Match Report Premier League

ခ်န္ပီယံလိဂ္သမားကို ယူ႐ိုပါလိဂ္သမား မရပ္တန္႔ႏုိင္ခဲ့တဲ့ လက္စတာတုိ႔ရဲ႕ႏုိင္ပြဲ

ကင္းပါဝါကြင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႀကဳိးစားေနတဲ့ လက္စတာစီးတီးအသင္းနဲ႔ ယူ႐ိုပါလိဂ္အတြက္ ႐ုန္းေနတဲ့ ရွက္ဖီးလ္ယူႏုိက္တက္တုိ႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေျမေခြးေတြရဲ႕ စုဖြဲ႕တုိက္စစ္ကို အေဝးကြင္းမွာ လာေရာက္ကစားတဲ့ ဓားသြားေတြ အရင္ပြဲကလိုမ်ဳိး မထက္ျမမွဳနဲ႔အတူ အရွဳံးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

လက္စတာကေတာ့ ဒီေန႔ပြဲမွာ ၃-၄-၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး အသင္းေခါင္းေဆာင္ ဝက္စ္ ေမာ္ဂန္ ျပန္လည္ပါဝင္လာခဲ့သလို ဘယ္ေနာက္ခံေနရာမွာ စီနီယာကစားသမားေတြရဲ႕ ဒဏ္ရာေတြေၾကာင့္ အသက္ ၁၉ ႏွစ္အရြယ္ ေက်ာနံပါတ္ ၅၆ လုခ္ ေသာမတ္စ္ကို သုံးစြဲခဲ့ရၿပီး က်န္တဲ့ကစားသမားေတြကိုေတာ့ အေတာင့္တင္းဆုံးလူစာရင္းနဲ႔ ဗာဒီကို အေထာင္ထားၿပီး ပြဲထြက္ေစခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ ကြင္းလယ္မွာ ဖလက္ခ္နဲ႔ လန္းစ္ထရမ္တုိ႔ကို မသုံးခဲ့ဘဲ ဆန္ဒါ ဘာဂါကို ေအာ့စ္ဘြန္းနဲ႔ တြဲေပးခဲ့ရမွာေတာ့ အနည္းငယ္ အားနည္းခဲ့လုိ႔ အိမ္ရွင္ကြင္းလယ္ကို မယွဥ္ႏိုင္ခဲ့ဘဲ ခံစစ္မွာ ပုိအခ်ိန္ကုန္ေနခဲ့သလို ဝိုင္လ္ဒါဟာ သူကစားေနက်ပုံစံမ်ဳိးကိုလည္း လုပ္မျပႏုိင္ခဲ့တာ ေတြ႕ရပါတယ္။

ဒီေန႔ပြဲမွာ လူငယ္ေနာက္ခံလူ ေသာမတ္စ္ရဲ႕ ျဖတ္တင္ေဘာေတြ ေကာင္းမြန္ခဲ့လို႔ လက္စတာရဲ႕ ေတာင္ပံေတြက ရွက္ဖီးလ္တုိ႔ကို ေမာင္းကစားခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက သူ႕ရဲ႕အနိမ့္ေဘာကို အယိုေဇ ပီရက္ဇ္က ကန္သြင္းရာမွာ ဧည့္သည္ေနာက္ခံလူ အိုကြန္နဲလ္ရဲ႕ ေျခေထာက္ၾကားက ဝင္သြားခဲ့ရာမွာ ဂိုးသမား ဟန္ဒါဆန္ မဖမ္းႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပထမပုိင္းကိုေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ လက္စတာတုိ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပုိင္းမွာေတာ့ ရွက္ဖီးလ္ဒ္ဘက္က ဖလက္ခ္၊ လန္းစထရမ္နဲ႔ မူးေဆးတုိ႔ကို တစ္ၿပဳိင္တည္း လဲကစားခဲ့ၿပီး တုိက္စစ္ဆင္လာခဲ့ေပမယ့္ ဗာဒီရဲ႕ ေျပးအားနဲ႔ တန္ျပန္တုိက္စစ္ေတြက ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး မိနစ္ ၅၀ မွာ တုိင္ထိထြက္ခဲ့လုိ႔ လက္စတာတုိ႔ နစ္နာခဲ့ရပါတယ္။

ရွက္ဖီးလ္ဒ္တုိ႔ တုိက္စစ္ဆင္ေနပုံကေတာ့ ေရွ႕မွာ ဖိကစားႏုိင္တာကလြဲလုိ႔ အလုပ္မျဖစ္ခဲ့ခ်ိန္မွာ လက္စတာရဲ႕ တန္ျပန္တုိက္စစ္ေတြကေန ဗာဒီရဲ႕ ဖန္တီးေပးပုိ႔မွဳႏွစ္ႀကိမ္ကို ပြဲခ်ိန္ ၅၆ မိနစ္နဲ႔ မိနစ္ ၆၀ ေတြမွာ ေတာင္ပံကစားသမား ဟာဗီ ဘန္းစ္က ႏွစ္ႀကိမ္တုိင္တုိင္ ျဖဳန္းတီးပစ္ခဲ့လို႔ အိမ္ရွင္တုိ႔ ဒုတိယဂိုးနဲ႔ ေဝးေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဆြဲေျပးၿပီး ေတာက္ေလွ်ာက္ဖန္တီးေပးေနခဲ့တဲ့ ဖန္တီးမွဳက အရာထင္ခဲ့ၿပီး ဘယ္ျခမ္းကေန သူခ်ဳိးေပးလုိက္တဲ့ ေဘာလုံးကို ျဖဳန္းတီးေနခဲ့တဲ့ ဘန္းစ္အစားဝင္လာတဲ့ ဒီမာ႐ိုင္ ဂေရးက အနိမ့္ေဘာ ကန္သြင္းယူခဲ့ၿပီး လက္စတာတုိ႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

ဒီရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ခ်ိန္မွာေတာ့ လက္စတာတုိ႔ ၃၆ ပြဲကစားအၿပီးမွာ ၆၂ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ဆဲျဖစ္သလို ဖိအားေပးထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ ေျပးေနဆဲျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕ၾကားက အေျဖကိုေတာ့ ရာသီပိတ္ပြဲစဥ္ ၃၈ မွာ ကင္းပါဝါကြင္းအထိ ေစာင့္ၾကည့္ရဖြယ္ရွိေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကင်းပါဝါကွင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ လက်စတာစီးတီးအသင်းနဲ့ ယူရိုပါလိဂ်အတွက် ရုန်းနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်မြေခွေးတွေရဲ့ စုဖွဲ့တိုက်စစ်ကို အဝေးကွင်းမှာ လာရောက်ကစားတဲ့ ဓားသွားတွေ အရင်ပွဲကလိုမျိုး မထက်မြမှုနဲ့အတူ အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

လက်စတာကတော့ ဒီနေ့ပွဲမှာ ၃-၄-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အသင်းခေါင်းဆောင် ဝက်စ် မော်ဂန် ပြန်လည်ပါဝင်လာခဲ့သလို ဘယ်နောက်ခံနေရာမှာ စီနီယာကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် အသက် ၁၉ နှစ်အရွယ် ကျောနံပါတ် ၅၆ လုခ် သောမတ်စ်ကို သုံးစွဲခဲ့ရပြီး ကျန်တဲ့ကစားသမားတွေကိုတော့ အတောင့်တင်းဆုံးလူစာရင်းနဲ့ ဗာဒီကို အထောင်ထားပြီး ပွဲထွက်စေခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်တို့ကတော့ ကွင်းလယ်မှာ ဖလက်ခ်နဲ့ လန်းစ်ထရမ်တို့ကို မသုံးခဲ့ဘဲ ဆန်ဒါ ဘာဂါကို အော့စ်ဘွန်းနဲ့ တွဲပေးခဲ့ရမှာတော့ အနည်းငယ် အားနည်းခဲ့လို့ အိမ်ရှင်ကွင်းလယ်ကို မယှဉ်နိုင်ခဲ့ဘဲ ခံစစ်မှာ ပိုအချိန်ကုန်နေခဲ့သလို ဝိုင်လ်ဒါဟာ သူကစားနေကျပုံစံမျိုးကိုလည်း လုပ်မပြနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီနေ့ပွဲမှာ လူငယ်နောက်ခံလူ သောမတ်စ်ရဲ့ ဖြတ်တင်ဘောတွေ ကောင်းမွန်ခဲ့လို့ လက်စတာရဲ့ တောင်ပံတွေက ရှက်ဖီးလ်တို့ကို မောင်းကစားခွင့်ရခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ ဘယ်တောင်ပံက သူ့ရဲ့အနိမ့်ဘောကို အယိုဇေ ပီရက်ဇ်က ကန်သွင်းရာမှာ ဧည့်သည်နောက်ခံလူ အိုကွန်နဲလ်ရဲ့ ခြေထောက်ကြားက ဝင်သွားခဲ့ရာမှာ ဂိုးသမား ဟန်ဒါဆန် မဖမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းကိုတော့ တစ်ဂိုး-ဂိုးမရှိနဲ့ လက်စတာတို့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရှက်ဖီးလ်ဒ်ဘက်က ဖလက်ခ်၊ လန်းစထရမ်နဲ့ မူးဆေးတို့ကို တစ်ပြိုင်တည်း လဲကစားခဲ့ပြီး တိုက်စစ်ဆင်လာခဲ့ပေမယ့် ဗာဒီရဲ့ ပြေးအားနဲ့ တန်ပြန်တိုက်စစ်တွေက ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး မိနစ် ၅၀ မှာ တိုင်ထိထွက်ခဲ့လို့ လက်စတာတို့ နစ်နာခဲ့ရပါတယ်။

ရှက်ဖီးလ်ဒ်တို့ တိုက်စစ်ဆင်နေပုံကတော့ ရှေ့မှာ ဖိကစားနိုင်တာကလွဲလို့ အလုပ်မဖြစ်ခဲ့ချိန်မှာ လက်စတာရဲ့ တန်ပြန်တိုက်စစ်တွေကနေ ဗာဒီရဲ့ ဖန်တီးပေးပို့မှုနှစ်ကြိမ်ကို ပွဲချိန် ၅၆ မိနစ်နဲ့ မိနစ် ၆၀ တွေမှာ တောင်ပံကစားသမား ဟာဗီ ဘန်းစ်က နှစ်ကြိမ်တိုင်တိုင် ဖြုန်းတီးပစ်ခဲ့လို့ အိမ်ရှင်တို့ ဒုတိယဂိုးနဲ့ ဝေးနေခဲ့ရပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးပြီး တောက်လျှောက်ဖန်တီးပေးနေခဲ့တဲ့ ဖန်တီးမှုက အရာထင်ခဲ့ပြီး ဘယ်ခြမ်းကနေ သူချိုးပေးလိုက်တဲ့ ဘောလုံးကို ဖြုန်းတီးနေခဲ့တဲ့ ဘန်းစ်အစားဝင်လာတဲ့ ဒီမာရိုင် ဂရေးက အနိမ့်ဘော ကန်သွင်းယူခဲ့ပြီး လက်စတာတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဒီရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ချိန်မှာတော့ လက်စတာတို့ ၃၆ ပွဲကစားအပြီးမှာ ၆၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ဆဲဖြစ်သလို ဖိအားပေးထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ထက် ဂိုးကွာခြားချက်အသာနဲ့ ပြေးနေဆဲဖြစ်ပြီး သူတို့နှစ်ဦးရဲ့ကြားက အဖြေကိုတော့ ရာသီပိတ်ပွဲစဉ် ၃၈ မှာ ကင်းပါဝါကွင်းအထိ စောင့်ကြည့်ရဖွယ်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.