Bundesliga Premier League Transfer News

ဂိုး ၆၀၀ ေက်ာ္ သြင္းထားတဲ့ လူငယ္တိုက္စစ္မွဴးကို လက္လႊတ္ရေတာ့မယ့္ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသင္းအတြက္ လူငယ္ၿပဳိင္ပြဲေတြမွာ ဂိုးေပါင္း ၆၀၀ ေက်ာ္သြင္းယူထားႏုိင္ခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ခ်ာလီ မက္နီးလ္ကို လက္လႊတ္ဆုံးရွဳံးရဖို႔ ရွိေနၿပီး ဒီကစားသမားအေနနဲ႔ အသင္းမွာ ဆက္ေနဖို႔အတြက္ သေဘာတူညီမွဳမရသလို ထြက္ခြာခ်င္ေၾကာင္းကိုလည္း ျပသထားခဲ့ပါတယ္။

အသက္ ၁၆ ႏွစ္အရြယ္ အဂၤလန္ယူ-၁၆ လက္ေရြးစင္တုိက္စစ္မွဴးမွာ မန္စီးတီးအသင္းကို လြန္ခဲ့တဲ့ ၆ ႏွစ္က ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လာမယ့္ စက္တင္ဘာလအတြင္းမွာ အသက္ ၁၇ ႏွစ္ ျပည့္ေျမာက္ဖို႔ ရွိေနတာေၾကာင့္ အသင္းအေနနဲ႔ ဒီအတုိင္း လက္လႊတ္ရမွာေတာ့ မဟုတ္ဘဲ ေလ့က်င့္ေၾကးနဲ႔ ေျပာင္းေရႊ႕ေၾကးေတြကို ခံစားခြင့္ ရရွိလာႏုိင္ပါတယ္။

လြန္ခဲ့တဲ့ ၆ ႏွစ္၊ အသက္ ၁၀ ႏွစ္အရြယ္က မန္ခ်က္စတာယူႏုိက္တက္အသင္းကို စြန္႔ခြာခဲ့ၿပီး စီးတီးကို ေရာက္လာခဲ့တဲ့ ဒီလူငယ္ကို ၿမဳိ႕ခံၿပဳိင္ဘက္ အသင္းေဟာင္းက ျပန္လည္အလိုရွိေနၿပီး ယူ-၁၈ အသင္းနဲ႔အတူ ကစားေနတဲ့ မက္နီးလ္အေနနဲ႔ အသင္းမွာ အခြင့္အေရးမရတာကို မေပ်ာ္ရႊင္ေတာ့ဘူးလုိ႔လည္း သတင္းေတြက ဆုိပါတယ္။

မန္စီးတီးအသင္းနဲ႔ ရွိခဲ့ရတဲ့ ၆ ႏွစ္တာ အခ်ိန္ေတြအတြက္ ေက်းဇူးတင္ေၾကာင္း သူ႕ရဲ႕ အင္စတာဂရမ္မွာ ေရးသားခဲ့တဲ့ မက္နီးလ္ကို ေခၚယူဖို႔ RB လုိက္ပ္ဇစ္အသင္းက သေဘာတူညီမွဳ ရရွိခဲ့ၿပီလို႔ ေကာလဟာလေတြကိုလည္း ၾကားေနရၿပီး သူ႕ရဲ႕ ယူ-၁၅ အသင္းမွာ ဂိုး ၁၁၀ နဲ႔ ဖန္တီးမွဳ ၃၈ ႀကိမ္ကို ၇၂ ပြဲနဲ႔ ရရွိႏုိင္ခဲ့တဲ့ မွတ္တမ္းက ၿပဳိင္ဘက္အသင္းေတြ ေစာင့္ၾကည့္စရာလည္းျဖစ္ေနခဲ့တာပါ။

အက္ဒီးဒတ္စ္ အားကစားပစၥည္းကုမၸဏီရဲ႕ အသိအမွတ္ျပဳခံထားရၿပီး စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့တဲ့ မက္နီးလ္ရဲ႕ ကစားပုံကိုေတာ့ ေစာင့္ၾကည့္သူေတြက ၿမဳိ႕ခံၿပဳိင္ဘက္ကစားသမားေဟာင္း ေပါလ္ စခိုးလ္၊ စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းတုိ႔လို အရည္အေသြးနဲ႔ ေပါက္ကြဲအားမ်ဳိး ရွိတယ္လုိ႔ သုံးသပ္ထားၾကၿပီး မန္စီးတီးအတြက္ေတာ့ ဆုံးရွဳံးမွဳတစ္ခု ျဖစ္ႏုိင္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသင်းအတွက် လူငယ်ပြိုင်ပွဲတွေမှာ ဂိုးပေါင်း ၆၀၀ ကျော်သွင်းယူထားနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ချာလီ မက်နီးလ်ကို လက်လွှတ်ဆုံးရှုံးရဖို့ ရှိနေပြီး ဒီကစားသမားအနေနဲ့ အသင်းမှာ ဆက်နေဖို့အတွက် သဘောတူညီမှုမရသလို ထွက်ခွာချင်ကြောင်းကိုလည်း ပြသထားခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် အင်္ဂလန်ယူ-၁၆ လက်ရွေးစင်တိုက်စစ်မှူးမှာ မန်စီးတီးအသင်းကို လွန်ခဲ့တဲ့ ၆ နှစ်က ရောက်ရှိလာခဲ့သူဖြစ်ပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ အသက် ၁၇ နှစ် ပြည့်မြောက်ဖို့ ရှိနေတာကြောင့် အသင်းအနေနဲ့ ဒီအတိုင်း လက်လွှတ်ရမှာတော့ မဟုတ်ဘဲ လေ့ကျင့်ကြေးနဲ့ ပြောင်းရွှေ့ကြေးတွေကို ခံစားခွင့် ရရှိလာနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်၊ အသက် ၁၀ နှစ်အရွယ်က မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာခဲ့ပြီး စီးတီးကို ရောက်လာခဲ့တဲ့ ဒီလူငယ်ကို မြို့ခံပြိုင်ဘက် အသင်းဟောင်းက ပြန်လည်အလိုရှိနေပြီး ယူ-၁၈ အသင်းနဲ့အတူ ကစားနေတဲ့ မက်နီးလ်အနေနဲ့ အသင်းမှာ အခွင့်အရေးမရတာကို မပျော်ရွှင်တော့ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။

မန်စီးတီးအသင်းနဲ့ ရှိခဲ့ရတဲ့ ၆ နှစ်တာ အချိန်တွေအတွက် ကျေးဇူးတင်ကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တဲ့ မက်နီးလ်ကို ခေါ်ယူဖို့ RB လိုက်ပ်ဇစ်အသင်းက သဘောတူညီမှု ရရှိခဲ့ပြီလို့ ကောလဟာလတွေကိုလည်း ကြားနေရပြီး သူ့ရဲ့ ယူ-၁၅ အသင်းမှာ ဂိုး ၁၁၀ နဲ့ ဖန်တီးမှု ၃၈ ကြိမ်ကို ၇၂ ပွဲနဲ့ ရရှိနိုင်ခဲ့တဲ့ မှတ်တမ်းက ပြိုင်ဘက်အသင်းတွေ စောင့်ကြည့်စရာလည်းဖြစ်နေခဲ့တာပါ။

အက်ဒီးဒတ်စ် အားကစားပစ္စည်းကုမ္ပဏီရဲ့ အသိအမှတ်ပြုခံထားရပြီး စာချုပ်ချုပ်ဆိုထားခဲ့တဲ့ မက်နီးလ်ရဲ့ ကစားပုံကိုတော့ စောင့်ကြည့်သူတွေက မြို့ခံပြိုင်ဘက်ကစားသမားဟောင်း ပေါလ် စခိုးလ်၊ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းတို့လို အရည်အသွေးနဲ့ ပေါက်ကွဲအားမျိုး ရှိတယ်လို့ သုံးသပ်ထားကြပြီး မန်စီးတီးအတွက်တော့ ဆုံးရှုံးမှုတစ်ခု ဖြစ်နိုင်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.