Other

ပရိသတ်တွေဖြစ်ချင်တဲ့ ဘလွန်ဒေါဆုမျိုးဖြစ်အောင် အပြောင်းအလဲတွေ လုပ်လိုက်တဲ့ France Football

ဘလွန်ဒေါဆုကို လက်ရှိမှာ ပြက္ခဒိန်တစ်နှစ်ထက် ပုံမှန် ဥရောပရာသီတစ်ခုလုံးစာ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ဆုပေးအပ်သွားတော့မှာဖြစ်တယ်လို့ France Football မဂ္ဂဇင်းက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

L’Equipe က France Football အယ်ဒီတာချုပ် ပါစကယ် ဖီရီ အတည်ပြုခဲ့တဲ့ အဓိကအပြောင်းအလဲ ၄ ခုအနက် မဲပေးနိုင်သူ အရေအတွက် လျှော့ချခြင်းဟာ လုပ်ငန်းစဉ်ကို ချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မဲပေးသူတွေအနေနဲ့လည်း ကစားသမားတစ်ဦးရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကို ထည့်သွင်းစဉ်းစားလို့ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

France Football ဟာ အကောင်းဆုံးအမျိုးသားကစားသမားတွေကို ၁၉၅၆ နှစ်၊ အမျိုးသမီးကစားသမားတွေကို ၂၀၁၈ ခုနှစ်ကတည်းက နှစ်စဉ် ဘလွန်ဒေါဆုကို ပေးအပ်နေခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါကြောင့် ဆုပေးပွဲကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ “ဇန်နဝါရီကနေ ဒီဇင်ဘာလ မဟုတ်တော့ပါဘူး။ ဘလွန်ဒေါဆုကို လက်ရှိမှာ ပုံမှန်ဘောလုံးရာသီ သြဂုတ်လကနေ ဇူလိုင်လအထိ အပေါ် အခြေခံပြီး ဆုပေးအပ်သွားတော့မှာဖြစ်ပါတယ်”လို့ France Football က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ လီယွန်နယ် မက်ဆီရဲ့ အငြင်းပွားဖွယ် အနိုင်ရရှိခဲ့မှုအပြီးမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီဗန်ဒေါ့ဗ်စကီးကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် စံချိန်တင် ၇ ကြိမ်မြောက် ဘလွန်ဒေါဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာစီလိုနာနဲ့ စပိန်တိုက်စစ်မှူး အလက်ဆီယာ ပူတဲယက်စ်ဟာ ၂၀၂၁ ခုနှစ်အတွက် တတိယမြောက် ပေးအပ်တဲ့ အမျိုးသမီး ဘလွန်ဒေါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အခုပြုလုပ်လိုက်တဲ့ အပြောင်းအလဲကြောင့် လာမယ့် ဘလွန်ဒေါ ဆုပေးပွဲဟာ ၂၀၂၁-၂၀၂၂ ရာသီကို လွှမ်းခြုံမှာဖြစ်ပြီး ဇူလိုင်လ အမျိုးသမီး ယူရိုပြိုင်ပွဲနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဘလွန်ဒေါဆုပေးပွဲဟာ လာမယ့် အောက်တိုဘာလမှာ ကျင်းပသွားမှာဖြစ်ပြီး ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဟာ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၁၈ အထိ ဖြစ်တာကြောင့် အဲဒီပြိုင်ပွဲက စွမ်းဆောင်ရည်ကို ၂၀၂၃ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှသာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။

အမျိုးသားကစားသမား ဘလွန်ဒေါဆုအတွက် မဲပေးနိုင်တဲ့ အရေအတွက်ဟာ ၁၇၀ ကနေ ၁၀၀ အထိ လျှော့ချခဲ့ပြီး အမျိုးသမီးကစားသမားအတွက် မဲပေးနိုင်တဲ့ အရေအတွက်က ၅၀ သတ်မှတ်ခဲ့ပါတယ်။ France Football က ဘလွန်ဒေါဆုအတွက် စံနှုန်းကိုလည်း ရှင်းလင်းခဲ့ပြီး ပထမဆုံးအနေနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်အပေါ် အခြေခံမှာဖြစ်ပြီး ပြီးတဲ့နောက်မှာ အသင်းလိုက်စွမ်းဆောင်ရည်နဲ့ နောက်ဆုံးမှာ သန့်ရှင်းစွာ ကစားခြင်းရှိ၊ မရှိ အကဲဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘလြန္ေဒါဆုကို လက္ရွိမွာ ျပကၡဒိန္တစ္ႏွစ္ထက္ ပုံမွန္ ဥေရာပရာသီတစ္ခုလုံးစာ စြမ္းေဆာင္ရည္ေပၚ မူတည္ၿပီး ဆုေပးအပ္သြားေတာ့မွာျဖစ္တယ္လို႔ France Football မဂၢဇင္းက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

L’Equipe က France Football အယ္ဒီတာခ်ဳပ္ ပါစကယ္ ဖီရီ အတည္ျပဳခဲ့တဲ့ အဓိကအေျပာင္းအလဲ ၄ ခုအနက္ မဲေပးနိုင္သူ အေရအတြက္ ေလၽွာ့ခ်ျခင္းဟာ လုပ္ငန္းစဥ္ကို ေခ်ာေမြ႕ေစဖို႔ ရည္ရြယ္ခ်က္နဲ႔ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ မဲေပးသူေတြအေနနဲ႔လည္း ကစားသမားတစ္ဦးရဲ့ ကစားသမားဘဝ ေအာင္ျမင္မႈေတြကို ထည့္သြင္းစဥ္းစားလို႔ရေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

France Football ဟာ အေကာင္းဆုံးအမ်ိဳးသားကစားသမားေတြကို ၁၉၅၆ ႏွစ္၊ အမ်ိဳးသမီးကစားသမားေတြကို ၂၀၁၈ ခုႏွစ္ကတည္းက ႏွစ္စဥ္ ဘလြန္ေဒါဆုကို ေပးအပ္ေနခဲ့တာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာေတာ့ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ဆုေပးပြဲကို ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။ “ဇန္နဝါရီကေန ဒီဇင္ဘာလ မဟုတ္ေတာ့ပါဘူး။ ဘလြန္ေဒါဆုကို လက္ရွိမွာ ပုံမွန္ေဘာလုံးရာသီ ၾသဂုတ္လကေန ဇူလိုင္လအထိ အေပၚ အေျခခံၿပီး ဆုေပးအပ္သြားေတာ့မွာျဖစ္ပါတယ္”လို႔ France Football က တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာ လီယြန္နယ္ မက္ဆီရဲ့ အျငင္းပြားဖြယ္ အနိုင္ရရွိခဲ့မႈအၿပီးမွာ သိသာထင္ရွားတဲ့ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီဗန္ေဒါ့ဗ္စကီးကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ေက်ာ္ျဖတ္နိုင္ခဲ့ၿပီးေနာက္ စံခ်ိန္တင္ ၇ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ဘာစီလိုနာနဲ႔ စပိန္တိုက္စစ္မႉး အလက္ဆီယာ ပူတဲယက္စ္ဟာ ၂၀၂၁ ခုႏွစ္အတြက္ တတိယေျမာက္ ေပးအပ္တဲ့ အမ်ိဳးသမီး ဘလြန္ေဒါဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

အခုျပဳလုပ္လိုက္တဲ့ အေျပာင္းအလဲေၾကာင့္ လာမယ့္ ဘလြန္ေဒါ ဆုေပးပြဲဟာ ၂၀၂၁-၂၀၂၂ ရာသီကို လႊမ္းျခဳံမွာျဖစ္ၿပီး ဇူလိုင္လ အမ်ိဳးသမီး ယူရိုၿပိဳင္ပြဲနဲ႔ အဆုံးသတ္မွာျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္အတြက္ ဘလြန္ေဒါဆုေပးပြဲဟာ လာမယ့္ ေအာက္တိုဘာလမွာ က်င္းပသြားမွာျဖစ္ၿပီး ကာတာမွာ က်င္းပမယ့္ ကမၻာ့ဖလားဟာ နိုဝင္ဘာ ၂၁ ကေန ဒီဇင္ဘာ ၁၈ အထိ ျဖစ္တာေၾကာင့္ အဲဒီၿပိဳင္ပြဲက စြမ္းေဆာင္ရည္ကို ၂၀၂၃ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွသာ ထည့္သြင္းစဥ္းစားသြားမွာျဖစ္ပါတယ္။

အမ်ိဳးသားကစားသမား ဘလြန္ေဒါဆုအတြက္ မဲေပးနိုင္တဲ့ အေရအတြက္ဟာ ၁၇၀ ကေန ၁၀၀ အထိ ေလၽွာ့ခ်ခဲ့ၿပီး အမ်ိဳးသမီးကစားသမားအတြက္ မဲေပးနိုင္တဲ့ အေရအတြက္က ၅၀ သတ္မွတ္ခဲ့ပါတယ္။ France Football က ဘလြန္ေဒါဆုအတြက္ စံႏႈန္းကိုလည္း ရွင္းလင္းခဲ့ၿပီး ပထမဆုံးအေနနဲ႔ တစ္ဦးခ်င္းစြမ္းေဆာင္ရည္အေပၚ အေျခခံမွာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ အသင္းလိုက္စြမ္းေဆာင္ရည္နဲ႔ ေနာက္ဆုံးမွာ သန႔္ရွင္းစြာ ကစားျခင္းရွိ၊ မရွိ အကဲျဖတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.