International

ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ ရွှေဘောလုံးကို ဘေးချပြီး သေနတ်ကောက်လွယ်ခဲ့တဲ့ ဘလွန်ဒေါဆုရှင်ဟောင်း

၁၉၈၆ ခုနှစ် ဘလွန်ဒေါဆုကို ဆွတ်ခူးခဲ့တဲ့ ယူကရိန်း တိုက်စစ်မှူးဟောင်း အီဟော် ဘိုင်လာနော့ဗ်ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ အမိနိုင်ငံကို ကာကွယ်ဖို့ ယူကရိန်းစစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။

ဘိုင်လာနော့ဗ်ဟာ ဒိုင်နမိုကိဗ်မှာ ဆုဖလား ၈ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ဂျာမန်အသင်းတွေဖြစ်တဲ့ မိုချန်ဂလတ်ဘတ်နဲ့ အိုင်ထရတ်ချ် ဘရောင်ရှဝိုက်တို့အတွက်လည်း ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ကစားပေးခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်လာနော့ဗ်ဟာ အိုလက်ဇန်းဒါး အူးဆိတ်လိုမျိုး နိုင်ငံအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နောက်ဆုံး အားကစားအကျော်အမောဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ယူကရိန်းတိုက်စစ်မှူးဟောင်းဟာ ဗုဒ္ဓဟူးနေ့က ၎င်းရဲ့ မွေးရပ်မြို့ အိုဒက်ဆာကို လာရောက်လည်ပတ်ခဲ့တဲ့ ယူကရိန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အန်ဒရီး ပါဗယ်လ်ကိုနဲ့လည်း တွေ့ဆုံခဲ့ပြီး အကူအညီတွေနဲ့ လက်ဆောင်တွေ ထောက်ပံ့ဖို့အပြင် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းအများအပြားနဲ့လည်း ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘိုင်လာနော့ဗ်ဟာ ယူကရိန်းနိုင်ငံအတွက် တိုက်ခိုက်ရင်း ဒဏ်ရာရရှိသွားလို့ ကုသမှုခံယူနေရသူအချို့ကို ပြသဖို့အတွက် စစ်ပွဲဒဏ်ခံနေရတဲ့မြို့က ဆေးရုံကို ၎င်းရဲ့ ၁၉၈၆ ခုနှစ်မှာ ရရှိခဲ့တဲ့ ဘလွန်ဒေါဆုကိုလည်း ယူဆောင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်လာနော့ဗ်ဟာ အခြား စစ်သားတွေနဲ့အတူ သေနတ်ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေအများအပြားကို လူမှုကွန်ရက်မှာ “အံ့အားသင့်ဖွယ် ရဲစွမ်းသတ္တိနဲ့ မကုန်မခမ်းနိုင်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်။ ဒါတွေအားလုံးက ကျွန်တော်တို့ ယူကရိန်းတပ်မတော်ရဲ့ စစ်သားတွေကို ပိုပြီးတော့ ထူးခြားစေပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်။ ယူကရိန်းကို ငြိမ်းချမ်းမှုတွေ ရောက်ရှိလာပြီး ကျွန်တော်တို့ရဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို လာရောက်ဖျက်ဆီးဖို့ ကျူးကျော်လာသူတွေကို ရင်ဆိုင်နေတဲ့ အားလုံးအတွက် အောင်ပွဲတွေ ရောက်ရှိလာပါစေ။ သူရဲကောင်း ပြည်သူတွေ။ ကျွန်တော်တို့ လျင်မြန်တဲ့ အောင်ပွဲရရှိမယ်ဆိုတာကို ယုံကြည်နေပါ။ ယူကရိန်း ဘုန်းကျက်သရေ တောက်ပပါစေ”ဆိုတဲ့ စာသားနဲ့အတူ တင်ခဲ့ပါတယ်။

အိုဒက်ဆာမြို့မှာ မွေးဖွားခဲ့တဲ့ ဘိုင်လာနော့ဗ်ဟာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မွေးရပ်မြို့က SKA Odessa နဲ့ Chornomorets Odessa အသင်းတို့နဲ့ စတင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စုအတွက် ၁၉၈၅ ခုနှစ်မှာ ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် ၃၃ ကြိမ် ကိုယ်စားပြု ကစားပေးခဲ့ရာမှာ ၅ နှစ်တာ ကာလအတွင်း ၈ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်နှစ်အကြာမှာ ဒိုင်နမိုကိဗ်ကို ဥရောပ Cup Winners’ Cup ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အက်သလက်တီကို မက်ဒရစ်ကို ၃-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘလွန်ဒေါဆုကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၉၈၆ ခုႏွစ္ ဘလြန္ေဒါဆုကို ဆြတ္ခူးခဲ့တဲ့ ယူကရိန္း တိုက္စစ္မႉးေဟာင္း အီေဟာ္ ဘိုင္လာေနာ့ဗ္ဟာ ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္ျခင္းကို ခံေနရတဲ့ အမိနိုင္ငံကို ကာကြယ္ဖို႔ ယူကရိန္းစစ္တပ္နဲ႔ ပူးေပါင္းခဲ့ပါတယ္။

ဘိုင္လာေနာ့ဗ္ဟာ ဒိုင္နမိုကိဗ္မွာ ဆုဖလား ၈ လုံးအထိ ကိုင္ေျမႇာက္နိုင္ခဲ့ၿပီး ဂ်ာမန္အသင္းေတြျဖစ္တဲ့ မိုခ်န္ဂလတ္ဘတ္နဲ႔ အိုင္ထရတ္ခ်္ ဘေရာင္ရွဝိုက္တို႔အတြက္လည္း ၁၉၈၀ ျပည့္ႏွစ္ေတြနဲ႔ ၁၉၉၀ ျပည့္ႏွစ္ေတြမွာ ကစားေပးခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာ အသက္ ၆၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘိုင္လာေနာ့ဗ္ဟာ အိုလက္ဇန္းဒါး အူးဆိတ္လိုမ်ိဳး နိုင္ငံအတြက္ လက္နက္ကိုင္ တိုက္ပြဲဝင္ေနတဲ့ ေနာက္ဆုံး အားကစားအေက်ာ္အေမာျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

ယူကရိန္းတိုက္စစ္မႉးေဟာင္းဟာ ဗုဒၶဟူးေန႔က ၎ရဲ့ ေမြးရပ္ၿမိဳ႕ အိုဒက္ဆာကို လာေရာက္လည္ပတ္ခဲ့တဲ့ ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ အန္ဒရီး ပါဗယ္လ္ကိုနဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး အကူအညီေတြနဲ႔ လက္ေဆာင္ေတြ ေထာက္ပံ့ဖို႔အျပင္ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းအမ်ားအျပားနဲ႔လည္း ေျပာဆိုေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဘိုင္လာေနာ့ဗ္ဟာ ယူကရိန္းနိုင္ငံအတြက္ တိုက္ခိုက္ရင္း ဒဏ္ရာရရွိသြားလို႔ ကုသမႈခံယူေနရသူအခ်ိဳ႕ကို ျပသဖို႔အတြက္ စစ္ပြဲဒဏ္ခံေနရတဲ့ၿမိဳ႕က ေဆး႐ုံကို ၎ရဲ့ ၁၉၈၆ ခုႏွစ္မွာ ရရွိခဲ့တဲ့ ဘလြန္ေဒါဆုကိုလည္း ယူေဆာင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္လာေနာ့ဗ္ဟာ အျခား စစ္သားေတြနဲ႔အတူ ေသနတ္ကိုင္ေဆာင္ထားတဲ့ ဓာတ္ပုံေတြအမ်ားအျပားကို လူမႈကြန္ရက္မွာ “အံ့အားသင့္ဖြယ္ ရဲစြမ္းသတၱိနဲ႔ မကုန္မခမ္းနိုင္တဲ့ တိုက္ပြဲဝင္ စိတ္ဓာတ္။ ဒါေတြအားလုံးက ကၽြန္ေတာ္တို႔ ယူကရိန္းတပ္မေတာ္ရဲ့ စစ္သားေတြကို ပိုၿပီးေတာ့ ထူးျခားေစပါတယ္။ ကၽြန္ေတာ္တို႔ ခင္ဗ်ားတို႔နဲ႔အတူ ရွိေနပါတယ္။ ယူကရိန္းကို ၿငိမ္းခ်မ္းမႈေတြ ေရာက္ရွိလာၿပီး ကၽြန္ေတာ္တို႔ရဲ့ တိုင္းျပည္နဲ႔ ကၽြန္ေတာ္တို႔ရဲ့ လြတ္လပ္မႈကို လာေရာက္ဖ်က္ဆီးဖို႔ က်ဴးေက်ာ္လာသူေတြကို ရင္ဆိုင္ေနတဲ့ အားလုံးအတြက္ ေအာင္ပြဲေတြ ေရာက္ရွိလာပါေစ။ သူရဲေကာင္း ျပည္သူေတြ။ ကၽြန္ေတာ္တို႔ လ်င္ျမန္တဲ့ ေအာင္ပြဲရရွိမယ္ဆိုတာကို ယုံၾကည္ေနပါ။ ယူကရိန္း ဘုန္းက်က္သေရ ေတာက္ပပါေစ”ဆိုတဲ့ စာသားနဲ႔အတူ တင္ခဲ့ပါတယ္။

အိုဒက္ဆာၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ဘိုင္လာေနာ့ဗ္ဟာ ၎ရဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝကို ေမြးရပ္ၿမိဳ႕က SKA Odessa နဲ႔ Chornomorets Odessa အသင္းတို႔နဲ႔ စတင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ဆိုဗီယက္ျပည္ေထာင္စုအတြက္ ၁၉၈၅ ခုႏွစ္မွာ ပြဲဦးထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီးေနာက္ ၃၃ ႀကိမ္ ကိုယ္စားျပဳ ကစားေပးခဲ့ရာမွာ ၅ ႏွစ္တာ ကာလအတြင္း ၈ ဂိုး သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ႏွစ္အၾကာမွာ ဒိုင္နမိုကိဗ္ကို ဥေရာပ Cup Winners’ Cup ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ အက္သလက္တီကို မက္ဒရစ္ကို ၃-၀ နဲ႔ အနိုင္ရရွိေအာင္ ကူညီေပးနိုင္ခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုကို အံ့အားသင့္ဖြယ္ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.