Bundesliga Premier League Transfer News

ဆန္ခ်ဳိအတြက္ သင့္ေတာ္တဲ့ ေဈးႏွဳန္းတစ္ခုမွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေဒါ့မြန္ အဆင္ေျပဖို႔ရွိေန

အသင္းေျပာင္းေရႊ႕ခ်င္ေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္နဲ႔ မန္ခ်က္စတာယူႏုိက္တက္တို႔ ၾကားမွာ သေဘာတူညီမွဳ ရရွိႏိုင္ဖို႔ နီးစပ္ေနၿပီး ဂ်ာမန္အသင္းဘက္က လိုခ်င္တဲ့ ေဈးနဲ႔ နီးစပ္တဲ့ ပမာဏတစ္ရပ္ကို အက္ဒ္ ဝုဒ္ဝဒ္က ကမ္းလွမ္းသြားမယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ကစားသမားဘက္က လိုအပ္ခ်က္တစ္ရပ္ကိုေတာ့ အရင္ျဖည့္ဆည္းေပးရဖို႔ ရွိေနၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္အတြက္ တနဂၤေႏြေန႔မွာ ဝင္ခြင့္ရယူႏုိင္မယ္ဆုိရင္ေတာ့ အဖက္ဖက္က အခ်က္အလက္ေတြ ျပည့္စုံလာဖို႔ ရွိေနၿပီး ေဒါ့မြန္ဘက္ကလည္း သင့္ေတာ္တဲ့ ေဈးႏွဳန္းနဲ႔ ေရာင္းခ်သြားဖို႔ ရွိေနတာပါ။

အသက္ ၂၀ အရြယ္ အဂၤလန္လက္ေရြးစင္ေတာင္ပံကစားသမားနဲ႔ ယူႏိုက္တက္တုိ႔ ပုဂၢဳိလ္ေရးအရ သေဘာတူညီအၿပီးမွာေတာ့ တစ္ခ်ိန္ခ်ိန္မွာ အေႏွးနဲ႔အျမန္ အေျပာင္းအေရႊ႕ျဖစ္ေပၚမယ္ဆုိတာ ပရိသတ္ေတြ လက္ခံထားတဲ့ အခ်က္လည္းျဖစ္ၿပီး လက္ရွိမွာေတာ့ အသင္းရဲ႕ အမွဳေဆာင္ ဒုဥကၠဌ ဝုဒ္ဝဒ္ရဲ႕ လွဳပ္ရွားမွဳကို တနဂၤေႏြေန႔အၿပီးမွာ ျမင္ရမယ္လုိ႔ ယူဆရပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ေပါင္သန္း ၁၀၀ မရရင္ မေရာင္းဘူးဆုိတဲ့ ေဒါ့မြန္ဘက္က သေဘာထား ေပ်ာ့ေပ်ာင္းသြားခဲ့တယ္လို႔ သိရၿပီး ယူႏုိက္တက္အေနနဲ႔ ဆန္ခ်ဳိအတြက္ ဒီပမာဏနဲ႔ နီးစပ္တဲ့ ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ အပါအဝင္ ခံစားခြင့္ေတြကို ထည့္သြင္းၿပီး ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ ဆုိပါတယ္။

ကံမေကာင္း အေၾကာင္းမလွလို႔ လက္စတာနဲ႔ပြဲမွာ ယူႏိုက္တက္တုိ႔ ရလဒ္ဆိုးခဲ့မယ္ဆုိရင္ေတာ့ ကစားသမားနဲ႔ ပိုမိုရွဳပ္ေထြးတဲ့ ေဆြးေႏြးမွဳကို တစ္ဖန္ျပန္လည္စတင္သြားရဖြယ္ရွိေနၿပီး ဆန္ခ်ဳိကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္တဲ့ ေဒါ့မြန္ကေတာ့ သူ႕ေနရာမွာ အစားထိုးဖို႔ အဂၤလိပ္ခ်ာတိတ္ ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေခၚယူၿပီးျဖစ္သလို ဝါဒါဘရီမင္ရဲ႕ ေတာင္ပံကစားသမား မီေလာ့ ရာရွီကာကိုလည္း ေခၚယူႏုိင္ဖို႔ ႀကဳိးစားေနတယ္လုိ႔လည္း သိရွိရပါတယ္။

REF: INDEPENDENT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းပြောင်းရွှေ့ချင်နေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကြားမှာ သဘောတူညီမှု ရရှိနိုင်ဖို့ နီးစပ်နေပြီး ဂျာမန်အသင်းဘက်က လိုချင်တဲ့ ဈေးနဲ့ နီးစပ်တဲ့ ပမာဏတစ်ရပ်ကို အက်ဒ် ဝုဒ်ဝဒ်က ကမ်းလှမ်းသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကစားသမားဘက်က လိုအပ်ချက်တစ်ရပ်ကိုတော့ အရင်ဖြည့်ဆည်းပေးရဖို့ ရှိနေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်အတွက် တနင်္ဂနွေနေ့မှာ ဝင်ခွင့်ရယူနိုင်မယ်ဆိုရင်တော့ အဖက်ဖက်က အချက်အလက်တွေ ပြည့်စုံလာဖို့ ရှိနေပြီး ဒေါ့မွန်ဘက်ကလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားဖို့ ရှိနေတာပါ။

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားနဲ့ ယူနိုက်တက်တို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီအပြီးမှာတော့ တစ်ချိန်ချိန်မှာ အနှေးနဲ့အမြန် အပြောင်းအရွှေ့ဖြစ်ပေါ်မယ်ဆိုတာ ပရိသတ်တွေ လက်ခံထားတဲ့ အချက်လည်းဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ အမှုဆောင် ဒုဥက္ကဌ ဝုဒ်ဝဒ်ရဲ့ လှုပ်ရှားမှုကို တနင်္ဂနွေနေ့အပြီးမှာ မြင်ရမယ်လို့ ယူဆရပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ပေါင်သန်း ၁၀၀ မရရင် မရောင်းဘူးဆိုတဲ့ ဒေါ့မွန်ဘက်က သဘောထား ပျော့ပျောင်းသွားခဲ့တယ်လို့ သိရပြီး ယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် ဒီပမာဏနဲ့ နီးစပ်တဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ အပါအဝင် ခံစားခွင့်တွေကို ထည့်သွင်းပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကံမကောင်း အကြောင်းမလှလို့ လက်စတာနဲ့ပွဲမှာ ယူနိုက်တက်တို့ ရလဒ်ဆိုးခဲ့မယ်ဆိုရင်တော့ ကစားသမားနဲ့ ပိုမိုရှုပ်ထွေးတဲ့ ဆွေးနွေးမှုကို တစ်ဖန်ပြန်လည်စတင်သွားရဖွယ်ရှိနေပြီး ဆန်ချိုကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ဒေါ့မွန်ကတော့ သူ့နေရာမှာ အစားထိုးဖို့ အင်္ဂလိပ်ချာတိတ် ဂျုဒ် ဘယ်လင်ဂမ်ကို ခေါ်ယူပြီးဖြစ်သလို ဝါဒါဘရီမင်ရဲ့ တောင်ပံကစားသမား မီလော့ ရာရှီကာကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရှိရပါတယ်။

REF: INDEPENDENT
PHOTOS CREDIT TO OWNERS
SPORTS A2Z.