Premier League

ယူႏုိက္တက္တိုက္စစ္အတြဲထက္ ပုိေကာင္းတဲ့သူ ပရီးမီးယားလိဂ္မွာ မရွိဘူးလို႔ ဖီးလ္ နဗီးလ္ခ်ီးက်ဴး

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္အတြဲအဖက္ျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီ မာစီယယ္လ္နဲ႔ ေမဆန္ ဂရင္းဝုဒ္တုိ႔ရဲ႕ တုိက္စစ္အတြဲထက္ ပုိေကာင္းတဲ့သူေတြကို ပရီးမီးယားလိဂ္မွာ ထပ္ရွာဖို႔ မျဖစ္ႏုိင္ဘူးလို႔ အသင္းေနာက္ခံလူေဟာင္း ဖီးလ္ နဗီးလ္က ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

သရဲနီေတြရဲ႕ တုိက္စစ္အတြဲအဖက္ဟာ ကိုဗစ္ေလာ့ခ္ေဒါင္းကာလအၿပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္စတင္ခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ ကစားထားတဲ့ ေနာက္ဆုံး ၇ ပြဲမွာ ၆ ပြဲမွာ အနည္းဆုံးတစ္ဦးက ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဘုန္းေမာက္နဲ႔ အိမ္ကြင္းႏုိင္ပြဲမွာေတာ့ သုံးဦးစလုံး ဂိုးရရွိႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပဳိင္ပြဲစုံမွာ သူတုိ႔သုံးဦးစလုံးရဲ႕ သြင္းဂိုးစုစုေပါင္းကေတာ့ ၿပီးခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲက သြင္းဂိုးႏွစ္ဂိုးကိုပါ ထည့္သြင္းေရတြက္ရင္ ဂိုး ၆၀ ရွိသြားခဲ့ၿပီျဖစ္ၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲမွာ အဆင့္ ၅ ေနရာမွာ ရပ္တည္ႏုိင္ေအာင္ စြမ္းေဆာင္ေပးထားႏုိင္ခဲ့ၾကတာပါ။

“သူတုိ႔သုံးေယာက္ကေတာ့ အသင္းမွာ အေကာင္းဆုံးပါပဲ။ ဂရင္းဝုဒ္ပါ ဒီအတြဲထဲ ပါလာတဲ့ အခါမွာေတာ့ လီဗာပူးလ္နဲ႔ မန္စီးတီးတုိက္စစ္ေတြထက္ေတာင္ သာသြားမယ္ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ သူတုိ႔သုံးေယာက္ဟာ တုိက္စစ္ေနရာသုံးခုကို ႀကဳိက္သလို ေျပာင္းလဲၿပီး ေနရာယူႏုိင္ၾကလို႔ပါပဲ”လို႔ အဂၤလန္အမ်ဳိးသမီးနည္းျပ နဗီးလ္က ဆုိပါတယ္။

ဒီလိုခ်ီးက်ဴးခဲ့ေပမယ့္ ဖီးလ္ နဗီးလ္က ဒီသုံးေယာက္ရဲ႕ အင္အားကို စဥ္းစားတဲ့အခါမွာ သူတုိ႔နည္းတူ ပါဝင္ကစားႏုိင္မယ့္ တုိက္စစ္မွဴးတစ္ဦးကိုေတာ့ အေျပာင္းအလဲလုပ္ႏုိင္ဖို႔ ထပ္မံၿပီး ရင္းႏွီးျမႇုပ္ႏွံသင့္တယ္လို႔ သူတုိ႔ရဲ႕ ပြဲပန္းႏုိင္ေျခအေပၚမွာ စဥ္းစားေပးသြားခဲ့ၿပီး အသင္းကိုလည္း ဒီအတြက္ ေခၚယူဖို႔ အႀကံျပဳထားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်အတွဲအဖက်ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ မာစီယယ်လ်နဲ့ မေဆန် ဂရင်းဝုဒ်တို့ရဲ့ တိုက်စစ်အတွဲထက် ပိုကောင်းတဲ့သူတွေကို ပရီးမီးယားလိဂ်မှာ ထပ်ရှာဖို့ မဖြစ်နိုင်ဘူးလို့ အသင်းနောက်ခံလူဟောင်း ဖီးလ် နဗီးလ်က ချီးကျူးပြောကြားလိုက်ပါတယ်။

သရဲနီတွေရဲ့ တိုက်စစ်အတွဲအဖက်ဟာ ကိုဗစ်လော့ခ်ဒေါင်းကာလအပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်ကတည်းက လက်ရှိအချိန်အထိ ကစားထားတဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲမှာ အနည်းဆုံးတစ်ဦးက ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘုန်းမောက်နဲ့ အိမ်ကွင်းနိုင်ပွဲမှာတော့ သုံးဦးစလုံး ဂိုးရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲစုံမှာ သူတို့သုံးဦးစလုံးရဲ့ သွင်းဂိုးစုစုပေါင်းကတော့ ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက သွင်းဂိုးနှစ်ဂိုးကိုပါ ထည့်သွင်းရေတွက်ရင် ဂိုး ၆၀ ရှိသွားခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ကြတာပါ။

“သူတို့သုံးယောက်ကတော့ အသင်းမှာ အကောင်းဆုံးပါပဲ။ ဂရင်းဝုဒ်ပါ ဒီအတွဲထဲ ပါလာတဲ့ အခါမှာတော့ လီဗာပူးလ်နဲ့ မန်စီးတီးတိုက်စစ်တွေထက်တောင် သာသွားမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သုံးယောက်ဟာ တိုက်စစ်နေရာသုံးခုကို ကြိုက်သလို ပြောင်းလဲပြီး နေရာယူနိုင်ကြလို့ပါပဲ”လို့ အင်္ဂလန်အမျိုးသမီးနည်းပြ နဗီးလ်က ဆိုပါတယ်။

ဒီလိုချီးကျူးခဲ့ပေမယ့် ဖီးလ် နဗီးလ်က ဒီသုံးယောက်ရဲ့ အင်အားကို စဉ်းစားတဲ့အခါမှာ သူတို့နည်းတူ ပါဝင်ကစားနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကိုတော့ အပြောင်းအလဲလုပ်နိုင်ဖို့ ထပ်မံပြီး ရင်းနှီးမြှုပ်နှံသင့်တယ်လို့ သူတို့ရဲ့ ပွဲပန်းနိုင်ခြေအပေါ်မှာ စဉ်းစားပေးသွားခဲ့ပြီး အသင်းကိုလည်း ဒီအတွက် ခေါ်ယူဖို့ အကြံပြုထားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.