မန္ခ်က္စတာစီးတီးအသင္းကို UEFA က ခ်မွတ္ထားတဲ့ ျပစ္ဒဏ္အေပၚ အယူခံကေတာ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔က နည္းျပ ဂြါဒီယိုလာရဲ႕ ယုံၾကည္မွဳအတုိင္းပဲ CAS အားကစားခုံ႐ုံးမွာ ေအာင္ျမင္မွဳရခဲ့ၿပီး ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္အစား ေပါင္ ၉ သန္း (ယူ႐ို ၁၀ သန္း) ဒဏ္ေငြနဲ႔ပဲ ၿပီးဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။
ဆုံးျဖတ္ခ်က္ မထြက္ေပၚခင္ကတည္း ဂြါဒီယိုလာက ခ်န္ပီယံလိဂ္မွာ ဆက္ကစားရမယ္လို႔ ယုံၾကည္ေၾကာင္း ေျပာထားခဲ့သလို အမွဳေဆာင္ခ်ဳပ္ ဖယ္ရန္ ဆိုရီယာႏိုကလည္း သူတုိ႔အေနနဲ႔ UEFA ရဲ႕ ျပစ္ဒဏ္ကို ေျပာင္းျပန္လွန္ပစ္ႏုိင္တဲ့ သက္ေသေတြ ခိုင္ခုိင္လုံလုံရွိထားတယ္လို႔ ဆုိခဲ့တာပါ။
UEFA အေနနဲ႔ မန္စီးတီးရဲ႕ ျပစ္ဒဏ္ကို အစျပဳခဲ့တာဟာ တျခားအေထာက္အထားေတြထက္ ေပၚတူဂီလူမ်ဳိး ဟက္ကာတစ္ေယာက္ျဖစ္တဲ့ ႐ူအီ ပင္တုိရဲ႕ ေဖေဖာ္ဝါရီလအတြင္းမွာ အတြင္းေရးေတြကို ထုတ္ေဖာ္ခဲ့တာက အစျပဳခဲ့တယ္လုိ႔လည္း ဆုိေနၾကၿပီး ဒီဟက္ကာအေနနဲ႔ လက္ရွိမွာေတာ့ သူ႕ရဲ႕ စည္းကမ္းခ်ဳိးေဖာက္မွဳေတြအတြက္ ျပစ္ဒဏ္ခ်မွတ္ဖို႔ ေပၚတူဂီႏုိင္ငံမွာ တရားရင္ဆုိင္ေနရတယ္လုိ႔လည္း သိရပါတယ္။
မန္စီးတီးရဲ႕ ျပစ္ဒဏ္ပယ္ဖ်က္မွဳေၾကာင့္ တုိက္႐ိုက္သက္ေရာက္မွဳကို ခံစားရမယ့္သူေတြကေတာ့ ပရီးမီးယားလိဂ္ အဆင့္ ၅ ကို ေမွ်ာ္လင့္ေနတဲ့သူေတြျဖစ္ၿပီး လက္ရွိအေနအထားအရေတာ့ မန္ခ်က္စတာယူႏုိက္တက္ဟာ အဆင့္ ၃ ကို တက္လွမ္းႏုိင္ဖို႔ အေျခအေနေကာင္းေနလို႔ မစိုးရိမ္ရေပမယ့္ ခ်ဲလ္ဆီးနဲ႔ လက္စတာတုိ႔ထဲက တစ္သင္းကေတာ့ ယူ႐ိုပါလိဂ္ဆီ ထြက္ရႏုိင္သလို သူတုိ႔ရဲ႕ အမွားကို ဝုလ္ဗ္စ္တို႔ကလည္း ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။
ဂြါဒီယိုလာနဲ႔ မန္စီးတီးထိပ္တန္းကစားသမားေတြကေတာ့ အသင္းမွာ ဆက္ရွိဖို႔ ေသခ်ာသြားၿပီျဖစ္ၿပီး လာမယ့္အေျပာင္းအေရႊ႕ကာလမွာလည္း ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမွဳေတြကို ထပ္မံျမင္ေတြ႕ရႏုိင္သလို ကိုဗစ္-၁၉ ေၾကာင့္ ဒီရာသီေငြသုံးမွဳကို ေျဖေလွ်ာ့ေပးထားမယ္လို႔ ေျပာတဲ့ UEFA ရဲ႕ စကားေၾကာင့္ မုိးျပာေရာင္ Cityzens တို႔ ပြဲၾကမ္းေတာ့မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: မန်ချက်စတာစီးတီးအသင်းကို UEFA က ချမှတ်ထားတဲ့ ပြစ်ဒဏ်အပေါ် အယူခံကတော့ ပြီးခဲ့တဲ့ သောကြာနေ့က နည်းပြ ဂွါဒီယိုလာရဲ့ ယုံကြည်မှုအတိုင်းပဲ CAS အားကစားခုံရုံးမှာ အောင်မြင်မှုရခဲ့ပြီး နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်အစား ပေါင် ၉ သန်း (ယူရို ၁၀ သန်း) ဒဏ်ငွေနဲ့ပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက် မထွက်ပေါ်ခင်ကတည်း ဂွါဒီယိုလာက ချန်ပီယံလိဂ်မှာ ဆက်ကစားရမယ်လို့ ယုံကြည်ကြောင်း ပြောထားခဲ့သလို အမှုဆောင်ချုပ် ဖယ်ရန် ဆိုရီယာနိုကလည်း သူတို့အနေနဲ့ UEFA ရဲ့ ပြစ်ဒဏ်ကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ သက်သေတွေ ခိုင်ခိုင်လုံလုံရှိထားတယ်လို့ ဆိုခဲ့တာပါ။
UEFA အနေနဲ့ မန်စီးတီးရဲ့ ပြစ်ဒဏ်ကို အစပြုခဲ့တာဟာ တခြားအထောက်အထားတွေထက် ပေါ်တူဂီလူမျိုး ဟက်ကာတစ်ယောက်ဖြစ်တဲ့ ရူအီ ပင်တိုရဲ့ ဖေဖော်ဝါရီလအတွင်းမှာ အတွင်းရေးတွေကို ထုတ်ဖော်ခဲ့တာက အစပြုခဲ့တယ်လို့လည်း ဆိုနေကြပြီး ဒီဟက်ကာအနေနဲ့ လက်ရှိမှာတော့ သူ့ရဲ့ စည်းကမ်းချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ဖို့ ပေါ်တူဂီနိုင်ငံမှာ တရားရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
မန်စီးတီးရဲ့ ပြစ်ဒဏ်ပယ်ဖျက်မှုကြောင့် တိုက်ရိုက်သက်ရောက်မှုကို ခံစားရမယ့်သူတွေကတော့ ပရီးမီးယားလိဂ် အဆင့် ၅ ကို မျှော်လင့်နေတဲ့သူတွေဖြစ်ပြီး လက်ရှိအနေအထားအရတော့ မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၃ ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေလို့ မစိုးရိမ်ရပေမယ့် ချဲလ်ဆီးနဲ့ လက်စတာတို့ထဲက တစ်သင်းကတော့ ယူရိုပါလိဂ်ဆီ ထွက်ရနိုင်သလို သူတို့ရဲ့ အမှားကို ဝုလ်ဗ်စ်တို့ကလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာနဲ့ မန်စီးတီးထိပ်တန်းကစားသမားတွေကတော့ အသင်းမှာ ဆက်ရှိဖို့ သေချာသွားပြီဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့ကာလမှာလည်း ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေကို ထပ်မံမြင်တွေ့ရနိုင်သလို ကိုဗစ်-၁၉ ကြောင့် ဒီရာသီငွေသုံးမှုကို ဖြေလျှော့ပေးထားမယ်လို့ ပြောတဲ့ UEFA ရဲ့ စကားကြောင့် မိုးပြာရောင် Cityzens တို့ ပွဲကြမ်းတော့မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.