Premier League

အိမ်ကွင်းပွဲစဉ်ဆို မကန်ချင်ဘူး ကြောက်ပြီလို့တောင် ပြောရတော့မယ့် စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိမ်ကွင်းပွဲစဉ်တစ်ပွဲကို ဝင်ငွေ ပေါင် ၁၆၅၀၀၀ ထက်ပိုပြီး ဆုံးရှုံးနေပြီး ရောင်းမထွက်တဲ့ ပွဲလက်မှတ်တွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပြီး ပရီးမီးယားလိဂ်မှာ အမြင့်မားဆုံး ဝင်ငွေဆုံးရှုံးနေတဲ့အသင်းဖြစ်နေတာဖြစ်ပါတယ်။

ယခုရာသီ ပျမ်းမျှ တက်ရောက်ကြည့်ရှုသူကို လေ့လာဆန်းစစ်ရာမှာ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အခြား ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေအားလုံးထက် ခုံအလွတ် ၅၀၀၀ ကျော် ပိုမို ရှိနေခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဝင်ငွေ အများအပြား ဆုံးရှုံးနေတာဖြစ်ပြီး လေ့လာဆန်းစစ်မှုတွေအရ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားတဲ့ပွဲစဉ်တစ်ပွဲကို ၁၅၅၀၀၀ ပေါင်အထိ တန်ဖိုးရှိတဲ့ ခုံအလွတ် ၃၀၀၀ ဝန်းကျင်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ပွဲနေ့မှာ ပျမ်းမျှ ခုံပေါင်း ၈၂၈၄ ခုံအထိ ဝင်ငွေဆုံးရှုံးနေတဲ့ စပါးစ်အသင်းဟာ နည်းပြ ကွန်တီလက်အောက်မှာ ရုန်းကန်နေရပြီး အိမ်ကွင်းပွဲစဉ်တစ်ပွဲကို ပေါင် ၁၆၅၆၈၀ နီးပါး ဝင်ငွေ ဆုံးရှုံးနေတာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ စျေးအသက်သာဆုံး ရရှိနိုင်တဲ့ လက်မှတ်တွေအပေါ်မှာ အခြေခံပြီး တွက်ချက်မှုတွေ ပြုလုပ်ခဲ့တဲ့ လက်မှတ်အရောင်းဝက်ဘ်ဆိုက် OLBG.com ဆီကနေ လေ့လာဆန်းစစ်ချက်အရ သိရတာဖြစ်ပါတယ်။

ပေါင် ၁ ဘီလီယံ ကုန်ကျခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ အိမ်ကွင်းဟာ ထူးခြားတဲ့ ရောင်းရမှတ်များစွာနဲ့အတူ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းက တောင်ဘက်ပွဲကြည့်စင် တစ်ဦးတည်းခုံတွေဟာ မြက်ခင်းနဲ့ ၅ မီတာအောက်အထိ နီးကပ်နေပြီး ဘယ်လို ပရီးမီးယားလိဂ်အိမ်ကွင်းထက်မဆို ပွဲစဉ်ကို အနီးကပ် ကြည့့်ရှုနိုင်တာဖြစ်ပါတယ်။

ရှေ့ဆုံးတန်း ထိုင်ခုံတွေဟာ ကွင်းထဲက ဘေးစည်းကနေ ၈ မီတာထက် ပိုမဝေးတဲ့နေရာမှာ တည်ရှိနေပြီး ဒ့ါအပြင် တောင်ဘက်ပွဲကြည့်စင်မှာ ထိုင်ခုံစုစုပေါင် ၁၇၅၀၀ ရှိနေတာကြောင့် ယူကေမှာ အကြီးမားဆုံး တစ်ဦးတည်းခုံရှိတဲ့ ပွဲကြည့်စင်လည်း ဖြစ်နေတာဖြစ်ပါတယ်။

ဆောက်သမ်တန်(၁၀၈၄၁၆ ပေါင်)၊ ဘန်လေ(၁၀၁၇၉၀ ပေါင်)တို့ဟာ မရောင်းမရတဲ့ လက်မှတ်တွေကြောင့် ဝင်ငွေဆုံးရှုံးနေတဲ့အသင်းတွေထဲမှာ တတိယနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေကြပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး(၈၆၂၇၅ ပေါင်)ကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်(၆၆၂၇၂ ပေါင်)၊ ဝက်ဖို့ဒ်(၆၀၁၅၆ ပေါင်)၊ လိဒ်စ်ယူနိုက်တက်(၄၀၁၀၀ ပေါင်)၊ ဝက်စ်ဟမ်း(၃၉၉၅၀ ပေါင်)၊ နယူးကာဆယ်လ်(၃၈၈၅၃)တို့ကလည်း အိမ်ကွင်းပွဲစဉ်မှာ ဝင်ငွေဆုံးရှုံးမှုအများဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ပွဲလက်မှတ် ရောင်းချနိုင်ခြင်းမရှိတာက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အချို့က ပွဲကို လာရောက်ကြည့်ရှုလိုခြင်းမရှိတာကလည်းက တစ်စိတ်တပိုင်းအဖြစ် ပါဝင်နေပြီး ပုံမှန်ပွဲနေ့မှာ ထိုင်ခုံ ၂၅၁ ခုံသာ လွတ်နေခဲ့တဲ့ လက်စတာစီးတီးဟာ ဝင်ငွေဆုံးရှုံးမှုအနည်းဆုံး ဆုံးရှုံးခဲ့တဲ့အသင်းအဖြစ် ရပ်တည်နေဖြစ်ပါတယ်။

ကင်းပါဝါကွင်းဟာ ပရိသတ်ဦးရေ စုစုပေါင်း ၃၂၃၁၂ ဦး ဝင်ဆံ့ပြီး ပရီးမီးယားလိဂ်မှာ အသေးငယ်ဆုံး ကွင်းဖြစ်နေတာကြောင့် အိမ်ကွင်းမှာ ကစားရတဲ့အခါမှာ ၆၅၂၆ ပေါင်လောက်သာ ဆုံးရှုံးနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အိမ်ကွင်းပွဲလက်မှတ် မရောင်းရဆုံးအသင်း ၂၀

၁။ တော့တင်ဟမ်ဟော့စပါး- ၁၆၅၆၈၀ ပေါင်

၂။ ချဲလ်ဆီး- ၁၅၄၂၅၄ ပေါင်

၃။ ဆောက်သမ်တန်- ၁၀၈၄၁၆ ပေါင်

၄။ ဘန်လေ- ၁၀၁၇၉၀ ပေါင်

၅။ မန်ချက်စတာစီးတီး- ၈၆၂၇၅ ပေါင်

၆။ ခရစ္စတယ်ပဲလေ့စ်- ၆၆၂၇၂ ပေါင်

၇။ ဝက်ဖို့ဒ်- ၆၀၁၅၆ ပေါင်

၈။ လိဒ်စ်ယူနိုက်တက်- ၄၀၁၀၀ ပေါင်

၉။ ဝက်စ်ဟမ်း- ၃၉၉၅၀ ပေါင်

၁၀။ နယူးကာဆယ်လ်- ၃၈၈၅၃ ပေါင်

၁၁။ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်- ၃၇၁၁၀ ပေါင်

၁၂။ မန်ချက်စတာယူနိုက်တက်- ၃၅၄၀၂ ပေါင်

၁၃။ ဘရိုက်တန်- ၃၀၀၆၀ ပေါင်

၁၄။ အာဆင်နယ်- ၂၇၃၂၆ ပေါင်

၁၅။ အက်စတန် ဗီလာ- ၂၁၉၉၆ ပေါင်

၁၆။ အဲဗာတန်- ၁၆၃၂၀ ပေါင်

၁၇။ လီဗာပူးလ်- ၁၃၉၄၉ ပေါင်

၁၈။ ဘရန့်တ်ဖို့ဒ်- ၁၃၆၅၀ ပေါင်

၁၉။ နောဝစ်ချ်စီးတီး- ၉၃၉၀ ပေါင်

၂၀။ လက်စတာစီးတီး- ၆၅၂၆ ပေါင်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အိမ္ကြင္းပြဲစဥ္တစ္ပြဲကို ဝင္ေငြ ေပါင္ ၁၆၅၀၀၀ ထက္ပိုၿပီး ဆုံးရႈံးေနၿပီး ေရာင္းမထြက္တဲ့ ပြဲလက္မွတ္ေတြေၾကာင့္ျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးမႈေတြအရ သိရၿပီး ပရီးမီးယားလိဂ္မွာ အျမင့္မားဆုံး ဝင္ေငြဆုံးရႈံးေနတဲ့အသင္းျဖစ္ေနတာျဖစ္ပါတယ္။

ယခုရာသီ ပ်မ္းမၽွ တက္ေရာက္ၾကည့္ရႈသူကို ေလ့လာဆန္းစစ္ရာမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အျခား ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေတြအားလုံးထက္ ခုံအလြတ္ ၅၀၀၀ ေက်ာ္ ပိုမို ရွိေနခဲ့တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း ဝင္ေငြ အမ်ားအျပား ဆုံးရႈံးေနတာျဖစ္ၿပီး ေလ့လာဆန္းစစ္မႈေတြအရ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားတဲ့ပြဲစဥ္တစ္ပြဲကို ၁၅၅၀၀၀ ေပါင္အထိ တန္ဖိုးရွိတဲ့ ခုံအလြတ္ ၃၀၀၀ ဝန္းက်င္ရွိေနခဲ့တယ္လို႔ သိရပါတယ္။

ပြဲေန႔မွာ ပ်မ္းမၽွ ခုံေပါင္း ၈၂၈၄ ခုံအထိ ဝင္ေငြဆုံးရႈံးေနတဲ့ စပါးစ္အသင္းဟာ နည္းၿပ ကြန္တီလက္ေအာက္မွာ ႐ုန္းကန္ေနရၿပီး အိမ္ကြင္းပြဲစဥ္တစ္ပြဲကို ေပါင္ ၁၆၅၆၈၀ နီးပါး ဝင္ေငြ ဆုံးရႈံးေနတာျဖစ္ပါတယ္။ ဒီအခ်က္အလက္ေတြဟာ ေစ်းအသက္သာဆုံး ရရွိနိုင္တဲ့ လက္မွတ္ေတြအေပၚမွာ အေျခခံၿပီး တြက္ခ်က္မႈေတြ ျပဳလုပ္ခဲ့တဲ့ လက္မွတ္အေရာင္းဝက္ဘ္ဆိုက္ OLBG.com ဆီကေန ေလ့လာဆန္းစစ္ခ်က္အရ သိရတာျဖစ္ပါတယ္။

ေပါင္ ၁ ဘီလီယံ ကုန္က်ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးရဲ့ အိမ္ကြင္းဟာ ထူးျခားတဲ့ ေရာင္းရမွတ္မ်ားစြာနဲ႔အတူ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းက ေတာင္ဘက္ပြဲၾကည့္စင္ တစ္ဦးတည္းခုံေတြဟာ ျမက္ခင္းနဲ႔ ၅ မီတာေအာက္အထိ နီးကပ္ေနၿပီး ဘယ္လို ပရီးမီးယားလိဂ္အိမ္ကြင္းထက္မဆို ပြဲစဥ္ကို အနီးကပ္ ၾကည့့္ရႈနိုင္တာျဖစ္ပါတယ္။

ေရွ႕ဆုံးတန္း ထိုင္ခုံေတြဟာ ကြင္းထဲက ေဘးစည္းကေန ၈ မီတာထက္ ပိုမေဝးတဲ့ေနရာမွာ တည္ရွိေနၿပီး ဒ့ါအျပင္ ေတာင္ဘက္ပြဲၾကည့္စင္မွာ ထိုင္ခုံစုစုေပါင္ ၁၇၅၀၀ ရွိေနတာေၾကာင့္ ယူေကမွာ အႀကီးမားဆုံး တစ္ဦးတည္းခုံရွိတဲ့ ပြဲၾကည့္စင္လည္း ျဖစ္ေနတာျဖစ္ပါတယ္။

ေဆာက္သမ္တန္(၁၀၈၄၁၆ ေပါင္)၊ ဘန္ေလ(၁၀၁၇၉၀ ေပါင္)တို႔ဟာ မေရာင္းမရတဲ့ လက္မွတ္ေတြေၾကာင့္ ဝင္ေငြဆုံးရႈံးေနတဲ့အသင္းေတြထဲမွာ တတိယနဲ႔ စတုတၳေနရာမွာ ရပ္တည္ေနၾကၿပီး လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီး(၈၆၂၇၅ ေပါင္)ကေတာ့ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္(၆၆၂၇၂ ေပါင္)၊ ဝက္ဖို႔ဒ္(၆၀၁၅၆ ေပါင္)၊ လိဒ္စ္ယူနိုက္တက္(၄၀၁၀၀ ေပါင္)၊ ဝက္စ္ဟမ္း(၃၉၉၅၀ ေပါင္)၊ နယူးကာဆယ္လ္(၃၈၈၅၃)တို႔ကလည္း အိမ္ကြင္းပြဲစဥ္မွာ ဝင္ေငြဆုံးရႈံးမႈအမ်ားဆုံး ထိပ္ဆုံး ၁၀ သင္းထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။ ပြဲလက္မွတ္ ေရာင္းခ်နိုင္ျခင္းမရွိတာက ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း အခ်ိဳ႕က ပြဲကို လာေရာက္ၾကည့္ရႈလိုျခင္းမရွိတာကလည္းက တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ေနၿပီး ပုံမွန္ပြဲေန႔မွာ ထိုင္ခုံ ၂၅၁ ခုံသာ လြတ္ေနခဲ့တဲ့ လက္စတာစီးတီးဟာ ဝင္ေငြဆုံးရႈံးမႈအနည္းဆုံး ဆုံးရႈံးခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ေနျဖစ္ပါတယ္။

ကင္းပါဝါကြင္းဟာ ပရိသတ္ဦးေရ စုစုေပါင္း ၃၂၃၁၂ ဦး ဝင္ဆံ့ၿပီး ပရီးမီးယားလိဂ္မွာ အေသးငယ္ဆုံး ကြင္းျဖစ္ေနတာေၾကာင့္ အိမ္ကြင္းမွာ ကစားရတဲ့အခါမွာ ၆၅၂၆ ေပါင္ေလာက္သာ ဆုံးရႈံးေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အိမ္ကြင္းပြဲလက္မွတ္ မေရာင္းရဆုံးအသင္း ၂၀

၁။ ေတာ့တင္ဟမ္ေဟာ့စပါး- ၁၆၅၆၈၀ ေပါင္

၂။ ခ်ဲလ္ဆီး- ၁၅၄၂၅၄ ေပါင္

၃။ ေဆာက္သမ္တန္- ၁၀၈၄၁၆ ေပါင္

၄။ ဘန္ေလ- ၁၀၁၇၉၀ ေပါင္

၅။ မန္ခ်က္စတာစီးတီး- ၈၆၂၇၅ ေပါင္

၆။ ခရစၥတယ္ပဲေလ့စ္- ၆၆၂၇၂ ေပါင္

၇။ ဝက္ဖို႔ဒ္- ၆၀၁၅၆ ေပါင္

၈။ လိဒ္စ္ယူနိုက္တက္- ၄၀၁၀၀ ေပါင္

၉။ ဝက္စ္ဟမ္း- ၃၉၉၅၀ ေပါင္

၁၀။ နယူးကာဆယ္လ္- ၃၈၈၅၃ ေပါင္

၁၁။ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္- ၃၇၁၁၀ ေပါင္

၁၂။ မန္ခ်က္စတာယူနိုက္တက္- ၃၅၄၀၂ ေပါင္

၁၃။ ဘရိုက္တန္- ၃၀၀၆၀ ေပါင္

၁၄။ အာဆင္နယ္- ၂၇၃၂၆ ေပါင္

၁၅။ အက္စတန္ ဗီလာ- ၂၁၉၉၆ ေပါင္

၁၆။ အဲဗာတန္- ၁၆၃၂၀ ေပါင္

၁၇။ လီဗာပူးလ္- ၁၃၉၄၉ ေပါင္

၁၈။ ဘရန႔္တ္ဖို႔ဒ္- ၁၃၆၅၀ ေပါင္

၁၉။ ေနာဝစ္ခ်္စီးတီး- ၉၃၉၀ ေပါင္

၂၀။ လက္စတာစီးတီး- ၆၅၂၆ ေပါင္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.