Premier League

အဲဗာတန်နဲ့ပွဲမှာ ပင်နယ်တီမပေးခဲ့ရတဲ့ မန်စီးတီးရဲ့ဒီရာသီလုပ်ကွက်တွေကို ပြသခဲ့တဲ့ လီဗာပူးလ်ပရိသတ်

စနေနေ့ညနေက အဲဗာတန်ကို မန်ချက်စတာစီးတီးက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကြီးမားတဲ့ အငြင်းပွားစရာဖြစ်ရပ်တွေ ရှိနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးနဲ့နောက်ဆုံးလို ဆန့်ကျင်ဘက်ဖြစ်နေပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ လမ်းပတ်ရဲ့ အဲဗာတန်အသင်းကို ဖြိုခွဲနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ နောက်ဆုံးမှာတော့ ၇၂ မိနစ်မှာ မိုက်ကယ် ကိန်းရဲ့ အမှားကနေတဆင့် ဖီးလ် ဖိုဒန် အခွင့်ကောင်းယူ ကန်သွင်းခဲ့တဲ့သွင်းဂိုးကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး နောက်ထပ် ၃ မိနစ်အကြာမှာ မန်စီးတီးက ဒိုင်လူကြီးဆုံးဖြတ်ချက်ကြောင့် နောက်ထပ် အကျိုးအမြတ် ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးက ရိုဒရီရဲ့လက်ကို ထိသွားခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်မှ မသတ်မှတ်ခဲ့ပေမယ့် VAR ကတော့ လက်ထိဘောကို မြင်တွေ့လိမ့်မယ်လို့ တကမ္ဘာလုံးက ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း VAR က ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ လူမှုကွန်ရက်မှာ ရှိနေတဲ့ ပရိသတ်တွေကို ယမ်းပုံမီးကျ ဒေါသပေါက်ကွဲစေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို အဝေးကွင်းမှာ ရရှိသွားခဲ့ပေမယ့် အဲဗာတန်အနေနဲ့ ရိုဒရီရဲ့လက်ထိဘောမှာ ပင်နယ်တီသာ ရရှိခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ အနိုင်ရမလားဆိုတာ မသေချာပါဘူး။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စောဒကတက်စရာ အများအပြားရှိနေသေးတာဖြစ်ပြီး ယခုရာသီမှာ ဒိုင်လူကြီးက မန်စီးတီးကို နိုင်ပွဲရစေခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကတော့ ဒါက ပထမဆုံးအကြိမ်မဟုတ်တော့တာဖြစ်ပါတယ်။

ရိုဒရီရဲ့လက်ထိဘောကို ပင်နယ်တီ မသတ်မှတ်ခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်း လီဗာပူးလ်ပရိသတ်တွေ ထောင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ TheAnfieldAlert က ‘ဒီရာသီမှာ မန်စီးတီးတို့ သူတို့ရဲ့နိုင်ပွဲတွေထဲက အချို့ကို အနိုင်ရအောင်ဘယ်လိုလုပ်ခဲ့လဲ’ဆိုတာကို ပြသထားတဲ့ဗီဒီယိုကို တင်ခဲ့ပါတယ်။

၃ မိနစ် ၂ ဝါ ၁ နီ၊ ပယ်နယ်တီ ဇာတ်လမ်းစုံနဲ့ အမ်းမရိတ်က ရုပ်ပျက်ဆင်းပျက်နိုင်ပွဲ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မှာတော့ မန်စီးတီးအသင်းအနေနဲ့ ဇန်နဝါရီ ၁ ရက် ၂၀၂၂ မှာ နည်းပြ မပါနိုင်တဲ့ အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပွဲချိန် ၁၀ မိနစ်မှာ လာကာဇက် ခင်းပေးလိုက်တာကို ဘောလုံးထိန်းဖို့ကြိုးစားတဲ့ အော်ဒီဂွါဒ်ရဲ့ ခြေထောက်ကို မန်စီးတီးဂိုးသမား အီဒါဆန်က ကန်မိလို့ လဲကျခဲ့ပေမယ့် ထင်ထင်ရှားရှားနဲ့ ဘယ်လိုမှ ရှောင်လွှဲမရနိုင်တဲ့ ဒီပင်နယ်တီ အခွင့်အရေးကို ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ကတော့ မျက်နှာပြောင်တိုက်ပြီး ပင်နယ်တီ မပေးဘဲ ပယ်ချလိုက်ခြင်းက မန်စီးတီးတို့ မနိုင်နိုင်အောင် မျက်နှာပေးတော့မယ်လို့ မင်းသားမျက်နှာဖုံးကို ချွတ်ပြလိုက်တဲ့ လုပ်ရပ်ရဲ့ အစလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ အာဆင်နယ်တို့ ဆာကာသွင်းယူတဲ့ ဂိုးနဲ့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးတို့ကတော့ ပထမပိုင်းမှာ တစ်ခါမှ ဂိုးပေါက်တောင် မတည့်ခဲ့ဘဲ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက်မှာတော့ ပွဲချိန် ၄၉ မိနစ်မှာ မာတီနယ်လီကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ ရိုဒရီရဲ့ အနီကတ်ပြလို့ရတဲ့ ပြစ်ဒဏ်ကို အနည်းဆုံး အဝါကတ်တောင်မပြခဲ့ပဲ ဒိုင်လူကြီး အက်ထ်ဝဲလ်က သက်ညှာခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားက ချာကာနဲ့ အတွေ့မှာ လဲကျသွားခဲ့ရာမှာ သေချာမမြင်လိုက်တဲ့ အက်ထ်ဝဲလ်ရဲ့ ဟီးရိုးလုပ်ခွင့်ဖြစ်သွားခဲ့ပြီး မပါးနပ်တဲ့ ချာကာရဲ့ အားသိပ်မပါတဲ့ အင်္ကျီဆွဲမှုကို VAR ပြန်ကြည့်ပြီး ပင်နယ်တီပေးခဲ့လို့ မာရတ်ဇ်က သွင်းယူကာ ချေပဂိုးရရှိသွားခဲ့ရုံမက ပွဲချိန် ၅၉ မိနစ်မှာတော့ ဒီပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပုံကတော့ မာတီနယ်လီ ပိတ်တာက တိုင်ထိထွက်ခဲ့ပြီး ဒီကနေ ပြန်လည်ကန်တင်ခဲ့တဲ့ ဂိုးလွန်ဘောကို ပွဲချိန် ၅၇ မိနစ်မှာ ပင်နယ်တီ မကန်ခင် နှောင့်ယှက်ခဲ့လို့ တစ်ဝါထိထားခဲ့တဲ့ ဂါဘရီယယ်လ်က အစိုးရိမ်လွန်ပြီး ဂျေဆူးစ်ကို တားဆီးခဲ့ရာမှာ ဒုတိယအဝါကတ်ကို ချက်ချင်းထုတ်ပြလိုက်တဲ့အတွက် နှစ်မိနစ်အတွင်းမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ပြီး မန်စီးတီးက အားသာမှုရရှိဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ လာကာဇက်ကို တွန်းချတဲ့ ရိုဒရီကို အဝါပြဖို့ ဖိအားပေးခဲ့တဲ့ ဆာကာကို ဒိုင်လူကြီး အက်ထ်ဝဲလ်က အဝါကတ်ပြခဲ့ပြီး မိနစ် ၉၀ အထိ အာဆင်နယ်တို့ တစ်ဂိုးစီသရေနဲ့ တောင့်ခံနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘန်ဝှိုက်နဲ့ ထိပြီး ရှေ့ရောက်လာတဲ့ ဘောလုံးကို ရိုဒရီက အနီးကပ်ကန်သွင်းယူသွားခဲ့လို့ ပွဲချိန်ပြည့်မှာတော့ ဒိုင်ရဲ့ ရုပ်ပျက်ဆင်းပျက် ဘက်လိုက်မှုတွေနဲ့ မန်စီးတီးတို့ အာဆင်နယ်ကို အမ်းမရိတ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နောက်က ကပ်လိုက်နေတဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ကို ဆက်လက် အမှတ်ဖြတ်ကာ ဦးဆောင်ခွင့်ရရှိခဲ့ပွဲကိုလည်း လီဗာပူးလ် ပရိသတ်က ထောက်ပြခဲ့ပါတယ်။

၁ မိနစ် ၂ ဝါ ၁ နီ၊ အငြင်းပွားဖွယ်ရာတွေ ပယ်နယ်တီနဲ့ ဝုလ်ဗ်စ်ကို အနိုင်ရရှိခဲ့မှု

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ဒီဇင်ဘာလ ၁၁ ရက် ၂၀၂၁ က မန်စီးတီးကွင်းကို လာရောက်ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာလည်း မန်စီးတီးတို့ရဲ့ ထိုးဖောက်မှုတွေကို ဧည့်သည်တွေရဲ့ ဂိုးသမား ဂျိုဆေးဆား အဝင်အထွက်မှန်မှန်နဲ့ လက်စွမ်းပြ ကာကွယ်ပိတ်ဆို့ကာကွယ်နေခဲ့လို့ မန်စီးတီးတို့ ဂိုးမသွင်းနိုင် ထင်တိုင်းမပေါက်ဖြစ်နေခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၄၆ မိနစ်မှာ ရိုဒရီကို ဖက်ပြီး ခြေချိတ်လို့ အဝါကတ်ပြခံထားရတဲ့ တိုက်စစ်မှူး ဟီမီနက်ဇ်အနေနဲ့ ပွဲချိန် ၄၇ မိနစ်မှာ မန်စီးတီးရဲ့ ဖရီးကစ်ကန်ခွင့်ကို နောက်မဆုတ်ဘဲ ခြေလှမ်းထောက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတာကြောင့် တစ်မိနစ်အတွင်း နောက်တစ်ဝါထပ်ထိခဲ့ပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဝုလ်ဗ်စ်တို့တွေ ဆယ်ယောက်ဖြစ်ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးရဲ့ ညာခြမ်းက အကြိမ်ကြိမ်ဖြတ်တင်မှုတွေကြားက ဘာနာဒို ဆေးလ်ဗားရဲ့ ဖြတ်တင်ဘောကို မော်တင်ညိုရဲ့ ချိုင်းအောက်သာ ထိခဲ့ပေမယ့် လက်ထိခဲ့တယ်လို့ စီးတီးတို့ ပင်နယ်တီ တောင်းဆိုခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာတော့ VAR နဲ့ ဒိုင်လူကြီး ဂျွန်မော့စ်တို့ သဘောတူညီခဲ့ချိန်မှာ စတာလင်က ဂိုးသမား ဂျိုဆေးဆားကို လှည့်စားကန်သွင်းပြီး ပွဲချိန် ၆၆ မိနစ်မှာ ဂိုးရရှိခဲ့ကာ အဲဒီ ပယ်နယ်တီဂိုးနဲ့ပဲ ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့ပြီး ၃ မှတ်အပြည့်ရယူနိုင်ခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ နယူးကာဆယ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲမှာလည်း ပွဲချိန် မိနစ် ၃၀ မှာ အထွက်မှားတဲ့ အီဒါဆန်က ဖရေဆာရဲ့ ခြေထောက်ကို ဆွဲလှဲမိတာကြောင့် ဖရေဆာလဲကျသွားခဲ့ပြီး နယူးကာဆယ်လ်တို့ ပင်နယ်တီတောင်းခဲ့ကြပေမယ့် ဒိုင်လူကြီးအနေနဲ့ ပယ်ချသွားခဲ့ပြီး မန်စီးတီးတို့ ဘေးကင်းခဲ့ပါတယ်လို့ လီဗာပူးလ် ပရိသတ်က ဆက်လက်ထောက်ပြခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စေနေန႔ညေနက အဲဗာတန္ကို မန္ခ်က္စတာစီးတီးက က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ႀကီးမားတဲ့ အျငင္းပြားစရာျဖစ္ရပ္ေတြ ရွိေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးနဲ႔ေနာက္ဆုံးလို ဆန႔္က်င္ဘက္ျဖစ္ေနေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ ဂြတ္ဒီဆင္ပါ့ခ္မွာ လမ္းပတ္ရဲ႕ အဲဗာတန္အသင္းကို ၿဖိဳခြဲႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ဆုံးမွာေတာ့ ၇၂ မိနစ္မွာ မိုက္ကယ္ ကိန္းရဲ႕ အမွားကေနတဆင့္ ဖီးလ္ ဖိုဒန္ အခြင့္ေကာင္းယူ ကန္သြင္းခဲ့တဲ့သြင္းဂိုးေၾကာင့္ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၃ မိနစ္အၾကာမွာ မန္စီးတီးက ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ေၾကာင့္ ေနာက္ထပ္ အက်ိဳးအျမတ္ ရရွိသြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးက ႐ိုဒရီရဲ႕လက္ကို ထိသြားခဲ့ေပမယ့္လည္း ကြင္းလယ္ဒိုင္က ဘာျပစ္ဒဏ္မွ မသတ္မွတ္ခဲ့ေပမယ့္ VAR ကေတာ့ လက္ထိေဘာကို ျမင္ေတြ႕လိမ့္မယ္လို႔ တကမာၻလုံးက ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း VAR က ပင္နယ္တီမေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အဲဒီ ဆုံးျဖတ္ခ်က္ဟာ လူမႈကြန္ရက္မွာ ရွိေနတဲ့ ပရိသတ္ေတြကို ယမ္းပုံမီးက် ေဒါသေပါက္ကြဲေစခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ကို အေဝးကြင္းမွာ ရရွိသြားခဲ့ေပမယ့္ အဲဗာတန္အေနနဲ႔ ႐ိုဒရီရဲ႕လက္ထိေဘာမွာ ပင္နယ္တီသာ ရရွိခဲ့ၿပီး ေခ်ပဂိုး သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အႏိုင္ရမလားဆိုတာ မေသခ်ာပါဘူး။ ဒါေပမယ့္လည္း ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေစာဒကတက္စရာ အမ်ားအျပားရွိေနေသးတာျဖစ္ၿပီး ယခုရာသီမွာ ဒိုင္လူႀကီးက မန္စီးတီးကို ႏိုင္ပြဲရေစခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့တာကေတာ့ ဒါက ပထမဆုံးအႀကိမ္မဟုတ္ေတာ့တာျဖစ္ပါတယ္။

႐ိုဒရီရဲ႕လက္ထိေဘာကို ပင္နယ္တီ မသတ္မွတ္ခဲ့တဲ့ VAR ရဲ႕ ဆုံးျဖတ္ခ်က္ေနာက္ပိုင္း လီဗာပူးလ္ပရိသတ္ေတြ ေထာင္ထားတဲ့ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ TheAnfieldAlert က ‘ဒီရာသီမွာ မန္စီးတီးတို႔ သူတို႔ရဲ႕ႏိုင္ပြဲေတြထဲက အခ်ိဳ႕ကို အႏိုင္ရေအာင္ဘယ္လိုလုပ္ခဲ့လဲ’ဆိုတာကို ျပသထားတဲ့ဗီဒီယိုကို တင္ခဲ့ပါတယ္။

၃ မိနစ္ ၂ ဝါ ၁ နီ၊ ပယ္နယ္တီ ဇာတ္လမ္းစုံနဲ႔ အမ္းမရိတ္က ႐ုပ္ပ်က္ဆင္းပ်က္ႏိုင္ပြဲ

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၁ မွာေတာ့ မန္စီးတီးအသင္းအေနနဲ႔ ဇန္နဝါရီ ၁ ရက္ ၂၀၂၂ မွာ နည္းျပ မပါႏိုင္တဲ့ အာဆင္နယ္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာလည္း ပြဲခ်ိန္ ၁၀ မိနစ္မွာ လာကာဇက္ ခင္းေပးလိုက္တာကို ေဘာလုံးထိန္းဖို႔ႀကိဳးစားတဲ့ ေအာ္ဒီဂြါဒ္ရဲ႕ ေျခေထာက္ကို မန္စီးတီးဂိုးသမား အီဒါဆန္က ကန္မိလို႔ လဲက်ခဲ့ေပမယ့္ ထင္ထင္ရွားရွားနဲ႔ ဘယ္လိုမွ ေရွာင္လႊဲမရႏိုင္တဲ့ ဒီပင္နယ္တီ အခြင့္အေရးကို ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ကေတာ့ မ်က္ႏွာေျပာင္တိုက္ၿပီး ပင္နယ္တီ မေပးဘဲ ပယ္ခ်လိုက္ျခင္းက မန္စီးတီးတို႔ မႏိုင္ႏိုင္ေအာင္ မ်က္ႏွာေပးေတာ့မယ္လို႔ မင္းသားမ်က္ႏွာဖုံးကို ခြၽတ္ျပလိုက္တဲ့ လုပ္ရပ္ရဲ႕ အစလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဆာကာသြင္းယူတဲ့ ဂိုးနဲ႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ ပထမပိုင္းမွာ တစ္ခါမွ ဂိုးေပါက္ေတာင္ မတည့္ခဲ့ဘဲ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ ပြဲခ်ိန္ ၄၉ မိနစ္မွာ မာတီနယ္လီကို ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့တဲ့ ႐ိုဒရီရဲ႕ အနီကတ္ျပလို႔ရတဲ့ ျပစ္ဒဏ္ကို အနည္းဆုံး အဝါကတ္ေတာင္မျပခဲ့ပဲ ဒိုင္လူႀကီး အက္ထ္ဝဲလ္က သက္ညႇာခဲ့ျပန္တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗားက ခ်ာကာနဲ႔ အေတြ႕မွာ လဲက်သြားခဲ့ရာမွာ ေသခ်ာမျမင္လိုက္တဲ့ အက္ထ္ဝဲလ္ရဲ႕ ဟီး႐ိုးလုပ္ခြင့္ျဖစ္သြားခဲ့ၿပီး မပါးနပ္တဲ့ ခ်ာကာရဲ႕ အားသိပ္မပါတဲ့ အက်ႌဆြဲမႈကို VAR ျပန္ၾကည့္ၿပီး ပင္နယ္တီေပးခဲ့လို႔ မာရတ္ဇ္က သြင္းယူကာ ေခ်ပဂိုးရရွိသြားခဲ့႐ုံမက ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဒီပြဲရဲ႕ ႀကီးမားတဲ့ အလွည့္အေျပာင္းျဖစ္ေပၚခဲ့ၿပီး ျဖစ္ပုံကေတာ့ မာတီနယ္လီ ပိတ္တာက တိုင္ထိထြက္ခဲ့ၿပီး ဒီကေန ျပန္လည္ကန္တင္ခဲ့တဲ့ ဂိုးလြန္ေဘာကို ပြဲခ်ိန္ ၅၇ မိနစ္မွာ ပင္နယ္တီ မကန္ခင္ ေႏွာင့္ယွက္ခဲ့လို႔ တစ္ဝါထိထားခဲ့တဲ့ ဂါဘရီယယ္လ္က အစိုးရိမ္လြန္ၿပီး ေဂ်ဆူးစ္ကို တားဆီးခဲ့ရာမွာ ဒုတိယအဝါကတ္ကို ခ်က္ခ်င္းထုတ္ျပလိုက္တဲ့အတြက္ ႏွစ္မိနစ္အတြင္းမွာ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ၿပီး မန္စီးတီးက အားသာမႈရရွိဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ လာကာဇက္ကို တြန္းခ်တဲ့ ႐ိုဒရီကို အဝါျပဖို႔ ဖိအားေပးခဲ့တဲ့ ဆာကာကို ဒိုင္လူႀကီး အက္ထ္ဝဲလ္က အဝါကတ္ျပခဲ့ၿပီး မိနစ္ ၉၀ အထိ အာဆင္နယ္တို႔ တစ္ဂိုးစီသေရနဲ႔ ေတာင့္ခံႏိုင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘန္ဝႈိက္နဲ႔ ထိၿပီး ေရွ႕ေရာက္လာတဲ့ ေဘာလုံးကို ႐ိုဒရီက အနီးကပ္ကန္သြင္းယူသြားခဲ့လို႔ ပြဲခ်ိန္ျပည့္မွာေတာ့ ဒိုင္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ ဘက္လိုက္မႈေတြနဲ႔ မန္စီးတီးတို႔ အာဆင္နယ္ကို အမ္းမရိတ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ေနာက္က ကပ္လိုက္ေနတဲ့ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ကို ဆက္လက္ အမွတ္ျဖတ္ကာ ဦးေဆာင္ခြင့္ရရွိခဲ့ပြဲကိုလည္း လီဗာပူးလ္ ပရိသတ္က ေထာက္ျပခဲ့ပါတယ္။

၁ မိနစ္ ၂ ဝါ ၁ နီ၊ အျငင္းပြားဖြယ္ရာေတြ ပယ္နယ္တီနဲ႔ ဝုလ္ဗ္စ္ကို အႏိုင္ရရွိခဲ့မႈ

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ အျဖစ္ ဒီဇင္ဘာလ ၁၁ ရက္ ၂၀၂၁ က မန္စီးတီးကြင္းကို လာေရာက္ကစားခဲ့တဲ့ ဝုလ္ဗ္စ္အသင္းနဲ႔ ပြဲမွာလည္း မန္စီးတီးတို႔ရဲ႕ ထိုးေဖာက္မႈေတြကို ဧည့္သည္ေတြရဲ႕ ဂိုးသမား ဂ်ိဳေဆးဆား အဝင္အထြက္မွန္မွန္နဲ႔ လက္စြမ္းျပ ကာကြယ္ပိတ္ဆို႔ကာကြယ္ေနခဲ့လို႔ မန္စီးတီးတို႔ ဂိုးမသြင္းႏိုင္ ထင္တိုင္းမေပါက္ျဖစ္ေနခဲ့ၿပီး ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၄၆ မိနစ္မွာ ႐ိုဒရီကို ဖက္ၿပီး ေျခခ်ိတ္လို႔ အဝါကတ္ျပခံထားရတဲ့ တိုက္စစ္မႉး ဟီမီနက္ဇ္အေနနဲ႔ ပြဲခ်ိန္ ၄၇ မိနစ္မွာ မန္စီးတီးရဲ႕ ဖရီးကစ္ကန္ခြင့္ကို ေနာက္မဆုတ္ဘဲ ေျခလွမ္းေထာက္ၿပီး ပိတ္ဆို႔ဖို႔ ႀကိဳးစားတာေၾကာင့္ တစ္မိနစ္အတြင္း ေနာက္တစ္ဝါထပ္ထိခဲ့ၿပီး ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရလို႔ ဝုလ္ဗ္စ္တို႔ေတြ ဆယ္ေယာက္ျဖစ္ၿပီး ပထမပိုင္း ၿပီးဆုံးခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ မန္စီးတီးရဲ႕ ညာျခမ္းက အႀကိမ္ႀကိမ္ျဖတ္တင္မႈေတြၾကားက ဘာနာဒို ေဆးလ္ဗားရဲ႕ ျဖတ္တင္ေဘာကို ေမာ္တင္ညိဳရဲ႕ ခ်ိဳင္းေအာက္သာ ထိခဲ့ေပမယ့္ လက္ထိခဲ့တယ္လို႔ စီးတီးတို႔ ပင္နယ္တီ ေတာင္းဆိုခဲ့ျပန္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ VAR နဲ႔ ဒိုင္လူႀကီး ဂြၽန္ေမာ့စ္တို႔ သေဘာတူညီခဲ့ခ်ိန္မွာ စတာလင္က ဂိုးသမား ဂ်ိဳေဆးဆားကို လွည့္စားကန္သြင္းၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာ ဂိုးရရွိခဲ့ကာ အဲဒီ ပယ္နယ္တီဂိုးနဲ႔ပဲ ဝုလ္ဗ္စ္အသင္းကို အႏိုင္ရရွိခဲ့ၿပီး ၃ မွတ္အျပည့္ရယူႏိုင္ခဲ့ပါတယ္။

ဒါတင္မကေသးဘဲ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၈ နယူးကာဆယ္အသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိတဲ့ပြဲမွာလည္း ပြဲခ်ိန္ မိနစ္ ၃၀ မွာ အထြက္မွားတဲ့ အီဒါဆန္က ဖေရဆာရဲ႕ ေျခေထာက္ကို ဆြဲလွဲမိတာေၾကာင့္ ဖေရဆာလဲက်သြားခဲ့ၿပီး နယူးကာဆယ္လ္တို႔ ပင္နယ္တီေတာင္းခဲ့ၾကေပမယ့္ ဒိုင္လူႀကီးအေနနဲ႔ ပယ္ခ်သြားခဲ့ၿပီး မန္စီးတီးတို႔ ေဘးကင္းခဲ့ပါတယ္လို႔ လီဗာပူးလ္ ပရိသတ္က ဆက္လက္ေထာက္ျပခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.