Transfer News

အသင်းကစားသမားကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့တဲ့ ဂွါဒီယိုလာကို ဝေဖန်ခဲ့တဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း

ပက် ဂွါဒီယိုလာရဲ့ ဂျိုး ဟတ်အပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ခဲ့မှုက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ဒန်နီ မေးလ်က ပြောကြားခဲ့ပြီး မန်စီးတီးနည်းပြရဲ့ ကစားသမားတွေအပေါ် စီမံခန့်ခွဲမှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဒန်နီ မေးလ်ဟာ ဂျိုး ဟတ်က ၂၀၁၆ ခုနှစ်မှာ အီတီဟတ်ကနေ ထွက်ခွာမှုကို ဖြစ်စေဲ့တဲ့ ဂွါဒီယိုလာနဲ့ ပြောဆိုခဲ့တဲ့ စကားတွေကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့တဲ့ အင်တာဗျူးကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက ဂျိုးဟတ်ကို ဂိုးသမားတစ်ယောက်ဆီကနေ ၎င်းလိုချင်တဲ့အရာတွေကို လုပ်နိုင်စွမ်း မရှိခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီလို ပြောဆိုခဲ့မှုက ဒန်နီ မေးလ်အတွက်တော့ အဆင်မပြေခဲ့ဘဲ စပိန်လူမျိုးနည်းပြအနေနဲ့ အအြေနေကို ပိုကောင်းမွန်တဲ့ပုံစံနဲ့ ကိုင်တွယ်ခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူ ပြောခဲ့တဲ့ စကားနဲ့ သူ အဲဒါကို ပြောခဲ့တဲ့ပုံစံက အရမ်းကို လွန်သွားခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား ကစားသမားတစ်ယောက်ကို မနှစ်သက်ရင်၊ သူ့ကို မလိုချင်တော့ဘူးဆိုရင် ခင်ဗျား ရိုးရိုးသားသား ပြောလို့ရနိုင်ပေမယ့် သူ့ကို ပုဂ္ဂိုလ်ရေးအရတော့ တိုက်ခိုက်စရာမလိုအပ်ပါဘူး။ ခင်ဗျား သူ့ကိုသွားပြီး ‘မင်းက အကောင်းဆုံးအချိန်ကို ကျော်လွန်သွားပြီ။ မင်းခန္ဓာကိုယ်က ဒါကို နောက်ထပ်လုပ်နိုင်တော့မှာမဟုတ်ဘူး။ မင်းက မကောင်းဘူး’လို့ ပြောလို့မရပါဘူး။ ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။ ‘ငါ့အမြင်မှာတော့ မင်းက ကောင်းသင့်သလောက် ကောင်းနိုင်တော့မှာမဟုတ်ဘူးလို့ ငါထင်တယ်’လို့ပဲ ပြောပြီး အဆုံးသတ်သင့်ပါတယ်။ ခင်ဗျား ပိဿလေး ဘေးပစ် ပြောလိုက်ဖို့တော့ မလိုပါဘူး”

“အဲဒါက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုမဟုတ်ပါဘူး။ ဂျိုး ဟတ်က အဲဒီစကားတွေကို သူ့ရင်ထဲမှာပဲ သိမ်းထားမယ်လို့ ခင်ဗျား ထင်လား။ သူက သူ့သူငယ်ချင်းတွေနဲ့ သူ့ အသင်းဖော်တွေကို ပြောပြလိမ့်မယ်ဆိုတာ ခင်ဗျား မတွေးမိပါဘူး။ သူတို့တွေက ‘ဒီနည်းပြသစ်က နည်းနည်း ချီးထုပ်ကျတယ်’လို့ ထင်သွားမှာပါ။ အဲဒါက တစ်သင်းလုံးအတွက် ကောင်းမွန်တဲ့ ကစားသမားတွေအပေါ် စီမံခန့်ခွဲမှုမဟုတ်ပါဘူး။ ဒီကိစ္စက ဒီမှာတင် ပြီးသွားလိမ့်မယ်လို့များ သူ တွေးခဲ့တာလား”လို့ ပြောကြားခဲ့ပါတယ်။

ဒန်နီ မေးလ်က ဂွါဒီယိုလာအနေနဲ့ ကစားသမားတွေအပေါ် စီမံခန့်ခွဲရာမှာ အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆဗင် ဂိုရန် အဲရစ်ဆင်ရဲ့ နည်းစနစ်ကို အတုယူသင့်တယ်လို့ ယုံကြည်နေပြီး မန်စီးတီးနည်းပြဟောင်းက ၎င်းကို စီးတီးက ပညာရှိနည်းနဲ့ ထွက်ခွာအောင် ဘယ်လိုပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က မန်စီးတီးမှာ အဲဒီလို စကားပြောဆိုမှုတွေ လုပ်ခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော် အချိန်အကြာကြီး အသင်းလူစာရင်းကနေ ထုတ်ခံခဲ့ရတယ်။ ၂ နှစ်နီးပါးလောက်ကြပါတယ်။ ဆဗင် ရောက်လာပြီး သူတို့တွေ ဗီဒရန် ချော်လူကာကို ညာနောက်ခံလူတစ်ယောက်အတွက် အရမ်းများလွန်းတဲ့ ပေါင် ၈ သန်းဝန်းကျင်လောက်နဲ့ ခေါ်လာခဲ့တယ်”

“ဆဗင်က ကျွန်တော့်ကို အသာခေါ်ပြီး ‘အရင်တုန်းက မင်းလုပ်ခဲ့တာတွေအတွက် ငါ တကယ်ကို အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းက လူစာရင်းထဲမှာ မပါရတော့တာ တော်တော်လေးကြာသွားပြီ။ အဲဒါကြောင့် ငါ ဒီ ညာနောက်ခံကစားသမားသစ်ကို ဝယ်ခဲ့ပြီး သူ ကစားလိမ့်မယ်။ သူ ကြံ့ခိုင်နေရင် သူ ကစားရမယ်။ မင်းကတော့ ဒီရာသီမှာ ကစားရမယ့်ပုံမပေါ်ဘူး။ မင်း ဆက်နေမယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါ သိတယ်။ မင်း အရန်ခုံပေါ်မှာ ဆက်နေချင်တယ်ဆိုရင် အခုရော နောက်ရော အဲဒီမှာ မင်းနေရနိုင်တယ်’တဲ့”

“ပြီးတော့ သူက ဆက်ပြီးတော့ ‘ဒါမှမဟုတ် မင်း အသင်းပြောင်းရွှေ့ချင်ရင် ဒါမှမဟုတ် အငှားနဲ့ ထွက်ကစားချင်ရင်လည်း အဲဒါနဲ့ပတ်သက်ပြီး ကိစ္စမရှိပါဘူး။ မင်း သဘောအတိုင်းပဲ။ ငါကတော့ အဲဒီလမ်း ၂ လမ်းထဲက ဘယ်လမ်းဖြစ်ဖြစ် အဆင်ပြေတယ်’လို့ ပြောခဲ့တယ်။ သူ့ရဲ့ ရိုးသားမှုကို ကျွန်တော် လေးစားခဲ့ပြီး အဲဒီလို ပြောခဲ့တဲ့အတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ နည်းပြတိုင်းက ခင်ဗျားကို ကစားသမားတစ်ယောက်အဖြစ်နဲ့ သဘောကျမှာမဟုတ်လို့ပါ။ အချို့နည်းပြတွေသာဆိုရင် ကျွန်တော့်ကို ‘ဆက်ကြိုးစားကွာ။ မင်း ဝင်ကစားရမှာပါ’ဆိုပြီး ပြောကြလိမ့်မယ်။ မျှော်လင့်ချက် အမှားတွေက မျှော်လင့်ချက်မရှိနိုင်ပါဘူး။ သူက မှန်ကန်တဲ့ အပြုအမူကို ပြုမူခဲ့တယ်။ သူ ကျွန်တော့်ကို ဆေးမထိုးခဲ့ဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပက္ ဂြါဒီယိုလာရဲ့ ဂ်ိဳး ဟတ္အေပၚ ပုဂၢိဳလ္ေရးဆန္ဆန္ တိုက္ခိုက္ခဲ့မႈက မျဖစ္သင့္တဲ့ကိစၥျဖစ္တယ္လို႔ ဒန္နီ ေမးလ္က ေျပာၾကားခဲ့ၿပီး မန္စီးတီးနည္းျပရဲ့ ကစားသမားေတြအေပၚ စီမံခန႔္ခြဲမႈကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ဒန္နီ ေမးလ္ဟာ ဂ်ိဳး ဟတ္က ၂၀၁၆ ခုႏွစ္မွာ အီတီဟတ္ကေန ထြက္ခြာမႈကို ျဖစ္ေစဲ့တဲ့ ဂြါဒီယိုလာနဲ႔ ေျပာဆိုခဲ့တဲ့ စကားေတြကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ အင္တာဗ်ဴးကို ရည္ညႊန္းၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက ဂ်ိဳးဟတ္ကို ဂိုးသမားတစ္ေယာက္ဆီကေန ၎လိုခ်င္တဲ့အရာေတြကို လုပ္နိုင္စြမ္း မရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အဲဒီလို ေျပာဆိုခဲ့မႈက ဒန္နီ ေမးလ္အတြက္ေတာ့ အဆင္မေျပခဲ့ဘဲ စပိန္လူမ်ိဳးနည္းျပအေနနဲ႔ အေၾအေနကို ပိုေကာင္းမြန္တဲ့ပုံစံနဲ႔ ကိုင္တြယ္ခဲ့သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူ ေျပာခဲ့တဲ့ စကားနဲ႔ သူ အဲဒါကို ေျပာခဲ့တဲ့ပုံစံက အရမ္းကို လြန္သြားခဲ့တာျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ား ကစားသမားတစ္ေယာက္ကို မႏွစ္သက္ရင္၊ သူ႔ကို မလိုခ်င္ေတာ့ဘူးဆိုရင္ ခင္ဗ်ား ရိုးရိုးသားသား ေျပာလို႔ရနိုင္ေပမယ့္ သူ႔ကို ပုဂၢိဳလ္ေရးအရေတာ့ တိုက္ခိုက္စရာမလိုအပ္ပါဘူး။ ခင္ဗ်ား သူ႔ကိုသြားၿပီး ‘မင္းက အေကာင္းဆုံးအခ်ိန္ကို ေက်ာ္လြန္သြားၿပီ။ မင္းခႏၶာကိုယ္က ဒါကို ေနာက္ထပ္လုပ္နိုင္ေတာ့မွာမဟုတ္ဘူး။ မင္းက မေကာင္းဘူး’လို႔ ေျပာလို႔မရပါဘူး။ ဒါက မျဖစ္သင့္တဲ့ကိစၥပါ။ ‘ငါ့အျမင္မွာေတာ့ မင္းက ေကာင္းသင့္သေလာက္ ေကာင္းနိုင္ေတာ့မွာမဟုတ္ဘူးလို႔ ငါထင္တယ္’လို႔ပဲ ေျပာၿပီး အဆုံးသတ္သင့္ပါတယ္။ ခင္ဗ်ား ပိႆေလး ေဘးပစ္ ေျပာလိုက္ဖို႔ေတာ့ မလိုပါဘူး”

“အဲဒါက ေကာင္းမြန္တဲ့ စီမံခန႔္ခြဲမႈမဟုတ္ပါဘူး။ ဂ်ိဳး ဟတ္က အဲဒီစကားေတြကို သူ႔ရင္ထဲမွာပဲ သိမ္းထားမယ္လို႔ ခင္ဗ်ား ထင္လား။ သူက သူ႔သူငယ္ခ်င္းေတြနဲ႔ သူ႔ အသင္းေဖာ္ေတြကို ေျပာျပလိမ့္မယ္ဆိုတာ ခင္ဗ်ား မေတြးမိပါဘူး။ သူတို႔ေတြက ‘ဒီနည္းျပသစ္က နည္းနည္း ခ်ီးထုပ္က်တယ္’လို႔ ထင္သြားမွာပါ။ အဲဒါက တစ္သင္းလုံးအတြက္ ေကာင္းမြန္တဲ့ ကစားသမားေတြအေပၚ စီမံခန႔္ခြဲမႈမဟုတ္ပါဘူး။ ဒီကိစၥက ဒီမွာတင္ ၿပီးသြားလိမ့္မယ္လို႔မ်ား သူ ေတြးခဲ့တာလား”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒန္နီ ေမးလ္က ဂြါဒီယိုလာအေနနဲ႔ ကစားသမားေတြအေပၚ စီမံခန႔္ခြဲရာမွာ အဂၤလန္လက္ေရြးစင္နည္းျပေဟာင္း ဆဗင္ ဂိုရန္ အဲရစ္ဆင္ရဲ့ နည္းစနစ္ကို အတုယူသင့္တယ္လို႔ ယုံၾကည္ေနၿပီး မန္စီးတီးနည္းျပေဟာင္းက ၎ကို စီးတီးက ပညာရွိနည္းနဲ႔ ထြက္ခြာေအာင္ ဘယ္လိုေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္က မန္စီးတီးမွာ အဲဒီလို စကားေျပာဆိုမႈေတြ လုပ္ခဲ့ရတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တယ္။ ကၽြန္ေတာ္ အခ်ိန္အၾကာႀကီး အသင္းလူစာရင္းကေန ထုတ္ခံခဲ့ရတယ္။ ၂ ႏွစ္နီးပါးေလာက္ၾကပါတယ္။ ဆဗင္ ေရာက္လာၿပီး သူတို႔ေတြ ဗီဒရန္ ေခ်ာ္လူကာကို ညာေနာက္ခံလူတစ္ေယာက္အတြက္ အရမ္းမ်ားလြန္းတဲ့ ေပါင္ ၈ သန္းဝန္းက်င္ေလာက္နဲ႔ ေခၚလာခဲ့တယ္”

“ဆဗင္က ကၽြန္ေတာ့္ကို အသာေခၚၿပီး ‘အရင္တုန္းက မင္းလုပ္ခဲ့တာေတြအတြက္ ငါ တကယ္ကို အသိအမွတ္ျပဳ ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ မင္းက လူစာရင္းထဲမွာ မပါရေတာ့တာ ေတာ္ေတာ္ေလးၾကာသြားၿပီ။ အဲဒါေၾကာင့္ ငါ ဒီ ညာေနာက္ခံကစားသမားသစ္ကို ဝယ္ခဲ့ၿပီး သူ ကစားလိမ့္မယ္။ သူ ႀကံ့ခိုင္ေနရင္ သူ ကစားရမယ္။ မင္းကေတာ့ ဒီရာသီမွာ ကစားရမယ့္ပုံမေပၚဘူး။ မင္း ဆက္ေနမယ္ဆိုရင္လည္း ကိစၥမရွိပါဘူး။ မင္းက လူေကာင္းတစ္ေယာက္ဆိုတာ ငါ သိတယ္။ မင္း အရန္ခုံေပၚမွာ ဆက္ေနခ်င္တယ္ဆိုရင္ အခုေရာ ေနာက္ေရာ အဲဒီမွာ မင္းေနရနိုင္တယ္’တဲ့”

“ၿပီးေတာ့ သူက ဆက္ၿပီးေတာ့ ‘ဒါမွမဟုတ္ မင္း အသင္းေျပာင္းေရႊ႕ခ်င္ရင္ ဒါမွမဟုတ္ အငွားနဲ႔ ထြက္ကစားခ်င္ရင္လည္း အဲဒါနဲ႔ပတ္သက္ၿပီး ကိစၥမရွိပါဘူး။ မင္း သေဘာအတိုင္းပဲ။ ငါကေတာ့ အဲဒီလမ္း ၂ လမ္းထဲက ဘယ္လမ္းျဖစ္ျဖစ္ အဆင္ေျပတယ္’လို႔ ေျပာခဲ့တယ္။ သူ႔ရဲ့ ရိုးသားမႈကို ကၽြန္ေတာ္ ေလးစားခဲ့ၿပီး အဲဒီလို ေျပာခဲ့တဲ့အတြက္ သူ႔ကို ကၽြန္ေတာ္ ေက်းဇူးတင္မိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ နည္းျပတိုင္းက ခင္ဗ်ားကို ကစားသမားတစ္ေယာက္အျဖစ္နဲ႔ သေဘာက်မွာမဟုတ္လို႔ပါ။ အခ်ိဳ႕နည္းျပေတြသာဆိုရင္ ကၽြန္ေတာ့္ကို ‘ဆက္ႀကိဳးစားကြာ။ မင္း ဝင္ကစားရမွာပါ’ဆိုၿပီး ေျပာၾကလိမ့္မယ္။ ေမၽွာ္လင့္ခ်က္ အမွားေတြက ေမၽွာ္လင့္ခ်က္မရွိနိုင္ပါဘူး။ သူက မွန္ကန္တဲ့ အျပဳအမူကို ျပဳမူခဲ့တယ္။ သူ ကၽြန္ေတာ့္ကို ေဆးမထိုးခဲ့ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.