La Liga

ရီးရဲလ္ဘက္တစ္အသင္း၏ နည္းျပသစ္အျဖစ္ ပယ္လီဂရီနီအား ခန႔္အပ္

စပိန္လာလီဂါ ကလပ္အသင္းတစ္သင္းျဖစ္သည့္ ရီးရဲဘက္တစ္အသင္းသည္ ရီးရဲလ္မက္ဒရစ္ႏွင့္ မန္ခ်က္စတာစီးတီးအသင္းမ်ား၏ နည္းျပေဟာင္းျဖစ္သူ ခ်ီလီလူမ်ဳိးနည္းျပ မန္ႏူယယ္ ပယ္လီဂရီနီအား နည္းျပသစ္အျဖစ္ သုံးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ခဲ့ေၾကာင္း ထုတ္ျပန္ေၾကျငာသြားခဲ့ပါတယ္။

၂၀၁၉ ဒီဇင္ဘာတြင္ ဝက္စ္ဟမ္းအသင္းထံမွ ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနေသာ ပယ္လီဂရီနီသည္ မန္စီးတီးအသင္းႏွင့္အတူ ပရီးမီးယားလိဂ္ တစ္ႀကိမ္ႏွင့္ ကားလင္းဖလား ၂ ႀကိမ္ ရယူထားခဲ့သူလည္းျဖစ္ၿပီး ဝါရင့္နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။

ရီးရဲဘက္တစ္အသင္းသည္ ယခုရာသီ စပိန္လာလီဂါတြင္ အဆင့္ ၁၃ ေနရာ၌ ရပ္တည္ေနၿပီး ကီေကး ဆီတီယန္အား ဆက္ခံသည့္ နည္းျပျဖစ္သူ ဂ်ဳိအန္ ဖရန္ဆက္စ္ ဖာရာ (႐ူဘီ)အား ဇြန္လေႏွာင္းပိုင္းကတည္းက ထုတ္ပယ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

“အသင္းအေနႏွင့္ အရည္အေသြးျမင့္ နာမည္ႀကီး နည္းျပတစ္ဦးကို ခန႔္အပ္လိုက္ျခင္းအားျဖင့္ အသင္း၏ စြမ္းေဆာင္ရည္မ်ား ပိုမို ေကာင္းမြန္လာေစရန္ ရည္႐ြယ္ပါသည္”ဟုလည္း ရီးရဲလ္ ဘက္တစ္အသင္းက ကလပ္၏ တရားဝင္ဝက္ဘ္ဆုိက္တြင္ ေၾကျငာခဲ့ပါတယ္။

အသက္ ၆၆ ႏွစ္အရြယ္ နည္းျပ ပယ္လီဂရီနီအေနျဖင့္ ရီးရဲလ္ဘက္တစ္အသင္း မတိုင္မီ လာလီဂါအသင္းမ်ားထဲမွ ဗီလာရီးရဲလ္၊ မာလာဂါ၊ ရီးရဲလ္မက္ဒရစ္အသင္းမ်ားကို နည္းျပခဲ့ဖူးၿပီး ပရီးမီးယားလိဂ္တြင္လည္း မန္စီးတီးႏွင့္ ဝက္စ္ဟမ္းတို႔အား နည္းျပခဲ့ဖူးသူတစ္ဦးျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်သည့် ရီးရဲဘက်တစ်အသင်းသည် ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာစီးတီးအသင်းများ၏ နည်းပြဟောင်းဖြစ်သူ ချီလီလူမျိုးနည်းပြ မန်နူယယ် ပယ်လီဂရီနီအား နည်းပြသစ်အဖြစ် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

၂၀၁၉ ဒီဇင်ဘာတွင် ဝက်စ်ဟမ်းအသင်းထံမှ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသော ပယ်လီဂရီနီသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ် တစ်ကြိမ်နှင့် ကားလင်းဖလား ၂ ကြိမ် ရယူထားခဲ့သူလည်းဖြစ်ပြီး ဝါရင့်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

ရီးရဲဘက်တစ်အသင်းသည် ယခုရာသီ စပိန်လာလီဂါတွင် အဆင့် ၁၃ နေရာ၌ ရပ်တည်နေပြီး ကီကေး ဆီတီယန်အား ဆက်ခံသည့် နည်းပြဖြစ်သူ ဂျိုအန် ဖရန်ဆက်စ် ဖာရာ (ရူဘီ)အား ဇွန်လနှောင်းပိုင်းကတည်းက ထုတ်ပယ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

“အသင်းအနေနှင့် အရည်အသွေးမြင့် နာမည်ကြီး နည်းပြတစ်ဦးကို ခန့်အပ်လိုက်ခြင်းအားဖြင့် အသင်း၏ စွမ်းဆောင်ရည်များ ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်”ဟုလည်း ရီးရဲလ် ဘက်တစ်အသင်းက ကလပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေငြာခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် နည်းပြ ပယ်လီဂရီနီအနေဖြင့် ရီးရဲလ်ဘက်တစ်အသင်း မတိုင်မီ လာလီဂါအသင်းများထဲမှ ဗီလာရီးရဲလ်၊ မာလာဂါ၊ ရီးရဲလ်မက်ဒရစ်အသင်းများကို နည်းပြခဲ့ဖူးပြီး ပရီးမီးယားလိဂ်တွင်လည်း မန်စီးတီးနှင့် ဝက်စ်ဟမ်းတို့အား နည်းပြခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.