အဂၤလန္ႏုိင္ငံမွာ ဗီလိန္ေတြလို႔ နာမည္ေျပာင္ရထားတဲ့ အက္စတန္ဗီလာအသင္းရဲ႕ တန္းဆင္းဇုန္႐ုန္းပြဲမွာေတာ့ သူတို႔ေတြထဲက မင္းသားတစ္ဦး ေပၚထြက္လာခဲ့ၿပီး အီဂ်စ္ေတာင္ပံကစားသမား ထေရဇီေဂးရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔အတူ ဘာဖိအား ဘာေမွ်ာ္လင့္ခ်က္မွ မရွိတဲ့ ခရစၥတယ္လ္ ပဲေလ့စ္ကို အႏုိင္ရရွိၿပီး ေမွ်ာ္လင့္ခ်က္တခ်ဳိ႕ ရွိလာခဲ့ပါတယ္။
ဗီလာပါ့ခ္မွာ ကစားခဲ့ရတဲ့ အိမ္ရွင္တုိ႔အတြက္ ဒီေန႔မွာ VAR က အကူအညီျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာ ပဲေလ့စ္ဘက္က သြင္းယူတဲ့ ဆာခိုရဲ႕ ဖရီးကစ္ကေန ေခါင္းတုိက္ခဲ့တဲ့ သြင္းဂိုးကို ပယ္ဖ်က္ေပးခဲ့ပါတယ္။ ဒီဂိုးမွာေတာ့ ဆာခိုဟာ ေခါင္းတုိက္တာ မဟုတ္ဘဲ လက္နဲ႔ ထိခဲ့တယ္လို႔ စြပ္စြဲၿပီး ပယ္ဖ်က္ခဲ့တာကေတာ့ သိပ္ၿပီး လက္ခံႏိုင္စရာ မဟုတ္ခဲ့ေပမယ့္ ကာကြယ္မယ့္ ဂိုးသမား ေရးနားကို ဘန္တီကီ ဝင္တုိက္ခဲ့တာကသာ Foul Play အျဖစ္ သတ္မွတ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ကန္ပုိ႔တဲ့ ကြင္းလယ္လူ အူရီဟန္းရဲ႕ ဖရီးကစ္က အျမင့္ေဘာကို ပဲေလ့စ္ေနာက္ခံလူေတြ ရွင္းထုတ္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ထေရဇီေဂးက အျမန္ပိတ္သြင္းခဲ့ရာမွာ လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ဂြဳိင္တာ ကာကြယ္ဖို႔ မမီလိုက္ဘဲ ပထမပုိင္းအၿပီးမွာ ဗီလာတုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။
ပဲေလ့စ္တုိ႔ ျပန္ဖိကစားေပမယ့္ ဂိုးသမား ေရးနား ကာကြယ္သြားႏုိင္ခဲ့သလို ဗီလာရဲ႕ ဂိုးသြင္းခြင့္ေတြကိုလည္း ဂြဳိင္တာက တည္ၿငိမ္တဲ့ လက္စြမ္းနဲ႔ တားဆီးေနခဲ့လုိ႔ ေနာက္ထပ္ဂိုးရဖို႔ေတာ့ ခက္ခဲေနခဲ့ၿပီး ဒီပြဲကို အႏိုင္ေသခ်ာေစမယ့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၅၉ မိနစ္မွာမွ ထပ္မံရရွိခဲ့တာပါ။
ဒီဂိုးကေတာ့ ညာေတာင္ပံက ျဖတ္တင္ေဘာကို ပဲေလ့စ္ခံစစ္က ရွင္းထုတ္ခဲ့တဲ့ ေဘာလုံးကို ကြင္းလယ္လူ အူရီဟန္းက ေခါင္းတုိက္ၿပီး ဂိုးဧရိယာထဲမွာ ေနရာယူထားခဲ့တဲ့ ထေရဇီေဂးကို ခ်ေပးရာမွာ အီဂ်စ္သားက ဂြဳိင္တာနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ သြင္းယူႏုိင္ခဲ့လုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ဗီလာတုိ႔အတြက္ တန္းဆင္းဇုန္က လြတ္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တခ်ဳိ႕ ယွက္သန္းလာခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: အင်္ဂလန်နိုင်ငံမှာ ဗီလိန်တွေလို့ နာမည်ပြောင်ရထားတဲ့ အက်စတန်ဗီလာအသင်းရဲ့ တန်းဆင်းဇုန်ရုန်းပွဲမှာတော့ သူတို့တွေထဲက မင်းသားတစ်ဦး ပေါ်ထွက်လာခဲ့ပြီး အီဂျစ်တောင်ပံကစားသမား ထရေဇီဂေးရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘာဖိအား ဘာမျှော်လင့်ချက်မှ မရှိတဲ့ ခရစ္စတယ်လ် ပဲလေ့စ်ကို အနိုင်ရရှိပြီး မျှော်လင့်ချက်တချို့ ရှိလာခဲ့ပါတယ်။
ဗီလာပါ့ခ်မှာ ကစားခဲ့ရတဲ့ အိမ်ရှင်တို့အတွက် ဒီနေ့မှာ VAR က အကူအညီဖြစ်ခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာ ပဲလေ့စ်ဘက်က သွင်းယူတဲ့ ဆာခိုရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်ခဲ့တဲ့ သွင်းဂိုးကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီဂိုးမှာတော့ ဆာခိုဟာ ခေါင်းတိုက်တာ မဟုတ်ဘဲ လက်နဲ့ ထိခဲ့တယ်လို့ စွပ်စွဲပြီး ပယ်ဖျက်ခဲ့တာကတော့ သိပ်ပြီး လက်ခံနိုင်စရာ မဟုတ်ခဲ့ပေမယ့် ကာကွယ်မယ့် ဂိုးသမား ရေးနားကို ဘန်တီကီ ဝင်တိုက်ခဲ့တာကသာ Foul Play အဖြစ် သတ်မှတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် ၄၅ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ကန်ပို့တဲ့ ကွင်းလယ်လူ အူရီဟန်းရဲ့ ဖရီးကစ်က အမြင့်ဘောကို ပဲလေ့စ်နောက်ခံလူတွေ ရှင်းထုတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ထရေဇီဂေးက အမြန်ပိတ်သွင်းခဲ့ရာမှာ လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ဂွိုင်တာ ကာကွယ်ဖို့ မမီလိုက်ဘဲ ပထမပိုင်းအပြီးမှာ ဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပဲလေ့စ်တို့ ပြန်ဖိကစားပေမယ့် ဂိုးသမား ရေးနား ကာကွယ်သွားနိုင်ခဲ့သလို ဗီလာရဲ့ ဂိုးသွင်းခွင့်တွေကိုလည်း ဂွိုင်တာက တည်ငြိမ်တဲ့ လက်စွမ်းနဲ့ တားဆီးနေခဲ့လို့ နောက်ထပ်ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပြီး ဒီပွဲကို အနိုင်သေချာစေမယ့်ဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာမှ ထပ်မံရရှိခဲ့တာပါ။
ဒီဂိုးကတော့ ညာတောင်ပံက ဖြတ်တင်ဘောကို ပဲလေ့စ်ခံစစ်က ရှင်းထုတ်ခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ အူရီဟန်းက ခေါင်းတိုက်ပြီး ဂိုးဧရိယာထဲမှာ နေရာယူထားခဲ့တဲ့ ထရေဇီဂေးကို ချပေးရာမှာ အီဂျစ်သားက ဂွိုင်တာနဲ့ တစ်ဦးချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဗီလာတို့အတွက် တန်းဆင်းဇုန်က လွတ်ဖို့ မျှော်လင့်ချက်ရောင်ခြည်တချို့ ယှက်သန်းလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.