Premier League Transfer News

ေငြထုပ္ပုိက္ၿပီး ၾကမ္းဖို႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ အေျပာင္းအေရႊ႕ပစ္မွတ္ေတြနဲ႔ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအေနနဲ႔ ဥေရာပဝင္ခြင့္ ပိတ္ပင္ခံရျခင္းကေန လြတ္ကင္းႏုိင္မွဳနဲ႔အတူ အသင္းရဲ႕ ခ်န္ပီယံျဖစ္ခြင့္နဲ႔ ကိုက္ညီျခင္းမရွိတဲ့ ကစားသမားေတြကို ရွင္းထုတ္ၿပီး ကြာလတီကစားသမားေတြကို လာမယ့္ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူသြားႏုိင္ဖို႔ကေတာ့ ပိုၿပီး အရွိန္အဟုန္ ျမင့္လာခဲ့ၿပီျဖစ္ပါတယ္။

နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ သူတုိ႔ရဲ႕ ပစ္မွတ္ေတြကို ေခၚယူဖို႔ဟာ CAS အယူခံေပၚမွာ အမ်ားႀကီး မူတည္ေနတယ္လို႔ ဆုိခဲ့ေပမယ့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္လည္း ကစားခြင့္ရဦးမယ့္၊ ကေလးမုန္႔ဖိုးသာသာ ဒဏ္ေငြသာ ခ်မွတ္ခံခဲ့ရတဲ့ အသင္းအေနနဲ႔ေတာ့ ကစားသမားေတြကို အရင္အတုိင္း ဖိတ္ေခၚႏုိင္ဦးမွာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီးအသင္းအေနနဲ႔ ခံစစ္၊ ေတာင္ပံနဲ႔ တုိက္စစ္ပုိင္းေတြကို အဓိက ျပင္ဆင္သြားဖို႔ ရွိေနၿပီး ခံစစ္အတြက္ ဗဟိုေနာက္ခံလူ ခါလီဒူး ကူလီေဘလီ၊ ဘယ္ေနာက္ခံလူ၊ ဗဟိုခံစစ္နဲ႔ ကြင္းလယ္ေနရာစုံမွာ ကစားႏုိင္တဲ့ ေဒးဗစ္ အလာဘာတုိ႔ကို နာပိုလီနဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔ဆီကေန အသီးသီး ေခၚယူဖို႔ လုပ္ေဆာင္သြားမယ္လုိ႔ ဆုိပါတယ္။

ေတာင္ပံကစားသမား ဆာေနးကို ေရာင္းခ်လိုက္တဲ့ ေနရာအတြက္ ျပန္လည္ျဖည့္ဆည္းဖို႔ကိုေတာ့ သတင္းေတြ ထြက္ေနတဲ့ ဆန္ခ်ဳိ၊ ဘုိင္လီနဲ႔ ထရာအုိေရးတုိ႔ထက္ စပိန္ေတာင္ပံကစားသမားတစ္ဦးကိုပဲ ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး ဗလင္စီယာရဲ႕ အသက္ ၂၀ အရြယ္ ဖယ္ရန္ ေတာရက္စ္ကို ႀကဳိးစားသြားဖြယ္ရွိပါတယ္။

အသက္ ၃၂ ႏွစ္ျပည့္သြားခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ိုနဲ႔ အသင္းက ထြက္ခြာႏုိင္တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တုိ႔ေနရာကို ကာကြယ္ႏုိင္ဖို႔ အတြက္ေတာ့ အင္တာမီလန္ရဲ႕ ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူသြားဖို႔ ရွိေနၿပီး ဒီႏွစ္မွာ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးကန္႔သတ္ခ်က္ မထားရွိဘူးလို႔ ဆုိထားတဲ့ UEFA ရဲ႕ ႏွပ္ပစ္ခံလိုက္ရတဲ့ FFP တို႔အေပၚက ေက်ာ္လႊားၿပီး မိုးျပာေရာင္ Cityzens ေတြရဲ႕ အေျပာင္းအေရႊ႕ေဈးကြက္စီးနင္းမွဳကို ေစာင့္ၾကည့္ႏုိင္ဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအနေနဲ့ ဥရောပဝင်ခွင့် ပိတ်ပင်ခံရခြင်းကနေ လွတ်ကင်းနိုင်မှုနဲ့အတူ အသင်းရဲ့ ချန်ပီယံဖြစ်ခွင့်နဲ့ ကိုက်ညီခြင်းမရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး ကွာလတီကစားသမားတွေကို လာမယ့် အပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားနိုင်ဖို့ကတော့ ပိုပြီး အရှိန်အဟုန် မြင့်လာခဲ့ပြီဖြစ်ပါတယ်။

နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ သူတို့ရဲ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ဟာ CAS အယူခံပေါ်မှာ အများကြီး မူတည်နေတယ်လို့ ဆိုခဲ့ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်လည်း ကစားခွင့်ရဦးမယ့်၊ ကလေးမုန့်ဖိုးသာသာ ဒဏ်ငွေသာ ချမှတ်ခံခဲ့ရတဲ့ အသင်းအနေနဲ့တော့ ကစားသမားတွေကို အရင်အတိုင်း ဖိတ်ခေါ်နိုင်ဦးမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအသင်းအနေနဲ့ ခံစစ်၊ တောင်ပံနဲ့ တိုက်စစ်ပိုင်းတွေကို အဓိက ပြင်ဆင်သွားဖို့ ရှိနေပြီး ခံစစ်အတွက် ဗဟိုနောက်ခံလူ ခါလီဒူး ကူလီဘေလီ၊ ဘယ်နောက်ခံလူ၊ ဗဟိုခံစစ်နဲ့ ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ ဒေးဗစ် အလာဘာတို့ကို နာပိုလီနဲ့ ဘိုင်ယန်မြူးနစ်တို့ဆီကနေ အသီးသီး ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တောင်ပံကစားသမား ဆာနေးကို ရောင်းချလိုက်တဲ့ နေရာအတွက် ပြန်လည်ဖြည့်ဆည်းဖို့ကိုတော့ သတင်းတွေ ထွက်နေတဲ့ ဆန်ချို၊ ဘိုင်လီနဲ့ ထရာအိုရေးတို့ထက် စပိန်တောင်ပံကစားသမားတစ်ဦးကိုပဲ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ဗလင်စီယာရဲ့ အသက် ၂၀ အရွယ် ဖယ်ရန် တောရက်စ်ကို ကြိုးစားသွားဖွယ်ရှိပါတယ်။

အသက် ၃၂ နှစ်ပြည့်သွားခဲ့တဲ့ ဆာဂျီယို အဂွေရိုနဲ့ အသင်းက ထွက်ခွာနိုင်တဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့နေရာကို ကာကွယ်နိုင်ဖို့ အတွက်တော့ အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်ကို ခေါ်ယူသွားဖို့ ရှိနေပြီး ဒီနှစ်မှာ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးကန့်သတ်ချက် မထားရှိဘူးလို့ ဆိုထားတဲ့ UEFA ရဲ့ နှပ်ပစ်ခံလိုက်ရတဲ့ FFP တို့အပေါ်က ကျော်လွှားပြီး မိုးပြာရောင် Cityzens တွေရဲ့ အပြောင်းအရွှေ့ဈေးကွက်စီးနင်းမှုကို စောင့်ကြည့်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.