Premier League

ဘုန္းေမာက္နဲ႔ အက္စတန္ဗီလာတုိ႔ တန္းဆင္းရဖို႔ မ်ားလာတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၆

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ မွာေတာ့ လိုအပ္တဲ့ ရမွတ္ေတြကို မရယူႏုိင္ခဲ့ဘဲ သေရနဲ႔ အရွဳံးရလဒ္ေတြသာ ရရွိခဲ့တဲ့ တန္းဆင္းဇုန္ လက္က်န္ႏွစ္ေနရာ အဆင့္ ၁၈ နဲ႔ ၁၉ က ဘုန္းေမာက္နဲ႔ အက္စတန္ဗီလာအသင္းေတြဟာ ခ်န္ပီယံရွစ္ကို တစ္ေက်ာ့ျပန္သြားေရာက္ရဖို႔ ေတာ္ေတာ္ေလး နီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။

အေဝးကြင္းမွာ မန္ခ်က္စတာစီးတီးကို ကစားပုံေကာင္းခဲ့ေပမယ့္လည္း ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ ဘုန္းေမာက္တုိ႔ကေတာ့ ပြဲစဥ္ ၃၆ အၿပီးမွာ ၈ ပြဲႏုိင္ ၇ ပြဲသေရ၊ ၂၁ ပြဲရွဳံး၊ ရဂိုး ၃၇ ဂိုး၊ ေပးဂိုး ၆၂ ဂိုး၊ ဂိုးကြာျခားခ်က္ -၂၅၊ ရမွတ္ ၃၁ မွတ္နဲ႔ အဆင့္ ၁၈ ေနရာကေန ေမွ်ာ္လင့္ခ်က္ေရးေရးကို ဆုပ္ကိုင္ထားႏုိင္ေပမယ့္ အားရွိစရာေတာ့ မေကာင္းလွတာျဖစ္ပါတယ္။

အက္စတန္ဗီလာကလည္း အေဝးကြင္းမွာ ဥေရာပ ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့ အဲဗာတန္နဲ႔ ကစားခဲ့ရေပမယ့္ ပြဲၿပီးခါနီးမွာမွ ေပးလုိက္ရတဲ့ ေခ်ပဂိုးေၾကာင့္ မေပ်ာ္ရႊင္ႏုိင္ခဲ့ဘဲ အဆင့္ ၁၉ မွာ ၃၆ ပြဲကစား၊ ၈ ပြဲႏုိင္ ၇ ပြဲသေရ၊ ၂၁ ပြဲရွဳံး၊ ရဂိုး ၃၉ ဂိုး၊ ေပးဂိုး ၆၆ ဂိုး၊ ဂိုးကြာျခားခ်က္ -၂၇၊ ရမွတ္ ၃၁ မွတ္နဲ႔ ရပ္တည္ထားခဲ့ပါတယ္။

သူတုိ႔ႏွစ္သင္းအေနနဲ႔ ေျခေခ်ာ္မလားဆုိၿပီး ေစာင့္ၾကည့္ခံေနရတဲ့ အဆင့္ ၁၆ နဲ႔ ၁၇ က ဝက္စ္ဟမ္းနဲ႔ ဝတ္ဖို႔ဒ္တုိ႔ကေတာ့ ဒီေန႔ညမွာ ဝက္စ္ဟမ္းရဲ႕ အိမ္ကြင္းမွာ ကစားၾကရမွာျဖစ္ၿပီး သူတို႔ႏွစ္သင္းထဲက အရွဳံးအႏိုင္ မျပတ္သားဘဲ သေရတစ္မွတ္စီ ခြဲယူသြားခဲ့ရင္ေတာ့ ဘုန္းေမာက္နဲ႔ ဗီလာတုိ႔အတြက္ ေမွ်ာ္လင့္ခ်က္က ပုိနည္းလာမွာျဖစ္ပါတယ္။

အဆင့္ ၁၅ က ဘ႐ိုက္တန္ကေတာ့ ၆ မွတ္ ကြာဟေနၿပီျဖစ္လို႔ လက္က်န္ႏွစ္ပြဲရွဳံးရင္ဆုိတဲ့ သခ်ၤာနည္းအရ မလြတ္ေျမာက္ေသးေပမယ့္ ေျခစြမ္းနဲ႔ ျဖစ္ႏုိင္ေျခအရေတာ့ ဂိုးကြာျခားခ်က္ ၉ ဂိုးအသာနဲ႔ ေတာ္ေတာ္ေလး အေျခခိုင္ေနခဲ့ၿပီလည္းျဖစ္လို႔ အားနည္းသူေတြကို သနားငဲ့ညႇာတတ္သူေတြအတြက္ေတာ့ လက္က်န္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ရင္တမမနဲ႔ ၾကည့္ရမွာျဖစ္ၿပီး အမွတ္မလိုတဲ့ ေဆာက္သမ္တန္နဲ႔ ေတြ႕မယ့္ ဗီလာအတြက္ေတာ့ အနည္းငယ္ ေမွ်ာ္လင့္ခ်က္ထားႏုိင္စရာရွိေၾကာင္း သုံးသပ္ေဖာ္ျပေပးလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာတော့ လိုအပ်တဲ့ ရမှတ်တွေကို မရယူနိုင်ခဲ့ဘဲ သရေနဲ့ အရှုံးရလဒ်တွေသာ ရရှိခဲ့တဲ့ တန်းဆင်းဇုန် လက်ကျန်နှစ်နေရာ အဆင့် ၁၈ နဲ့ ၁၉ က ဘုန်းမောက်နဲ့ အက်စတန်ဗီလာအသင်းတွေဟာ ချန်ပီယံရှစ်ကို တစ်ကျော့ပြန်သွားရောက်ရဖို့ တော်တော်လေး နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

အဝေးကွင်းမှာ မန်ချက်စတာစီးတီးကို ကစားပုံကောင်းခဲ့ပေမယ့်လည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘုန်းမောက်တို့ကတော့ ပွဲစဉ် ၃၆ အပြီးမှာ ၈ ပွဲနိုင် ၇ ပွဲသရေ၊ ၂၁ ပွဲရှုံး၊ ရဂိုး ၃၇ ဂိုး၊ ပေးဂိုး ၆၂ ဂိုး၊ ဂိုးကွာခြားချက် -၂၅၊ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၈ နေရာကနေ မျှော်လင့်ချက်ရေးရေးကို ဆုပ်ကိုင်ထားနိုင်ပေမယ့် အားရှိစရာတော့ မကောင်းလှတာဖြစ်ပါတယ်။

အက်စတန်ဗီလာကလည်း အဝေးကွင်းမှာ ဥရောပ မျှော်လင့်ချက်မရှိတော့တဲ့ အဲဗာတန်နဲ့ ကစားခဲ့ရပေမယ့် ပွဲပြီးခါနီးမှာမှ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် မပျော်ရွှင်နိုင်ခဲ့ဘဲ အဆင့် ၁၉ မှာ ၃၆ ပွဲကစား၊ ၈ ပွဲနိုင် ၇ ပွဲသရေ၊ ၂၁ ပွဲရှုံး၊ ရဂိုး ၃၉ ဂိုး၊ ပေးဂိုး ၆၆ ဂိုး၊ ဂိုးကွာခြားချက် -၂၇၊ ရမှတ် ၃၁ မှတ်နဲ့ ရပ်တည်ထားခဲ့ပါတယ်။

သူတို့နှစ်သင်းအနေနဲ့ ခြေချော်မလားဆိုပြီး စောင့်ကြည့်ခံနေရတဲ့ အဆင့် ၁၆ နဲ့ ၁၇ က ဝက်စ်ဟမ်းနဲ့ ဝတ်ဖို့ဒ်တို့ကတော့ ဒီနေ့ညမှာ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ ကစားကြရမှာဖြစ်ပြီး သူတို့နှစ်သင်းထဲက အရှုံးအနိုင် မပြတ်သားဘဲ သရေတစ်မှတ်စီ ခွဲယူသွားခဲ့ရင်တော့ ဘုန်းမောက်နဲ့ ဗီလာတို့အတွက် မျှော်လင့်ချက်က ပိုနည်းလာမှာဖြစ်ပါတယ်။

အဆင့် ၁၅ က ဘရိုက်တန်ကတော့ ၆ မှတ် ကွာဟနေပြီဖြစ်လို့ လက်ကျန်နှစ်ပွဲရှုံးရင်ဆိုတဲ့ သင်္ချာနည်းအရ မလွတ်မြောက်သေးပေမယ့် ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေအရတော့ ဂိုးကွာခြားချက် ၉ ဂိုးအသာနဲ့ တော်တော်လေး အခြေခိုင်နေခဲ့ပြီလည်းဖြစ်လို့ အားနည်းသူတွေကို သနားငဲ့ညှာတတ်သူတွေအတွက်တော့ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပြီး အမှတ်မလိုတဲ့ ဆောက်သမ်တန်နဲ့ တွေ့မယ့် ဗီလာအတွက်တော့ အနည်းငယ် မျှော်လင့်ချက်ထားနိုင်စရာရှိကြောင်း သုံးသပ်ဖော်ပြပေးလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.