Premier League

ေဘာလုံးကေလာင္ရွင္မ်ားအစည္းအ႐ုံး FWA အေကာင္းဆုံးဆုကို ဟန္ဒါဆန္ ဆြတ္ခူးရရွိ

လီဗာပူးလ္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေဘာလုံးကေလာင္ရွင္မ်ားအစည္းအ႐ုံး Football Writers’ Association က ေပးအပ္တဲ့ ဆုကို ရရွိသြားခဲ့တယ္လုိ႔ သိရပါတယ္။

ႏွစ္ ၃၀ ၾကာမွ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ဆြတ္ခူးႏုိင္ခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ ဟန္ဒါဆန္ဟာ အျမင့္မားဆုံး လုပ္အားႏွဳန္းနဲ႔အတူ ေရွ႕နဲ႔ေနာက္ကို အေကာင္းဆုံး ခ်ိတ္ဆက္ေပးႏုိင္သူျဖစ္ၿပီး သူ႕ရဲ႕ ေမာင္းႏွင္အားက ပရီးမီးယားလိဂ္ရဲ႕ ေရွ႕ပုိင္း သုံးပုံႏွစ္ပုံမွာ သိပ္ကို သိသာခဲ့တာလည္းျဖစ္ပါတယ္။

ဟန္ဒါဆန္ ဒဏ္ရာရသြားခ်ိန္ေတြမွာ လီဗာပူးလ္အသင္း ႐ုန္းကန္ရတတ္တာက သိသာထင္ရွားတဲ့ အခ်က္လည္းျဖစ္ၿပီး သူမပါဝင္ႏုိင္ခ်ိန္နဲ႔ ႀကံ့ခုိင္မွဳ ေလ်ာ့နည္းလုိ႔ အျပည့္အဝ မကစားႏုိင္ခ်ိန္ေတြမွာ ၿပဳိင္ဘက္ေတြကို အရွဳံးေပးခဲ့ရၿပီး စံခ်ိန္ေဟာင္းေတြကို စိန္ေခၚႏုိင္ဖို႔ ခက္ခဲခဲ့တာလည္း ျဖစ္ပါတယ္။

FWA ရဲ႕ ေရြးခ်ယ္မွဳအရေတာ့ ဟန္ဒါဆန္က ပထမေနရာကို ဆြတ္ခူးသြားခဲ့ၿပီး သူ႕ရဲ႕ေနာက္မွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ Assist King ကီဗင္ ဒီဘ႐ိုင္းနား၊ တတိယေနရာမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴး မားကပ္စ္ ရက္ဖို႔ဒ္တုိ႔က ရပ္တည္ႏုိင္ခဲ့ၾကၿပီး က်န္တဲ့ ထိပ္ဆုံးငါးဦး စာရင္းကိုေတာ့ လီဗာပူးလ္ရဲ႕ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ဆာဒီယို မာေနးတုိ႔က ျဖည့္ဆည္းသြားခဲ့ပါတယ္။

၁၉၄၇-၄၈ ရာသီမွာ စတင္ခ်ီးျမႇင့္ခဲ့တဲ့ ဒီဆုကို ေနာက္ဆုံးရရွိထားခဲ့သူကေတာ့ မန္ခ်က္စတာစီးတီးရဲ႕ ရာဟင္းမ္ စတာလင္ျဖစ္ၿပီး လီဗာပူးလ္ ကစားသမားထဲကေတာ့ ပရီးမီးယားလိဂ္ေခတ္မွာ စတီဗင္ ဂ်ရတ္၊ လူးဝစ္ ဆြာရက္ဇ္နဲ႔ မိုဟာမက္ ဆာလားတုိ႔က ဆြတ္ခူးထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဘောလုံးကလောင်ရှင်များအစည်းအရုံး Football Writers’ Association က ပေးအပ်တဲ့ ဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

နှစ် ၃၀ ကြာမှ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ ဟန်ဒါဆန်ဟာ အမြင့်မားဆုံး လုပ်အားနှုန်းနဲ့အတူ ရှေ့နဲ့နောက်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်သူဖြစ်ပြီး သူ့ရဲ့ မောင်းနှင်အားက ပရီးမီးယားလိဂ်ရဲ့ ရှေ့ပိုင်း သုံးပုံနှစ်ပုံမှာ သိပ်ကို သိသာခဲ့တာလည်းဖြစ်ပါတယ်။

ဟန်ဒါဆန် ဒဏ်ရာရသွားချိန်တွေမှာ လီဗာပူးလ်အသင်း ရုန်းကန်ရတတ်တာက သိသာထင်ရှားတဲ့ အချက်လည်းဖြစ်ပြီး သူမပါဝင်နိုင်ချိန်နဲ့ ကြံ့ခိုင်မှု လျော့နည်းလို့ အပြည့်အဝ မကစားနိုင်ချိန်တွေမှာ ပြိုင်ဘက်တွေကို အရှုံးပေးခဲ့ရပြီး စံချိန်ဟောင်းတွေကို စိန်ခေါ်နိုင်ဖို့ ခက်ခဲခဲ့တာလည်း ဖြစ်ပါတယ်။

FWA ရဲ့ ရွေးချယ်မှုအရတော့ ဟန်ဒါဆန်က ပထမနေရာကို ဆွတ်ခူးသွားခဲ့ပြီး သူ့ရဲ့နောက်မှာ မန်ချက်စတာစီးတီးအသင်းရဲ့ Assist King ကီဗင် ဒီဘရိုင်းနား၊ တတိယနေရာမှာတော့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်တို့က ရပ်တည်နိုင်ခဲ့ကြပြီး ကျန်တဲ့ ထိပ်ဆုံးငါးဦး စာရင်းကိုတော့ လီဗာပူးလ်ရဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဆာဒီယို မာနေးတို့က ဖြည့်ဆည်းသွားခဲ့ပါတယ်။

၁၉၄၇-၄၈ ရာသီမှာ စတင်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို နောက်ဆုံးရရှိထားခဲ့သူကတော့ မန်ချက်စတာစီးတီးရဲ့ ရာဟင်းမ် စတာလင်ဖြစ်ပြီး လီဗာပူးလ် ကစားသမားထဲကတော့ ပရီးမီးယားလိဂ်ခေတ်မှာ စတီဗင် ဂျရတ်၊ လူးဝစ် ဆွာရက်ဇ်နဲ့ မိုဟာမက် ဆာလားတို့က ဆွတ်ခူးထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.