Premier League Transfer News

အာဆင္နယ္ရဲ႕ တုိက္စစ္မွဴးသစ္စာရင္းထဲမွာ ရာအူးလ္ ဟီမီနက္ဇ္ ထိပ္ဆုံးက ေရပန္းစား

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလမွာ အသင္းရဲ႕ စီနီယာတုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ လမ္းခြဲဖို႔ မ်ားေနသလို အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကလည္း စာခ်ဳပ္မေသခ်ာေသးတာမို႔ ဒီေနရာအတြက္ အရန္သင့္ အစားထုိးႏိုင္မယ့္ တုိက္စစ္မွဴး ၄ ဦးအထိ ေစာင့္ၾကည့္ေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ျဖစ္ႏုိင္ဖြယ္ ဒီလူစာရင္းကိုေတာ့ အတိအက် ေဖာ္ျပေရးသားခဲ့ျခင္း မရွိေပမယ့္ ဆဲလ္တုိက္စစ္မွဴး ေအာ့ဒ္ဆြန္း ေအဒူယာနဲ႔ ဝုလ္ဗ္စ္တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္တုိ႔ အဓိက ပါဝင္ႏုိင္တဲ့ ေစာင့္ၾကည့္ကစားသမားေတြထဲမွာ အသက္ ၂၉ ႏွစ္အရြယ္ မကၠဆီကိုတိုက္စစ္မွဴးကေတာ့ စြန္႔စားဖို႔ အသင့္ေတာ္ဆုံးလည္းျဖစ္ေနပါတယ္။

ပရီးမီးယားလိဂ္မွာ ႏွစ္ရာသီဆက္တုိက္ အစမ္းသပ္ခံခဲ့ၿပီးၿပီျဖစ္တဲ့ ဟီမီနက္ဇ္ဟာ သမား႐ိုးက် နံပါတ္ ၉ တုိက္စစ္ေနရာမွာ ထူးခၽြန္သူျဖစ္ေပမယ့္ ဒီထက္ပိုလြန္တဲ့ စြမ္းေဆာင္ရည္ေတြကိုလည္း ျပသထားၿပီး တုိက္စစ္မွာ အင္အားျပည့္ လွဳပ္ရွားကစားဟန္နဲ႔ လ်င္ျမန္မွဳေတြက သူ႕ကို ဒီရာသီမွာ ၁၇ ဂိုးအထိ ရရွိထားေစခဲ့သလို ေခါင္းတုိက္ဂိုးသြင္းရာမွာလည္း အထူးခၽြန္ဆုံးကစားသမားတစ္ဦးအျဖစ္ ရွိေနပါတယ္။

အျမင့္ေဘာေတြမွာ အလုပ္ျဖစ္ျခင္း မရွိဘဲ ဂိုးသမားကန္တင္တဲ့ အခ်ိန္ေတြမွာေတာင္ ေလထဲက လုယူႏုိင္ျခင္းမရွိတဲ့ အာဆင္နယ္အသင္းရဲ႕ လက္ရွိ ေရွ႕တန္းေတြနဲ႔ကေတာ့ ဒီလိုမ်ဳိး ေခါင္းတုိက္ခ်ေပးမွဳေတြကေန စတင္တဲ့ တုိက္စစ္လမ္းေၾကာင္းမ်ဳိး ေပ်ာက္ဆုံးေနရၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တုိ႔ေနရာမွာ ဟီမီနက္ဇ္သာဆုိရင္ သူတုိ႔အတြက္ေတာ့ ပုိမိုအက်ဳိးျပဳႏုိင္တဲ့ ကစားသမားတစ္ဦးကို ရရွိမွာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကလည္း ဟီမီနက္ဇ္ကို စိတ္ဝင္စားေနေပမယ့္ တုိက္စစ္မွာ လူေတြ မ်ားေနသလို တျခားေနရာေတြကို ဦးစားေပးၿပီး အင္အားျဖည့္တင္းရဦးမွာေၾကာင့္ အာဆင္နယ္အသင္းသာ သြက္သြက္လက္လက္ လွဳပ္ရွားႏုိင္ခဲ့မယ္ဆုိရင္ အဆင္ေျပႏုိင္ဖြယ္ရွိၿပီး အသင္းအတြက္ ေငြထုတ္ေပးမယ္လုိ႔ ကတိျပဳထားတဲ့ ပုိင္ရွင္ ခ႐ိုယန္ကီေၾကာင့္လည္း ဒီကစားသမားကို ယူ႐ိုသန္း ၅၀ ေလာက္နဲ႔ ေခၚယူႏုိင္ဖို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: EXPRESS & LE 10 SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ စီနီယာတိုက်စစ်မှူးတွေဖြစ်ကြတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ လမ်းခွဲဖို့ များနေသလို အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကလည်း စာချုပ်မသေချာသေးတာမို့ ဒီနေရာအတွက် အရန်သင့် အစားထိုးနိုင်မယ့် တိုက်စစ်မှူး ၄ ဦးအထိ စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ် ဒီလူစာရင်းကိုတော့ အတိအကျ ဖော်ပြရေးသားခဲ့ခြင်း မရှိပေမယ့် ဆဲလ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာနဲ့ ဝုလ်ဗ်စ်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်တို့ အဓိက ပါဝင်နိုင်တဲ့ စောင့်ကြည့်ကစားသမားတွေထဲမှာ အသက် ၂၉ နှစ်အရွယ် မက္ကဆီကိုတိုက်စစ်မှူးကတော့ စွန့်စားဖို့ အသင့်တော်ဆုံးလည်းဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်မှာ နှစ်ရာသီဆက်တိုက် အစမ်းသပ်ခံခဲ့ပြီးပြီဖြစ်တဲ့ ဟီမီနက်ဇ်ဟာ သမားရိုးကျ နံပါတ် ၉ တိုက်စစ်နေရာမှာ ထူးချွန်သူဖြစ်ပေမယ့် ဒီထက်ပိုလွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသထားပြီး တိုက်စစ်မှာ အင်အားပြည့် လှုပ်ရှားကစားဟန်နဲ့ လျင်မြန်မှုတွေက သူ့ကို ဒီရာသီမှာ ၁၇ ဂိုးအထိ ရရှိထားစေခဲ့သလို ခေါင်းတိုက်ဂိုးသွင်းရာမှာလည်း အထူးချွန်ဆုံးကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။

အမြင့်ဘောတွေမှာ အလုပ်ဖြစ်ခြင်း မရှိဘဲ ဂိုးသမားကန်တင်တဲ့ အချိန်တွေမှာတောင် လေထဲက လုယူနိုင်ခြင်းမရှိတဲ့ အာဆင်နယ်အသင်းရဲ့ လက်ရှိ ရှေ့တန်းတွေနဲ့ကတော့ ဒီလိုမျိုး ခေါင်းတိုက်ချပေးမှုတွေကနေ စတင်တဲ့ တိုက်စစ်လမ်းကြောင်းမျိုး ပျောက်ဆုံးနေရပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့နေရာမှာ ဟီမီနက်ဇ်သာဆိုရင် သူတို့အတွက်တော့ ပိုမိုအကျိုးပြုနိုင်တဲ့ ကစားသမားတစ်ဦးကို ရရှိမှာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း ဟီမီနက်ဇ်ကို စိတ်ဝင်စားနေပေမယ့် တိုက်စစ်မှာ လူတွေ များနေသလို တခြားနေရာတွေကို ဦးစားပေးပြီး အင်အားဖြည့်တင်းရဦးမှာကြောင့် အာဆင်နယ်အသင်းသာ သွက်သွက်လက်လက် လှုပ်ရှားနိုင်ခဲ့မယ်ဆိုရင် အဆင်ပြေနိုင်ဖွယ်ရှိပြီး အသင်းအတွက် ငွေထုတ်ပေးမယ်လို့ ကတိပြုထားတဲ့ ပိုင်ရှင် ခရိုယန်ကီကြောင့်လည်း ဒီကစားသမားကို ယူရိုသန်း ၅၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: EXPRESS & LE 10 SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.