Match Report Premier League

နည္းဗ်ဴဟာပုိင္းစြမ္းရည္ကို ျပသၿပီး ဝုလ္ဗ္စ္နဲ႔ပြဲကို အႏုိင္ယူခဲ့တဲ့ အာတီတာ

အာဆင္နယ္အသင္းအတြက္ေတာ့ ေတာ္ေတာ္ေလး ပုံစံေျပာင္းထားတဲ့ လူစာရင္းနဲ႔အတူ နည္းဗ်ဴဟာပုိင္း ပါးနပ္ၿပီး နည္းစနစ္ပုိင္းအရ က်စ္က်စ္လ်စ္လ်စ္ရွိတဲ့ ကစားကြက္နဲ႔ ပြဲထြက္ခဲ့တာျဖစ္ၿပီး ၄-၄-၂ ကေန ၃-၄-၃ ပုံစံေျပာင္းထားတဲ့ ကစားကြက္ကို ခံစစ္မွာ အခိုင္အမာတည္ေဆာက္ရင္း ႏုိင္ပြဲရွာေဖြသြားခဲ့တာလည္းျဖစ္ပါတယ္။

ခံစစ္ပိတ္ကစားတဲ့ အသင္းငယ္ေတြကလြဲရင္ တခ်ဳိ႕အသင္းေတြ အေျဖရွာမေတြ႕ခဲ့ၾကေသးတဲ့ ဟီမီနက္ဇ္+ထရာအိုေရးအတြဲအဖက္ကို ရင္ဆုိင္ဖို႔ ဒီေန႔မွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေသေသခ်ာခ်ာ ျပင္ဆင္လာခဲ့ၿပီး ညာေတာင္ပံမွာ ဘယ္လာရင္အစား ခံစစ္မွာ ပုိၿပီးပါးနပ္တဲ့ ဆီးဒရစ္ကို သုံးခဲ့သလို ဘယ္ေတာင္ပံမွာလည္း ထရာအုိေရးကို တီယာနီ၊ ကိုလာစီနက္ခ်္တုိ႔နဲ႔ ႏွစ္ဆင့္ဖ်က္ကစားခဲ့တာပါ။

ထရာအုိေရးအေနနဲ႔ ဒီေန႔ပြဲမွာ ျဖတ္တင္ေဘာေတြ တင္ရတာ က်ပ္ေနလို႔ ဟီမီနက္ဇ္ဆီ လိုသလို မေရာက္ေတာ့တဲ့အခါ ဝုလ္ဗ္စ္တုိက္စစ္က အာဆင္နယ္ကို ႀကီးႀကီးမားမား ဒုကၡမေပးႏုိင္ေတာ့ဘဲ က်န္တဲ့ နည္းလမ္းတစ္ခုျဖစ္တဲ့ ေဒးဗစ္ လူးဝစ္ဇ္ကို ဖိအားေပးလို႔ မရေအာင္လည္း အသင္းေဖာ္ေတြက ကာကြယ္ေပးသြားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ညာေတာင္ပံက ဆီးဒရစ္ရဲ႕ ဂိုးေရွ႕က အူဘာမီယန္းဆီ ေပးပုိ႔တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ေျပးတက္လာတဲ့ တီယာနီဆီ အာဆင္နယ္အသင္းေခါင္းေဆာင္က ျပန္ခ်ေပးခဲ့ၿပီး ဒီက ထြက္လာတဲ့ ျဖတ္တင္ေဘာက ဝုလ္ဗ္စ္ေနာက္ခံလူေတြနဲ႔ ထိၿပီး ျပန္က်လာခ်ိန္မွာ မာကင္လြတ္ေနတဲ့ စာခ်ဳပ္သစ္ပုိင္ရွင္ ဆာကာက ဘယ္ေျခ Volley နဲ႔ ကန္သြင္းခဲ့ရာမွာ ဧည့္သည္ေတြ အဖြင့္ဂိုးရရွိခဲ့ပါတယ္။

ပထမပုိင္းကုိ အာဆင္နယ္တုိ႔ ဦးေဆာင္ခဲ့ၿပီးမွာ ပြဲဆက္မ်ားေနတဲ့ ဝုလ္ဗ္စ္ရဲ႕ ဟီမီနက္ဇ္+ထရာအုိေရးတုိ႔ရဲ႕ အခ်ိန္နဲ႔ လန္းဆန္းမွဳက တစ္ဝက္ေလာက္သာ က်န္ေတာ့ၿပီး ဒါကို ဧည့္သည္နည္းျပ အာတီတာအေနနဲ႔ အိမ္ရွင္ ႏူႏိုဆန္တိုရဲ႕ အေျပာင္းအလဲေတြကို ၾကည့္ၿပီး လုိက္လံပိတ္ဆို႔သြားခဲ့သလို ညာသန္ မိတ္လန္းႏုိင္းလ္စ္ကို ဘယ္သန္ တီယာနီေနရာမွာ ထည့္သြင္းၿပီး ထရာအုိေရးကို ခ်ဳပ္ခဲ့တာကေတာ့ ဒီပြဲရဲ႕ အလွပဆုံး အိုင္ဒီယာလည္း ျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဝုလ္ဗ္တုိ႔ရဲ႕ လူစားလဲမွဳေတြျဖစ္တဲ့ ဂ်ဳိတာ၊ နီတိုတုိ႔ေၾကာင့္ အာဆင္နယ္တုိ႔ တစ္ဦးခ်င္း ထိန္းသိမ္းရ ခက္ခဲ့ေပမယ့္ အသင္းလိုက္ကစားပုံအရေတာ့ ကြင္းလယ္နဲ႔ ေတာင္ပံေတြမွာ လိုတာထက္ပုိၿပီး က်ပ္သြားခဲ့လို႔ ဗ်ဴဟာေျမာက္ ျပန္လည္တုံ႔ျပန္ႏုိင္ခဲ့ၿပီး က်ဆင္းလာတဲ့ သူေတြအစား ဘယ္လာရင္၊ ဝီလ္ေလာ့ခ္၊ ေတာ္ရဲရားနဲ႔ လာကာဇက္တုိ႔ကို ဆက္တုိက္ထည့္သြင္းခဲ့တာကေတာ့ ဒီပြဲကို ျပတ္သားေစမယ့္အခ်က္ ျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ကစားကြက္မွာ ကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့ ခ်ာကာနဲ႔ စီဘာေယာ့စ္တုိ႔နဲ႔ တုိက္စစ္က လူငယ္ႏွစ္ဦးျဖစ္တဲ့ ဆာကာနဲ႔ နကီးတီးယားတုိ႔ရဲ႕ မခိုမကပ္လုိက္လံကစားခဲ့တဲ့ ႀကဳိးစားမွဳေတြကို ခ်ီးက်ဴးရမွာျဖစ္သလို တည္တည္ၿငိမ္ၿငိမ္နဲ႔ အဝင္အထြက္မွန္မွန္ ဆုံးျဖတ္ခ်က္မွန္မွန္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား မာတီနက္ဇ္ကိုလည္း မျဖစ္မေန အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အာဆင္နယ္တုိ႔ အႏုိင္ျပတ္သားေစမယ့္ ဂိုးကို ထပ္မံရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ေဘာလုံးယွဥ္လုရင္း မူစတာဖီ ေခါင္းတုိက္လို႔ ထြက္လာတာကို လာကာဇက္က ေဘးက လုိက္လာတဲ့ ဝီလ္ေလာ့ခ္ကို ေပးခဲ့ၿပီး ဝီလ္ေလာ့ခ္က ကြင္းလယ္ကေန ေတာင္ပံကို ဆြဲထုတ္ၿပီး ျပန္ခ်ဳိးေပးတာကို လာကာဇက္က သူ႕ကို ဝင္တားတဲ့ ေနာက္ခံလူ ကိုဒီကို ေက်ာ္ၿပီးမွ အေဝးတုိင္ကို ကန္သြင္းယူသြားခဲ့တာပါ။

ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့အၿပီးမွာေတာ့ အာဆင္နယ္တုိ႔ ပါးပါးနပ္နပ္ ထိန္းကစားသြားခဲ့ၿပီး ေထာင့္ကန္ေဘာမွာ အခ်ိန္ဆြဲမွဳေတြ၊ လိုအပ္ခ်ိန္မွာ အဝါဝင္ရင္းတာေတြနဲ႔ တစ္ဖက္ကစားကြက္ကို ျဖတ္ေတာက္သြားႏုိင္ခဲ့လို႔ ဒီရလဒ္အတုိင္း ပြဲၿပီးဆုံးႏုိင္ခဲ့ၿပီး နည္းျပ အာတီတာကေတာ့ ဒီေန႔ပြဲမွာ ေကာင္းမြန္တဲ့ Counter Plan ေတြနဲ႔ ကစားအားေကာင္းလွပါတယ္ဆုိတဲ့ ဝုလ္ဗ္စ္တုိ႔ကို အလဲထိုးသြားႏုိင္ခဲ့ၿပီး ဥေရာပဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ရွိတဲ့ အဆင့္ ၇ မွာ ရပ္တည္ႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအတွက်တော့ တော်တော်လေး ပုံစံပြောင်းထားတဲ့ လူစာရင်းနဲ့အတူ နည်းဗျူဟာပိုင်း ပါးနပ်ပြီး နည်းစနစ်ပိုင်းအရ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး ၄-၄-၂ ကနေ ၃-၄-၃ ပုံစံပြောင်းထားတဲ့ ကစားကွက်ကို ခံစစ်မှာ အခိုင်အမာတည်ဆောက်ရင်း နိုင်ပွဲရှာဖွေသွားခဲ့တာလည်းဖြစ်ပါတယ်။

ခံစစ်ပိတ်ကစားတဲ့ အသင်းငယ်တွေကလွဲရင် တချို့အသင်းတွေ အဖြေရှာမတွေ့ခဲ့ကြသေးတဲ့ ဟီမီနက်ဇ်+ထရာအိုရေးအတွဲအဖက်ကို ရင်ဆိုင်ဖို့ ဒီနေ့မှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သေသေချာချာ ပြင်ဆင်လာခဲ့ပြီး ညာတောင်ပံမှာ ဘယ်လာရင်အစား ခံစစ်မှာ ပိုပြီးပါးနပ်တဲ့ ဆီးဒရစ်ကို သုံးခဲ့သလို ဘယ်တောင်ပံမှာလည်း ထရာအိုရေးကို တီယာနီ၊ ကိုလာစီနက်ချ်တို့နဲ့ နှစ်ဆင့်ဖျက်ကစားခဲ့တာပါ။

ထရာအိုရေးအနေနဲ့ ဒီနေ့ပွဲမှာ ဖြတ်တင်ဘောတွေ တင်ရတာ ကျပ်နေလို့ ဟီမီနက်ဇ်ဆီ လိုသလို မရောက်တော့တဲ့အခါ ဝုလ်ဗ်စ်တိုက်စစ်က အာဆင်နယ်ကို ကြီးကြီးမားမား ဒုက္ခမပေးနိုင်တော့ဘဲ ကျန်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ ဒေးဗစ် လူးဝစ်ဇ်ကို ဖိအားပေးလို့ မရအောင်လည်း အသင်းဖော်တွေက ကာကွယ်ပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာတောင်ပံက ဆီးဒရစ်ရဲ့ ဂိုးရှေ့က အူဘာမီယန်းဆီ ပေးပို့တဲ့ ဘောလုံးကို ဘယ်ခြမ်းက ပြေးတက်လာတဲ့ တီယာနီဆီ အာဆင်နယ်အသင်းခေါင်းဆောင်က ပြန်ချပေးခဲ့ပြီး ဒီက ထွက်လာတဲ့ ဖြတ်တင်ဘောက ဝုလ်ဗ်စ်နောက်ခံလူတွေနဲ့ ထိပြီး ပြန်ကျလာချိန်မှာ မာကင်လွတ်နေတဲ့ စာချုပ်သစ်ပိုင်ရှင် ဆာကာက ဘယ်ခြေ Volley နဲ့ ကန်သွင်းခဲ့ရာမှာ ဧည့်သည်တွေ အဖွင့်ဂိုးရရှိခဲ့ပါတယ်။

ပထမပိုင်းကို အာဆင်နယ်တို့ ဦးဆောင်ခဲ့ပြီးမှာ ပွဲဆက်များနေတဲ့ ဝုလ်ဗ်စ်ရဲ့ ဟီမီနက်ဇ်+ထရာအိုရေးတို့ရဲ့ အချိန်နဲ့ လန်းဆန်းမှုက တစ်ဝက်လောက်သာ ကျန်တော့ပြီး ဒါကို ဧည့်သည်နည်းပြ အာတီတာအနေနဲ့ အိမ်ရှင် နူနိုဆန်တိုရဲ့ အပြောင်းအလဲတွေကို ကြည့်ပြီး လိုက်လံပိတ်ဆို့သွားခဲ့သလို ညာသန် မိတ်လန်းနိုင်းလ်စ်ကို ဘယ်သန် တီယာနီနေရာမှာ ထည့်သွင်းပြီး ထရာအိုရေးကို ချုပ်ခဲ့တာကတော့ ဒီပွဲရဲ့ အလှပဆုံး အိုင်ဒီယာလည်း ဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်တို့ရဲ့ လူစားလဲမှုတွေဖြစ်တဲ့ ဂျိုတာ၊ နီတိုတို့ကြောင့် အာဆင်နယ်တို့ တစ်ဦးချင်း ထိန်းသိမ်းရ ခက်ခဲ့ပေမယ့် အသင်းလိုက်ကစားပုံအရတော့ ကွင်းလယ်နဲ့ တောင်ပံတွေမှာ လိုတာထက်ပိုပြီး ကျပ်သွားခဲ့လို့ ဗျူဟာမြောက် ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး ကျဆင်းလာတဲ့ သူတွေအစား ဘယ်လာရင်၊ ဝီလ်လော့ခ်၊ တော်ရဲရားနဲ့ လာကာဇက်တို့ကို ဆက်တိုက်ထည့်သွင်းခဲ့တာကတော့ ဒီပွဲကို ပြတ်သားစေမယ့်အချက် ဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ ကစားကွက်မှာ ကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ ချာကာနဲ့ စီဘာယော့စ်တို့နဲ့ တိုက်စစ်က လူငယ်နှစ်ဦးဖြစ်တဲ့ ဆာကာနဲ့ နကီးတီးယားတို့ရဲ့ မခိုမကပ်လိုက်လံကစားခဲ့တဲ့ ကြိုးစားမှုတွေကို ချီးကျူးရမှာဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ အဝင်အထွက်မှန်မှန် ဆုံးဖြတ်ချက်မှန်မှန် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်ကိုလည်း မဖြစ်မနေ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ အာဆင်နယ်တို့ အနိုင်ပြတ်သားစေမယ့် ဂိုးကို ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ဘောလုံးယှဉ်လုရင်း မူစတာဖီ ခေါင်းတိုက်လို့ ထွက်လာတာကို လာကာဇက်က ဘေးက လိုက်လာတဲ့ ဝီလ်လော့ခ်ကို ပေးခဲ့ပြီး ဝီလ်လော့ခ်က ကွင်းလယ်ကနေ တောင်ပံကို ဆွဲထုတ်ပြီး ပြန်ချိုးပေးတာကို လာကာဇက်က သူ့ကို ဝင်တားတဲ့ နောက်ခံလူ ကိုဒီကို ကျော်ပြီးမှ အဝေးတိုင်ကို ကန်သွင်းယူသွားခဲ့တာပါ။

နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့အပြီးမှာတော့ အာဆင်နယ်တို့ ပါးပါးနပ်နပ် ထိန်းကစားသွားခဲ့ပြီး ထောင့်ကန်ဘောမှာ အချိန်ဆွဲမှုတွေ၊ လိုအပ်ချိန်မှာ အဝါဝင်ရင်းတာတွေနဲ့ တစ်ဖက်ကစားကွက်ကို ဖြတ်တောက်သွားနိုင်ခဲ့လို့ ဒီရလဒ်အတိုင်း ပွဲပြီးဆုံးနိုင်ခဲ့ပြီး နည်းပြ အာတီတာကတော့ ဒီနေ့ပွဲမှာ ကောင်းမွန်တဲ့ Counter Plan တွေနဲ့ ကစားအားကောင်းလှပါတယ်ဆိုတဲ့ ဝုလ်ဗ်စ်တို့ကို အလဲထိုးသွားနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိတဲ့ အဆင့် ၇ မှာ ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.