Other Leagues Premier League

လိဒ္စ္နဲ႔အတူ ပရီးမီးယားလိဂ္တန္းတက္အသင္းေတြနဲ႔ Play-off ကစားရမယ့္ အသင္းမ်ား ထြက္ေပၚ

မေန႔ညက က်င္းပၿပီးစီးသြားၿပီျဖစ္တဲ့ တစ္ရာသီစာ Sky Bet လိဂ္ခ်န္ပီယံရွစ္ၿပဳိင္ပြဲမွာေတာ့ လိဒ္စ္ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ကို တုိက္႐ိုက္တန္းတက္လာမယ့္ အသင္းအျဖစ္ ပရီးမီးယားလိဂ္ကလပ္ေဟာင္း ဝက္စ္ဘရြမ္ဝစ္ခ်္ အယ္လ္ဘီယန္တုိ႔က ဒုတိယေနရာကေန အေျဖေပၚခဲ့ၿပီး က်န္တစ္သင္းကိုေတာ့ Play-off ကေန ေစာင့္ၾကည့္ရဦးမွာျဖစ္လို႔ သုံးသင္းမွာ ႏွစ္သင္း၊ ၆၇ ရာခိုင္ႏွဳန္း သိခဲ့ရၿပီလို႔ ဆုိရမွာျဖစ္ပါတယ္။

ဝက္စ္ဘရြမ္းနဲ႔ ဘတစ္ျပန္ က်ားတစ္ျပန္ ဦးေဆာင္ခဲ့ၾကေပမယ့္ ရာသီပိတ္ ပန္းဝင္လမ္းမွာေတာ့ အမွားမခံဘဲ အေျပးေကာင္းခဲ့တဲ့ လိစ္ဒ္တုိ႔က ပထမေနရာကို ရမွတ္ ၉၃ မွတ္နဲ႔ ၁၀ မွတ္ျဖတ္ၿပီး သိမ္းပုိက္ႏုိင္ခဲ့ၿပီး Baggies ေတြကေတာ့ ေနာက္ဆုံးပြဲအထိ ဘရန္႔ဖို႔ဒ္နဲ႔ ယွဥ္ခဲ့ရၿပီးမွ ရင္ေအးခဲ့ရတာ ျဖစ္ပါတယ္။

အိမ္ကြင္းမွာ တန္းဆင္းဇုန္က ဘန္စ္ေလကို ရွဳံးခဲ့တဲ့ ဘရန္႔ဖို႔ဒ္ကေတာ့ အဆင့္ ၃ ေနရာကို ရယူသြားႏုိင္ခဲ့ၿပီး လိဂ္ဝမ္းကို တန္းထပ္ဆင္းတဲ့ ပရီးမီးယားလိဂ္အသင္းေဟာင္း ဝီဂန္နဲ႔ အေဝးကြင္းမွာ သေရက်ခဲ့တဲ့ ဖူလ္ဟမ္က အဆင့္ ၄၊ လူေဟာင္းေတြပဲျဖစ္တဲ့ ေဝးလ္စ္အေျခစိုက္ ကာဒစ္ဖ္က အိမ္ကြင္းမွာ ဟားလ္စီးတီးကို အႏုိင္ယူၿပီး အဆင့္ ၅ တို႔ကို ရယူသြားခဲ့ပါတယ္။

ေနာက္ဆုံး Play-off ကစားခြင့္ အဆင့္ ၆ အတြက္ေတာ့ တန္းဆင္းဇုန္ ႐ုန္းတဲ့ စတုတ္စီးတီးကို အိမ္ကြင္းမွာ ဂိုးျပတ္ရွဳံးတဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္တုိ႔ ဖယ္ေပးခဲ့ရခ်ိန္မွာ ေနာက္ထပ္ေဝးလ္စ္တစ္သင္းပဲျဖစ္တဲ့ ပရီးမီးယားလိဂ္အသင္းေဟာင္း ဆြမ္းဆီးက အေဝးကြင္းမွာ ရက္ဒင္းကို အႏုိင္ယူၿပီး ဒီေနရာကို ရယူသြားခဲ့ပါတယ္။

ခ်န္ပီယံရွစ္ရဲ႕ Play-off ကစားေနက် ထုံးစံအရေတာ့ အဆင့္ ၃ နဲ႔ ၆၊ ၄ နဲ႔ ၅ ေတြ ႏွစ္ေက်ာ့ ေတြ႕ဆုံၿပီး ႏုိင္တဲ့အသင္းက ဝင္ဘလီမွာ ဖိုင္နယ္ ကစားရမွာျဖစ္လို႔ ဘရန္႔ဖို႔ဒ္နဲ႔ ဆြမ္းဆီး၊ ဖူလ္ဟမ္နဲ႔ ကာဒစ္ဖ္တုိ႔ ယွဥ္ၿပဳိင္ၾကရမွာျဖစ္ၿပီး ဒီလ ၂၆ နဲ႔ ၂၇ ရက္ေန႔ေတြမွာ ပထမအေက်ာ့နဲ႔ ၂၉ နဲ႔ ၃၀ ရက္ေန႔ေတြမွာ ဒုတိယအေက်ာ့ကို ကစားရမွာျဖစ္ၿပီး ဖိုင္နယ္ပြဲစဥ္ကိုေတာ့ ၾသဂုတ္လ ၄ ရက္ေန႔မွာ ဝင္ဘလီကြင္းႀကီးဆီ က်င္းပသြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မနေ့ညက ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ တစ်ရာသီစာ Sky Bet လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်လာမယ့် အသင်းအဖြစ် ပရီးမီးယားလိဂ်ကလပ်ဟောင်း ဝက်စ်ဘရွမ်ဝစ်ချ် အယ်လ်ဘီယန်တို့က ဒုတိယနေရာကနေ အဖြေပေါ်ခဲ့ပြီး ကျန်တစ်သင်းကိုတော့ Play-off ကနေ စောင့်ကြည့်ရဦးမှာဖြစ်လို့ သုံးသင်းမှာ နှစ်သင်း၊ ၆၇ ရာခိုင်နှုန်း သိခဲ့ရပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဝက်စ်ဘရွမ်းနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ဦးဆောင်ခဲ့ကြပေမယ့် ရာသီပိတ် ပန်းဝင်လမ်းမှာတော့ အမှားမခံဘဲ အပြေးကောင်းခဲ့တဲ့ လိစ်ဒ်တို့က ပထမနေရာကို ရမှတ် ၉၃ မှတ်နဲ့ ၁၀ မှတ်ဖြတ်ပြီး သိမ်းပိုက်နိုင်ခဲ့ပြီး Baggies တွေကတော့ နောက်ဆုံးပွဲအထိ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ခဲ့ရပြီးမှ ရင်အေးခဲ့ရတာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ တန်းဆင်းဇုန်က ဘန်စ်လေကို ရှုံးခဲ့တဲ့ ဘရန့်ဖို့ဒ်ကတော့ အဆင့် ၃ နေရာကို ရယူသွားနိုင်ခဲ့ပြီး လိဂ်ဝမ်းကို တန်းထပ်ဆင်းတဲ့ ပရီးမီးယားလိဂ်အသင်းဟောင်း ဝီဂန်နဲ့ အဝေးကွင်းမှာ သရေကျခဲ့တဲ့ ဖူလ်ဟမ်က အဆင့် ၄၊ လူဟောင်းတွေပဲဖြစ်တဲ့ ဝေးလ်စ်အခြေစိုက် ကာဒစ်ဖ်က အိမ်ကွင်းမှာ ဟားလ်စီးတီးကို အနိုင်ယူပြီး အဆင့် ၅ တို့ကို ရယူသွားခဲ့ပါတယ်။

နောက်ဆုံး Play-off ကစားခွင့် အဆင့် ၆ အတွက်တော့ တန်းဆင်းဇုန် ရုန်းတဲ့ စတုတ်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးတဲ့ နော့တင်ဟမ် ဖောရက်စ်တို့ ဖယ်ပေးခဲ့ရချိန်မှာ နောက်ထပ်ဝေးလ်စ်တစ်သင်းပဲဖြစ်တဲ့ ပရီးမီးယားလိဂ်အသင်းဟောင်း ဆွမ်းဆီးက အဝေးကွင်းမှာ ရက်ဒင်းကို အနိုင်ယူပြီး ဒီနေရာကို ရယူသွားခဲ့ပါတယ်။

ချန်ပီယံရှစ်ရဲ့ Play-off ကစားနေကျ ထုံးစံအရတော့ အဆင့် ၃ နဲ့ ၆၊ ၄ နဲ့ ၅ တွေ နှစ်ကျော့ တွေ့ဆုံပြီး နိုင်တဲ့အသင်းက ဝင်ဘလီမှာ ဖိုင်နယ် ကစားရမှာဖြစ်လို့ ဘရန့်ဖို့ဒ်နဲ့ ဆွမ်းဆီး၊ ဖူလ်ဟမ်နဲ့ ကာဒစ်ဖ်တို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ဒီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ပထမအကျော့နဲ့ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ဒုတိယအကျော့ကို ကစားရမှာဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်ကိုတော့ သြဂုတ်လ ၄ ရက်နေ့မှာ ဝင်ဘလီကွင်းကြီးဆီ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.