Match Report Premier League

ခံစစ္ညံ့ဖ်င္းခ်ိန္မွာ ကံေကာင္းေနဆဲ ခ်ဲလ္ဆီးတုိ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ပုိမိုအေျခအေနေကာင္းလာ

ဖရန္႔ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔မွာ အေဝးကြင္းဝတ္စုံသစ္ကို ဝတ္ဆင္ကစားခဲ့ၿပီး ပထမဝတ္စုံတုန္းကလို အဖြင့္မလွမယ့္ အေျခအေနကေန ေရွာင္လႊဲႏုိင္ခဲ့ၿပီး ခံစစ္အမွားေတြ ရွိေနေပမယ့္ ကံက သူတုိ႔ဘက္မွာ ရွိေနခဲ့လို႔ ပဲေလ့စ္ရဲ႕ ပဲြၿပီးခါနီးတုိက္စစ္ေတြကို ထိန္းခ်ဳပ္ၿပီး အဖိုးတန္ သုံးမွတ္ကို ရယူသြားႏုိင္ခဲ့ပါတယ္။

ပဲေလ့စ္ရဲ႕ ခံစစ္ပုိင္းမွာ အေျပာင္းအလဲမ်ားေနသလို အသားမက်တဲ့ ပုံစံရွိေနခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတုိ႔ စစခ်င္းကတည္းက ဖိအာေပးႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ ညာေနာက္ခံလူ ဂ်ိမ္းစ္ရဲ႕ ေပးပုိ႔မွဳကို ဝီလီယန္ ဆြဲေျပးရာမွာ တားဆီးဖို႔လုပ္ရင္း ဒဏ္ရာရခဲ့တဲ့ ေကးေဟးလ္ေၾကာင့္ လြတ္လြတ္လပ္လပ္ ဖန္တီးခြင့္ရခဲ့ၿပီး ဒီညာျခမ္းက အနိမ့္ေဘာေပးပို႔မွဳကို ဂ်ီ႐ူးက အဖြင့္ဂိုးရယူႏုိင္ခဲ့ပါတယ္။

ဒဏ္ရာရသြားခဲ့တဲ့ ေကးေဟးလ္အစား ၿပီးခဲ့တဲ့ပြဲက အမွားမ်ားခဲ့တဲ့ ဆာခိုကိုပဲ ပဲေလ့စ္တုိ႔ ျပန္လည္ထည့္သြင္းခဲ့ရၿပီး ဒီေန႔ပြဲမွာ ဂိုးသမား ဂြဳိင္တာကလည္း ခ်ဲလ္ဆီးဂိုးသမား ကီပါနဲ႔အၿပဳိင္ လက္စြမ္းညံ့ေနခဲ့သလို ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ပူလီခ်စ္ရဲ႕ ကန္သြင္းခ်က္ အေပၚေထာင့္ကို ဝင္သြားတာကိုလည္း မတားဆီးႏုိင္ခဲ့လို႔ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန အတြင္းကို ျပန္ခ်ဳိးေပးတဲ့ ေဘာလုံးကို အလယ္မွာ ေရာက္ေနတဲ့ ေတာင္ပံကစားသမား ဇာဟာက အျပင္းကန္သြင္းခဲ့ရာမွာ သူ႕ရဲ႕တည့္တည့္ကို လာတဲ့ ေဘာလုံးကို ကီပါ မကာကြယ္ႏုိင္ခဲ့လုိ႔ ေခ်ပဂိုးတစ္ဂိုးျပန္ေပးခဲ့ရၿပီး ဒီဂိုးမွာ သူ႕ကို ျပစ္တင္မွဳေတြ ရွိေနခဲ့ေပမယ့္ ဇာဟာရဲ႕ ကန္ခ်က္ျပင္းမွဳနဲ႔ ေနာက္ခံလူ ဇူးမားရဲ႕ ျမင္ကြင္းကြယ္ေနမွဳေတြကေတာ့ ခြင့္လႊတ္ေပးဖို႔ စဥ္းစားႏိုင္စရာလည္းျဖစ္ခဲ့ၿပီး ပထမပုိင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ခ်ဲလ္ဆီးတုိ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ႏွစ္ဖက္စလုံး လူစားမလဲခဲ့ဘဲ ေရွ႕ဆက္ခဲ့ၾကၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးက ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ေအဘရာဟမ္တုိ႔ကို စလဲခဲ့ပါတယ္။ ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ သူတုိ႔ႏွစ္ဦးရဲ႕ အခ်ိတ္အဆက္ကေန ဂိုးသြင္းႏိုင္ခဲ့ၿပီး ေလာ့ဖ္တပ္စ္ခ်ိခ္ ပါးပါးနပ္နပ္ ခ်ေပးတဲ့ ေဘာလုံးကို လူမကၽြံေအာင္ သတိထားၿပီး ေစာင့္ေနခဲ့တဲ့ ေအဘရာဟမ္က အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းယူခဲ့တာမွာ တတိယဂိုးရရွိခဲ့တာပါ။

ဒီဂိုးရၿပီး ခ်က္ခ်င္းဆုိသလိုပဲ ပဲေလ့စ္တုိ႔ ျပန္လည္ေခ်ပႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ခံစစ္စုဖြဲ႕မွဳ ညံ့ဖ်င္းတာကေန ဂိုးဧရိယာထဲ ခုခံမယ့္ ကစားသမားနည္းေနတဲ့ ခ်ဲလ္ဆီးတုိ႔ ဒုကၡေတြ႕ခဲ့ၿပီး ေနာက္ခံလူ ဗန္အန္ေဟာ့လ္ ခ်ဳိးေပးတဲ့ ေဘာလုံးကို ဇူးမားရဲ႕ မာကင္ကို ခြာထြက္သြားခဲ့တဲ့ ဘန္တီကီက အနီးကပ္ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔ထက္ အိမ္ရွင္ပဲေလ့စ္တုိ႔က ပြဲကို စိုးမိုးႏုိင္ခဲ့ၿပီး ဂိုးကံေခေနခဲ့သလို ပြဲၿပီးခါနီး ေခါင္းတုိက္ခ်က္မွာလည္း တုိင္ထိၿပီး ျပန္ထြက္လာခဲ့လို႔ ေခ်ပဂိုးေတာ့ ျပန္မရခဲ့ဘဲ ဘန္တီကီရဲ႕ အပုိင္ရရွိတဲ့ ေဘာလုံးကို ကန္ခါနီးဆဲဆဲမွာ ဧည့္သည္ေနာက္ခံလူ ဇူးမား ခပ္ၾကမ္းၾကမ္း ေလွ်ာထုိးဖ်က္ထုတ္သြားႏုိင္ခဲ့လို႔ ပုိမိုကံေကာင္းခဲ့ၿပီး ပြဲအၿပီးမွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အဖိုးတန္သုံးမွတ္ကို ရယူႏုိင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ အဆင့္ ၃ ကို ေရာက္ရွိသြားခဲ့တဲ့ ခ်ဲလ္ဆီးတုိ႔အတြက္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ မန္စီးတီးသာ ပြဲပယ္ခံခဲ့ရရင္ အဆင့္ ၅ ေလာက္ ေအာက္ထစ္ ရပ္တည္ႏုိင္ဖို႔ကိုေတာ့ သိပ္ၿပီး ႀကဳိးစားစရာမလိုေတာ့တဲ့ အေျခအေနမ်ဳိး ပုိင္ဆုိင္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး လမ္းပတ္အေနနဲ႔ေတာ့ စိတ္ပ်က္စရာ ဂိုးသမားနဲ႔ ခံစစ္ကို ကုစားဖို႔ကိုပဲ အေျဖရွာရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဖရန့် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ဒီနေ့မှာ အဝေးကွင်းဝတ်စုံသစ်ကို ဝတ်ဆင်ကစားခဲ့ပြီး ပထမဝတ်စုံတုန်းကလို အဖွင့်မလှမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်ခဲ့ပြီး ခံစစ်အမှားတွေ ရှိနေပေမယ့် ကံက သူတို့ဘက်မှာ ရှိနေခဲ့လို့ ပဲလေ့စ်ရဲ့ ပွဲပြီးခါနီးတိုက်စစ်တွေကို ထိန်းချုပ်ပြီး အဖိုးတန် သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ပဲလေ့စ်ရဲ့ ခံစစ်ပိုင်းမှာ အပြောင်းအလဲများနေသလို အသားမကျတဲ့ ပုံစံရှိနေခဲ့တာကြောင့် ချဲလ်ဆီးတို့ စစချင်းကတည်းက ဖိအာပေးနိုင်ခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတော့ ညာနောက်ခံလူ ဂျိမ်းစ်ရဲ့ ပေးပို့မှုကို ဝီလီယန် ဆွဲပြေးရာမှာ တားဆီးဖို့လုပ်ရင်း ဒဏ်ရာရခဲ့တဲ့ ကေးဟေးလ်ကြောင့် လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရခဲ့ပြီး ဒီညာခြမ်းက အနိမ့်ဘောပေးပို့မှုကို ဂျီရူးက အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒဏ်ရာရသွားခဲ့တဲ့ ကေးဟေးလ်အစား ပြီးခဲ့တဲ့ပွဲက အမှားများခဲ့တဲ့ ဆာခိုကိုပဲ ပဲလေ့စ်တို့ ပြန်လည်ထည့်သွင်းခဲ့ရပြီး ဒီနေ့ပွဲမှာ ဂိုးသမား ဂွိုင်တာကလည်း ချဲလ်ဆီးဂိုးသမား ကီပါနဲ့အပြိုင် လက်စွမ်းညံ့နေခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာတော့ ပူလီချစ်ရဲ့ ကန်သွင်းချက် အပေါ်ထောင့်ကို ဝင်သွားတာကိုလည်း မတားဆီးနိုင်ခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိနေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဘယ်ခြမ်းကနေ အတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို အလယ်မှာ ရောက်နေတဲ့ တောင်ပံကစားသမား ဇာဟာက အပြင်းကန်သွင်းခဲ့ရာမှာ သူ့ရဲ့တည့်တည့်ကို လာတဲ့ ဘောလုံးကို ကီပါ မကာကွယ်နိုင်ခဲ့လို့ ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပြီး ဒီဂိုးမှာ သူ့ကို ပြစ်တင်မှုတွေ ရှိနေခဲ့ပေမယ့် ဇာဟာရဲ့ ကန်ချက်ပြင်းမှုနဲ့ နောက်ခံလူ ဇူးမားရဲ့ မြင်ကွင်းကွယ်နေမှုတွေကတော့ ခွင့်လွှတ်ပေးဖို့ စဉ်းစားနိုင်စရာလည်းဖြစ်ခဲ့ပြီး ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်ဖက်စလုံး လူစားမလဲခဲ့ဘဲ ရှေ့ဆက်ခဲ့ကြပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ချဲလ်ဆီးက လော့ဖ်တပ်စ်ချိခ်နဲ့ အေဘရာဟမ်တို့ကို စလဲခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာတော့ သူတို့နှစ်ဦးရဲ့ အချိတ်အဆက်ကနေ ဂိုးသွင်းနိုင်ခဲ့ပြီး လော့ဖ်တပ်စ်ချိခ် ပါးပါးနပ်နပ် ချပေးတဲ့ ဘောလုံးကို လူမကျွံအောင် သတိထားပြီး စောင့်နေခဲ့တဲ့ အေဘရာဟမ်က အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းယူခဲ့တာမှာ တတိယဂိုးရရှိခဲ့တာပါ။

ဒီဂိုးရပြီး ချက်ချင်းဆိုသလိုပဲ ပဲလေ့စ်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ ခံစစ်စုဖွဲ့မှု ညံ့ဖျင်းတာကနေ ဂိုးဧရိယာထဲ ခုခံမယ့် ကစားသမားနည်းနေတဲ့ ချဲလ်ဆီးတို့ ဒုက္ခတွေ့ခဲ့ပြီး နောက်ခံလူ ဗန်အန်ဟော့လ် ချိုးပေးတဲ့ ဘောလုံးကို ဇူးမားရဲ့ မာကင်ကို ခွာထွက်သွားခဲ့တဲ့ ဘန်တီကီက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ထက် အိမ်ရှင်ပဲလေ့စ်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဂိုးကံခေနေခဲ့သလို ပွဲပြီးခါနီး ခေါင်းတိုက်ချက်မှာလည်း တိုင်ထိပြီး ပြန်ထွက်လာခဲ့လို့ ချေပဂိုးတော့ ပြန်မရခဲ့ဘဲ ဘန်တီကီရဲ့ အပိုင်ရရှိတဲ့ ဘောလုံးကို ကန်ခါနီးဆဲဆဲမှာ ဧည့်သည်နောက်ခံလူ ဇူးမား ခပ်ကြမ်းကြမ်း လျှောထိုးဖျက်ထုတ်သွားနိုင်ခဲ့လို့ ပိုမိုကံကောင်းခဲ့ပြီး ပွဲအပြီးမှာ သုံးဂိုး-နှစ်ဂိုးနဲ့ အဖိုးတန်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အဆင့် ၃ ကို ရောက်ရှိသွားခဲ့တဲ့ ချဲလ်ဆီးတို့အတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီးသာ ပွဲပယ်ခံခဲ့ရရင် အဆင့် ၅ လောက် အောက်ထစ် ရပ်တည်နိုင်ဖို့ကိုတော့ သိပ်ပြီး ကြိုးစားစရာမလိုတော့တဲ့ အခြေအနေမျိုး ပိုင်ဆိုင်သွားနိုင်ခဲ့ပြီဖြစ်ပြီး လမ်းပတ်အနေနဲ့တော့ စိတ်ပျက်စရာ ဂိုးသမားနဲ့ ခံစစ်ကို ကုစားဖို့ကိုပဲ အဖြေရှာရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.