Premier League

၂၄.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၅ ရက္၊ ေသာၾကာေန႔။

၂၄.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလဆန္း ၅ ရက္၊ ေသာၾကာေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၅:၃၃ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၄ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၇:၀၁ အထိ ျပဳဗၺဖလဂုဏီနကၡတ္။ ေက်ာ္လွ်င္ ဥတၱရဖလဂုဏီနကၡတ္။ နံနက္ ၉:၅၇ အထိ ဝီရိယယုဂ္၊ ႀကဳိးစားမွဳ အရာထင္ျခင္း၊ အလိုႀကီးျခင္း၊ ေကာင္းရာေကာင္းေၾကာင္းလုပ္ကိုင္က ဆႏၵအတုိင္း ျပည့္စုံလိမ့္မည္။ ေက်ာ္လွ်င္ ပရီဃယုဂ္၊ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ႀကဳံရျခင္း၊ အခက္အခဲ၊ အတားအဆီးအား ေက်ာ္ျဖတ္ၿပီးမွ ခ်မ္းသာရာရျခင္းမ်ား ရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၃၃ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏိုင္ယူႏုိင္။ နံနက္ ၄:၁၇ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၅:၃၃ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၄.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၅ ရက်၊ သောကြာနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၅:၃၃ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၄ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၇:၀၁ အထိ ပြုဗ္ဗဖလဂုဏီနက္ခတ်။ ကျော်လျှင် ဥတ္တရဖလဂုဏီနက္ခတ်။ နံနက် ၉:၅၇ အထိ ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။ ကျော်လျှင် ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၃၃ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ နံနက် ၄:၁၇ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၅:၃၃ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)