Premier League

၁၃.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလျပည့္ေက်ာ္ ၉ ရက္၊ တနလၤာေန႔။

၁၃.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလျပည့္ေက်ာ္ ၉ ရက္၊ တနလၤာေန႔။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၁၉:၀၈ အထိ တိထီ ၈ လုံး။ ေက်ာ္လွ်င္ ၉ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၁၂ အထိ ေရဝတီနကၡတ္။ ေက်ာ္လွ်င္ အႆဝဏီနကၡတ္။ ည ၂၃:၄၅ အထိ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။ ေက်ာ္လွ်င္ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
ည ၁၉:၀၈ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၈:၁၇ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆိုျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၁၉:၀၈ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၃.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက်၊ တနင်္လာနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၁၉:၀၈ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
မွန်းလွဲ ၁၂:၁၂ အထိ ရေဝတီနက္ခတ်။ ကျော်လျှင် အဿဝဏီနက္ခတ်။ ည ၂၃:၄၅ အထိ သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။ ကျော်လျှင် ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။

တစ်နေ့တာ ကရိုဏ်း။
ည ၁၉:၀၈ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၈:၁၇ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၁၉:၀၈ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)