆုံးဂိုးသမား ဇာမိုရာဆုကို နောက်ဆုံး ၄ ရာသီဆက် ရယူထားတဲ့ အော့ဘလက်ကိုတော့ အက်သလက်တီကိုဘက်က စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင်သန်း ၁၂၀ နဲ့သာ ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေကတော့ သူတို့ရဲ့ အမှားများနေတဲ့ စပိန်ဂိုးသမားတွေဖြစ်တဲ့ ဒဟေးယား၊ ကီပါတို့နဲ့ အလိုက်ပေးပြီး လှဲလှယ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.