Premier League

ဥေရာပအဆင့္ဂိုးသြင္းမွတ္တမ္းမွာ မက္ဆီ၊ ေရာ္နယ္လ္ဒိုတုိ႔ကို အမီလိုက္ႏုိင္ခဲ့တဲ့ အူဘာမီယန္း

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ လက္စတာနဲ႔ အိမ္ကြင္းပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ဂိုးနဲ႔အတူ ပရီးမီးယားလိဂ္ဂိုး ၂၀ ျပည့္ခဲ့သလို အသင္းဂႏၴဝင္တုိက္စစ္မွဴး သီယာရီ အြန္နရီရဲ႕ စံခ်ိန္ကို လိုက္မီခဲ့တာတင္မဟုတ္ဘဲ ဥေရာပရဲ႕ စံခ်ိန္တစ္ခုကိုပါ ထပ္မံရရွိခဲ့တာျဖစ္ၿပီး ငါးရာသီဆက္တုိက္ ဂိုး ၂၀ နဲ႔အထက္ သြင္းယူႏုိင္ခဲ့တဲ့ စတုတၳေျမာက္ကစားသမားအျဖစ္ပါ မွတ္တမ္းဝင္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

အူဘာမီယန္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၂၀ ျပည့္ေအာင္ သြင္းယူႏုိင္ခဲ့တာဟာ ဥေရာပအဆင့္မွာ သူ႕အတြက္ ၅ ရာသီဆက္ သြင္းဂိုး ၂၀ နဲ႔အထက္ ရယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဒီလိုမ်ဳိး စံခ်ိန္ကို ရရွိထားခဲ့တာဆုိလို႔ ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီ၊ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဘိုင္ယန္ျမဴးနစ္တုိက္စစ္မွဴး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတုိ႔ေတြပဲ ေရွ႕မွာ ရွိေနေသးတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လက အသက္ ၃၁ ႏွစ္ ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ဂါဘြန္တုိက္စစ္မွဴးဟာ ဒီစံခ်ိန္ကို ရရွိဖို႔ ၂၀၁၅-၁၆ ရာသီမွာ ၂၅ ဂိုး၊ ၂၀၁၆-၁၇ ရာသီမွာ ၃၁ ဂိုး၊ ၂၀၁၇-၁၈ ရာသီမွာ ၂၃ ဂိုး၊ စုစုေပါင္း ၂၃ ဂိုး၊ ၂၀၁၈-၁၉ ရာသီမွာ ၂၂ ဂိုးနဲ႔ ဒီရာသီမွာ သြင္းဂိုး ၂၀ ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ လက္မလႊတ္ႏိုင္စရာ မွတ္တမ္းကိုလည္း ပုိင္ဆုိင္ထားခဲ့ပါတယ္။

ဥေရာပရဲ႕ ေဘာလုံးရာသီတုိင္းမွာ ဂိုး ၂၀ ျပည့္ေအာင္ ဆက္တုိက္သြင္းယူမွဳမွာေတာ့ မက္ဆီက ၂၀၀၈-၀၉ ရာသီကေန ဒီရာသီအထိ ၁၂ ရာသီဆက္တုိက္၊ ေရာ္နယ္လ္ဒိုက ၂၀၀၉-၁၀ ရာသီကေန ဒီရာသီအထိ ၁၁ ရာသီဆက္တုိက္နဲ႔ လီဗန္ေဒါ့ဗ္စကီးက ၂၀၁၅-၁၆ ရာသီကေန လက္ရွိရာသီအထိ ၅ ရာသီဆက္တုိက္သြင္းယူႏုိင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့ လက္ရွိအခ်ိန္အထိ အသင္းနဲ႔ စာခ်ဳပ္သစ္အတြက္ မေျပလည္ေသးတဲ့ အူဘာမီယန္းကို အသင္းမွာ ဆက္ရွိေနေစခ်င္ၾကၿပီး အျမန္ဆုံး လက္မွတ္ထိုးေပးဖို႔ ဆိုရွယ္မီဒီယာေတြေပၚကေန ဝိုင္းဝန္းေတာင္းဆိုေနၾကသလို ေဆြးေႏြးညႇိႏွဳိင္းမွဳေတြကိုေတာ့ လုပ္ေဆာင္ေနတယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ လက်စတာနဲ့ အိမ်ကွင်းပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ဂိုး ၂၀ ပြည့်ခဲ့သလို အသင်းဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီရဲ့ စံချိန်ကို လိုက်မီခဲ့တာတင်မဟုတ်ဘဲ ဥရောပရဲ့ စံချိန်တစ်ခုကိုပါ ထပ်မံရရှိခဲ့တာဖြစ်ပြီး ငါးရာသီဆက်တိုက် ဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အူဘာမီယန်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၂၀ ပြည့်အောင် သွင်းယူနိုင်ခဲ့တာဟာ ဥရောပအဆင့်မှာ သူ့အတွက် ၅ ရာသီဆက် သွင်းဂိုး ၂၀ နဲ့အထက် ရယူနိုင်ခဲ့တာလည်းဖြစ်ပြီး ဒီလိုမျိုး စံချိန်ကို ရရှိထားခဲ့တာဆိုလို့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့တွေပဲ ရှေ့မှာ ရှိနေသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အသက် ၃၁ နှစ် ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ ဒီစံချိန်ကို ရရှိဖို့ ၂၀၁၅-၁၆ ရာသီမှာ ၂၅ ဂိုး၊ ၂၀၁၆-၁၇ ရာသီမှာ ၃၁ ဂိုး၊ ၂၀၁၇-၁၈ ရာသီမှာ ၂၃ ဂိုး၊ စုစုပေါင်း ၂၃ ဂိုး၊ ၂၀၁၈-၁၉ ရာသီမှာ ၂၂ ဂိုးနဲ့ ဒီရာသီမှာ သွင်းဂိုး ၂၀ ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေအတွက်တော့ လက်မလွှတ်နိုင်စရာ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဥရောပရဲ့ ဘောလုံးရာသီတိုင်းမှာ ဂိုး ၂၀ ပြည့်အောင် ဆက်တိုက်သွင်းယူမှုမှာတော့ မက်ဆီက ၂၀၀၈-၀၉ ရာသီကနေ ဒီရာသီအထိ ၁၂ ရာသီဆက်တိုက်၊ ရော်နယ်လ်ဒိုက ၂၀၀၉-၁၀ ရာသီကနေ ဒီရာသီအထိ ၁၁ ရာသီဆက်တိုက်နဲ့ လီဗန်ဒေါ့ဗ်စကီးက ၂၀၁၅-၁၆ ရာသီကနေ လက်ရှိရာသီအထိ ၅ ရာသီဆက်တိုက်သွင်းယူနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ လက်ရှိအချိန်အထိ အသင်းနဲ့ စာချုပ်သစ်အတွက် မပြေလည်သေးတဲ့ အူဘာမီယန်းကို အသင်းမှာ ဆက်ရှိနေစေချင်ကြပြီး အမြန်ဆုံး လက်မှတ်ထိုးပေးဖို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝိုင်းဝန်းတောင်းဆိုနေကြသလို ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.