Match Report Premier League

ယုံၾကည္မွဳ လြန္ကဲတဲ့ ဆုိးလ္ရွားေၾကာင့္ အဆင့္ ၃ နဲ႔ လြဲခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ႏိုင္ပြဲေတြ ဆက္ေနရာကေန ယုံၾကည္မွဳ ျမင့္မားေနခဲ့ေပမယ့္ ဒီေန႔မွာေတာ့ အိမ္ကြင္း အုိးလ္ထရက္ဖို႔ဒ္မွာ ယုံၾကည္မွဳ လြန္ကဲျခင္းရဲ႕ ဒဏ္ကို ခံခဲ့ရသလို နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ အသင္းကို ေသခ်ာမကိုင္တြယ္ဘဲ ေပါ့ေလ်ာ့ေနတဲ့ ဒဏ္ကိုပါ ခံခဲ့ရၿပီး ေနာက္ဆုံးမိနစ္မွာ ေခ်ပခံရၿပီး သေရက်သြားခဲ့ပါတယ္။

ေလးပြဲဆက္တုိက္ မေျပာင္းလဲတဲ့ လူစာရင္းကိုပဲ ပြဲထုတ္လာခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ တုိက္စစ္ကို ဖြင့္ကစားခဲ့ရာမွာ ႀကံ့ခိုင္မွဳ ေကာင္းမြန္တဲ့ ေဆာက္သမ္တန္ကြင္းလယ္ရဲ႕ ဖိအားေၾကာင့္ စိုးရိမ္စရာျဖစ္ေနခဲ့ရၿပီး ကြင္းလယ္ဖန္တီးရွင္ ေပါ့ဘာဟာလည္း ေဘာလုံးအပ်က္မ်ားေနခဲ့လို႔ ဂိုးေပးရမယ့္ အေျခအေနေတြလည္း ႀကဳံခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာေနာက္ကေန ေရာက္လာတဲ့ ဒန္နီအင္းစ္ ေဘာလုံးလုယူခဲ့ရာမွာ ေပါ့ဘာအေနနဲ႔ ျပန္ဆြဲထားခဲ့လို႔ လဲက်သြားခဲ့ေပမယ့္ ေဆာက္သမ္တန္ဘက္က ေဘာလုံးဆက္ရသြားတာေၾကာင့္ ဒိုင္လူႀကီးက ဆက္ကစားေစခဲ့ၿပီး ရက္ဒ္မြန္႔က ျဖတ္တင္ေပးတာကို အမ္းစထေရာင္းက တစ္ခ်က္ထိန္းၿပီး အနီးကပ္ကန္သြင္းယူသြားခဲ့တာပါ။

ဒီဂိုးမွာ ေနာက္ျပန္လာခဲ့တဲ့ ေဘာလုံးကို ေနာက္က ဒန္နီအင္းစ္ရွိေနတဲ့ ေပါ့ဘာဆီ ေပးသြားတဲ့ ဂိုးသမား ဒေဟးယားေၾကာင့္ ျပင္သစ္ကြင္းလယ္လူ နာမည္ပ်က္ခဲ့ရၿပီး ႀကံ့ခိုင္မွဳ အနည္းငယ္က်ဆင္းေနတဲ့ ေပါ့ဘာဟာလည္း ဒီေန႔ပြဲမွာေတာ့ တစ္ဦးခ်င္း ကိုယ္လုံးခ်င္းယွဥ္မွဳေတြမွာ တကယ္တမ္းေတာ့ အားနည္းေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ဂိုးဧရိယာအျပင္ဘက္က ေပးပို႔တဲ့ ေပါ့ဘာရဲ႕ ေဘာလုံးကို အန္တိုနီ မာစီယယ္လ္က ေဆာက္သမ္တန္ေနာက္ခံလူေတြ ဖိအားေပးထားတဲ့ၾကားက ဘယ္ျခမ္းက ရက္ရွ္ဖို႔ဒ္ဆီ ခ်ေပးႏုိင္ခဲ့လို႔ ဒါကို ရက္ရွ္ဖို႔ဒ္က ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ပိတ္သြင္းၿပီး ေခ်ပဂိုးရယူႏုိင္ခဲ့ပါတယ္။

၃ မိနစ္အၾကာမွာေတာ့ တန္ျပန္တုိက္စစ္ကေန ယူႏုိက္တက္တုိ႔ အခြင့္အေရးရခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ဘယ္ျခမ္းက မာစီယယ္လ္ဆီ ပို႔ေပးတာကို မာစီယယ္လ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေဆာက္သမ္တန္ဂိုးဧရိယာထဲအထိ ဆြဲဝင္ၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား မကၠာသီ မကာကြယ္ႏုိင္ခဲ့ဘဲ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္တိုက္စစ္အေနနဲ႔ အခြင့္အေရးေတာ္ေတာ္မ်ားမ်ားကို ျဖဳန္းတီးပစ္ခဲ့ၿပီး ေပါ့ဘာရဲ႕ ကန္ခ်က္ကို ဂိုးသမား ကာကြယ္သြားႏုိင္ခဲ့သလို မာစီယယ္လ္ကေတာ့ လူေပးရမယ့္ေနရာေတြမွာ ကိုယ္တုိင္ကန္သြင္းေနတာေၾကာင့္ ေဆာက္သမ္တန္တုိ႔ သက္သာခဲ့ရပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲဆက္မ်ားေနတဲ့ ယူႏုိက္တက္တုိက္စစ္ပုိင္းက က်ဆင္းသြားခဲ့သလို ေဆာက္သမ္တန္တုိ႔ တျဖည္းျဖည္း စီးမိလာခဲ့ၿပီး အခြင့္အေရးေတြ ျပန္ရလာခဲ့သလို အိမ္ရွင္တုိ႔ရဲ႕ အခြင့္အေရးေတြကိုေတာ့ ရက္ရွ္ဖို႔ဒ္က ျဖဳန္းတီးပစ္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာလည္း တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ေနာက္ခံလူေတြၾကားက ေျပးထြက္သြားတဲ့ မာစီယယ္လ္က အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့သလို ေဘးက ပါလာတဲ့ ဂရင္းဝုဒ္ကို မေပးဘဲ ကန္ခဲ့ရာမွာ ဂိုးလြန္ေဘာသာ ျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယူႏုိက္တက္တို႔ ခံစစ္သက္သက္သာ ျဖစ္သြားခဲ့ၿပီး ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္ကို မက္ေတာ္မီေနးနဲ႔ ဂ်ိမ္းစ္တုိ႔နဲ႔ လဲကစားခဲ့ရာမွာေတာ့ အႏုိင္ဂိုးကို ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့သလို ကြင္းလယ္ကလည္း ေဘာလုံးကိုင္မယ့္သူ တစ္ေယာက္မွ မရွိေတာ့လို႔ ေဆာက္သမ္တန္တုိ႔အႀကဳိက္ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ ခန္႔မွာ ေဝၚလ္ကာ-ပီတာစ္နဲ႔ ေခါင္းယွဥ္တုိက္ခဲ့တဲ့ ဘရန္ဒန္ ဝီလီယမ္စ္ နာသြားခဲ့တာကို လူစားလဲခြင့္ မရွိေတာ့ေပမယ့္ ဆက္မကစားခုိင္းခဲ့ဘဲ အဝတ္လဲခန္းထဲ ဝင္ခုိင္းခဲ့တဲ့ ဆုိးလ္ရွားရဲ႕ ေရြးခ်ယ္မွဳကေတာ့ ယူႏိုက္တက္တုိ႔အတြက္ Backfired ျဖစ္သြားခဲ့ၿပီး တစ္ေယာက္သာသြားတဲ့ ေဆာက္သမ္တန္တို႔အတြက္ အလွည့္အေျပာင္းလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ ဝါ့ဒ္ပေရာက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ဘက္ဒ္နာရက္ ေခါင္းတုိက္ခ်ေပးတာကို လူစားဝင္လာတဲ့ အိုဘာဖီမီက ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ၿပီး ယူႏုိက္တက္ေနာက္ခံလူေတြ လူကၽြံေဘာဖမ္းခဲ့ေပမယ့္ လင္ဒီေလာ့ဖ္ က်န္ေနခဲ့လို႔ မေအာင္ျမင္ခဲ့ဘဲ ေခ်ပဂိုး ခြင့္ျပဳခဲ့ရၿပီး ဆုိးလ္ရွားရဲ႕ ေပါ့ေလ်ာ့မွဳေတြနဲ႔အတူ အဆင့္ ၃ ေနရာကို တက္လွမ္းႏုိင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာပါ။

ဒီပြဲကို အႏုိင္မရခဲ့ဘဲ အဆင့္ ၃ ကို မေရာက္ႏုိင္ခဲ့တာဟာ ပရိသတ္ေတြအတြက္ေတာ့ မခ်င့္မရဲျဖစ္ခဲ့ရ႐ုံထက္ေတာ့ အမ်ားႀကီး မပိုခဲ့ဘဲ လက္က်န္ပြဲစဥ္ဇယားအရ လက္စတာကို အႏုိင္ယူႏုိင္ခြင့္ရွိေသးလို႔ အဆင့္ ၄ ကို အနည္းဆုံး ဆုပ္ကိုင္ႏုိင္မွာျဖစ္ေပမယ့္ ပြဲပန္းေနတဲ့ အသင္းကို အေျပာင္းအလဲလုပ္ဖို႔ ေနာက္က်ခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးအေနအထားမွာ ဆုံးျဖတ္ခ်က္မွားခဲ့တဲ့ ဆိုးလ္ရွားအတြက္ေတာ့ ခါးသီးတဲ့ သင္ခန္းစာနဲ႔အတူ ေနာက္ပြဲေတြမွာ ယုံၾကည္မွဳ မလြန္ကဲဖုိ႔ ျပင္ဆင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္ေရးသားလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နိုင်ပွဲတွေ ဆက်နေရာကနေ ယုံကြည်မှု မြင့်မားနေခဲ့ပေမယ့် ဒီနေ့မှာတော့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ယုံကြည်မှု လွန်ကဲခြင်းရဲ့ ဒဏ်ကို ခံခဲ့ရသလို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အသင်းကို သေချာမကိုင်တွယ်ဘဲ ပေါ့လျော့နေတဲ့ ဒဏ်ကိုပါ ခံခဲ့ရပြီး နောက်ဆုံးမိနစ်မှာ ချေပခံရပြီး သရေကျသွားခဲ့ပါတယ်။

လေးပွဲဆက်တိုက် မပြောင်းလဲတဲ့ လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ တိုက်စစ်ကို ဖွင့်ကစားခဲ့ရာမှာ ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ဆောက်သမ်တန်ကွင်းလယ်ရဲ့ ဖိအားကြောင့် စိုးရိမ်စရာဖြစ်နေခဲ့ရပြီး ကွင်းလယ်ဖန်တီးရှင် ပေါ့ဘာဟာလည်း ဘောလုံးအပျက်များနေခဲ့လို့ ဂိုးပေးရမယ့် အခြေအနေတွေလည်း ကြုံခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာနောက်ကနေ ရောက်လာတဲ့ ဒန်နီအင်းစ် ဘောလုံးလုယူခဲ့ရာမှာ ပေါ့ဘာအနေနဲ့ ပြန်ဆွဲထားခဲ့လို့ လဲကျသွားခဲ့ပေမယ့် ဆောက်သမ်တန်ဘက်က ဘောလုံးဆက်ရသွားတာကြောင့် ဒိုင်လူကြီးက ဆက်ကစားစေခဲ့ပြီး ရက်ဒ်မွန့်က ဖြတ်တင်ပေးတာကို အမ်းစထရောင်းက တစ်ချက်ထိန်းပြီး အနီးကပ်ကန်သွင်းယူသွားခဲ့တာပါ။

ဒီဂိုးမှာ နောက်ပြန်လာခဲ့တဲ့ ဘောလုံးကို နောက်က ဒန်နီအင်းစ်ရှိနေတဲ့ ပေါ့ဘာဆီ ပေးသွားတဲ့ ဂိုးသမား ဒဟေးယားကြောင့် ပြင်သစ်ကွင်းလယ်လူ နာမည်ပျက်ခဲ့ရပြီး ကြံ့ခိုင်မှု အနည်းငယ်ကျဆင်းနေတဲ့ ပေါ့ဘာဟာလည်း ဒီနေ့ပွဲမှာတော့ တစ်ဦးချင်း ကိုယ်လုံးချင်းယှဉ်မှုတွေမှာ တကယ်တမ်းတော့ အားနည်းနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ဂိုးဧရိယာအပြင်ဘက်က ပေးပို့တဲ့ ပေါ့ဘာရဲ့ ဘောလုံးကို အန်တိုနီ မာစီယယ်လ်က ဆောက်သမ်တန်နောက်ခံလူတွေ ဖိအားပေးထားတဲ့ကြားက ဘယ်ခြမ်းက ရက်ရှ်ဖို့ဒ်ဆီ ချပေးနိုင်ခဲ့လို့ ဒါကို ရက်ရှ်ဖို့ဒ်က ဘယ်ခြေနဲ့ ထောင့်ဖြတ်ပိတ်သွင်းပြီး ချေပဂိုးရယူနိုင်ခဲ့ပါတယ်။

၃ မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တို့ အခွင့်အရေးရခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က ဘယ်ခြမ်းက မာစီယယ်လ်ဆီ ပို့ပေးတာကို မာစီယယ်လ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆောက်သမ်တန်ဂိုးဧရိယာထဲအထိ ဆွဲဝင်ပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မက္ကာသီ မကာကွယ်နိုင်ခဲ့ဘဲ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်အနေနဲ့ အခွင့်အရေးတော်တော်များများကို ဖြုန်းတီးပစ်ခဲ့ပြီး ပေါ့ဘာရဲ့ ကန်ချက်ကို ဂိုးသမား ကာကွယ်သွားနိုင်ခဲ့သလို မာစီယယ်လ်ကတော့ လူပေးရမယ့်နေရာတွေမှာ ကိုယ်တိုင်ကန်သွင်းနေတာကြောင့် ဆောက်သမ်တန်တို့ သက်သာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲဆက်များနေတဲ့ ယူနိုက်တက်တိုက်စစ်ပိုင်းက ကျဆင်းသွားခဲ့သလို ဆောက်သမ်တန်တို့ တဖြည်းဖြည်း စီးမိလာခဲ့ပြီး အခွင့်အရေးတွေ ပြန်ရလာခဲ့သလို အိမ်ရှင်တို့ရဲ့ အခွင့်အရေးတွေကိုတော့ ရက်ရှ်ဖို့ဒ်က ဖြုန်းတီးပစ်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာလည်း တစ်ကိုယ်တော် ခြေစွမ်းနဲ့ နောက်ခံလူတွေကြားက ပြေးထွက်သွားတဲ့ မာစီယယ်လ်က အခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို ဘေးက ပါလာတဲ့ ဂရင်းဝုဒ်ကို မပေးဘဲ ကန်ခဲ့ရာမှာ ဂိုးလွန်ဘောသာ ဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ခံစစ်သက်သက်သာ ဖြစ်သွားခဲ့ပြီး ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်ကို မက်တော်မီနေးနဲ့ ဂျိမ်းစ်တို့နဲ့ လဲကစားခဲ့ရာမှာတော့ အနိုင်ဂိုးကို ထိန်းကစားဖို့ ပြင်ဆင်လာခဲ့သလို ကွင်းလယ်ကလည်း ဘောလုံးကိုင်မယ့်သူ တစ်ယောက်မှ မရှိတော့လို့ ဆောက်သမ်တန်တို့အကြိုက် ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ ခန့်မှာ ဝေါ်လ်ကာ-ပီတာစ်နဲ့ ခေါင်းယှဉ်တိုက်ခဲ့တဲ့ ဘရန်ဒန် ဝီလီယမ်စ် နာသွားခဲ့တာကို လူစားလဲခွင့် မရှိတော့ပေမယ့် ဆက်မကစားခိုင်းခဲ့ဘဲ အဝတ်လဲခန်းထဲ ဝင်ခိုင်းခဲ့တဲ့ ဆိုးလ်ရှားရဲ့ ရွေးချယ်မှုကတော့ ယူနိုက်တက်တို့အတွက် Backfired ဖြစ်သွားခဲ့ပြီး တစ်ယောက်သာသွားတဲ့ ဆောက်သမ်တန်တို့အတွက် အလှည့်အပြောင်းလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၉၅ မိနစ်မှာတော့ ဝါ့ဒ်ပရောက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဘက်ဒ်နာရက် ခေါင်းတိုက်ချပေးတာကို လူစားဝင်လာတဲ့ အိုဘာဖီမီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်နောက်ခံလူတွေ လူကျွံဘောဖမ်းခဲ့ပေမယ့် လင်ဒီလော့ဖ် ကျန်နေခဲ့လို့ မအောင်မြင်ခဲ့ဘဲ ချေပဂိုး ခွင့်ပြုခဲ့ရပြီး ဆိုးလ်ရှားရဲ့ ပေါ့လျော့မှုတွေနဲ့အတူ အဆင့် ၃ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာပါ။

ဒီပွဲကို အနိုင်မရခဲ့ဘဲ အဆင့် ၃ ကို မရောက်နိုင်ခဲ့တာဟာ ပရိသတ်တွေအတွက်တော့ မချင့်မရဲဖြစ်ခဲ့ရရုံထက်တော့ အများကြီး မပိုခဲ့ဘဲ လက်ကျန်ပွဲစဉ်ဇယားအရ လက်စတာကို အနိုင်ယူနိုင်ခွင့်ရှိသေးလို့ အဆင့် ၄ ကို အနည်းဆုံး ဆုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် ပွဲပန်းနေတဲ့ အသင်းကို အပြောင်းအလဲလုပ်ဖို့ နောက်ကျခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးအနေအထားမှာ ဆုံးဖြတ်ချက်မှားခဲ့တဲ့ ဆိုးလ်ရှားအတွက်တော့ ခါးသီးတဲ့ သင်ခန်းစာနဲ့အတူ နောက်ပွဲတွေမှာ ယုံကြည်မှု မလွန်ကဲဖို့ ပြင်ဆင်ရဦးမှာဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.