La Liga Premier League Serie A Transfer News

ဘီလ္ဘာအုိေနာက္ခံလူကို ေႏြရာသီမွာ ေခၚယူဖို႔ အလုိရွိေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ လိုအပ္ခ်က္ေတြ မ်ားျပားေနခဲ့တဲ့ ခံစစ္ပုိင္းအတြက္ လာမယ့္အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ခ်ိန္မွာ စပိန္ကလပ္ အက္သလက္တစ္ ဘီလ္ဘာအိုအသင္းရဲ႕ ေနာက္ခံလူ အူႏုိင္း ႏူးညက္ဇ္ကို ေခၚယူဖို႔ အဲဗာတန္၊ ဝက္စ္ဟမ္းယူႏုိက္တက္တုိ႔နဲ႔အၿပဳိင္ အလိုရွိေနတယ္လုိ႔ ဆုိပါတယ္။

ဥေရာပအသင္းႀကီးေတြက စိတ္ဝင္စားေနခဲ့ၾကတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဘတ္စ္ေကးသား ဗဟိုေနာက္ခံလူဟာ စပိန္လက္ေရြးစင္အသင္းမွာလည္း တစ္ပြဲကစားခြင့္ ရရွိထားခဲ့ၿပီးသူျဖစ္ၿပီး ဘီလ္ဘာအုိအသင္းကို ၂၀၁၇-၁၈ ရာသီမွာ ဦးစားေပးအျဖစ္ ကစားခြင့္ရရွိထားသူျဖစ္ေပမယ့္ အသင္းေဖာ္ ယီေရးေနာက္မွာ အရန္အျဖစ္သာ ပြဲထြက္ေနရသူလည္းျဖစ္ပါတယ္။

အူႏုိင္း ႏူးညက္ဇ္ကို အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက စိတ္ဝင္စားခဲ့တာျဖစ္ေပမယ့္ ဘဏၰာေရးအေျခအေနအရ မေခၚယူႏုိင္ခဲ့တာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာေတာ့ ကစားသမားေတြကို ရွင္းထုတ္ၿပီး ျပန္လည္ႀကဳိးစားသြားဖို႔ ရွိေနသလို ကစားသမားရဲ႕ ေပါင္ ၂၇ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ကိုလည္း ေဆြးေႏြးသြားဖြယ္ရွိေနပါတယ္။

အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ခ်ိန္မွာ ဒီေနာက္ခံလူရဲ႕ စာခ်ဳပ္သက္တမ္းဟာ ႏွစ္ႏွစ္ေအာက္ကို က်ေရာက္သြားေတာ့မွာလည္းျဖစ္လို႔ အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို ေပါင္ ၂၇ သန္းထက္ ေလ်ာ့နည္းတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ပရီးမီးယားလိဂ္ႏွစ္သင္းအျပင္ စီးရီးေအကလပ္ေတြနဲ႔လည္း ယွဥ္ၿပဳိင္သြားရဖြယ္ရွိပါတယ္။

UNAI NUNEZ SPAIN

ေနာက္ဆုံးရရွိထားတဲ့ သတင္းေတြအရေတာ့ ႏူးညက္ဇ္အေနနဲ႔ ဘီလ္ဘာအိုဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်ထားခဲ့ၿပီး အသင္းရဲ႕ ဦးစားေပးေနာက္ခံလူေတြ ရရွိတဲ့ ေပါင္ေျခာက္ေသာင္းခန္႔ ပမာဏကို ပစ္မွတ္ထားေနတဲ့ ေနာက္ခံလူေနနဲ႔ အသင္းနဲ႔ ေဆြးေႏြးမွဳမွာ အဆင္မေျပခဲ့တာ ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: AS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေ များပြားနေခဲ့တဲ့ ခံစစ်ပိုင်းအတွက် လာမယ့်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုအသင်းရဲ့ နောက်ခံလူ အူနိုင်း နူးညက်ဇ်ကို ခေါ်ယူဖို့ အဲဗာတန်၊ ဝက်စ်ဟမ်းယူနိုက်တက်တို့နဲ့အပြိုင် အလိုရှိနေတယ်လို့ ဆိုပါတယ်။

ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ကြတဲ့ အသက် ၂၃ နှစ်အရွယ် ဘတ်စ်ကေးသား ဗဟိုနောက်ခံလူဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း တစ်ပွဲကစားခွင့် ရရှိထားခဲ့ပြီးသူဖြစ်ပြီး ဘီလ်ဘာအိုအသင်းကို ၂၀၁၇-၁၈ ရာသီမှာ ဦးစားပေးအဖြစ် ကစားခွင့်ရရှိထားသူဖြစ်ပေမယ့် အသင်းဖော် ယီရေးနောက်မှာ အရန်အဖြစ်သာ ပွဲထွက်နေရသူလည်းဖြစ်ပါတယ်။

အူနိုင်း နူးညက်ဇ်ကို အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ဘဏ္ဏာရေးအခြေအနေအရ မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ ကစားသမားတွေကို ရှင်းထုတ်ပြီး ပြန်လည်ကြိုးစားသွားဖို့ ရှိနေသလို ကစားသမားရဲ့ ပေါင် ၂၇ သန်းတန် လျော်ကြေးစာချုပ်ကိုလည်း ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ဒီနောက်ခံလူရဲ့ စာချုပ်သက်တမ်းဟာ နှစ်နှစ်အောက်ကို ကျရောက်သွားတော့မှာလည်းဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ပေါင် ၂၇ သန်းထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ်လို့ မျှော်လင့်နေပြီး ပရီးမီးယားလိဂ်နှစ်သင်းအပြင် စီးရီးအေကလပ်တွေနဲ့လည်း ယှဉ်ပြိုင်သွားရဖွယ်ရှိပါတယ်။

UNAI NUNEZ SPAIN

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ နူးညက်ဇ်အနေနဲ့ ဘီလ်ဘာအိုဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချထားခဲ့ပြီး အသင်းရဲ့ ဦးစားပေးနောက်ခံလူတွေ ရရှိတဲ့ ပေါင်ခြောက်သောင်းခန့် ပမာဏကို ပစ်မှတ်ထားနေတဲ့ နောက်ခံလူနေနဲ့ အသင်းနဲ့ ဆွေးနွေးမှုမှာ အဆင်မပြေခဲ့တာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: AS
PHOTOS CREDIT TO OWNERS
SPORTS A2Z.