Match Report Premier League

ပုံစံေကာင္းမရွိခ်ိန္မွာ အမွားလုပ္ခဲ့တဲ့ လီဗာပူးလ္ကို အႏုိင္ယူခဲ့တဲ့ အာဆင္နယ္

ခ်န္ပီယံျဖစ္ခါနီးကတည္းက ပြဲပန္းမွဳဒဏ္ေတြနဲ႔ ေျခစြမ္းက်ဆင္းလာတဲ့ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ပြဲစဥ္မွာ အိမ္ကြင္းမွာ သေရသာ ကစားႏုိင္ခဲ့သလို ဒီေန႔မွာလည္း ကစားကြက္အေျပာင္းအလဲလုပ္ထားခဲ့တဲ့ အာဆင္နယ္အသင္းကို အမွားေတြနဲ႔အတူ ရွဳံးနိမ္ခဲ့ရၿပီး လန္ဒန္သားေတြ အတြက္ေတာ့ အဖိုးတန္ သုံးမွတ္ကို ရရွိခဲ့တာလည္းျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီက လူစာရင္းကို ၅ ေနရာအထိ အေျပာင္းအလဲလုပ္ထားခဲ့တဲ့ အာဆင္နယ္အသင္းဟာ ဒီေန႔ပြဲကို ခပ္႐ိုး႐ိုး ခပ္ရွင္းရွင္းပုံစံနဲ႔ပဲ ခ်ဥ္းကပ္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ ေတာင္ပံသမားေတြကို တားဆီးႏုိင္ဖို႔ အဓိကျပင္ဆင္လာခဲ့သလို ဒီဗ်ဴဟာက အတုိင္းအတာတစ္ခုအထိ ေအာင္ျမင္ခဲ့တာကိုလည္း ေတြ႕ရၿပီး မာေနးနဲ႔ ဆာလားတုိ႔ ထင္သေလာက္ အခြင့္အေရးမရခဲ့တာကို ျမင္ခဲ့ရပါတယ္။

ေဘာလုံးမရခ်ိန္ေတြမွာ ကြင္းလယ္မွာ စုစည္းကစားႏုိင္ဖို႔နဲ႔ Pressing ျပန္လည္ကစားႏုိင္ဖို႔ လုပ္ေဆာင္သြားတဲ့အထဲမွာ ေပေပကို ဘယ္ျခမ္းမွာ ထားၿပီး နယ္လ္ဆန္ကို ညာျခမ္းမွာ သုံးခဲ့တာကလည္း ဒီေန႔ပြဲရဲ႕ ကံေကာင္းျခင္းေတြကို ရယူႏုိင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ အမွားေတြကို ကြက္တိ အသုံးခ်သြားႏုိင္ခဲ့ပါတယ္။

ဒီပြဲရဲ႕ အဖြင့္ဂိုးကိုေတာ့ လီဗာပူးလ္တုိ႔က စရခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဖာမီႏိုက ေဘာလုံးရလာခဲ့ၿပီး ဘယ္ျခမ္းက တက္လာတဲ့ ေရာဘတ္ဆန္ ဆီကို ေပးတာကတစ္ဆင့္ စေကာ့ဘယ္ေနာက္ခံလူက ျပန္ခ်ဳိးေပးတာကို ခ်ာကာနဲ႔ တီယာနီတုိ႔ႏွစ္ေယာက္ၾကားက မာကင္လြတ္ေနတဲ့ မာေနးက ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ ေျပးအားရွိတဲ့ နယ္လ္ဆန္ရဲ႕ ဖိအားတခ်ဳိ႕ကို လီဗာပူးလ္ဘယ္ျခမ္းက ရင္ဆုိင္ေနခဲ့ရၿပီး ပြဲခ်ိန္ ၂၁ မိနစ္က အခြင့္အေရးက ဂိုးမျဖစ္ခဲ့ေပမယ့္ ၃၂ မိနစ္မွာေတာ့ နယ္လ္ဆန္ရဲ႕ ေဘာလုံးလုယူမွဳကေန ဗန္ဒိုက္ အမွားလုပ္ၿပီး ေနာက္ျပန္ေပးတာကို လာကာဇက္က ျဖတ္ယူၿပီး ဂိုးသမား အယ္လီဆန္ကိုပါ ေက်ာ္ျဖတ္ၿပီးမွ သြင္းယူေခ်ပႏုိင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ အာဆင္နယ္တုိ႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကေတာ့ ေနာက္ခံလူ ေရာဘတ္ဆန္ရဲ႕ လက္ပစ္ေဘာကို ဂိုးသမား အယ္လီဆန္ ျပန္ေပးပုံ ေပါ့ေလ်ာ့တာကတစ္ဆင့္ လာကာဇက္က ရယူသြားၿပီး ျပန္ခ်ဳိးေပးတာကို နယ္လ္ဆန္က သူ႕ကို ကာထားတဲ့ ဂ်ဳိးဂိုမက္ဇ္ရဲ႕ ေဘးကေန သူ႕ရဲ႕ ပထမဆုံးပရီးမီးယားလိဂ္ဂိုးအျဖစ္ အသင္းအတြက္ အႏိုင္ဂိုး ရွာေဖြႏုိင္ခဲ့ပါတယ္။

ပထမပုိင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အာဆင္နယ္တုိ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပုိင္းမွာေတာ့ ေတာ္ရဲရား၊ နယ္လ္ဆင္၊ လာကာဇက္တုိ႔အစား ဝီေလာ့ခ္၊ အူဘာမီယန္းနဲ႔ စီဘာေယာ့စ္တုိ႔ကို ထည့္ကစားခဲ့ၿပီး လီဗာပူးလ္တုိ႔ကေတာ့ ခ်ိမ္ဘာလိန္နဲ႔ ဖာမီႏို ေနရာမွာ ကီတာနဲ႔ မီနာမီႏိုတုိ႔ကို ထည့္သြင္းခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ အေတာ္ေလး အလုပ္မ်ားေနခဲ့ၿပီး ခံစစ္ပုိင္းကလည္း လီဗာပူးလ္ရဲ႕ ေခ်ပဂိုးရရွိဖို႔ ဖိအားေပးမွဳအတြက္ ႐ုန္းကန္ခဲ့ရေပမယ့္ ထိန္းသိမ္းသြားႏုိင္ခဲ့ၿပီး တုိက္စစ္ကေတာ့ အခြင့္အေရးတစ္ႀကိမ္ပဲ ျပန္လည္ရွာေဖြႏုိင္ခဲ့ေပမယ့္ အိမ္ကြင္းမွာ သုံးမွတ္ရရွိဖို႔ေတာ့ လုံေလာက္ခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ကေတာ့ ဒီရာသီခ်န္ပီယံကို အႏိုင္ရရွိခဲ့တဲ့ တတိယေျမာက္အသင္းျဖစ္လာခဲ့ၿပီး အိမ္ကြင္းမွာ ရယူႏုိင္ခဲ့တဲ့ သုံးမွတ္နဲ႔အတူ အဆင့္ ၉ ေနရာကေန ယူ႐ိုပါလိဂ္ဝင္ခြင့္ အဆင့္ ၇ ကို ေမွ်ာ္လင့္ခ်က္ထားႏုိင္ဆဲျဖစ္ၿပီး လက္က်န္ပြဲစဥ္ႏွစ္ပြဲမွာ အေပၚက အသင္းေတြ အမွားလုပ္ခဲ့ရင္ အခြင့္အေရးယူႏုိင္ဖို႔ ျဖစ္ႏုိင္ေသးတဲ့ အေျခအေနမွာ ရွိဆဲျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချန်ပီယံဖြစ်ခါနီးကတည်းက ပွဲပန်းမှုဒဏ်တွေနဲ့ ခြေစွမ်းကျဆင်းလာတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့သလို ဒီနေ့မှာလည်း ကစားကွက်အပြောင်းအလဲလုပ်ထားခဲ့တဲ့ အာဆင်နယ်အသင်းကို အမှားတွေနဲ့အတူ ရှုံးနိမ်ခဲ့ရပြီး လန်ဒန်သားတွေ အတွက်တော့ အဖိုးတန် သုံးမှတ်ကို ရရှိခဲ့တာလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီက လူစာရင်းကို ၅ နေရာအထိ အပြောင်းအလဲလုပ်ထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲကို ခပ်ရိုးရိုး ခပ်ရှင်းရှင်းပုံစံနဲ့ပဲ ချဉ်းကပ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ရဲ့ တောင်ပံသမားတွေကို တားဆီးနိုင်ဖို့ အဓိကပြင်ဆင်လာခဲ့သလို ဒီဗျူဟာက အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တာကိုလည်း တွေ့ရပြီး မာနေးနဲ့ ဆာလားတို့ ထင်သလောက် အခွင့်အရေးမရခဲ့တာကို မြင်ခဲ့ရပါတယ်။

ဘောလုံးမရချိန်တွေမှာ ကွင်းလယ်မှာ စုစည်းကစားနိုင်ဖို့နဲ့ Pressing ပြန်လည်ကစားနိုင်ဖို့ လုပ်ဆောင်သွားတဲ့အထဲမှာ ပေပေကို ဘယ်ခြမ်းမှာ ထားပြီး နယ်လ်ဆန်ကို ညာခြမ်းမှာ သုံးခဲ့တာကလည်း ဒီနေ့ပွဲရဲ့ ကံကောင်းခြင်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ရဲ့ အမှားတွေကို ကွက်တိ အသုံးချသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ လီဗာပူးလ်တို့က စရခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာ ဖာမီနိုက ဘောလုံးရလာခဲ့ပြီး ဘယ်ခြမ်းက တက်လာတဲ့ ရောဘတ်ဆန် ဆီကို ပေးတာကတစ်ဆင့် စကော့ဘယ်နောက်ခံလူက ပြန်ချိုးပေးတာကို ချာကာနဲ့ တီယာနီတို့နှစ်ယောက်ကြားက မာကင်လွတ်နေတဲ့ မာနေးက ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးရအပြီးမှာတော့ ပြေးအားရှိတဲ့ နယ်လ်ဆန်ရဲ့ ဖိအားတချို့ကို လီဗာပူးလ်ဘယ်ခြမ်းက ရင်ဆိုင်နေခဲ့ရပြီး ပွဲချိန် ၂၁ မိနစ်က အခွင့်အရေးက ဂိုးမဖြစ်ခဲ့ပေမယ့် ၃၂ မိနစ်မှာတော့ နယ်လ်ဆန်ရဲ့ ဘောလုံးလုယူမှုကနေ ဗန်ဒိုက် အမှားလုပ်ပြီး နောက်ပြန်ပေးတာကို လာကာဇက်က ဖြတ်ယူပြီး ဂိုးသမား အယ်လီဆန်ကိုပါ ကျော်ဖြတ်ပြီးမှ သွင်းယူချေပနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကတော့ နောက်ခံလူ ရောဘတ်ဆန်ရဲ့ လက်ပစ်ဘောကို ဂိုးသမား အယ်လီဆန် ပြန်ပေးပုံ ပေါ့လျော့တာကတစ်ဆင့် လာကာဇက်က ရယူသွားပြီး ပြန်ချိုးပေးတာကို နယ်လ်ဆန်က သူ့ကို ကာထားတဲ့ ဂျိုးဂိုမက်ဇ်ရဲ့ ဘေးကနေ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ဂိုးအဖြစ် အသင်းအတွက် အနိုင်ဂိုး ရှာဖွေနိုင်ခဲ့ပါတယ်။

ပထမပိုင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ တော်ရဲရား၊ နယ်လ်ဆင်၊ လာကာဇက်တို့အစား ဝီလော့ခ်၊ အူဘာမီယန်းနဲ့ စီဘာယော့စ်တို့ကို ထည့်ကစားခဲ့ပြီး လီဗာပူးလ်တို့ကတော့ ချိမ်ဘာလိန်နဲ့ ဖာမီနို နေရာမှာ ကီတာနဲ့ မီနာမီနိုတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်ဂိုးသမား မာတီနက်ဇ် အတော်လေး အလုပ်များနေခဲ့ပြီး ခံစစ်ပိုင်းကလည်း လီဗာပူးလ်ရဲ့ ချေပဂိုးရရှိဖို့ ဖိအားပေးမှုအတွက် ရုန်းကန်ခဲ့ရပေမယ့် ထိန်းသိမ်းသွားနိုင်ခဲ့ပြီး တိုက်စစ်ကတော့ အခွင့်အရေးတစ်ကြိမ်ပဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ သုံးမှတ်ရရှိဖို့တော့ လုံလောက်ခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ကတော့ ဒီရာသီချန်ပီယံကို အနိုင်ရရှိခဲ့တဲ့ တတိယမြောက်အသင်းဖြစ်လာခဲ့ပြီး အိမ်ကွင်းမှာ ရယူနိုင်ခဲ့တဲ့ သုံးမှတ်နဲ့အတူ အဆင့် ၉ နေရာကနေ ယူရိုပါလိဂ်ဝင်ခွင့် အဆင့် ၇ ကို မျှော်လင့်ချက်ထားနိုင်ဆဲဖြစ်ပြီး လက်ကျန်ပွဲစဉ်နှစ်ပွဲမှာ အပေါ်က အသင်းတွေ အမှားလုပ်ခဲ့ရင် အခွင့်အရေးယူနိုင်ဖို့ ဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.