Match Report Premier League

ခံစစ္က ဂိုးေတြေပးခဲ့ရေပမယ့္ တုိက္စစ္ကေတာ့ ထက္ျမက္ျပတ္သားမွဳကို ျပသၿပီး ႏုိင္ပြဲရယူခဲ့တဲ့ ယူႏုိက္တက္

ဘုန္းေမာက္ကို အိမ္ကြင္းမွာ ကစားရမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ကစားပုံက အနည္းငယ္ ေပါ့ဆခဲ့တာကို ေတြ႕ခဲ့ရေပမယ့္ တုိက္စစ္ပုိင္းကေတာ့ ထက္ျမက္ျပတ္သားစြာနဲ႔ ငါးဂိုးအထိရယူၿပီး တန္းဆင္းဇုန္အဆင့္ ၁၉ က အသင္းကို အိမ္ကြင္းမွာ ေခ်မွဳန္းရင္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းထားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဘုန္းေမာက္ကေတာ့ လူငယ္တုိက္စစ္မွဴး ဆုိလန္ကီနဲ႔ ယူႏိုက္တက္ကစားသမားေဟာင္း ဂ်ဳိရွဴအာ ကင္း၊ ဒီအသင္းနဲ႔ေတြ႕ရင္ အျမဲတမ္း ဒုကၡေပးတတ္တဲ့ စတန္နီစလတ္စ္တုိ႔နဲ႔ ျပင္ဆင္လာခဲ့ၿပီး သူတို႔ တြက္ထားခဲ့သလိုမ်ဳိးပဲ ေပါ့ဆခဲ့တဲ့ အိမ္ရွင္ေတြကို အိုးလ္ထရက္ဖို႔ဒ္မွာ စိတ္အေႏွာင့္အယွက္ေပးႏုိင္ခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာကတည္းက အထေႏွးေနတဲ့ ယူႏုိက္တက္တို႔ ထုိးႏွက္ခံခဲ့ရၿပီး ခံစစ္ကစားသမားေတြရဲ႕ ေနရာယူ ဖ်က္ထုတ္ပုံေတြ ေပါ့ဆတာကို စတန္နီစလတ္စ္က သူခ်ဳိးေပးလိုက္လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ရယူၿပီး ရင္ဆုိင္ေတြ႕ခဲ့တဲ့ မက္ဂြဳိင္းယားရဲ႕ ေပါင္ၾကားထဲကေန ျဖတ္ယူႏုိင္ခဲ့သလို ဂိုးသမား ဒေဟးယားရဲ႕ ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဘုန္းေမာက္တုိ႔ရဲ႕ အေပ်ာ္က ၁၃ မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ယူႏုိက္တက္ကစားသမားေတြအေနနဲ႔ သူတုိ႔ရဲ႕ Character ကို ျပသႏုိင္ခဲ့ၿပီး ညာေတာင္ပံက ရက္ရွ္ဖို႔ဒ္ကေန ဖာနန္ဒက္စ္၊ ဖာနန္ဒက္စ္ကေန ဘယ္ျခမ္းကို အနိမ့္ေဘာေပးပုိ႔ခဲ့ရာမွာေတာ့ အဆင္သင့္ ပါလာတဲ့ ေမဆန္ ဂရင္းဝုဒ္က သူ႕ရဲ႕ ႏွစ္ပြဲဆက္တုိက္သြင္းဂိုးအျဖစ္ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းသြားၿပီး ေခ်ပႏုိင္ခဲ့တာပါ။

ဒီဂိုးမွာ မာစီယယ္လ္ရဲ႕ ကိုယ့္တာဝန္ကိုယ္ေက်ပြန္ခဲ့ၿပီး ဘုန္းေမာက္ေနာက္ခံလူေတြကို ငါးစာအျဖစ္ ေကၽြးထားခဲ့တာနဲ႔ ဂရင္းဝုဒ္ရဲ႕ ပါးနပ္တဲ့ မာကင္အလုပ္မခံဘဲ ခြာထြက္သြားခဲ့တဲ့ တုိက္စစ္ပုိင္းက ခ်ိန္သားကိုက္ လွဳပ္ရွားမွဳေတြကို ေတြ႕ျမင္ခဲ့ရၿပီး ၁၈ ႏွစ္သားေလးကိုေတာ့ မျဖစ္မေန ခ်ီးက်ဴးရေတာ့မွာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန မာစီယယ္လ္ ေခါင္းတုိက္ခ်ခဲ့တဲ့ ေဘာလုံးကို ဘုန္းေမာက္ေနာက္ခံလူ အဒမ္ စမစ္ လက္နဲ႔ ထိမိခဲ့လို႔ ကြင္းလယ္ဒိုင္ မုိက္ခ္ ဒင္းန္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဒဏ္ရာကေန ျပန္လာကတည္းက ဂိုးေပါက္ေပ်ာက္ဆုံးေန ခဲ့တဲ့ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က ကန္သြင္းၿပီး သူ႕ရဲ႕ သြင္းဂိုးကို ျပန္လည္ရွာေဖြႏုိင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ မာစီယယ္လ္က ဘယ္ေတာင္ပံကေန ဆြဲယူလာခဲ့ၿပီး တစ္ဂိုးတည္းနဲ႔ကို ခ်ီးက်ဴးေလာက္တဲ့ Curler ကန္ခ်က္ကို ဂိုးဧရိယာ ျပင္ပကေန ကန္သြင္းခဲ့ရာမွာ ေတာ္ေတာ္ႀကီးကို တိက်ခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ လုံးဝမဖမ္းႏုိင္တဲ့ ဆယ္ျပားေစ့ေထာင့္နားကို ဝင္သြားခဲ့လို႔ ယူႏုိက္တက္တုိ႔ ပထမပုိင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္သြားႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္း ျပန္စစခ်င္းမွာပဲ ယူႏုိက္တက္ေနာက္တန္းက အမွားက်ဴးလြန္ခဲ့ၿပီး ေနာက္ပုိင္းပြဲေတြမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္ရဲ႕ ေနာက္ျပန္ေပးပုိ႔တဲ့ ေဘာလုံး လိုတာထက္ပုိၿပီး အားျပင္းသြားခဲ့တာကို လူစားဝင္လာခဲ့တဲ့ ေနာက္ခံလူ ဘုိင္လီ ထိန္းသိမ္းဖို႔ ႀကဳိးစားရင္း လက္ေမာင္းနဲ႔ ထိသြားခဲ့လို႔ ပင္နယ္တီ ျပန္ေပးခဲ့ရပါတယ္။

ဒီပင္နယ္တီအခြင့္အေရးကိုေတာ့ မန္ခ်က္စတာယူႏုိက္တက္အတြက္ စုစုေပါင္း ဖလားပြဲႏွစ္ပြဲကစားဖူးတဲ့ လူငယ္ကစားသမားေဟာင္း ဂ်ဳိရွဴအာ ကင္းက ပြဲခ်ိန္ ၄၇ မိနစ္မွာ ကန္သြင္းယူခဲ့တာကို ဂိုးသမား ဒေဟးယား မတားဆီးႏုိင္ခဲ့လို႔ ရလဒ္က သုံးဂိုး-ႏွစ္ဂိုးျဖစ္လုိ႔ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘုန္းေမာက္ေနာက္ခံလူေတြ ရွင္းထုတ္ရာက ျပန္ထြက္လာတဲ့ ေဘာလုံးကို မာတစ္ခ်္က ဂရင္းဝုဒ္ကို ခ်အေပးမွာ ဒီလူငယ္အေနနဲ႔ သူ႕ေရွ႕က ဒီေယဂို ရီကို,ကို ေက်ာ္ျဖတ္ရင္း သူ႕ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးေျမာက္နဲ႔ ဒီေန႔ပြဲရဲ႕ ဒုတိယဂိုးကို ညာေျခနဲ႔အျပင္းကန္သြင္းယူခဲ့ၿပီး သူ႕ကို ဘယ္သန္လုိ႔ ဆိုခဲ့ၾကသူေတြ မွားေၾကာင္းနဲ႔ ႏွစ္ဖက္စလုံးသန္ေၾကာင္း သက္ေသျပခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မာစီယယ္လ္ကို ဘုန္းေမာက္ေနာက္တန္းက ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဘ႐ူႏို ဖာနန္ဒက္စ္က သူ႕ရဲ႕ ပရီးမီးယားလိဂ္ ၆ ဂိုးေျမာက္အျဖစ္ တုိက္႐ိုက္ကန္သြင္းယူႏုိင္ခဲ့လုိ႔ ယူႏုိက္တက္တို႔ တုိက္စစ္အင္အားျပသမွဳနဲ႔အတူ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲႏိုင္ခဲ့ၿပီး ေနာက္က်ပြဲကစားရမယ့္ ခ်ဲလ္ဆီးတုိ႔ ပြဲမကန္ခင္ အဆင့္ ၄ ေနရာကို သိမ္းပုိက္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရခဲ့လို႔ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ခိုင္ခိုင္မာမာ ဆုပ္ကိုင္ႏုိင္မယ့္ အေနအထားကို ေတြ႕ရွိေနရၿပီး ပရီးမီးယားလိဂ္ ျပန္စစခ်င္းမွာ စပါးစ္နဲ႔ သေရက်ခဲ့တာကလြဲလို႔ ဆက္တုိက္ရယူခဲ့တဲ့ ႏုိင္ပြဲေတြနဲ႔ တုိက္စစ္အင္အားအရ ပုံစံေကာင္းကို ျပသႏိုင္ခဲ့သလို တစ္ခ်က္တစ္ေလမွာ ေပါ့ေလ်ာ့တဲ့ ခံစစ္ပုိင္းကို ျပင္ဆင္ႏုိင္ဖို႔ကိုပဲ နည္းျပ ဆုိးလ္ရွားတုိ႔ အာ႐ုံစိုက္ဖို႔ ရွိေနေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘုန်းမောက်ကို အိမ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ ကစားပုံက အနည်းငယ် ပေါ့ဆခဲ့တာကို တွေ့ခဲ့ရပေမယ့် တိုက်စစ်ပိုင်းကတော့ ထက်မြက်ပြတ်သားစွာနဲ့ ငါးဂိုးအထိရယူပြီး တန်းဆင်းဇုန်အဆင့် ၁၉ က အသင်းကို အိမ်ကွင်းမှာ ချေမှုန်းရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘုန်းမောက်ကတော့ လူငယ်တိုက်စစ်မှူး ဆိုလန်ကီနဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂျိုရှူအာ ကင်း၊ ဒီအသင်းနဲ့တွေ့ရင် အမြဲတမ်း ဒုက္ခပေးတတ်တဲ့ စတန်နီစလတ်စ်တို့နဲ့ ပြင်ဆင်လာခဲ့ပြီး သူတို့ တွက်ထားခဲ့သလိုမျိုးပဲ ပေါ့ဆခဲ့တဲ့ အိမ်ရှင်တွေကို အိုးလ်ထရက်ဖို့ဒ်မှာ စိတ်အနှောင့်အယှက်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာကတည်းက အထနှေးနေတဲ့ ယူနိုက်တက်တို့ ထိုးနှက်ခံခဲ့ရပြီး ခံစစ်ကစားသမားတွေရဲ့ နေရာယူ ဖျက်ထုတ်ပုံတွေ ပေါ့ဆတာကို စတန်နီစလတ်စ်က သူချိုးပေးလိုက်လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ရယူပြီး ရင်ဆိုင်တွေ့ခဲ့တဲ့ မက်ဂွိုင်းယားရဲ့ ပေါင်ကြားထဲကနေ ဖြတ်ယူနိုင်ခဲ့သလို ဂိုးသမား ဒဟေးယားရဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းမောက်တို့ရဲ့ အပျော်က ၁၃ မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ ယူနိုက်တက်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ Character ကို ပြသနိုင်ခဲ့ပြီး ညာတောင်ပံက ရက်ရှ်ဖို့ဒ်ကနေ ဖာနန်ဒက်စ်၊ ဖာနန်ဒက်စ်ကနေ ဘယ်ခြမ်းကို အနိမ့်ဘောပေးပို့ခဲ့ရာမှာတော့ အဆင်သင့် ပါလာတဲ့ မေဆန် ဂရင်းဝုဒ်က သူ့ရဲ့ နှစ်ပွဲဆက်တိုက်သွင်းဂိုးအဖြစ် ဘယ်ခြေနဲ့ အပြင်းကန်သွင်းသွားပြီး ချေပနိုင်ခဲ့တာပါ။

ဒီဂိုးမှာ မာစီယယ်လ်ရဲ့ ကိုယ့်တာဝန်ကိုယ်ကျေပွန်ခဲ့ပြီး ဘုန်းမောက်နောက်ခံလူတွေကို ငါးစာအဖြစ် ကျွေးထားခဲ့တာနဲ့ ဂရင်းဝုဒ်ရဲ့ ပါးနပ်တဲ့ မာကင်အလုပ်မခံဘဲ ခွာထွက်သွားခဲ့တဲ့ တိုက်စစ်ပိုင်းက ချိန်သားကိုက် လှုပ်ရှားမှုတွေကို တွေ့မြင်ခဲ့ရပြီး ၁၈ နှစ်သားလေးကိုတော့ မဖြစ်မနေ ချီးကျူးရတော့မှာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ မာစီယယ်လ် ခေါင်းတိုက်ချခဲ့တဲ့ ဘောလုံးကို ဘုန်းမောက်နောက်ခံလူ အဒမ် စမစ် လက်နဲ့ ထိမိခဲ့လို့ ကွင်းလယ်ဒိုင် မိုက်ခ် ဒင်းန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဒဏ်ရာကနေ ပြန်လာကတည်းက ဂိုးပေါက်ပျောက်ဆုံးနေ ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ကန်သွင်းပြီး သူ့ရဲ့ သွင်းဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ မာစီယယ်လ်က ဘယ်တောင်ပံကနေ ဆွဲယူလာခဲ့ပြီး တစ်ဂိုးတည်းနဲ့ကို ချီးကျူးလောက်တဲ့ Curler ကန်ချက်ကို ဂိုးဧရိယာ ပြင်ပကနေ ကန်သွင်းခဲ့ရာမှာ တော်တော်ကြီးကို တိကျခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ် လုံးဝမဖမ်းနိုင်တဲ့ ဆယ်ပြားစေ့ထောင့်နားကို ဝင်သွားခဲ့လို့ ယူနိုက်တက်တို့ ပထမပိုင်းကို သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းမှာပဲ ယူနိုက်တက်နောက်တန်းက အမှားကျူးလွန်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ရဲ့ နောက်ပြန်ပေးပို့တဲ့ ဘောလုံး လိုတာထက်ပိုပြီး အားပြင်းသွားခဲ့တာကို လူစားဝင်လာခဲ့တဲ့ နောက်ခံလူ ဘိုင်လီ ထိန်းသိမ်းဖို့ ကြိုးစားရင်း လက်မောင်းနဲ့ ထိသွားခဲ့လို့ ပင်နယ်တီ ပြန်ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီအခွင့်အရေးကိုတော့ မန်ချက်စတာယူနိုက်တက်အတွက် စုစုပေါင်း ဖလားပွဲနှစ်ပွဲကစားဖူးတဲ့ လူငယ်ကစားသမားဟောင်း ဂျိုရှူအာ ကင်းက ပွဲချိန် ၄၇ မိနစ်မှာ ကန်သွင်းယူခဲ့တာကို ဂိုးသမား ဒဟေးယား မတားဆီးနိုင်ခဲ့လို့ ရလဒ်က သုံးဂိုး-နှစ်ဂိုးဖြစ်လို့နေခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘုန်းမောက်နောက်ခံလူတွေ ရှင်းထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို မာတစ်ချ်က ဂရင်းဝုဒ်ကို ချအပေးမှာ ဒီလူငယ်အနေနဲ့ သူ့ရှေ့က ဒီယေဂို ရီကို,ကို ကျော်ဖြတ်ရင်း သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးမြောက်နဲ့ ဒီနေ့ပွဲရဲ့ ဒုတိယဂိုးကို ညာခြေနဲ့အပြင်းကန်သွင်းယူခဲ့ပြီး သူ့ကို ဘယ်သန်လို့ ဆိုခဲ့ကြသူတွေ မှားကြောင်းနဲ့ နှစ်ဖက်စလုံးသန်ကြောင်း သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ မာစီယယ်လ်ကို ဘုန်းမောက်နောက်တန်းက ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ ပရီးမီးယားလိဂ် ၆ ဂိုးမြောက်အဖြစ် တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်တို့ တိုက်စစ်အင်အားပြသမှုနဲ့အတူ ငါးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲနိုင်ခဲ့ပြီး နောက်ကျပွဲကစားရမယ့် ချဲလ်ဆီးတို့ ပွဲမကန်ခင် အဆင့် ၄ နေရာကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရခဲ့လို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်မယ့် အနေအထားကို တွေ့ရှိနေရပြီး ပရီးမီးယားလိဂ် ပြန်စစချင်းမှာ စပါးစ်နဲ့ သရေကျခဲ့တာကလွဲလို့ ဆက်တိုက်ရယူခဲ့တဲ့ နိုင်ပွဲတွေနဲ့ တိုက်စစ်အင်အားအရ ပုံစံကောင်းကို ပြသနိုင်ခဲ့သလို တစ်ချက်တစ်လေမှာ ပေါ့လျော့တဲ့ ခံစစ်ပိုင်းကို ပြင်ဆင်နိုင်ဖို့ကိုပဲ နည်းပြ ဆိုးလ်ရှားတို့ အာရုံစိုက်ဖို့ ရှိနေကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.