Bundesliga Premier League Transfer News

ေလဗာကူဆင္က ထြက္ခြာဖို႔ ဟာဗတ္ဇ္ခြင့္ေတာင္းထားၿပီး ေျပာင္းေရႊ႕ေၾကးအတြက္ ခ်ဲလ္ဆီးအသင့္ရွိေန

ဘြန္ဒက္စ္လီဂါမွာ ၄ ရာသီ ကစားခဲ့အၿပီး ဥေရာပအသင္းႀကီးေတြ မ်က္စိက်စရာ ေျခစြမ္းေတြကို ျပသေနခဲ့တဲ့ ေဘယာေလဗာကူဆင္ကြင္းလယ္လူ ခုိင္ ဟာဗတ္ဇ္ဟာ အသင္းကေန ထြက္ခြာဖို႔ တာဝန္ရွိသူေတြဆီ တရားဝင္ခြင့္ေတာင္းလုိက္ၿပီလို႔ ဂ်ာမန္အေျခစိုက္ အားကစားသတင္းဌာန Bild က ေဖာ္ျပလုိက္ပါတယ္။

ဟာဗတ္ဇ္အေနနဲ႔ ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ေလဗာကူဆင္နဲ႔ ၿပဳိင္ပြဲစုံ ၁၄၈ ပြဲကစား ၄၅ ဂိုး သြင္းယူထားတဲ့ မွတ္တမ္းကို ဒီေနရာမွာပဲ ရပ္တန္႔ဖို႔ ရွိေနသလို အသင္းဘက္ကလည္း ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၈၉ သန္း (ယူ႐ိုသန္း ၁၀၀) သတ္မွတ္ထားခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးအသင္းကေတာ့ ေရွ႕ဆုံးကေန ေပးေခ်ဖို႔ အဆင္သင့္ရွိေနတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ သူတုိ႔ရဲ႕ တိုက္စစ္ပုိင္းကို ဒီရာသီမွာ ျပင္ဆင္သြားဖို႔ ရွိေနသလို ကစားသမားေတြကို ျပန္လည္ေရာင္းခ်ၿပီး လိုအပ္တဲ့ အသုံးစရိတ္ကိုလည္း တစ္ဖက္တစ္လမ္းက ရွာေဖြသြားဖို႔ ရွိေနၿပီး ဟာဗတ္ဇ္ကေတာ့ အသင္းကို မတူညီတဲ့ ပုံစံနဲ႔ ကူညီေပးႏုိင္မယ့္ မီရွာေအးလ္ ဘားလက္ခ္(မိုက္ကယ္ ေဘာလက္)လက္သစ္လို႔ ပရိသတ္ေတြကေတာ့ ယူဆေနၾကပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဘယ္ေျခေရာ ညာေျခပါ အသုံးျပဳႏုိင္သူျဖစ္ၿပီး တုိက္စစ္မွာ ဘယ္ေတာင္ပံကလြဲရင္ ေနရာအေတာ္မ်ားမ်ားမွာ ကစားႏုိင္တဲ့ အရည္အေသြးကို ပုိင္ဆုိင္ထားသလို ျမင့္မားတဲ့ အရပ္အေမာင္းအရ တုိက္စစ္မွဴးအျဖစ္ပါ အသုံးေတာ္ခံခဲ့ၿပီး သူ႕ကို ဂ်ာမန္လို အာေလစ္ကြန္နာ Alleskönner (All Rounder)လို႔လည္း အမည္ေပးထားၾကပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဘုိင္ယန္ျမဴးနစ္ေတြက စိတ္ဝင္စားေနခဲ့ၾကေပမယ့္ သူတုိ႔အေနနဲ႔ေတာ့ ဟာဗတ္ဇ္ကို ကစားသမားေတြ မေရာင္းရခင္မွာ ေခၚယူႏုိင္ဖို႔ ျဖစ္ႏုိင္ေျခနည္းေနခ်ိန္မွာ လက္ထဲမွာ ေငြပိုေငြလွ်ံရွိေနဆဲ ခ်ဲလ္ဆီးအေနနဲ႔ လက္ဦးမွဳ ရယူသြားႏုိင္မယ္လုိ႔ သတင္းေတြက သုံးသပ္ခဲ့ၾကၿပီး ေနာက္ထပ္ဂ်ာမန္သားတစ္ေယာက္ကို ရာသီသစ္မွာ ထပ္ျမင္ရဖို႔ နီးစပ္ေနတယ္လုိ႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘွန်ဒက်စ်လီဂါမှာ ၄ ရာသီ ကစားခဲ့အပြီး ဥရောပအသင်းကြီးတွေ မျက်စိကျစရာ ခြေစွမ်းတွေကို ပြသနေခဲ့တဲ့ ဘေယာလေဗာကူဆင်ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ဟာ အသင်းကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေဆီ တရားဝင်ခွင့်တောင်းလိုက်ပြီလို့ ဂျာမန်အခြေစိုက် အားကစားသတင်းဌာန Bild က ဖော်ပြလိုက်ပါတယ်။

ဟာဗတ်ဇ်အနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး လေဗာကူဆင်နဲ့ ပြိုင်ပွဲစုံ ၁၄၈ ပွဲကစား ၄၅ ဂိုး သွင်းယူထားတဲ့ မှတ်တမ်းကို ဒီနေရာမှာပဲ ရပ်တန့်ဖို့ ရှိနေသလို အသင်းဘက်ကလည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၉ သန်း (ယူရိုသန်း ၁၀၀) သတ်မှတ်ထားခဲ့ချိန်မှာ ချဲလ်ဆီးအသင်းကတော့ ရှေ့ဆုံးကနေ ပေးချေဖို့ အဆင်သင့်ရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ဒီရာသီမှာ ပြင်ဆင်သွားဖို့ ရှိနေသလို ကစားသမားတွေကို ပြန်လည်ရောင်းချပြီး လိုအပ်တဲ့ အသုံးစရိတ်ကိုလည်း တစ်ဖက်တစ်လမ်းက ရှာဖွေသွားဖို့ ရှိနေပြီး ဟာဗတ်ဇ်ကတော့ အသင်းကို မတူညီတဲ့ ပုံစံနဲ့ ကူညီပေးနိုင်မယ့် မီရှာအေးလ် ဘားလက်ခ်(မိုက်ကယ် ဘောလက်)လက်သစ်လို့ ပရိသတ်တွေကတော့ ယူဆနေကြပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဘယ်ခြေရော ညာခြေပါ အသုံးပြုနိုင်သူဖြစ်ပြီး တိုက်စစ်မှာ ဘယ်တောင်ပံကလွဲရင် နေရာအတော်များများမှာ ကစားနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားသလို မြင့်မားတဲ့ အရပ်အမောင်းအရ တိုက်စစ်မှူးအဖြစ်ပါ အသုံးတော်ခံခဲ့ပြီး သူ့ကို ဂျာမန်လို အာလေစ်ကွန်နာ Alleskönner (All Rounder)လို့လည်း အမည်ပေးထားကြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တွေက စိတ်ဝင်စားနေခဲ့ကြပေမယ့် သူတို့အနေနဲ့တော့ ဟာဗတ်ဇ်ကို ကစားသမားတွေ မရောင်းရခင်မှာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းနေချိန်မှာ လက်ထဲမှာ ငွေပိုငွေလျှံရှိနေဆဲ ချဲလ်ဆီးအနေနဲ့ လက်ဦးမှု ရယူသွားနိုင်မယ်လို့ သတင်းတွေက သုံးသပ်ခဲ့ကြပြီး နောက်ထပ်ဂျာမန်သားတစ်ယောက်ကို ရာသီသစ်မှာ ထပ်မြင်ရဖို့ နီးစပ်နေတယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.