Match Report Premier League

ဒီးနီရဲ႕ ပင္နယ္တီႏွစ္ဂိုးနဲ႔ တန္းမဆင္းရဖို႔ အေျခအေနေကာင္းလာတဲ့ ဝတ္ဖို႔ဒ္

ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရႏုိင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆုိင္ေနခဲ့ရတဲ့ အသင္းေတြထဲက ဝက္စ္ဟမ္းကေတာ့ အေဝးကြင္းမွာ ေနာ့ဝစ္ခ်္ကို ေနာက္ေကာက္ခ်ၿပီး အဆင့္ ၁၆ မွာ တန္းဆင္းဇုန္နဲ႔ ၆ မွတ္ျဖတ္လုိက္ခ်ိန္မွာ ဝတ္ဖို႔ဒ္တို႔ကလည္း အားက်မခံဘဲ အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔ ငွက္က်ားေတြဆီက သုံးမွတ္ကို သိမ္းပုိက္ၿပီး အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၁၇ မွာ ခုိင္ျမဲေစခဲ့ပါတယ္။

စတိဗ္ ဘ႐ုစ္ရဲ႕ နယူးကာဆယ္လ္တုိ႔ကေတာ့ တန္းဆင္းဖို႔ အႏၲရာယ္ မရွိေတာ့သလို ဥေရာပဝင္ခြင့္ေတြနဲ႔လည္း လုံးဝမသက္ဆုိင္တဲ့ အေနအထားမွာ ရွိေနတာေၾကာင့္ ဝတ္ဖို႔ဒ္တုိ႔အတြက္ ႀကီးမားတဲ့ အတားအဆီးလည္း မျဖစ္ခဲ့ဘဲ အသင္းေခါင္းေဆာင္ ထရြဳိင္ ဒီးနီရဲ႕ ပင္နယ္တီႏွစ္လုံးက သူတုိ႔ရဲ႕ ရပ္တည္မွဳအတြက္ ႀကီးမားတဲ့ သက္ေရာက္မွဳျဖစ္ေစခဲ့ပါတယ္။

ႏုိင္ပြဲရရွိခဲ့တာျဖစ္ေပမယ့္ တကယ္တမ္းေတာ့ ဝတ္ဖို႔ဒ္တို႔ေတြ အိမ္ကြင္းမွာ ေနာက္က လိုက္ကစားခဲ့ရၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာ ရစ္ခ်ီရဲ႕ ေထာင့္ကန္ေဘာကို ဖက္ဒါရီကို ဖာနန္ဒက္ဇ္ ေခါင္းတုိက္ခဲ့ရာမွာ ဂိုးရဲ႕ အေဝးတုိင္ဘက္မွာ ရွိေနတဲ့ ဒြဳိက္ ဂိုင္းလ္က ပုိေသခ်ာေစမယ့္ ပိတ္သြင္းမွဳကို ျပဳလုပ္သြားခဲ့တာလည္းျဖစ္ပါတယ္။ ဒီဂိုးေၾကာင့္ နယူးကာဆယ္လ္တုိ႔ ပထမပုိင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့တာပါ။

ဒုတိယပုိင္း ျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲ ေဘာလုံးဆြဲဝင္ခဲ့တဲ့ ဖာမင္နီယာကို နယူးကာဆယ္လ္ကြင္းလယ္လူ ရစ္ခ်ီတားဆီးရာမွာ လဲက်သြားခဲ့လုိ႔ ဒိုင္လူႀကီး ခရိတ္ခ်္ ေပၚဆန္က ပင္နယ္တီသတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္ ဒီးနီက ဂိုးရဲ႕ အလယ္တည့္တည့္ကို အျပင္းကန္သြင္းယူၿပီး ေခ်ပခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန ပင္နယ္တီဧရိယာထဲ ဆြဲဝင္တဲ့ အစၥမိုင္လာ ဆားရ္ကို နယူးကာဆယ္ရဲ႕ မန္ကီးယို ဆြဲလွဲခဲ့လို႔ အိမ္ရွင္တုိ႔ ဒုတိယေျမာက္ ပင္နယ္တီရရွိခဲ့ၿပီး ဒါကို ဒီးနီကပဲ ပထမဂိုးနဲ႔ ပုံစံတူနီးပါး ကန္သြင္းၿပီး အႏုိင္ဂိုးရယူႏုိင္ခဲ့လုိ႔ ဝတ္ဖို႔ဒ္တို႔ သုံးမွတ္ရခဲ့ၿပီး တန္းဆင္းဇုန္နဲ႔ ၆ မွတ္အကြာမွာ လက္က်န္ ၃ ပြဲမွာ ၃ မွတ္ရရင္ ပရီးမီးယားလိဂ္မွာ တင္က်န္ႏုိင္ေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတဲ့ အသင်းတွေထဲက ဝက်စ်ဟမ်းကတော့ အဝေးကွင်းမှာ နော့ဝစ်ချ်ကို နောက်ကောက်ချပြီး အဆင့် ၁၆ မှာ တန်းဆင်းဇုန်နဲ့ ၆ မှတ်ဖြတ်လိုက်ချိန်မှာ ဝတ်ဖို့ဒ်တို့ကလည်း အားကျမခံဘဲ အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့ ငှက်ကျားတွေဆီက သုံးမှတ်ကို သိမ်းပိုက်ပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁၇ မှာ ခိုင်မြဲစေခဲ့ပါတယ်။

စတိဗ် ဘရုစ်ရဲ့ နယူးကာဆယ်လ်တို့ကတော့ တန်းဆင်းဖို့ အန္တရာယ် မရှိတော့သလို ဥရောပဝင်ခွင့်တွေနဲ့လည်း လုံးဝမသက်ဆိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ဝတ်ဖို့ဒ်တို့အတွက် ကြီးမားတဲ့ အတားအဆီးလည်း မဖြစ်ခဲ့ဘဲ အသင်းခေါင်းဆောင် ထရွိုင် ဒီးနီရဲ့ ပင်နယ်တီနှစ်လုံးက သူတို့ရဲ့ ရပ်တည်မှုအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။

နိုင်ပွဲရရှိခဲ့တာဖြစ်ပေမယ့် တကယ်တမ်းတော့ ဝတ်ဖို့ဒ်တို့တွေ အိမ်ကွင်းမှာ နောက်က လိုက်ကစားခဲ့ရပြီး ပွဲချိန် ၂၃ မိနစ်မှာ ရစ်ချီရဲ့ ထောင့်ကန်ဘောကို ဖက်ဒါရီကို ဖာနန်ဒက်ဇ် ခေါင်းတိုက်ခဲ့ရာမှာ ဂိုးရဲ့ အဝေးတိုင်ဘက်မှာ ရှိနေတဲ့ ဒွိုက် ဂိုင်းလ်က ပိုသေချာစေမယ့် ပိတ်သွင်းမှုကို ပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂိုးကြောင့် နယူးကာဆယ်လ်တို့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲ ဘောလုံးဆွဲဝင်ခဲ့တဲ့ ဖာမင်နီယာကို နယူးကာဆယ်လ်ကွင်းလယ်လူ ရစ်ချီတားဆီးရာမှာ လဲကျသွားခဲ့လို့ ဒိုင်လူကြီး ခရိတ်ချ် ပေါ်ဆန်က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဝတ်ဖို့ဒ်အသင်းခေါင်းဆောင် ဒီးနီက ဂိုးရဲ့ အလယ်တည့်တည့်ကို အပြင်းကန်သွင်းယူပြီး ချေပခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ လက်ပစ်ဘောကနေ ပင်နယ်တီဧရိယာထဲ ဆွဲဝင်တဲ့ အစ္စမိုင်လာ ဆားရ်ကို နယူးကာဆယ်ရဲ့ မန်ကီးယို ဆွဲလှဲခဲ့လို့ အိမ်ရှင်တို့ ဒုတိယမြောက် ပင်နယ်တီရရှိခဲ့ပြီး ဒါကို ဒီးနီကပဲ ပထမဂိုးနဲ့ ပုံစံတူနီးပါး ကန်သွင်းပြီး အနိုင်ဂိုးရယူနိုင်ခဲ့လို့ ဝတ်ဖို့ဒ်တို့ သုံးမှတ်ရခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၆ မှတ်အကွာမှာ လက်ကျန် ၃ ပွဲမှာ ၃ မှတ်ရရင် ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.