Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၅.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၆ ရက်၊ စနေနေ့၊ သမားညို၊ ဝါရမိတ္တုငယ်၊ ရက်ယုတ်မာ။
တစ်နေ့တာ တိထီနှင့် ယုဂ်။
နေ့လယ် ၁၃:၀၁ အထိ တိထီ ၅ လုံး။ ကျော်လျှင် ၆ လုံး။ ၅ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် လွှသွားယုဂ်၊ ထူးခြားထင်ရှား အောင်မြင်စေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၅:၁၇ အထိ ဥတ္တရဖလဂုဏီနက္ခတ်။ ကျော်လျှင် ဟဿတနက္ခတ်။ နံနက် ၆:၅၀ အထိ ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။ ကျော်လျှင် သီဝယုဂ်၊ မင်္ဂလာရှိခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း၊ မင်္ဂလာယူလိုသည့် အလုပ်များ၊ အခမ်းအနားများ၊ ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၃:၀၁ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ည ၂၃:၄၆ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နေ့လယ် ၁၃:၀၁ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)