Match Report Premier League

ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္နဲ႔ အာတီတာ ဘာေတြ မွားခဲ့သလဲ

တနဂၤေႏြေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္နဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ ဘာေတြမွားခဲ့သလဲဆိုတာကို ဒီေန႔မွာ ေအးေအးေဆးေဆး သုံးသပ္ျဖစ္ခဲ့ၿပီး အဓိကအေနနဲ႔ေတာ့ ေတာင္ပံတိုက္စစ္ေတြကို ပုံမေဖာ္ခဲ့ျခင္း၊ အမ်ားမ်ားတဲ့ ေနာက္ခံလူသုံးဦးနဲ႔ ခံစစ္ကစားမႈ ပုံေသနည္းကို ခ်ိဳးေဖာက္ျခင္း၊ တစ္ဖက္အသင္းကို ဖိအားေပးရာမွာ ပါးနပ္မႈ မရွိျခင္းနဲ႔ အဆုံးသတ္ပိုင္း ညံ့ဖ်င္းျခင္းလို႔ပဲ ယူဆမိပါတယ္။

၁။ ေတာင္ပံတိုက္စစ္ေတြကို ပုံမေဖာ္ခဲ့ျခင္း
အာဆင္နယ္အသင္းရဲ႕ ပြဲတိုင္းမွာ ဘယ္ျခမ္းေတာက္ေလွ်ာက္ကို တိုက္စစ္ကေန ခံစစ္အထိ အူဘာမီယန္းက အတက္အဆင္း ကစားခဲ့တာ ျဖစ္ပါတယ္။ Back Three ကို ေျပာင္းၿပီး တီယာနီကို ေတာင္ပံထားခဲ့ေပမယ့္ သူ႔ရဲ႕ လြန္းထိုးကစားမႈေၾကာင့္ ခံစစ္မွာ စုဖြဲ႕မႈေကာင္းခဲ့သလို တိုက္စစ္ လမ္းေၾကာင္းေတြလည္း အမ်ားႀကီး ပြင့္ခဲ့ပါတယ္။

စပါးစ္နဲ႔ပြဲမွာေတာ့ လုံးဝ ေဘာလုံးဆြဲမေျပးသေလာက္နဲ႔ ဂိုးဧရိယာထဲမွာပဲ ေနရာယူေနခဲ့တဲ့ အူဘာမီယန္းေၾကာင့္ တီယာနီတစ္ေယာက္တည္း အရမ္းက်ပ္သြားခဲ့သလို ဖန္တီးေပးပို႔မႈေတြလည္း က်ဆင္းသြားခဲ့တာျဖစ္ၿပီး အက်ိဳးဆက္ကေတာ့ စပါးစ္တို႔ ေအးေအးေဆးေဆး စုဖြဲ႕ဖ်က္ထုတ္သြားႏိုင္ခဲ့တာပါ။ ဒီပြဲမွာ အာတီတာအေနနဲ႔ တီယာနီကို ဆာကာေလာက္ စြမ္းခဲ့မယ္လို႔ အထင္ႀကီးခဲ့တဲ့ အမွားလို႔လည္း ထပ္ၿပီး ယူဆမိပါတယ္။

၂။ ခံစစ္ကစားမႈ ပုံေသနည္းကို ခ်ိဳးေဖာက္ျခင္း
Back Three သို႔မဟုတ္ Three Back System ဟာ ကြင္းအလယ္အဖ်က္မပါတဲ့ ခံစစ္ကစားပုံကို ကာမိေအာင္ ျပင္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္ဟာ ဘာမွမစဥ္းစားဘဲ ရွင္းထုတ္မယ့္ Four Back System ရဲ႕ ေနာက္ခံလူႏွစ္ေယာက္လိုပဲ တာဝန္ယူရၿပီး တစ္ေယာက္ကေတာ့ လြတ္လပ္စြာ ကစားၿပီး ကြင္းလယ္အဖ်က္ဆန္ဆန္ ေရွ႕တက္ျခင္း၊ ေဘာလုံးကိုင္ကစားျခင္းေတြကို ျပဳလုပ္ႏိုင္ပါတယ္။

ဒါေပမယ့္ အာတီတာ ဘယ္မွာ မွားသလဲဆိုေတာ့ Roaming ကစားမယ့္ ေဒးဗစ္ လူးဝစ္ဇ္ကို ႀကံ့ခိုင္မႈသာရွိၿပီး ခံစစ္မကစားတတ္တဲ့ ကိုလာစီနက္ခ်္နဲ႔ တြဲေပးလိုက္တာမွာပါပဲ။ တကယ္ဖ်က္မယ့္သူဆိုလို႔ ခံစစ္ညာျခမ္းက မူစတာဖီတစ္ဦးတည္း က်န္ေတာ့ၿပီး ဟန္ခ်က္မညီေတာ့တဲ့ ေနာက္တန္းဟာ စပါးစ္ရဲ႕ တိုက္စစ္မႉးႏွစ္ေယာက္တည္းရဲ႕ ထိုးႏွက္မႈမွာ အခါခါၿပိဳလဲေနခဲ့တာပါ။ တကယ္တမ္းဆိုရင္ မူစတာဖီ၊ ဆိုကရာတစ္၊ ဟိုးလ္ဒင္းတို႔ထဲ ႏွစ္ေယာက္ကို ညာနဲ႔ အလယ္မွာသုံးၿပီး ေဒးဗစ္ လူးဝစ္ဇ္ကို လြတ္လြတ္လပ္လပ္ကစားေစသင့္တာပါ။

၃။ တစ္ဖက္အသင္းကို ဖိအားေပးရာမွာ မပါးနပ္ျခင္း
ဒါကေတာ့ နည္းျပထက္ ကစားသမားေတြရဲ႕ ပြဲအေပၚ ဖတ္ရႈႏိုင္ျခင္းနဲ႔ ဆိုင္ပါတယ္။ စပါးစ္ကစားသမားေတြ အထူးသျဖင့္ ခံစစ္ကစားပုံညံ့တဲ့ ေအာ္ရီေယးဟာ ပထမပိုင္းမွာကတည္းက ေစာေစာစီးစီး အဝါထိခဲ့ေပမယ့္ ဒီလိုကစားသမားေတြကို ပစ္မွတ္ထားၿပီး မထိုးေဖာက္ႏိုင္ခဲ့ဘဲ သူတို႔ဟာ ပြဲၿပီးတဲ့အထိ သက္သက္သာသာနဲ႔ ကစားသြားႏိုင္ခဲ့ၾကတာပါ။ သူတို႔ကို အနီထိေအာင္၊ ဒါမွမဟုတ္ မဖ်က္ရဲေအာင္ ဖိအားေပး ထိုးေဖာက္မယ့္အစား ေပေပနဲ႔ လာကာဇက္တို႔ လြယ္လြယ္နဲ႔ အဝါယူသြားခဲ့တာကေတာ့ မပါးနပ္မႈရဲ႕ သက္ေသေတြလည္းျဖစ္ပါတယ္။

၄။ အဆုံးသတ္ပိုင္း ညံ့ဖ်င္းျခင္း
ပြဲခ်ိန္ ၁၂ မိနစ္မွာ ရတဲ့ အူဘာမီယန္းရဲ႕ ေျခခြင္နဲ႔ အပိုင္ပိတ္သြင္းခြင့္က အာဆင္နယ္ပရိသတ္ေတြ ဂိုးဝင္ၿပီလို႔ ထင္ခဲ့ၾကေပမယ့္ ေျခၾကား ညပ္ၿပီး လည္ထြက္သြားခဲ့တာမ်ိဳးပါ။ လိုအပ္ခ်ိန္မွာ လိုအပ္တဲ့ Shot Technique မရွိတာ၊ တိက်ေအာင္ ေလ့က်င့္မႈ မနာတာေတြက သူ႔ကို ထပ္ၿပီး လြဲေခ်ာ္ေစခဲ့တာမ်ိဳး၊ ဂိုးသမား ကာကြယ္သြားႏိုင္တာမ်ိဳးျဖစ္ခဲ့သလို ဂိုးဖမ္းဖူးလို႔ ဂိုးသမားဘာလုပ္မယ္ဆိုတာ ႀကိဳသိတယ္ဆိုတဲ့ ေပါင္ ၇၂ သန္းတန္ ေပေပကလည္း ဂိုးသမားမွန္းရင္ ဘယ္ေတာ့မွ မလြဲတဲ့ ေနရာေတြခ်ည္း ကန္ခဲ့တာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ အာဆင္နယ္ရဲ႕ အဓိက အမွားကေတာ့ ေဒးဗစ္ လူးဝစ္ဇ္ပါပဲ။ သူ႔ရဲ႕ အသင္းမွာ တစ္ဦးတည္းပဲ ရွိတဲ့ Penetrating Pass ေတြနဲ႔ Ball Playing Ability ကို အလြန္သေဘာက်တဲ့ အာတီတာက အားနည္းခ်က္ကို ကာကြယ္ဖို႔ ကိုလာစီနက္ခ်္နဲ႔ေတာင္ ကူညီခိုင္းခဲ့ေပမယ့္ သူ႔ရဲ႕ ေဘာလုံးေတြက ပရီးမီးယားလိဂ္ ျပန္စခဲ့ကတည္းက သိပ္မေတြ႕ရသလို ဘာမွ ထိေရာက္မႈလည္း မရွိခဲ့ဘဲ တကယ္ထိေရာက္ေအာင္ ေပးပို႔ခဲ့တဲ့သူက ညာျခမ္းက မူစတာဖီ ျဖစ္ေနခဲ့တာပါပဲ။

ေနာက္တန္းတစ္ေယာက္ရဲ႕ လိုအပ္ခ်က္ေတြကို ေျပာၾကည့္ရရင္ Bravery-ရဲရင့္မႈ၊ Composure-တည္ၿငိမ္မႈ၊ Concentration-အာ႐ုံစူးစိုက္မႈ၊ Anticipation-ႀကိဳတင္တြက္ဆႏိုင္မႈ၊ Determination & Decision-အေျခအေနကို သုံးသပ္ၿပီး ဆုံးျဖတ္ခ်က္ခ်ႏိုင္မႈဆိုတဲ့ ဦးေႏွာက္ေကာင္းေကာင္းကို ပိုင္ဆိုင္ထားရမွာျဖစ္ၿပီး ခံစစ္သမားဟာ ႀကံ့ခိုင္မႈနဲ႔ လ်င္ျမန္မႈလို ခႏၶာကိုယ္အားကိုးမႈမ်ိဳးကိုပဲ ဦးစားေပးလို႔မရတာေၾကာင့္ ဒီလိုအရည္အေသြးမ်ိဳးရွိတဲ့ ေဒးဗစ္လူးဝစ္ဇ္နဲ႔ ဆန႔္က်င္ဘက္ ကစားသမားမ်ိဳးကို အာတီတာအေနနဲ႔ ရွာေဖြေ႐ြးခ်ယ္သင့္ေနပါၿပီ။

အာတီတာအေနနဲ႔ သူ႔လက္ထက္မွာ အထိုင္က်ၿပီးသား ပုံစံေတြကို ခဏခဏ ခ်ိဳးဖ်က္ေနတာကိုလည္း ျပင္ရဦးမွာျဖစ္ၿပီး ဆာကာ+မာတီနယ္လီ၊ ဆာကာ+အူဘာမီယန္း၊ တီယာနီ+အူဘာမီယန္းစတဲ့ ဘယ္ျခမ္းက အတြဲအဖက္ေတြကို ဖ်က္တိုင္း ႏွစ္ပြဲသုံးပြဲေလာက္ ကစားကြက္ေၾကာင္သြားတာေတြကိုလည္း အမွတ္မရွိေသးတာမို႔ အတည္ၿငိမ္ဆုံးပုံစံကို ရွာေဖြႏိုင္ဖို႔နဲ႔ ဖ်က္မပစ္ဖို႔ကေတာ့ အေရးအႀကီးဆုံးပဲ ျဖစ္လိမ့္မယ္လို႔လည္း သုံးသပ္လိုက္ရပါတယ္။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်နဲ့ နည်းပြ မီခယ်လ် အာတီတာတို့ ဘာတွေမှားခဲ့သလဲဆိုတာကို ဒီနေ့မှာ အေးအေးဆေးဆေး သုံးသပ်ဖြစ်ခဲ့ပြီး အဓိကအနေနဲ့တော့ တောင်ပံတိုက်စစ်တွေကို ပုံမဖော်ခဲ့ခြင်း၊ အများများတဲ့ နောက်ခံလူသုံးဦးနဲ့ ခံစစ်ကစားမှု ပုံသေနည်းကို ချိုးဖောက်ခြင်း၊ တစ်ဖက်အသင်းကို ဖိအားပေးရာမှာ ပါးနပ်မှု မရှိခြင်းနဲ့ အဆုံးသတ်ပိုင်း ညံ့ဖျင်းခြင်းလို့ပဲ ယူဆမိပါတယ်။

၁။ တောင်ပံတိုက်စစ်တွေကို ပုံမဖော်ခဲ့ခြင်း
အာဆင်နယ်အသင်းရဲ့ ပွဲတိုင်းမှာ ဘယ်ခြမ်းတောက်လျှောက်ကို တိုက်စစ်ကနေ ခံစစ်အထိ အူဘာမီယန်းက အတက်အဆင်း ကစားခဲ့တာ ဖြစ်ပါတယ်။ Back Three ကို ပြောင်းပြီး တီယာနီကို တောင်ပံထားခဲ့ပေမယ့် သူ့ရဲ့ လွန်းထိုးကစားမှုကြောင့် ခံစစ်မှာ စုဖွဲ့မှုကောင်းခဲ့သလို တိုက်စစ် လမ်းကြောင်းတွေလည်း အများကြီး ပွင့်ခဲ့ပါတယ်။

စပါးစ်နဲ့ပွဲမှာတော့ လုံးဝ ဘောလုံးဆွဲမပြေးသလောက်နဲ့ ဂိုးဧရိယာထဲမှာပဲ နေရာယူနေခဲ့တဲ့ အူဘာမီယန်းကြောင့် တီယာနီတစ်ယောက်တည်း အရမ်းကျပ်သွားခဲ့သလို ဖန်တီးပေးပို့မှုတွေလည်း ကျဆင်းသွားခဲ့တာဖြစ်ပြီး အကျိုးဆက်ကတော့ စပါးစ်တို့ အေးအေးဆေးဆေး စုဖွဲ့ဖျက်ထုတ်သွားနိုင်ခဲ့တာပါ။ ဒီပွဲမှာ အာတီတာအနေနဲ့ တီယာနီကို ဆာကာလောက် စွမ်းခဲ့မယ်လို့ အထင်ကြီးခဲ့တဲ့ အမှားလို့လည်း ထပ်ပြီး ယူဆမိပါတယ်။

၂။ ခံစစ်ကစားမှု ပုံသေနည်းကို ချိုးဖောက်ခြင်း
Back Three သို့မဟုတ် Three Back System ဟာ ကွင်းအလယ်အဖျက်မပါတဲ့ ခံစစ်ကစားပုံကို ကာမိအောင် ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ နှစ်ယောက်ဟာ ဘာမှမစဉ်းစားဘဲ ရှင်းထုတ်မယ့် Four Back System ရဲ့ နောက်ခံလူနှစ်ယောက်လိုပဲ တာဝန်ယူရပြီး တစ်ယောက်ကတော့ လွတ်လပ်စွာ ကစားပြီး ကွင်းလယ်အဖျက်ဆန်ဆန် ရှေ့တက်ခြင်း၊ ဘောလုံးကိုင်ကစားခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် အာတီတာ ဘယ်မှာ မှားသလဲဆိုတော့ Roaming ကစားမယ့် ဒေးဗစ် လူးဝစ်ဇ်ကို ကြံ့ခိုင်မှုသာရှိပြီး ခံစစ်မကစားတတ်တဲ့ ကိုလာစီနက်ချ်နဲ့ တွဲပေးလိုက်တာမှာပါပဲ။ တကယ်ဖျက်မယ့်သူဆိုလို့ ခံစစ်ညာခြမ်းက မူစတာဖီတစ်ဦးတည်း ကျန်တော့ပြီး ဟန်ချက်မညီတော့တဲ့ နောက်တန်းဟာ စပါးစ်ရဲ့ တိုက်စစ်မှူးနှစ်ယောက်တည်းရဲ့ ထိုးနှက်မှုမှာ အခါခါပြိုလဲနေခဲ့တာပါ။ တကယ်တမ်းဆိုရင် မူစတာဖီ၊ ဆိုကရာတစ်၊ ဟိုးလ်ဒင်းတို့ထဲ နှစ်ယောက်ကို ညာနဲ့ အလယ်မှာသုံးပြီး ဒေးဗစ် လူးဝစ်ဇ်ကို လွတ်လွတ်လပ်လပ်ကစားစေသင့်တာပါ။

၃။ တစ်ဖက်အသင်းကို ဖိအားပေးရာမှာ မပါးနပ်ခြင်း
ဒါကတော့ နည်းပြထက် ကစားသမားတွေရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်ခြင်းနဲ့ ဆိုင်ပါတယ်။ စပါးစ်ကစားသမားတွေ အထူးသဖြင့် ခံစစ်ကစားပုံညံ့တဲ့ အော်ရီယေးဟာ ပထမပိုင်းမှာကတည်းက စောစောစီးစီး အဝါထိခဲ့ပေမယ့် ဒီလိုကစားသမားတွေကို ပစ်မှတ်ထားပြီး မထိုးဖောက်နိုင်ခဲ့ဘဲ သူတို့ဟာ ပွဲပြီးတဲ့အထိ သက်သက်သာသာနဲ့ ကစားသွားနိုင်ခဲ့ကြတာပါ။ သူတို့ကို အနီထိအောင်၊ ဒါမှမဟုတ် မဖျက်ရဲအောင် ဖိအားပေး ထိုးဖောက်မယ့်အစား ပေပေနဲ့ လာကာဇက်တို့ လွယ်လွယ်နဲ့ အဝါယူသွားခဲ့တာကတော့ မပါးနပ်မှုရဲ့ သက်သေတွေလည်းဖြစ်ပါတယ်။

၄။ အဆုံးသတ်ပိုင်း ညံ့ဖျင်းခြင်း
ပွဲချိန် ၁၂ မိနစ်မှာ ရတဲ့ အူဘာမီယန်းရဲ့ ခြေခွင်နဲ့ အပိုင်ပိတ်သွင်းခွင့်က အာဆင်နယ်ပရိသတ်တွေ ဂိုးဝင်ပြီလို့ ထင်ခဲ့ကြပေမယ့် ခြေကြား ညပ်ပြီး လည်ထွက်သွားခဲ့တာမျိုးပါ။ လိုအပ်ချိန်မှာ လိုအပ်တဲ့ Shot Technique မရှိတာ၊ တိကျအောင် လေ့ကျင့်မှု မနာတာတွေက သူ့ကို ထပ်ပြီး လွဲချော်စေခဲ့တာမျိုး၊ ဂိုးသမား ကာကွယ်သွားနိုင်တာမျိုးဖြစ်ခဲ့သလို ဂိုးဖမ်းဖူးလို့ ဂိုးသမားဘာလုပ်မယ်ဆိုတာ ကြိုသိတယ်ဆိုတဲ့ ပေါင် ၇၂ သန်းတန် ပေပေကလည်း ဂိုးသမားမှန်းရင် ဘယ်တော့မှ မလွဲတဲ့ နေရာတွေချည်း ကန်ခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် အာဆင်နယ်ရဲ့ အဓိက အမှားကတော့ ဒေးဗစ် လူးဝစ်ဇ်ပါပဲ။ သူ့ရဲ့ အသင်းမှာ တစ်ဦးတည်းပဲ ရှိတဲ့ Penetrating Pass တွေနဲ့ Ball Playing Ability ကို အလွန်သဘောကျတဲ့ အာတီတာက အားနည်းချက်ကို ကာကွယ်ဖို့ ကိုလာစီနက်ချ်နဲ့တောင် ကူညီခိုင်းခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးတွေက ပရီးမီးယားလိဂ် ပြန်စခဲ့ကတည်းက သိပ်မတွေ့ရသလို ဘာမှ ထိရောက်မှုလည်း မရှိခဲ့ဘဲ တကယ်ထိရောက်အောင် ပေးပို့ခဲ့တဲ့သူက ညာခြမ်းက မူစတာဖီ ဖြစ်နေခဲ့တာပါပဲ။

နောက်တန်းတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ပြောကြည့်ရရင် Bravery-ရဲရင့်မှု၊ Composure-တည်ငြိမ်မှု၊ Concentration-အာရုံစူးစိုက်မှု၊ Anticipation-ကြိုတင်တွက်ဆနိုင်မှု၊ Determination & Decision-အခြေအနေကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချနိုင်မှုဆိုတဲ့ ဦးနှောက်ကောင်းကောင်းကို ပိုင်ဆိုင်ထားရမှာဖြစ်ပြီး ခံစစ်သမားဟာ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုလို ခန္ဓာကိုယ်အားကိုးမှုမျိုးကိုပဲ ဦးစားပေးလို့မရတာကြောင့် ဒီလိုအရည်အသွေးမျိုးရှိတဲ့ ဒေးဗစ်လူးဝစ်ဇ်နဲ့ ဆန့်ကျင်ဘက် ကစားသမားမျိုးကို အာတီတာအနေနဲ့ ရှာဖွေရွေးချယ်သင့်နေပါပြီ။

အာတီတာအနေနဲ့ သူ့လက်ထက်မှာ အထိုင်ကျပြီးသား ပုံစံတွေကို ခဏခဏ ချိုးဖျက်နေတာကိုလည်း ပြင်ရဦးမှာဖြစ်ပြီး ဆာကာ+မာတီနယ်လီ၊ ဆာကာ+အူဘာမီယန်း၊ တီယာနီ+အူဘာမီယန်းစတဲ့ ဘယ်ခြမ်းက အတွဲအဖက်တွေကို ဖျက်တိုင်း နှစ်ပွဲသုံးပွဲလောက် ကစားကွက်ကြောင်သွားတာတွေကိုလည်း အမှတ်မရှိသေးတာမို့ အတည်ငြိမ်ဆုံးပုံစံကို ရှာဖွေနိုင်ဖို့နဲ့ ဖျက်မပစ်ဖို့ကတော့ အရေးအကြီးဆုံးပဲ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်လိုက်ရပါတယ်။

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.