Premier League

လီဗာပူးလ်ရဲ့ ကြယ်ပွင့်သစ် လူးဝစ် ဒီယက်ဇ်ဆီက မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေ ကျေနပ်စေမယ့် အရာ ၃ ခု

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် တနင်္လာနေ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ပေါ်တိုတောင်ပံကြယ်ပွင့် လူးဝစ် ဒီယက်ဇ်ကို ကနဉီး ပေးချေမှု ပေါင် ၃၇.၅ သန်း၊ အနာဂတ် ခံစားခွင့် ၁၂.၅ သန်းနဲ့ တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်းပေးပြီး ၅ နှစ်စာချုပ်ချုပ်ဆိုကာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ ဒီယက်ဇ်အနေနဲ့ မာဆေးဆိုဒ်ကို ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုပြီးကတည်းက ပထမဆုံးအကြိမ် ကိုလံဘီယာကြယ်ပွင့်ရဲ့ ကစားဟန်ကို ဖယ်လ်ကာအို၊ ဟားမက်စ် ရိုဒရီဂွက်ဇ်တို့နဲ့အတူ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုလံဘီယာအသင်းဟာ အိမ်ကွင်းမှာ ပီရူးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး လီဗာပူးလ်အသင်းပရိတ်သတ်တွေအတွက်တော့ အသင်းအတွက် ဒီယက်ဇ်လို ကစားသမားမျိုးကို အရခေါ်ယူနိုင်ခဲ့လို့ ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ကိုလံဘီယာလက်ရွေးစင်အသင်းအတွက် ၃၂ ကြိမ်မြောက် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၇ ဂိုးသွင်းယူထားခဲ့ပြီး ဒီရာသီ ပေါ်တိုအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၂၂ ဂိုးအထိ ဂိုးပါဝင်ပတ်သက်မှုတွေ ထူးထူးခြားခြား စံချိန်တင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ပေါ်တိုကစားသမားအဖြစ်နဲ့ နောက်ဆုံးအကြိမ် လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ပွဲစဉ်အပြီး လီဗာပူးလ်ကို ဒီယက်ဇ်က အန်းဖီးကို ပြောင်းရွှေ့ပြီးနောက်ပိုင်း လုပ်ပေးနိုင်တဲ့အရာတွေကို အနည်းအကျဉ်း လှစ်ဟပြသခဲ့ပါတယ်။

နေရာ အပြောင်းအလဲ
ဒီယက်ဇ်ဟာ မူလအားဖြင့် ဘယ်တောင်ပံမှာ ကစားပြီး အဲဒီနေရာမှာပဲ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပေမယ့် အချိန်တစ်ခုလောက်အထိ ဟားမက်စ် ရိုဒရီးရက်ဇ် မူလကစားခဲ့တဲ့ ကိုလံဘီယာအသင်းရဲ့ ညာတောင်ပံမှာ ကစားခဲ့ရပါတယ်။ ဒီယက်ဇ်ဟာ ပီရူး ညာနောက်ခံ အယ်လ်ဒို ကော်ဇိုကို များများစားစား ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့တာကြောင့် ပွဲချိန်အလယ်ကြီးမှာ ဘယ်တောင်ပံကနေ ညာတောင်ပံနေရာ ပြောင်းလဲ ကစားခဲ့ရတာဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အတိုင်းပဲ ညာတောင်ပံမှာ ဒီယက်ဇ်ဟာ ကစားဖို့ နေရာများများစားစား မရခဲ့သလို ဘယ်နောက်ခံလူ မားကို့စ် လိုပက်ဇ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီယက်ဇ်ဟာ ဒုတိယပိုင်းမှာ ၎င်းရဲ့ မူလနေရာဖြစ်တဲ့ ဘယ်တောင်ပံကို ပြန်လည်ပြောင်းကစားခဲ့ရပါတယ်။

ကလော့ပ်ကို အထင်ကြီးစေနိုင်မယ့် အရာ ၂ ခု
ဒီယက်ဇ်လုပ်ခဲ့တဲ့အရာ ၂ ခုက ဘောလုံးကိုင်ထားတဲ့အချိန်နဲ့ ဘောလုံးမကိုင်ထားတဲ့အချိန်မှာပါ အရမ်းကောင်းကောင်း ကစားနိုင်တာဖြစ်ပြီး အဲဒါက လီဗာပူးလ်ပရိသတ်တွေကို စိတ်ကျေနပ်စေမှာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ ရုပ်ပိုင်းဆိုင်ရာလိုလားချက်များတဲ့ပွဲစဉ်တွေမှာလည်း ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီယက်ဇ်ဟာ ပီရူးနောက်ခံလူတွေက ကြံ့ကြံ့ခံ ကာကွယ်နေခဲ့တာကြောင့် တိုက်စစ်မှာ များများစားစား မလုပ်ပြနိုင်ခဲ့ပေမယ့် ဘောလုံးဆုံးရှုံးတဲ့အခါတိုင်း ဖိအားပေးပြီး ကွင်းတစ်ဖက်ခြမ်းအထိ မကြာခဏ ဘောလုံးကို ပြန်လည် ဆယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါက ကလော့ပ်အတွက်တော့ သတင်းသစ်တစ်ခုမဟုတ်ဘဲ အဲဒီလို လုပ်နိုင်တာကြောင့်လည်း လီဗာပူးလ်က ဒီယက်ဇ်ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ကြည့်ရတာ အားတက်စရာတော့ ဖြစ်နေပါသေးတယ်။

တန်ပြန်တိုက်စစ် အလားအလာ
ဒီယက်ဇ်ဟာ အခွင့်အရေးရတဲ့အခါမှာ တန်ပြန်တိုက်စစ် ကောင်းကောင်း ဆင်နိုင်ပြီး များပြားလှတဲ့ ပြိုင်ဘက်ကစားသမားအုပ်စုကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တစ်ခါတုန်းက အဆိုးမြင်သူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒီယက်ဇ်အနေနဲ့ ၎င်းရဲ့ လျင်မြန်မှုကို ပြသဖို့အတွက် အခွင့်အရေးအများကြီး မရခဲ့ပေမယ့် အခွင့်အရေးရခဲ့တဲ့အခါတိုင်း လျင်မြန်တဲ့ အလိမ်အခေါက်၊ ပွဲစဉ်အပေါ် နည်းဗျူဟာပိုင်း ရှုထောင့်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါတွေက ဒီယက်ဇ်လုပ်နိုင်တဲ့ အရာတွေထဲက ဖျတ်ခနဲ လှစ်ဟပြသမှုသာဖြစ်ပြီး ပွဲကြပ်တွေမှာ ဘောလုံးကိုင်ထားတဲ့ ကိုလံဘီယာတောင်ပံကြယ်ပွင့်ဆီကနေ အများကြီး မြင်တွေ့ရနိုင်ပါသေးတယ်။ ဒီယက်ဇ်ဟာ ဂိုးဘားတန်းပေါ် ကျော်သွားတဲ့ ဂိုးကန်သွင်းမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး မိနစ် ၉၀ စလုံးမှာ ကြံ့ကြံ့ခံထားတဲ့ ခံစစ်ကို ဖြိုခွင်းဖို့အတွက် လှည့်ကွက်တော့ သိပ်မရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ပရိသတ်တွေအနေနဲ့ သူ့အလိုလို စကားပြောနေတဲ့ ယခုရာသီ ဂိုးသွင်းစံချိန်ပိုင်ဆိုင်ထားတဲ့ ကစားသမားကြောင့် ကြီးကြီးမားမား စိတ်လှုပ်ရှားနေသင့်ဆဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် တောင်ပံကစားသမားတွေဆီကနေ မြင်ရဖို့က အများကြီး ရှိနေသေးတာကြောင့်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔အတြက္ တနလၤာေန႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ေပၚတိုေတာင္ပံၾကယ္ပြင့္ လူးဝစ္ ဒီယက္ဇ္ကို ကနဉီး ေပးေခ်မႈ ေပါင္ ၃၇.၅ သန္း၊ အနာဂတ္ ခံစားခြင့္ ၁၂.၅ သန္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္းေပးၿပီး ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြဟာ ဒီယက္ဇ္အေနနဲ႔ မာေဆးဆိုဒ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ အတည္ျပဳၿပီးကတည္းက ပထမဆုံးအႀကိမ္ ကိုလံဘီယာၾကယ္ပြင့္ရဲ႕ ကစားဟန္ကို ဖယ္လ္ကာအို၊ ဟားမက္စ္ ႐ိုဒရီဂြက္ဇ္တို႔နဲ႔အတူ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ကိုလံဘီယာအသင္းဟာ အိမ္ကြင္းမွာ ပီ႐ူးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့ရၿပီး လီဗာပူးလ္အသင္းပရိတ္သတ္ေတြအတြက္ေတာ့ အသင္းအတြက္ ဒီယက္ဇ္လို ကစားသမားမ်ိဳးကို အရေခၚယူႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္စရာျဖစ္ခဲ့ပါတယ္။

ဒီယက္ဇ္ဟာ ကိုလံဘီယာလက္ေ႐ြးစင္အသင္းအတြက္ ၃၂ ႀကိမ္ေျမာက္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး စုစုေပါင္း ၇ ဂိုးသြင္းယူထားခဲ့ၿပီး ဒီရာသီ ေပၚတိုအတြက္ ၿပိဳင္ပြဲစုံ ၂၈ ပြဲမွာ ၂၂ ဂိုးအထိ ဂိုးပါဝင္ပတ္သက္မႈေတြ ထူးထူးျခားျခား စံခ်ိန္တင္ျပဳလုပ္ထားတာျဖစ္ပါတယ္။ ေပၚတိုကစားသမားအျဖစ္နဲ႔ ေနာက္ဆုံးအႀကိမ္ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခဲ့တဲ့ပြဲစဥ္အၿပီး လီဗာပူးလ္ကို ဒီယက္ဇ္က အန္းဖီးကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း လုပ္ေပးႏိုင္တဲ့အရာေတြကို အနည္းအက်ဥ္း လွစ္ဟျပသခဲ့ပါတယ္။

ေနရာ အေျပာင္းအလဲ
ဒီယက္ဇ္ဟာ မူလအားျဖင့္ ဘယ္ေတာင္ပံမွာ ကစားၿပီး အဲဒီေနရာမွာပဲ ကစားသမားဘဝကို စတင္ခဲ့တာျဖစ္ေပမယ့္ အခ်ိန္တစ္ခုေလာက္အထိ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ မူလကစားခဲ့တဲ့ ကိုလံဘီယာအသင္းရဲ႕ ညာေတာင္ပံမွာ ကစားခဲ့ရပါတယ္။ ဒီယက္ဇ္ဟာ ပီ႐ူး ညာေနာက္ခံ အယ္လ္ဒို ေကာ္ဇိုကို မ်ားမ်ားစားစား ၿခိမ္းေျခာက္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ပြဲခ်ိန္အလယ္ႀကီးမွာ ဘယ္ေတာင္ပံကေန ညာေတာင္ပံေနရာ ေျပာင္းလဲ ကစားခဲ့ရတာျဖစ္ပါတယ္။ ျဖစ္ပ်က္ခဲ့တဲ့အတိုင္းပဲ ညာေတာင္ပံမွာ ဒီယက္ဇ္ဟာ ကစားဖို႔ ေနရာမ်ားမ်ားစားစား မရခဲ့သလို ဘယ္ေနာက္ခံလူ မားကို႔စ္ လိုပက္ဇ္ကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒီယက္ဇ္ဟာ ဒုတိယပိုင္းမွာ ၎ရဲ႕ မူလေနရာျဖစ္တဲ့ ဘယ္ေတာင္ပံကို ျပန္လည္ေျပာင္းကစားခဲ့ရပါတယ္။

ကေလာ့ပ္ကို အထင္ႀကီးေစႏိုင္မယ့္ အရာ ၂ ခု
ဒီယက္ဇ္လုပ္ခဲ့တဲ့အရာ ၂ ခုက ေဘာလုံးကိုင္ထားတဲ့အခ်ိန္နဲ႔ ေဘာလုံးမကိုင္ထားတဲ့အခ်ိန္မွာပါ အရမ္းေကာင္းေကာင္း ကစားႏိုင္တာျဖစ္ၿပီး အဲဒါက လီဗာပူးလ္ပရိသတ္ေတြကို စိတ္ေက်နပ္ေစမွာျဖစ္ပါတယ္။ ဒီယက္ဇ္ဟာ ႐ုပ္ပိုင္းဆိုင္ရာလိုလားခ်က္မ်ားတဲ့ပြဲစဥ္ေတြမွာလည္း ေကာင္းေကာင္း ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီယက္ဇ္ဟာ ပီ႐ူးေနာက္ခံလူေတြက ႀကံ့ႀကံ့ခံ ကာကြယ္ေနခဲ့တာေၾကာင့္ တိုက္စစ္မွာ မ်ားမ်ားစားစား မလုပ္ျပႏိုင္ခဲ့ေပမယ့္ ေဘာလုံးဆုံးရႈံးတဲ့အခါတိုင္း ဖိအားေပးၿပီး ကြင္းတစ္ဖက္ျခမ္းအထိ မၾကာခဏ ေဘာလုံးကို ျပန္လည္ ဆယ္ယူခဲ့တာျဖစ္ပါတယ္။ ဒါက ကေလာ့ပ္အတြက္ေတာ့ သတင္းသစ္တစ္ခုမဟုတ္ဘဲ အဲဒီလို လုပ္ႏိုင္တာေၾကာင့္လည္း လီဗာပူးလ္က ဒီယက္ဇ္ကို ေခၚယူခဲ့တာျဖစ္ေပမယ့္ ၾကည့္ရတာ အားတက္စရာေတာ့ ျဖစ္ေနပါေသးတယ္။

တန္ျပန္တိုက္စစ္ အလားအလာ
ဒီယက္ဇ္ဟာ အခြင့္အေရးရတဲ့အခါမွာ တန္ျပန္တိုက္စစ္ ေကာင္းေကာင္း ဆင္ႏိုင္ၿပီး မ်ားျပားလွတဲ့ ၿပိဳင္ဘက္ကစားသမားအုပ္စုကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ တစ္ခါတုန္းက အဆိုးျမင္သူေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါေသးတယ္။ ဒီယက္ဇ္အေနနဲ႔ ၎ရဲ႕ လ်င္ျမန္မႈကို ျပသဖို႔အတြက္ အခြင့္အေရးအမ်ားႀကီး မရခဲ့ေပမယ့္ အခြင့္အေရးရခဲ့တဲ့အခါတိုင္း လ်င္ျမန္တဲ့ အလိမ္အေခါက္၊ ပြဲစဥ္အေပၚ နည္းဗ်ဴဟာပိုင္း ရႈေထာင့္ကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒါေတြက ဒီယက္ဇ္လုပ္ႏိုင္တဲ့ အရာေတြထဲက ဖ်တ္ခနဲ လွစ္ဟျပသမႈသာျဖစ္ၿပီး ပြဲၾကပ္ေတြမွာ ေဘာလုံးကိုင္ထားတဲ့ ကိုလံဘီယာေတာင္ပံၾကယ္ပြင့္ဆီကေန အမ်ားႀကီး ျမင္ေတြ႕ရႏိုင္ပါေသးတယ္။ ဒီယက္ဇ္ဟာ ဂိုးဘားတန္းေပၚ ေက်ာ္သြားတဲ့ ဂိုးကန္သြင္းမႈ တစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး မိနစ္ ၉၀ စလုံးမွာ ႀကံ့ႀကံ့ခံထားတဲ့ ခံစစ္ကို ၿဖိဳခြင္းဖို႔အတြက္ လွည့္ကြက္ေတာ့ သိပ္မရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ သူ႔အလိုလို စကားေျပာေနတဲ့ ယခုရာသီ ဂိုးသြင္းစံခ်ိန္ပိုင္ဆိုင္ထားတဲ့ ကစားသမားေၾကာင့္ ႀကီးႀကီးမားမား စိတ္လႈပ္ရွားေနသင့္ဆဲျဖစ္ပါတယ္။ ဘာလို႔လဲဆိုရင္ ေတာင္ပံကစားသမားေတြဆီကေန ျမင္ရဖို႔က အမ်ားႀကီး ရွိေနေသးတာေၾကာင့္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.