Bundesliga La Liga Premier League Serie A Transfer News

ကူလီေဘလီကို မေခၚယူေတာ့ဘဲ ငယ္ရြယ္တဲ့ ေနာက္ခံလူေတြဘက္လွည့္မယ့္ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပစ္မွတ္တစ္ခုျဖစ္တဲ့ နာပုိလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေခၚယူေတာ့မွာ မဟုတ္ဘဲ အသင္းပုိင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္ ေတာင္းဆုိထားခဲ့တဲ့ သူ႕ရဲ႕ ေဈးႏွဳန္းဟာ ရွိသင့္တာထက္ ပုိမိုမ်ားျပားေနတာေၾကာင့္ ငယ္ရြယ္ၿပီး ပုိမိုေဈးသက္သာတဲ့ ေနာက္ခံလူေတြဘက္ကို လွည့္ဖို႔ ရွိေနပါတယ္။

မန္စီးတီရဲ႕ ဗဟိုခံစစ္မွဴး အဝယ္စာရင္းထဲမွာ ဘုန္းေမာက္ရဲ႕ နာသန္ ေအကီ၊ RB လုိက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏိုနဲ႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဟိုေဆး ဟီမီနက္ဇ္တုိ႔ပါဝင္ေနၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ေတာ့ ဘယ္သူက အသင္းရဲ႕ လက္ရွိဦးစားေပးေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ ပုိအဆင္ေျပမလဲဆုိတာကိုလည္း ထည့္သြင္းစဥ္းစားသြားဖြယ္ရွိပါတယ္။

ပရီးမီးယားလိဂ္ကေန တန္းဆင္းဖို႔ မ်ားေနတဲ့ ဘုန္းေမာက္ရဲ႕ နာသန္ ေအကီကေတာ့ လာမယ့္ေဈးကြက္မွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္း ကေန ၄၀ ၾကားနဲ႔ ရရွိႏုိင္ဖြယ္ရွိၿပီး ဘယ္သန္ကစားသမားတစ္ဦးျဖစ္တဲ့ နယ္သာလန္လက္ေရြးစင္ဟာ ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏုိင္လို႔ ပက္ပ္အတြက္ေတာ့ နည္းစနစ္ပုိင္းကို ပိုမိုအေျပာင္းအလဲလုပ္ႏုိင္မယ့္ အင္အားျဖစ္ေနပါတယ္။

ေပါင္သန္း ၅၀ ေလာက္ က်သင့္ဖြယ္ရွိတဲ့ RB လိုက္ပ္ဇစ္ရဲ႕ Ball Playing Defender အူပါမီကာႏုိကိုေတာ့ ျပင္သစ္ကလပ္ PSG နဲ႔ ယွဥ္ၿပဳိင္ေခၚယူရဖို႔ ရွိေနၿပီး ညာသန္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဗဟိုခံစစ္ႏွစ္ေနရာမွာ ႀကဳိက္တဲ့အျခမ္းမွာ အသုံးျပဳႏုိင္တဲ့ ျပင္သစ္ ယူ-၂၁ လက္ေရြးစင္ကလည္း အသင္းအတြက္ ေရရွည္အသုံးေတာ္ခံႏိုင္မယ့္သူျဖစ္လာမွာပါ။

ဟီမီနက္ဇ္ကေတာ့ ဒီကစားသမားေတြထဲမွာ ေဈးအႀကီးဆုံးျဖစ္ဖြယ္ရွိေနၿပီး အက္သလက္တီကိုအေနနဲ႔ သူတုိ႔ရဲ႕ ဘယ္ကစားသမားကိုမဆို စာခ်ဳပ္ေလ်ာ္ေၾကးနဲ႔သာ ေရာင္းခ်သြားမယ့္ ပုံစံရွိေနတာေၾကာင့္ ယူ႐ိုသန္း ၁၂၀ တန္ စာခ်ဳပ္ရွိေနတဲ့ ဥ႐ုေဂြးလက္ေရြးစင္ကို ေခၚယူဖို႔ကေတာ့ ခက္ခဲႏုိင္ေပမယ့္ ပစ္မွတ္အားလုံးထဲမွာ အမာေက်ာဆုံးကစားသမားျဖစ္ေနတာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ စိတ္ဝင္စားေနတာျဖစ္ၿပီး ကူလီေဘလီကို စံအျဖစ္ ထားၿပီးမွ မေခၚယူႏုိင္လုိ႔ အစားထိုးမယ္ဆုိရင္ေတာ့ အူပါမီကာႏိုကသာ အနီးစပ္ဆုံး ပုံစံျဖစ္မယ္လုိ႔ေတာ့ ခန္႔မွန္းရေၾကာင္း စုစည္းေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & SPORTS BIBLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပစ်မှတ်တစ်ခုဖြစ်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ခေါ်ယူတော့မှာ မဟုတ်ဘဲ အသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ် တောင်းဆိုထားခဲ့တဲ့ သူ့ရဲ့ ဈေးနှုန်းဟာ ရှိသင့်တာထက် ပိုမိုများပြားနေတာကြောင့် ငယ်ရွယ်ပြီး ပိုမိုဈေးသက်သာတဲ့ နောက်ခံလူတွေဘက်ကို လှည့်ဖို့ ရှိနေပါတယ်။

မန်စီးတီရဲ့ ဗဟိုခံစစ်မှူး အဝယ်စာရင်းထဲမှာ ဘုန်းမောက်ရဲ့ နာသန် အေကီ၊ RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဟိုဆေး ဟီမီနက်ဇ်တို့ပါဝင်နေပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့တော့ ဘယ်သူက အသင်းရဲ့ လက်ရှိဦးစားပေးနောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ ပိုအဆင်ပြေမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသွားဖွယ်ရှိပါတယ်။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ များနေတဲ့ ဘုန်းမောက်ရဲ့ နာသန် အေကီကတော့ လာမယ့်ဈေးကွက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ကနေ ၄၀ ကြားနဲ့ ရရှိနိုင်ဖွယ်ရှိပြီး ဘယ်သန်ကစားသမားတစ်ဦးဖြစ်တဲ့ နယ်သာလန်လက်ရွေးစင်ဟာ ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်လို့ ပက်ပ်အတွက်တော့ နည်းစနစ်ပိုင်းကို ပိုမိုအပြောင်းအလဲလုပ်နိုင်မယ့် အင်အားဖြစ်နေပါတယ်။

ပေါင်သန်း ၅၀ လောက် ကျသင့်ဖွယ်ရှိတဲ့ RB လိုက်ပ်ဇစ်ရဲ့ Ball Playing Defender အူပါမီကာနိုကိုတော့ ပြင်သစ်ကလပ် PSG နဲ့ ယှဉ်ပြိုင်ခေါ်ယူရဖို့ ရှိနေပြီး ညာသန်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဗဟိုခံစစ်နှစ်နေရာမှာ ကြိုက်တဲ့အခြမ်းမှာ အသုံးပြုနိုင်တဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ကလည်း အသင်းအတွက် ရေရှည်အသုံးတော်ခံနိုင်မယ့်သူဖြစ်လာမှာပါ။

ဟီမီနက်ဇ်ကတော့ ဒီကစားသမားတွေထဲမှာ ဈေးအကြီးဆုံးဖြစ်ဖွယ်ရှိနေပြီး အက်သလက်တီကိုအနေနဲ့ သူတို့ရဲ့ ဘယ်ကစားသမားကိုမဆို စာချုပ်လျော်ကြေးနဲ့သာ ရောင်းချသွားမယ့် ပုံစံရှိနေတာကြောင့် ယူရိုသန်း ၁၂၀ တန် စာချုပ်ရှိနေတဲ့ ဥရုဂွေးလက်ရွေးစင်ကို ခေါ်ယူဖို့ကတော့ ခက်ခဲနိုင်ပေမယ့် ပစ်မှတ်အားလုံးထဲမှာ အမာကျောဆုံးကစားသမားဖြစ်နေတာကြောင့် ဂွါဒီယိုလာအနေနဲ့ စိတ်ဝင်စားနေတာဖြစ်ပြီး ကူလီဘေလီကို စံအဖြစ် ထားပြီးမှ မခေါ်ယူနိုင်လို့ အစားထိုးမယ်ဆိုရင်တော့ အူပါမီကာနိုကသာ အနီးစပ်ဆုံး ပုံစံဖြစ်မယ်လို့တော့ ခန့်မှန်းရကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & SPORTS BIBLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.