Match Report Premier League

အူဘာမီယန္းနဲ႔ ဗာဒီတုိ႔ တစ္ဂိုးစီသြင္းၿပီး အေျပာင္းအလဲလုပ္ဖို႔ ေႏွာင့္ေႏွးတဲ့ အာတီတာတုိ႔ နစ္နာခဲ့ရ

ဒီေန႔ပြဲမွာေတာ့ ဂိုးသြင္းဘုရင္ဆုအတြက္ ယွဥ္ၿပဳိင္ေနခဲ့ၾကတဲ့ အာဆင္နယ္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ လက္စတာတုိက္စစ္မွဴး ေဂ်မီ ဗာဒီတုိ႔ တစ္ဂိုးစီ ရယူႏုိင္ခဲ့ၾကၿပီး အခြင့္အေရးေတြ အသုံးခ်မွဳအပုိင္းမွာ အားနည္းခဲ့တဲ့ အိမ္ရွင္ဂန္းနားေတြ နစ္နာခဲ့ရသလို လိုအပ္ခ်ိန္မွာ အေျပာင္းအလဲ မလုပ္ႏုိင္ခဲ့တဲ့ မီခယ္လ္ အာတီတာဟာလည္း ဘရန္ဒန္ ေရာ့ဂ်ားစ္ကို အမွတ္ျပန္ခြဲေပးခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ဒုတိယအႏုိင္ဂိုးကို သြင္းယူခဲ့တဲ့ လာကာဇက္ကို ထည့္သြင္းခဲ့တာက ဒီပြဲရဲ႕ လိုအပ္ခ်ိန္မွာ တင္ကစားရမယ့္ ျပႆနာကို စတင္ျမစ္ဖ်ားခံခဲ့ၿပီး တစ္ပြဲလုံးကစားရခ်ိန္မွာ လုပ္အားႏွဳန္း ခြဲေဝသုံးစြဲမွဳအပုိင္းမွာ မပါးနပ္တဲ့ ျပင္သစ္တုိက္စစ္မွဴးအေနနဲ႔ အာဆင္နယ္အသင္းေဖာ္ေတြကို အလုပ္ပုိေပးခဲ့သလိုလည္းျဖစ္ခဲ့ၿပီး ညာျခမ္းက ဆာကာနဲ႔ ဘယ္လာရင္တုိ႔ကို ပိုၿပီးအားထုတ္ေစခဲ့သလိုျဖစ္ခဲ့ရပါတယ္။

အာဆင္နယ္တုိ႔ ပထမပုိင္းကို စီးထားႏုိင္ၿပီး ဂိုးေပါက္အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္မွဳေတြနဲ႔ လက္စတာဂိုးသမား ရွမုိက္ကယ္ အလုပ္မ်ားေနခဲ့ရၿပီး ပြဲခ်ိန္ ၂၁ မိနစ္ မွာေတာ့ တန္ျပန္တုိက္စစ္ကေန ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ရဲ႕ လွပတဲ့ ေပးပို႔မွဳကို ရရွိသြားခဲ့တဲ့ ဆာကာက ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ၿပီး အနိမ့္ေဘာ သပ္သပ္ရပ္ရပ္ ခ်ဳိးေပးတာကို အူဘာမီယန္းက အဖြင့္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာလည္း အာဆင္နယ္တုိ႔ အခြင့္အေရးေတြ ထပ္ရခဲ့ၿပီး ေသခ်ာတိက်စြာ သြင္းယူႏုိင္မွဳနည္းပါးေနခဲ့တာက ဒီေန႔ပြဲရဲ႕ အေျဖျဖစ္ခဲ့သလို အဆုံးသတ္ပုိင္းနဲ႔ အခြင့္အေရးဖန္တီးမွဳပုိင္းေတြမွာ ေဖာ္ျမဴလာဆန္ဆန္ ႐ိုးရွင္းလြန္းေနခဲ့တာကလည္း လက္စတာရဲ႕ အီဗန္စ္ ဦးေဆာင္တဲ့ ေနာက္တန္းနဲ႔ ဂိုးသမားကို သက္သာရာရေစခဲ့တာပါ။

ပထမပုိင္းမွာ ဂိုးေပါက္ဆယ္ႀကိမ္ေလာက္ ကန္ခဲ့ရၿပီး ၇ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ အာဆင္နယ္တုိ႔ရဲ႕ အဆုံးသတ္ပိုင္းထက္ လက္စတာဂိုးသမား ရွမုိက္ကယ္ရဲ႕ လက္စြမ္းက ပိုမိုသာလြန္ေနခဲ့လို႔ တစ္ဂိုးပဲ ခြင့္ျပဳခဲ့ရၿပီး ဒုတိယပုိင္းမွာေတာ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ သိသာတဲ့ ဗ်ဴဟာေျပာင္းလဲမွဳမွာ အာတီတာအေနနဲ႔ လုိက္ပါမေဆာင္ရြက္ခဲ့ဘဲ ေမ်ာပါခဲ့ရပါတယ္။

ဗာဒီတစ္ေယာက္တည္း အေထာင္ကစားရတုိင္း ဂိုးသြင္းယူႏုိင္ေလ့ရွိတဲ့ လက္စတာတုိက္စစ္ရဲ႕ ေတာင္ပံေတြကို ထည့္သြင္းၿပီး ဖိအားေပးမွဳကို ေကာင္းေကာင္းသုံးသပ္ႏုိင္ျခင္းမရွိတဲ့ အာတီတာအေနနဲ႔ ကံဆုိးတာကေတာ့ ၇၄ မိနစ္မွာ လူစားဝင္တုိက္စစ္မွဴး နကီးတီးယား အထုတ္ခံခဲ့ရတာျဖစ္ၿပီး အခ်ိန္ကိုက္လိုပဲ လုပ္အားႏွဳန္း က်ဆင္းသြားခဲ့တဲ့ ေတာင္ပံခံစစ္ေတြကို အားမျဖည့္ခဲ့မိတာပဲ ျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ လက္စတာက တစ္ဖက္သတ္ ေဘာလုံးကိုင္ကစားသလိုျဖစ္ေနၿပီး အာဆင္နယ္ခံစစ္က အႀကိမ္ႀကိမ္ ရွင္းထုတ္ခဲ့ရသလို ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ညာေတာင္ပံက ကိုလာစီနက္ခ်္နဲ႔ တီယာနီတုိ႔ကို က်န္တဲ့သူေတြက ဖိအားေပးထားခ်ိန္မွာ ေဘာလုံးကိုင္ထားတဲ့ ဒီမာ႐ိုင္ ဂေရးက ျဖတ္တင္ေပးလိုက္တာကို ဗာဒီက မူစတာဖီရဲ႕ေနာက္ကေန ေျပးဝင္ၿပီး ေခ်ပႏုိင္ခဲ့တာပါ။

ဂိုးေပးခဲ့ရၿပီးေနာက္မွာေတာ့ အာတီတာအေနနဲ႔ သူ႕ရဲ႕တုိက္စစ္က ဂိုးထပ္ရဖို႔အတြက္ အေျပာင္းအလဲမလုပ္ရဲခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး တုိက္စစ္ေတာင္ပံသမားေတြကို ထည့္သြင္းရမယ့္အစား ကြင္းလယ္လူ မိတ္လန္းႏုိင္းလ္စ္ကို ထည့္သြင္းၿပီး ဝီေလာ့ခ္ကို တိုက္စစ္မွဴးဆန္ဆန္ ကစားခိုင္းဖို႔ ႀကဳိးစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ အိမ္ကြင္း အမ္းမရိတ္မွာ သေရတစ္မွတ္ ခြဲေပးခဲ့ရပါတယ္။

ဒီေန႔ပြဲကို သေရက်ခဲ့လို႔ လက္စတာတို႔ အဖိုးတန္တစ္မွတ္နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေျခအေနေကာင္းဆဲျဖစ္သလို ရွဳံးႏုိင္တဲ့ ပြဲတစ္ပြဲကို ေလွ်ာ့ခ်ႏုိင္ခဲ့ၿပီး အမွားလုပ္လို႔ မရခ်ိန္မွာ မွားယြင္းခဲ့တဲ့ အာဆင္နယ္ကေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ပဲ ႀကဳိးစားရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ ဂိုးသွင်းဘုရင်ဆုအတွက် ယှဉ်ပြိုင်နေခဲ့ကြတဲ့ အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ လက်စတာတိုက်စစ်မှူး ဂျေမီ ဗာဒီတို့ တစ်ဂိုးစီ ရယူနိုင်ခဲ့ကြပြီး အခွင့်အရေးတွေ အသုံးချမှုအပိုင်းမှာ အားနည်းခဲ့တဲ့ အိမ်ရှင်ဂန်းနားတွေ နစ်နာခဲ့ရသလို လိုအပ်ချိန်မှာ အပြောင်းအလဲ မလုပ်နိုင်ခဲ့တဲ့ မီခယ်လ် အာတီတာဟာလည်း ဘရန်ဒန် ရော့ဂျားစ်ကို အမှတ်ပြန်ခွဲပေးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ လာကာဇက်ကို ထည့်သွင်းခဲ့တာက ဒီပွဲရဲ့ လိုအပ်ချိန်မှာ တင်ကစားရမယ့် ပြဿနာကို စတင်မြစ်ဖျားခံခဲ့ပြီး တစ်ပွဲလုံးကစားရချိန်မှာ လုပ်အားနှုန်း ခွဲဝေသုံးစွဲမှုအပိုင်းမှာ မပါးနပ်တဲ့ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ အာဆင်နယ်အသင်းဖော်တွေကို အလုပ်ပိုပေးခဲ့သလိုလည်းဖြစ်ခဲ့ပြီး ညာခြမ်းက ဆာကာနဲ့ ဘယ်လာရင်တို့ကို ပိုပြီးအားထုတ်စေခဲ့သလိုဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်တို့ ပထမပိုင်းကို စီးထားနိုင်ပြီး ဂိုးပေါက်အကြိမ်ကြိမ် ခြိမ်းခြောက်မှုတွေနဲ့ လက်စတာဂိုးသမား ရှမိုက်ကယ် အလုပ်များနေခဲ့ရပြီး ပွဲချိန် ၂၁ မိနစ် မှာတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ရဲ့ လှပတဲ့ ပေးပို့မှုကို ရရှိသွားခဲ့တဲ့ ဆာကာက နောက်ခံလူတွေကို ကျော်ဖြတ်ပြီး အနိမ့်ဘော သပ်သပ်ရပ်ရပ် ချိုးပေးတာကို အူဘာမီယန်းက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း အာဆင်နယ်တို့ အခွင့်အရေးတွေ ထပ်ရခဲ့ပြီး သေချာတိကျစွာ သွင်းယူနိုင်မှုနည်းပါးနေခဲ့တာက ဒီနေ့ပွဲရဲ့ အဖြေဖြစ်ခဲ့သလို အဆုံးသတ်ပိုင်းနဲ့ အခွင့်အရေးဖန်တီးမှုပိုင်းတွေမှာ ဖော်မြူလာဆန်ဆန် ရိုးရှင်းလွန်းနေခဲ့တာကလည်း လက်စတာရဲ့ အီဗန်စ် ဦးဆောင်တဲ့ နောက်တန်းနဲ့ ဂိုးသမားကို သက်သာရာရစေခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးပေါက်ဆယ်ကြိမ်လောက် ကန်ခဲ့ရပြီး ၇ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ အာဆင်နယ်တို့ရဲ့ အဆုံးသတ်ပိုင်းထက် လက်စတာဂိုးသမား ရှမိုက်ကယ်ရဲ့ လက်စွမ်းက ပိုမိုသာလွန်နေခဲ့လို့ တစ်ဂိုးပဲ ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ သိသာတဲ့ ဗျူဟာပြောင်းလဲမှုမှာ အာတီတာအနေနဲ့ လိုက်ပါမဆောင်ရွက်ခဲ့ဘဲ မျောပါခဲ့ရပါတယ်။

ဗာဒီတစ်ယောက်တည်း အထောင်ကစားရတိုင်း ဂိုးသွင်းယူနိုင်လေ့ရှိတဲ့ လက်စတာတိုက်စစ်ရဲ့ တောင်ပံတွေကို ထည့်သွင်းပြီး ဖိအားပေးမှုကို ကောင်းကောင်းသုံးသပ်နိုင်ခြင်းမရှိတဲ့ အာတီတာအနေနဲ့ ကံဆိုးတာကတော့ ၇၄ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး နကီးတီးယား အထုတ်ခံခဲ့ရတာဖြစ်ပြီး အချိန်ကိုက်လိုပဲ လုပ်အားနှုန်း ကျဆင်းသွားခဲ့တဲ့ တောင်ပံခံစစ်တွေကို အားမဖြည့်ခဲ့မိတာပဲ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာက တစ်ဖက်သတ် ဘောလုံးကိုင်ကစားသလိုဖြစ်နေပြီး အာဆင်နယ်ခံစစ်က အကြိမ်ကြိမ် ရှင်းထုတ်ခဲ့ရသလို ပွဲချိန် ၈၄ မိနစ်မှာတော့ ညာတောင်ပံက ကိုလာစီနက်ချ်နဲ့ တီယာနီတို့ကို ကျန်တဲ့သူတွေက ဖိအားပေးထားချိန်မှာ ဘောလုံးကိုင်ထားတဲ့ ဒီမာရိုင် ဂရေးက ဖြတ်တင်ပေးလိုက်တာကို ဗာဒီက မူစတာဖီရဲ့နောက်ကနေ ပြေးဝင်ပြီး ချေပနိုင်ခဲ့တာပါ။

ဂိုးပေးခဲ့ရပြီးနောက်မှာတော့ အာတီတာအနေနဲ့ သူ့ရဲ့တိုက်စစ်က ဂိုးထပ်ရဖို့အတွက် အပြောင်းအလဲမလုပ်ရဲခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး တိုက်စစ်တောင်ပံသမားတွေကို ထည့်သွင်းရမယ့်အစား ကွင်းလယ်လူ မိတ်လန်းနိုင်းလ်စ်ကို ထည့်သွင်းပြီး ဝီလော့ခ်ကို တိုက်စစ်မှူးဆန်ဆန် ကစားခိုင်းဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ အိမ်ကွင်း အမ်းမရိတ်မှာ သရေတစ်မှတ် ခွဲပေးခဲ့ရပါတယ်။

ဒီနေ့ပွဲကို သရေကျခဲ့လို့ လက်စတာတို့ အဖိုးတန်တစ်မှတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းဆဲဖြစ်သလို ရှုံးနိုင်တဲ့ ပွဲတစ်ပွဲကို လျှော့ချနိုင်ခဲ့ပြီး အမှားလုပ်လို့ မရချိန်မှာ မှားယွင်းခဲ့တဲ့ အာဆင်နယ်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက်ပဲ ကြိုးစားရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.