Premier League

အာဆင္နယ္အသင္းလူစာရင္းကေန ေျခာက္ပြဲဆက္တုိက္ လြဲေခ်ာ္ဖို႔ ရွိေနတဲ့ အုိေဇးလ္

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကေတာ့ လာမယ့္လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကိုလည္း လြဲေခ်ာ္ဦးမွာ ျဖစ္ၿပီး မ႐ိုးႏိုင္တဲ့ ေက်ာဒဏ္ရာနဲ႔ပဲ ဆက္လက္အနားယူရဦးမွာျဖစ္တယ္လုိ႔ အသင္းဝက္ဘ္ဆုိက္ကတစ္ဆင့္ ထုတ္ျပန္သြားခဲ့ပါတယ္။

အသင္းရဲ႕ လစာအျမင့္မားဆုံး ေပါင္သုံးသိန္းခြဲကို ရရွိေနတဲ့ အသက္ ၃၁ ႏွစ္အရြယ္ ကြင္းလယ္လူဟာ အသင္းမွာ ကစားတဲ့အခ်ိန္ထက္ အနားယူတဲ့အခ်ိန္နဲ႔ အရန္ခုံထိုင္ခ်ိန္ေတြက ပုိမ်ားေနတာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာလည္း သူ႕ကို နားလည္စာနာတဲ့သူေတြနဲ႔ လစာညာယူေနတဲ့သူအျဖစ္ မုန္းတီးေနၾကတဲ့သူေတြ ႏွစ္ျခမ္းကြဲထြက္လာခဲ့ပါတယ္။

သူ႕ရဲ႕ လုပ္အားႏွဳန္းဟာ အာဆင္ဝင္းဂါးအလြန္ အာဆင္နယ္ရဲ႕ နည္းျပအဆက္ဆက္မွာ ျပႆနာရွိတဲ့ အရာတစ္ခုျဖစ္ေနၿပီး လက္ရွိ ေဘာလုံးေလာကရဲ႕ နံပါတ္ ၁၀ ကစားသမားတစ္ေယာက္ရဲ႕ အခန္းက႑ ေပ်ာက္ဆုံးလာမွဳနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္နားေတာင္မွ ျမင့္မားတဲ့ လုပ္အားႏွဳန္းနဲ႔ နံပါတ္ ၈ ဆန္ဆန္ ကစားေနရတာကို ျမင္ႏုိင္မွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ျပန္လည္စတင္ခ်ိန္ကတည္းက အသင္းအတြက္ တစ္ပြဲမွ မကစားရေသးဘဲ ဘ႐ိုက္တန္နဲ႔ ေဆာက္သမ္တန္တို႔ ပြဲေတြမွာ အရန္ခုံေပၚမွာ ျမင္ေတြ႕ခဲ့ရတဲ့ အိုေဇးလ္ရဲ႕ အသင္းကို အက်ဳိးျပဳမွဳႏွဳန္းကလည္း က်ဆင္းေနၿပီး အရင္လို Killer Pass ေတြအစား Normal Pass ေတြနဲ႔ ဒီရာသီမွာ လက္ရွိအခ်ိန္အထိ သြင္းဂိုးတစ္ဂိုးနဲ႔အတူ သုံးဂိုးသာ ဖန္တီးေပးထားႏုိင္ေတာ့တာလည္းျဖစ္ပါတယ္။

နည္းျပ အာတီတာကေတာ့ အိုေဇးလ္အတြက္ စိန္ေခၚမွဳဆန္တဲ့ စကားကို ေျပာၾကားထားခဲ့တယ္လို႔ သိရၿပီး သူ႕လို အရည္အေသြးနဲ႔ ကစားသမားတစ္ဦးကို အျမဲအလိုရွိေၾကာင္း၊ ဒါေပမယ့္ သူ႕အေနနဲ႔ ကစားကြက္အေျပာင္းအလဲကို လုိက္ပါလုပ္ေဆာင္ႏုိင္ရမွာျဖစ္ေၾကာင္းနဲ႔ လိုအပ္ခ်ိန္ ေတြမွာေတာ့ အဆင္သင့္ရွိေစခ်င္ေၾကာင္း ေျပာၾကားထားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကတော့ လာမယ့်လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း လွဲချော်ဦးမှာ ဖြစ်ပြီး မရိုးနိုင်တဲ့ ကျောဒဏ်ရာနဲ့ပဲ ဆက်လက်အနားယူရဦးမှာဖြစ်တယ်လို့ အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် ထုတ်ပြန်သွားခဲ့ပါတယ်။

အသင်းရဲ့ လစာအမြင့်မားဆုံး ပေါင်သုံးသိန်းခွဲကို ရရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ အသင်းမှာ ကစားတဲ့အချိန်ထက် အနားယူတဲ့အချိန်နဲ့ အရန်ခုံထိုင်ချိန်တွေက ပိုများနေတာဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း သူ့ကို နားလည်စာနာတဲ့သူတွေနဲ့ လစာညာယူနေတဲ့သူအဖြစ် မုန်းတီးနေကြတဲ့သူတွေ နှစ်ခြမ်းကွဲထွက်လာခဲ့ပါတယ်။

သူ့ရဲ့ လုပ်အားနှုန်းဟာ အာဆင်ဝင်းဂါးအလွန် အာဆင်နယ်ရဲ့ နည်းပြအဆက်ဆက်မှာ ပြဿနာရှိတဲ့ အရာတစ်ခုဖြစ်နေပြီး လက်ရှိ ဘောလုံးလောကရဲ့ နံပါတ် ၁၀ ကစားသမားတစ်ယောက်ရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးလာမှုနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဖန်တီးရှင် ကီဗင် ဒီဘရိုင်နားတောင်မှ မြင့်မားတဲ့ လုပ်အားနှုန်းနဲ့ နံပါတ် ၈ ဆန်ဆန် ကစားနေရတာကို မြင်နိုင်မှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြန်လည်စတင်ချိန်ကတည်းက အသင်းအတွက် တစ်ပွဲမှ မကစားရသေးဘဲ ဘရိုက်တန်နဲ့ ဆောက်သမ်တန်တို့ ပွဲတွေမှာ အရန်ခုံပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ အိုဇေးလ်ရဲ့ အသင်းကို အကျိုးပြုမှုနှုန်းကလည်း ကျဆင်းနေပြီး အရင်လို Killer Pass တွေအစား Normal Pass တွေနဲ့ ဒီရာသီမှာ လက်ရှိအချိန်အထိ သွင်းဂိုးတစ်ဂိုးနဲ့အတူ သုံးဂိုးသာ ဖန်တီးပေးထားနိုင်တော့တာလည်းဖြစ်ပါတယ်။

နည်းပြ အာတီတာကတော့ အိုဇေးလ်အတွက် စိန်ခေါ်မှုဆန်တဲ့ စကားကို ပြောကြားထားခဲ့တယ်လို့ သိရပြီး သူ့လို အရည်အသွေးနဲ့ ကစားသမားတစ်ဦးကို အမြဲအလိုရှိကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ကစားကွက်အပြောင်းအလဲကို လိုက်ပါလုပ်ဆောင်နိုင်ရမှာဖြစ်ကြောင်းနဲ့ လိုအပ်ချိန် တွေမှာတော့ အဆင်သင့်ရှိစေချင်ကြောင်း ပြောကြားထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.