Premier League Transfer News

ပစ်မှတ် ၂ ဦးကို ခေါ်ယူနိုင်ဖို့ ၄၈ နာရီစလုံး မအိပ်မနေ ကြိုးပမ်းသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် မပိတ်ခင် လူအင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် အလုပ်များတဲ့ ၄၈ နာရီကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုလမှာ ဒူဆန် ဗလာဟိုဗစ်ချ်အပါအဝင် ပစ်မှတ်အများအပြားကို လွဲချော်ခဲ့ပေမယ့် အာတီတာအတွက် အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်မတိုင်မီ အပြောင်းအရွှေ့ပြုလုပ်ဖို့ အချိန်ရှိနေသေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အသင်းလူစာရင်းမှာ အင်အားနည်းပါးနေတဲ့ တိုက်စစ်နဲ့ ကွင်းလယ် ၂ နေရာကို ဖြည့်တင်းနိုင်ဖို့အတွက် အလက်ဇန်းဒါး အိုင်းဆက်နဲ့ အာသာ မယ်လိုတို့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

အူဘာမီယန်းဟာ အမ်းမရိတ်စ်မှာ ၎င်းကို နောက်ထပ် မလိုအပ်တော့ဘူးလို့ ပြောကြားခြင်းခံခဲ့ရတာကြောင့် အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသင်းကို စွန့်ခွာဖွယ်ရှိနေပြီး အပြောင်းအရွှေ့စျေးကွက်အတွင်းက နောက်ဆုံးရ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

လန်ဒန်မှာ မြင်တွေ့ခဲ့ရတဲ့ အလက်ဇန်းဒါး အိုင်းဆက်

အလက်ဇန်းဒါး အိုင်းဆက်ကို လန်ဒန်မှာ မြင်တွေ့ခဲ့ရတာကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့မယ့် ကောလာဟလတွေက ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ရီးရဲလ် ဆိုစီဒက်တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ချ် ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အာဆင်နယ်ရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအပတ်မှာ အိုင်းဆက် လန်ဒန်ကို ရောက်ရှိလာခဲ့တာဟာ ကောလာဟလသတင်းတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ပြီး ရီးရဲလ် ဆိုစီဒက်တိုက်စစ်မှူးကို ဆိုဟိုက ကင်းလီးကော့တ်မှာရှိတဲ့ ဘားမှာ မြင်တွေ့ခဲ့ရပြီး ဆိုစီဒက်အသင်းဖော်တွေနဲ့အတူ ရှော့ပင်းထွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် I5 AAK နံပါတ်ပြားနဲ့ ရိုးလ်စ် ရွိုက်စ်ကား မောင်းနှင်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး သတင်းတွေအရ အဲဒီကားဟာ ယခုလမှ ယူကေမှာ မှတ်ပုံတင်ထားခဲ့တာလို့ သိရပါတယ်။

အာဆင်နယ်ကို ငြင်းလိုက်တာ အမှားကြီး မှားခဲ့တဲ့ ဗလာဟိုဗစ်ချ်

အန်တိုနီယို ကက်ဆာနိုက ဗလာဟိုဗစ်ချ်အနေနဲ့ အာဆင်နယ်ကို ငြင်းပယ်ပြီး ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားတာက အမှားကြီး မှားတယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အမ်းမရိတ်စ်ထက် တူရင်ကို ပိုမိုသဘောကျခဲ့တာကြောင့် အာဆင်နယ်ကို ငြင်းပယ်ခဲ့တာဖြစ်ပေမယ့် အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းက ဂျူဗင်တပ်ကို ပြောင်းရွှေ့တာက အလှမ်းကျယ်လို့ အလယ်လပ်နိုင်ပြီး အာတီတာရဲ့အသင်းလိုမျိုး အလယ်အလတ်ကျတဲ့အသင်းကို ပြောင်းတာပိုကောင်းတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဂျူဗင်တပ်က အယ်လီဂရီနဲ့ လာမယ့်နှစ်တွေရော နောက်ထပ် ၁၀ နှစ်လောက်အထိ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော့်အမြင်မှာတော့ ဗလာဟိုဗစ်ချ်ရဲ့ဆုံးဖြတ်ချက်က အမှားကြီး မှားပါတယ်။ ဒီလို ကစားသမားမျိုးက အာဆင်နယ်၊ စပါးစ်၊ ဆီဗီလာတို့လိုမျိုး အသင်းတွေကို အလယ်အလတ်အဆင့်အဖြစ် ပြောင်းရွှေ့သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်အမြင်မှာတော့ ခင်ဗျား သိလား။ သူက အမြဲတမ်း ဒုတိယတန်း ကစားသမားဖြစ်နေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာသာ မယ်လိုအတွက် စိတ်ပြောင်းသွားတဲ့ အာဆင်နယ်

ဂျူဗင်တပ်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့ နေရာမှာ အစားထိုးမယ့်ကစားသမားကို သတ်မှတ်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ အာသာ မယ်လိုကို ခေါ်ယူဖို့ကိစ္စကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အီတလီစီးရီးအေထိပ်သီးအသင်းကြီးဟာ ၎င်းတို့အနေနဲ့ အာသာ မယ်လိုရဲ့နေရာမှာ အစားထိုးရမယ့်သူမရခဲ့ရင် အသင်းကနေ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာသာ မယ်လိုရဲ့နေရာမှာ အစားထိုးမယ့်သူကို ရှာတွေ့ခဲ့ပုံပေါ်ပြီး အဲဒီကစားသမားက ဒန်းနစ် ဇာကာရီးယားဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်ဟာ အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ ဘွန်ဒက်စ်လီဂါကြယ်ပွင့်ကို ပေါင် ၅.၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဘိုရူစီးယား မွန်ချင်ဂလာဘတ်ချ်က လာမယ့်နွေရာသီမှာ ဇာကာရီးယားကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာစိုးတာကြောင့် ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကို ဗလာဟိုဗစ်ချ် ပြောင်းသွားတဲ့အတွက် တိုက်စစ်အတွက် အခြားရွေးချယ်စရာအဖြစ် အိုင်းဆက်၊ ကဲလ်ဗတ်-လူဝင်၊ ဂျော်နသန် ဒေးဗစ်နဲ့ မိုရာတာတို့ကို ပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။ တနင်္လာနေ့ညမှာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ ယူရီ တီလယ်မန်းစ်၊ ဒေါက်ဂလပ် လူးဝစ်ဇ်၊ ဟူဗင် နဲဗိစ်၊ ဗိုင်နယ်လ်ဒွမ်တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ အပေါ်မှာ ပြောခဲ့တဲ့ ကစားသမားတွေထဲက ဘယ်သူ့ကို ခေါ်ယူပြီး အင်အားဖြည့်တင်းနိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့ပေမယ့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်ပြီးနောက် အီဒူးပြောခဲ့တဲ့ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ မှတ်ချက်ကတော့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

“ပိုက်ဆံတွေ မြင်ရဖို့ထက်ပိုပြီး ကျယ်ပြန့်တဲ့ အကြောင်းအရာကို ကျွန်တော်တို့ ကြည့်ရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသက် ၂၃ နှစ်အောက် ကစားသမား ၆ ဦးကို ခေါ်ယူခဲ့ပြီး အဲဒါက ကျွန်တော်တို့ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်အများကြီး ရှိပါတယ်။ ဟုတ်ပါတယ်။ ခင်ဗျား ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဆီက တစ်နှစ်တာအတွင်း ကစားသမား ၂၁ ဦးအထိ ထွက်ခွာခဲ့တယ်။ အဲဒီထဲက အချို့က စာချုပ်ဖျက်သိမ်းခဲ့တာ ဒါမှမဟုတ် ကျွန်တော်တို့ ရောင်းဖို့ ကြိုးစားခဲ့တာ ဒါမှမဟုတ် ဝယ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ အငှားချဖို့ ကြိုးပမ်းခဲ့တာတွေပါ။ ကျွန်တော်တို့ လူစာရင်းထဲက အနည်းငယ်ကို ရှင်းလင်းဖို့ ကြိုးပမ်းခဲ့ပြီး မျက်နှာသစ်ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်”

“ကျွန်တော်တို့မှာ ၂၁ ယောက် ထွက်သွားပြီး ၁၀ ယောက် တစ်နှစ်ထဲမှာ ပြန်ဝင်လာခဲ့တယ်။ အဲဒီတော့ အပြောင်းအလဲ ၂၁ ခုပေါ့။ အဲဒါက အများကြီးပါ။ တစ်နှစ်အတွင်းမှာ လူစာရင်းထက်တောင် ပိုများခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ အခြေခံနဲ့ အုတ်မြစ်အကြောင်းကို ပြောတဲ့အခါမှာ နောက်ထပ် ရည်ရွယ်ချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမား ၁ ဦး၊ ၂ ဦးလောက် ခေါ်ပြီး ဒုံရင်းက ဒုံရင်း ပြန်လုပ်ရဦးမှာပါ။ ဘာကြောင့် ကျွန်တော်တို့ ဒါကို လုပ်ခဲ့တာလဲဆိုတော့ ကျွန်တော်တို့မှာ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ကို ဖန်တီးဖို့အတွက် အကြောင်းအရင်းရှိလို့ပါ။ ပြီးရင်တော့ တစ်နေ့မှာ ကျွန်တော်တို့ ကစားသမား ၁ ဦး ဒါမှမဟုတ် ၂ ဦးလောက်ပဲ ခေါ်ယူသွားမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ကျွန်တော်တို့ ကစားသမား ၁ ဦး၊ ၂ ဦးလောက်ပဲ ခေါ်ယူပြီးလည်း ရပ်တန့်နေလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာအများကြီး ရှိနေမှာမို့လို့ပါ။ ကျွန်တော်တို့ လူစာရင်းကို ပိုကောင်းလာအောင် ချိန်ညှိရမယ်။ ကျွန်တော်တို့ မှန်ကန်တဲ့စရိုက်လက္ခဏာရှိပြီး လူစာရင်းကို ပိုကောင်းမွန်လာအောင်၊ ပိုကျစ်လစ်လာအောင်နဲ့ အများကြီးပိုပြီး တည်ငြိမ်အောင် လုပ်နိုင်တဲ့ သင့်တော်တဲ့ ကစားသမားတွေကို ရှာဖွေစုဆောင်းရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ခြေစွမ်းတည်ငြိမ်မှုနဲ့ပတ်သက်ပြီး ခံစားခဲ့ရလို့ပါ။ အခု ကျွန်တော် အာတီတာနဲ့ ဘုတ်အဖွဲ့ကို အများကြီးပိုကောင်းတဲ့လူစာရင်း ပေးချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီဒူးရဲ့ Sky Sports နဲ့ အင်တာဗျူးမှာ အာဆင်နယ်အပြောင်းအရွှေ့မဟာဗျူဟာကို အတည်ပြုပြောကြားခဲ့မှုက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ကစားသမား ၂ ဦးခေါ်ယူမှုပြုလုပ်ဖို့ သဲလွန်စပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဆင်နယ် အားကစားဒါရိုက်တာဟာ တနင်္လာနေ့ည ၁၁ နာရီအထိ အာတီတာရဲ့ ပထမအသင်းကို လက်ကျန်ရာသီချိန်အတွက် အင်အားဖြည့်တင်းပေးနိုင်မယ့် အခွင့်အရေးရှိနေဆဲဖြစ်ပြီး အီဒူးရဲ့အပြောင်းအရွှေ့လုပ်ငန်းစဉ်ဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မတိုင်ခင် စျေးကွက်ထဲမှာ ဘာတွေလုပ်နေလဲဆိုတာကို ထိုးထွင်းသိမြင်စေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ မပိတ္ခင္ လူအင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အလုပ္မ်ားတဲ့ ၄၈ နာရီကို ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုလမွာ ဒူဆန္ ဗလာဟိုဗစ္ခ်္အပါအဝင္ ပစ္မွတ္အမ်ားအျပားကို လြဲေခ်ာ္ခဲ့ေပမယ့္ အာတီတာအတြက္ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးအခ်ိန္မတိုင္မီ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ အခ်ိန္ရွိေနေသးတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အသင္းလူစာရင္းမွာ အင္အားနည္းပါးေနတဲ့ တိုက္စစ္နဲ႔ ကြင္းလယ္ ၂ ေနရာကို ျဖည့္တင္းႏိုင္ဖို႔အတြက္ အလက္ဇန္းဒါး အိုင္းဆက္နဲ႔ အာသာ မယ္လိုတို႔ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အူဘာမီယန္းဟာ အမ္းမရိတ္စ္မွာ ၎ကို ေနာက္ထပ္ မလိုအပ္ေတာ့ဘူးလို႔ ေျပာၾကားျခင္းခံခဲ့ရတာေၾကာင့္ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ အသင္းကို စြန႔္ခြာဖြယ္ရွိေနၿပီး အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္းက ေနာက္ဆုံးရ အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အေျခအေနေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

လန္ဒန္မွာ ျမင္ေတြ႕ခဲ့ရတဲ့ အလက္ဇန္းဒါး အိုင္းဆက္

အလက္ဇန္းဒါး အိုင္းဆက္ကို လန္ဒန္မွာ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕မယ့္ ေကာလာဟလေတြက ပိုၿပီး ျပင္းထန္လာခဲ့ပါတယ္။ ရီးရဲလ္ ဆိုစီဒက္တိုက္စစ္မႉးဟာ ဖီအိုရင္တီးနားတိုက္စစ္မႉး ဗလာဟိုဗစ္ခ်္ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ နံပါတ္ ၁ ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ယခုအပတ္မွာ အိုင္းဆက္ လန္ဒန္ကို ေရာက္ရွိလာခဲ့တာဟာ ေကာလာဟလသတင္းေတြကို မီးေလာင္ရာ ေလပင့္သလို ျဖစ္ခဲ့ၿပီး ရီးရဲလ္ ဆိုစီဒက္တိုက္စစ္မႉးကို ဆိုဟိုက ကင္းလီးေကာ့တ္မွာရွိတဲ့ ဘားမွာ ျမင္ေတြ႕ခဲ့ရၿပီး ဆိုစီဒက္အသင္းေဖာ္ေတြနဲ႔အတူ ေရွာ့ပင္းထြက္ေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ I5 AAK နံပါတ္ျပားနဲ႔ ႐ိုးလ္စ္ ႐ြိဳက္စ္ကား ေမာင္းႏွင္သြားခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး သတင္းေတြအရ အဲဒီကားဟာ ယခုလမွ ယူေကမွာ မွတ္ပုံတင္ထားခဲ့တာလို႔ သိရပါတယ္။

အာဆင္နယ္ကို ျငင္းလိုက္တာ အမွားႀကီး မွားခဲ့တဲ့ ဗလာဟိုဗစ္ခ်္

အန္တိုနီယို ကက္ဆာႏိုက ဗလာဟိုဗစ္ခ်္အေနနဲ႔ အာဆင္နယ္ကို ျငင္းပယ္ၿပီး ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားတာက အမွားႀကီး မွားတယ္လို႔ ယုံၾကည္ေနပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အမ္းမရိတ္စ္ထက္ တူရင္ကို ပိုမိုသေဘာက်ခဲ့တာေၾကာင့္ အာဆင္နယ္ကို ျငင္းပယ္ခဲ့တာျဖစ္ေပမယ့္ အီတလီလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းက ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕တာက အလွမ္းက်ယ္လို႔ အလယ္လပ္ႏိုင္ၿပီး အာတီတာရဲ႕အသင္းလိုမ်ိဳး အလယ္အလတ္က်တဲ့အသင္းကို ေျပာင္းတာပိုေကာင္းတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ဂ်ဴဗင္တပ္က အယ္လီဂရီနဲ႔ လာမယ့္ႏွစ္ေတြေရာ ေနာက္ထပ္ ၁၀ ႏွစ္ေလာက္အထိ ေျပာင္းလဲမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္အျမင္မွာေတာ့ ဗလာဟိုဗစ္ခ်္ရဲ႕ဆုံးျဖတ္ခ်က္က အမွားႀကီး မွားပါတယ္။ ဒီလို ကစားသမားမ်ိဳးက အာဆင္နယ္၊ စပါးစ္၊ ဆီဗီလာတို႔လိုမ်ိဳး အသင္းေတြကို အလယ္အလတ္အဆင့္အျဖစ္ ေျပာင္းေ႐ႊ႕သင့္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ ခင္ဗ်ား သိလား။ သူက အၿမဲတမ္း ဒုတိယတန္း ကစားသမားျဖစ္ေနခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာသာ မယ္လိုအတြက္ စိတ္ေျပာင္းသြားတဲ့ အာဆင္နယ္

ဂ်ဴဗင္တပ္အသင္းဟာ ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕ ေနရာမွာ အစားထိုးမယ့္ကစားသမားကို သတ္မွတ္ခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ အာသာ မယ္လိုကို ေခၚယူဖို႔ကိစၥကို ျပန္လည္အသက္သြင္းခဲ့ပါတယ္။ အီတလီစီးရီးေအထိပ္သီးအသင္းႀကီးဟာ ၎တို႔အေနနဲ႔ အာသာ မယ္လိုရဲ႕ေနရာမွာ အစားထိုးရမယ့္သူမရခဲ့ရင္ အသင္းကေန ထြက္ခြာခြင့္ေပးမွာမဟုတ္ဘူးဆိုတာကို ရွင္းရွင္းလင္းလင္း သိေအာင္ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာသာ မယ္လိုရဲ႕ေနရာမွာ အစားထိုးမယ့္သူကို ရွာေတြ႕ခဲ့ပုံေပၚၿပီး အဲဒီကစားသမားက ဒန္းနစ္ ဇာကာရီးယားျဖစ္ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္ဟာ အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ ဘြန္ဒက္စ္လီဂါၾကယ္ပြင့္ကို ေပါင္ ၅.၈ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီး ဘို႐ူစီးယား မြန္ခ်င္ဂလာဘတ္ခ်္က လာမယ့္ေႏြရာသီမွာ ဇာကာရီးယားကို အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာစိုးတာေၾကာင့္ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္ကို ဗလာဟိုဗစ္ခ်္ ေျပာင္းသြားတဲ့အတြက္ တိုက္စစ္အတြက္ အျခားေ႐ြးခ်ယ္စရာအျဖစ္ အိုင္းဆက္၊ ကဲလ္ဗတ္-လူဝင္၊ ေဂ်ာ္နသန္ ေဒးဗစ္နဲ႔ မိုရာတာတို႔ကို ပစ္မွတ္ထားခဲ့တယ္လို႔ သိရပါတယ္။ တနလၤာေန႔ညမွာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေနတဲ့ ကြင္းလယ္ကစားသမားေတြထဲမွာ ယူရီ တီလယ္မန္းစ္၊ ေဒါက္ဂလပ္ လူးဝစ္ဇ္၊ ဟူဗင္ နဲဗိစ္၊ ဗိုင္နယ္လ္ဒြမ္တို႔လည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္အေနနဲ႔ အေပၚမွာ ေျပာခဲ့တဲ့ ကစားသမားေတြထဲက ဘယ္သူ႔ကို ေခၚယူၿပီး အင္အားျဖည့္တင္းႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ေပမယ့္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ၿပီးေနာက္ အီဒူးေျပာခဲ့တဲ့ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ မွတ္ခ်က္ကေတာ့ စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။

“ပိုက္ဆံေတြ ျမင္ရဖို႔ထက္ပိုၿပီး က်ယ္ျပန႔္တဲ့ အေၾကာင္းအရာကို ကြၽန္ေတာ္တို႔ ၾကည့္ရမယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အသက္ ၂၃ ႏွစ္ေအာက္ ကစားသမား ၆ ဦးကို ေခၚယူခဲ့ၿပီး အဲဒါက ကြၽန္ေတာ္တို႔ရဲ႕ အစီအစဥ္နဲ႔ပတ္သက္ၿပီး အဓိပၸာယ္အမ်ားႀကီး ရွိပါတယ္။ ဟုတ္ပါတယ္။ ခင္ဗ်ား ၾကည့္လိုက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဆီက တစ္ႏွစ္တာအတြင္း ကစားသမား ၂၁ ဦးအထိ ထြက္ခြာခဲ့တယ္။ အဲဒီထဲက အခ်ိဳ႕က စာခ်ဳပ္ဖ်က္သိမ္းခဲ့တာ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ ေရာင္းဖို႔ ႀကိဳးစားခဲ့တာ ဒါမွမဟုတ္ ဝယ္ယူခြင့္ပါတဲ့ အငွားစာခ်ဳပ္နဲ႔ အငွားခ်ဖို႔ ႀကိဳးပမ္းခဲ့တာေတြပါ။ ကြၽန္ေတာ္တို႔ လူစာရင္းထဲက အနည္းငယ္ကို ရွင္းလင္းဖို႔ ႀကိဳးပမ္းခဲ့ၿပီး မ်က္ႏွာသစ္ကစားသမားေတြကို ေခၚယူခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔မွာ ၂၁ ေယာက္ ထြက္သြားၿပီး ၁၀ ေယာက္ တစ္ႏွစ္ထဲမွာ ျပန္ဝင္လာခဲ့တယ္။ အဲဒီေတာ့ အေျပာင္းအလဲ ၂၁ ခုေပါ့။ အဲဒါက အမ်ားႀကီးပါ။ တစ္ႏွစ္အတြင္းမွာ လူစာရင္းထက္ေတာင္ ပိုမ်ားခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ အေျခခံနဲ႔ အုတ္ျမစ္အေၾကာင္းကို ေျပာတဲ့အခါမွာ ေနာက္ထပ္ ရည္႐ြယ္ခ်က္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမား ၁ ဦး၊ ၂ ဦးေလာက္ ေခၚၿပီး ဒုံရင္းက ဒုံရင္း ျပန္လုပ္ရဦးမွာပါ။ ဘာေၾကာင့္ ကြၽန္ေတာ္တို႔ ဒါကို လုပ္ခဲ့တာလဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ အေျခခံအုတ္ျမစ္ကို ဖန္တီးဖို႔အတြက္ အေၾကာင္းအရင္းရွိလို႔ပါ။ ၿပီးရင္ေတာ့ တစ္ေန႔မွာ ကြၽန္ေတာ္တို႔ ကစားသမား ၁ ဦး ဒါမွမဟုတ္ ၂ ဦးေလာက္ပဲ ေခၚယူသြားမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္”

“ကြၽန္ေတာ္တို႔ ကစားသမား ၁ ဦး၊ ၂ ဦးေလာက္ပဲ ေခၚယူၿပီးလည္း ရပ္တန႔္ေနလို႔မရပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ လုပ္စရာအမ်ားႀကီး ရွိေနမွာမို႔လို႔ပါ။ ကြၽန္ေတာ္တို႔ လူစာရင္းကို ပိုေကာင္းလာေအာင္ ခ်ိန္ညႇိရမယ္။ ကြၽန္ေတာ္တို႔ မွန္ကန္တဲ့စ႐ိုက္လကၡဏာရွိၿပီး လူစာရင္းကို ပိုေကာင္းမြန္လာေအာင္၊ ပိုက်စ္လစ္လာေအာင္နဲ႔ အမ်ားႀကီးပိုၿပီး တည္ၿငိမ္ေအာင္ လုပ္ႏိုင္တဲ့ သင့္ေတာ္တဲ့ ကစားသမားေတြကို ရွာေဖြစုေဆာင္းရမွာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ကြၽန္ေတာ္တို႔ ေျခစြမ္းတည္ၿငိမ္မႈနဲ႔ပတ္သက္ၿပီး ခံစားခဲ့ရလို႔ပါ။ အခု ကြၽန္ေတာ္ အာတီတာနဲ႔ ဘုတ္အဖြဲ႕ကို အမ်ားႀကီးပိုေကာင္းတဲ့လူစာရင္း ေပးခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီဒူးရဲ႕ Sky Sports နဲ႔ အင္တာဗ်ဴးမွာ အာဆင္နယ္အေျပာင္းအေ႐ႊ႕မဟာဗ်ဴဟာကို အတည္ျပဳေျပာၾကားခဲ့မႈက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ကစားသမား ၂ ဦးေခၚယူမႈျပဳလုပ္ဖို႔ သဲလြန္စေပးတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အာဆင္နယ္ အားကစားဒါ႐ိုက္တာဟာ တနလၤာေန႔ည ၁၁ နာရီအထိ အာတီတာရဲ႕ ပထမအသင္းကို လက္က်န္ရာသီခ်ိန္အတြက္ အင္အားျဖည့္တင္းေပးႏိုင္မယ့္ အခြင့္အေရးရွိေနဆဲျဖစ္ၿပီး အီဒူးရဲ႕အေျပာင္းအေ႐ႊ႕လုပ္ငန္းစဥ္ဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မတိုင္ခင္ ေစ်းကြက္ထဲမွာ ဘာေတြလုပ္ေနလဲဆိုတာကို ထိုးထြင္းသိျမင္ေစတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.