Premier League

အသင္းကို ေပါင္သန္း ၅၀ နဲ႔ ေရာက္လာႏုိင္တဲ့ ဂရီးလစ္ရွ္ကို သတိထားဖို႔ ဆုိးလ္ရွားသတိေပး

မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက လာမယ့္ၾကာသပေတးေန႔ညမွာ ေတြ႕ဆုံမယ့္ အက္စတန္ဗီလာအသင္းနဲ႔ ပြဲစဥ္မွာ အသင္းကို ေရာက္လာဖို႔ သတင္းထြက္ေနခဲ့တဲ့ ၿပဳိင္ဘက္အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို သတိထားရမယ္လို႔ အသင္းသားေတြကို သတိေပးေျပာၾကားလုိက္ပါတယ္။

ေပါင္သန္း ၅၀ နဲ႔ အသင္းကို ေရာက္ရွိလာဖို႔ နီးစပ္ေနတဲ့ ဗီလာအသင္းေခါင္းေဆာင္ဟာ တန္းတက္လာခဲ့တဲ့ အသင္းကို ပရီးမီးယားလိဂ္မွာ ဆက္လက္တင္ရွိေနဖို႔ေတာ့ တစ္ေယာက္တည္းအားနဲ႔ မစြမ္းႏုိင္ခဲ့ေပမယ့္ ေျခစြမ္းအရေတာ့ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက ပထမအေက်ာ့ အုိးလ္ထရက္ဖို႔ဒ္မွာတုန္းက ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ေျခစြမ္းျပၿပီး သူတုိ႔ကို ဒုကၡေပးခဲ့တဲ့ ဂရီးလစ္ရွ္ကို သတိထားရမယ္လို႔ ေျပာခဲ့ၿပီး သူ႕ရဲ႕ ဘယ္ေတာင္ပံက ထိုးေဖာက္မွဳေတြဟာ သူတုိ႔ကို ေကာင္းေကာင္းၿခိမ္းေျခာက္ႏိုင္တယ္လုိ႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ ပထမအေက်ာ့ပြဲမွာ ဂရီးလစ္ရွ္က ဘယ္ျခမ္း၊ အယ္လ္ဂါဇီက ညာျခမ္းကေန အသင္းကို ေကာင္းေကာင္း ဒုကၡေပးသြားခဲ့ၾကပါတယ္။ ဂရီးလစ္ရွ္ကလည္း လွပတဲ့ ဂိုးတစ္ဂိုးကို သြင္းယူသြားခဲ့ၿပီး သူဟာ ဘယ္ျခမ္းကေနတင္ မဟုတ္ဘဲ ကြင္းလယ္နဲ႔ ညာျခမ္းကိုလည္း ေရာက္ရွိလာႏုိင္သူျဖစ္သလို သူ႕ကိုပဲ သတိထားေနရင္လည္း တျခားကစားသမားေတြကို ေနရာလြတ္ေပးမိမွာျဖစ္လို႔ သတိထားၿပီး ကစားမွ ရပါလိမ့္မယ္”လို႔ သုံးသပ္ခဲ့ပါတယ္။

အက္စတန္ဗီလာအသင္းဘက္ကေန တန္ေၾကးအျဖစ္ ေပါင္သန္း ၈၀ သတ္မွတ္ထားခဲ့တဲ့ ဂရီးလစ္ရွ္ဟာ လာမယ့္ရာသီမွာ မန္ခ်က္စတာ ယူႏုိက္တက္ကို ေရာက္ရွိမယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကၿပီး ကိုဗစ္-၁၉ ေၾကာင့္ က်ဆင္းေနတဲ့ ဘဏၰာေရးအေျခအေနေတြအရေတာ့ ေပါင္သန္း ၅၀ မွာ အေရာင္းအဝယ္ျဖစ္လိမ့္မယ္လုိ႔လည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက လာမယ့်ကြာသပတေးနေ့ညမှာ တွေ့ဆုံမယ့် အက်စတန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အသင်းကို ရောက်လာဖို့ သတင်းထွက်နေခဲ့တဲ့ ပြိုင်ဘက်အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို သတိထားရမယ်လို့ အသင်းသားတွေကို သတိပေးပြောကြားလိုက်ပါတယ်။

ပေါင်သန်း ၅၀ နဲ့ အသင်းကို ရောက်ရှိလာဖို့ နီးစပ်နေတဲ့ ဗီလာအသင်းခေါင်းဆောင်ဟာ တန်းတက်လာခဲ့တဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ရှိနေဖို့တော့ တစ်ယောက်တည်းအားနဲ့ မစွမ်းနိုင်ခဲ့ပေမယ့် ခြေစွမ်းအရတော့ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာတုန်းက နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး သူတို့ကို ဒုက္ခပေးခဲ့တဲ့ ဂရီးလစ်ရှ်ကို သတိထားရမယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ ဘယ်တောင်ပံက ထိုးဖောက်မှုတွေဟာ သူတို့ကို ကောင်းကောင်းခြိမ်းခြောက်နိုင်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ပထမအကျော့ပွဲမှာ ဂရီးလစ်ရှ်က ဘယ်ခြမ်း၊ အယ်လ်ဂါဇီက ညာခြမ်းကနေ အသင်းကို ကောင်းကောင်း ဒုက္ခပေးသွားခဲ့ကြပါတယ်။ ဂရီးလစ်ရှ်ကလည်း လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူသွားခဲ့ပြီး သူဟာ ဘယ်ခြမ်းကနေတင် မဟုတ်ဘဲ ကွင်းလယ်နဲ့ ညာခြမ်းကိုလည်း ရောက်ရှိလာနိုင်သူဖြစ်သလို သူ့ကိုပဲ သတိထားနေရင်လည်း တခြားကစားသမားတွေကို နေရာလွတ်ပေးမိမှာဖြစ်လို့ သတိထားပြီး ကစားမှ ရပါလိမ့်မယ်”လို့ သုံးသပ်ခဲ့ပါတယ်။

အက်စတန်ဗီလာအသင်းဘက်ကနေ တန်ကြေးအဖြစ် ပေါင်သန်း ၈၀ သတ်မှတ်ထားခဲ့တဲ့ ဂရီးလစ်ရှ်ဟာ လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိမယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ကိုဗစ်-၁၉ ကြောင့် ကျဆင်းနေတဲ့ ဘဏ္ဏာရေးအခြေအနေတွေအရတော့ ပေါင်သန်း ၅၀ မှာ အရောင်းအဝယ်ဖြစ်လိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.